Dream Journaling “
ကိုယ်ရဲ့ မသိစ်ိတ်တွေ အလုပ်လုပ်ဆုံးအချိန် ဖြစ်တဲ့ အိပ်နေတဲ့အချိန်မှာ မက်တဲ့အိမ်မက်တွေကနေ Mental health အတွက် self-awareness & healing အတွက် tip လေး တစ်ခု Dr Tracey Marks ( psychiatrist) ရဲ့ YouTube က video လေးကြည့်ပြီး သိလိုက်ရတဲ့ စကားလုံး အသစ်ပါ dream journaling တဲ့ မနက်နိုးလာရင်အိမ်မက်အကြောင်းကို ချရေးတာပါ အသေးစိတ် ကို ဆရာမက DREAMS ဆိုပြီးတော့ပဲ ရေးနည်းလေးမျှဝေပေးထားပါတယ်
DREAMS Method
* D – Describe (ဖော်ပြတာ → အိပ်မက်ထဲမှာ ဘာတွေ မြင်ခဲ့သလဲ? နေရာ၊ လူတွေ၊ ဖြစ်စဉ်တွေကို တတ်နိုင်သလောက် ရေးထားပါ။
* R – Record Emotions (ခံစားချက်တွေ မှတ်သားတာ→ အိပ်မက်ထဲမှာ ဘယ်လိုခံစားခဲ့လဲ? စိုးရိမ်မှု၊ ပျော်ရွှင်မှု၊ ကြောက်ရွံ့မှု စသဖြင့်။
* E – Examine Symbols → အကြိမ်ကြိမ် ထပ်မံမြင်တဲ့ အရာ၊ အထူးသဖြင့် ထင်ထင်ရှားရှား ထပ်ထပ်ပေါ်လာတဲ့ သင်္ကေတတွေ ရှိသလား?
* A – Associations → ဒီအိပ်မက်က မင်းရဲ့ နေ့စဉ်ဘဝနဲ့ ဘယ်လိုဆက်နွယ်နေလဲ? အလုပ်၊ ချစ်သူ၊ မိသားစု၊ စိုးရိမ်မှု စသည်ဖြင့်။
* M – Meaning (အဓိပ္ပါယ်→ ဒီအိပ်မက်က မင်းကို ဘာသင်ခွင့်ပေးချင်သလဲ? ဘာကို သတိပေးချင်သလဲ?
* S – Share (မျှဝေတာ→ တစ်ခါတစ်ရံ မိတ်ဆွေ၊ မိသားစု သို့မဟုတ် အိပ်မက်အကြောင်း နားလည်ပေးနိုင်သူနဲ့ မျှဝေပါ။
( မမျှဝေလည်း ကိစ္စမရှိဘူးလို့ မြင်မိပါတယ် ၊ ဒါကတော့ တဦးချင်းစီရဲ့ စိတ်ခံစားချက်တွေနဲ့ပဲ ဆိုင်ပါလိမ့်မယ်)
အပတ်ကုန် သို့မဟုတ် လကုန်မှာ ပြန်ဖတ်ပြီး ပုံစံတွေ သတိထားပါ။
အိပ်မက်က တခါတလေကျ မမှတ်မိတတ်လို့ အဲ့လိုရက်တွေမှာဆို
“အိပ်မက်မမှတ်မိ” လို့ပဲ ရေးထားပြီး နိုးလာချိန်ခံစားချက်ကိုသာရေးရပါမယ်
Dream Journaling လုပ်တော့ ဘာတွေကောင်းလဲဆို
* ကိုယ့်ခံစားချက်တွေကို ပိုမိုသိလာမယ်
* စိတ်ဖိစီးမှု လျော့ချနိုင်မယ်
* ဖန်တီးမှု (Creativity) တိုးလာမယ်
* နည်းနည်းကြာရင် အခါအားလျော်စွာပေါ်လာတတ်တဲ့ ကိုယ့်ရဲ့ အမူအရာတွေကို တွေ့နိုင်မယ်
Credit to Dr Tracey Marks( Psychiatrist)

image