Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတဟောင်း ဒုတိယအကြိမ် ဖမ်းဆီးထိန်းသိမ်းခံရ
ဆိုးလ်၊ ဇူလိုင်-၁၀-၂၀၂၅
ရတီ(VOM)
တောင်ကိုရီးယားမှာ ဒီဇင်ဘာအတွင်းက စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးလ်ကို အာဏာပိုင်တွေက ဒီကနေမှာ ပြန်လည်ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
ယွန်းဆွတ်ခ်ယိုးလ်ဟာ ပုန်ကန်မှုစွဲချက်တွေနဲ့ ဇန်နဝါရီလမှာ စွဲချက်တင်ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ပေမယ့် မတ်လမှ ပြန်လည်လွတ်မြောက်ခဲ့ကာ သူ့ကို ရာဇဝတ်ဆိုင်ရာ တရားရုံးက ဆက်လက်စစ်ဆေးနေတာဖြစ်ပါတယ်။
ဇွန်လမှာ အတိုက်အခံခေါင်းဆောင် လီဂျေးမြောင် သမ္မတဖြစ်လာပြီးနောက် အထူးအကြံပေးအဖွဲ့ခန့်အပ်ကာ အစိုးရနဲ့ အခြားသီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးလ်က တော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
သူဟာ စစ်အုပ်ချုပ်ရေးအမိန့်ကို အဆင်ပြေပြေသုံးနိုင်ဖို့အတွက် ပြည်ပတိုက်ခိုက်မှုကို လှုံ့ဆော်မှုအဖြစ် မြောက်ကိုရီးယားဘက်ကို ဒရုန်းတွေစေလွှတ်ဖို့ စစ်တပ်ကို အောက်တိုဘာလမှာ အမိန့်ပေးခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နေ့က တရားရုံးရဲ့ ခုနှစ်နာရီကြာ ကြားနာမှုမှာ အဓိက စွဲချက်ငါးခုနဲ့အတူ ဖမ်း၀ရမ်းထုတ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ယွန်ဟတ်သတင်းဌာနက ဖော်ပြထားပါတယ်။ သက်သေအထောက်အထားတွေကို ဖျောက်ပျက်ပစ်မှာ စိုးရိမ်တဲ့အတွက် ဖမ်း၀ရမ်းထုတ်ခဲ့တာလို့ ဆိုးလ်ဗဟိုတရားရုံးက ပြောပါတယ်။
သူဟာ စစ်အုပ်ချုပ်ရေး မကြေညာခင် အစိုးရအဖွဲ့တာဝန်ရှိသူအချို့ကို အသိပေးတာမျိုးမရှိကြောင်းနဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေရဲ့ အခွင့်အရေးကို ချိုးဖောက်မှုတွေလည်း စွဲချက်တွေမှာပါဝင်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာလည်း သူ့ကို ဖမ်းဆီးစဉ် သမ္မတလုံခြုံရေးအဖွဲ့နဲ့ အချိန်ကြာမြင့်စွာ ထိပ်တိုက်ရင်ဆိုင်မှုများပြီးနေက် ဖမ်းဆီးနိုင်ခဲ့ပါတယ်။
သူဟာ ပြစ်မှုထင်ရှားမယ်ဆိုရင် ထောင်ဒဏ် တသက်တကျွန်း သို့မဟုတ် သေဒဏ်ကျခံရနိုင်ပါတယ်။ ယွန်းဆွတ်ခ်ယိုးလ်အပေါ် စွပ်စွဲပြစ်တင်မှုနဲ့အတူ ပြုတ်ကျခဲ့ပြီးနောက် ဇွန်လကြားဖြတ်ရွေးကောက်ပွဲမှာ အတိုက်အခံ လီဂျေးမြောင် သမ္မတဖြစ်လာပါတယ်။
Ref:BBC
Photo:Reuters
စာရေးဆရာ မောင်သာချို ကင်ဆာရောဂါနဲ့ကွယ်လွန် ကွယ်လွန်
ဇူလိုင် ၁၀ ၊ ၂၀၂၅
GG (VOM)
နိုင်ငံကျော် စာရေးဆရာ မောင်သာချို ရန်ကုန်မြို့ ၊ ပင်လုံဆေးရုံကြီးမှာ ဒီနေ့ ဇူလိုင် ၁၀ ရက်နေ့ မနက် ၈ နာရီက ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။
ကွယ်လွန်ချိန်မှာ စာရေးဆရာမောင်သာချိုဟာ အသက် ၆၇ နှစ်ရှိပြီဖြစ်တယ်လို့သိရပါတယ်။
"စာရေးဆရာမောင်သာချို ယနေ့နံက်(၈)နာရီတွင် ပင်လုံဆေးရုံမှာ ကွယ်လွန်သွားပါပြီ" လို့ ကာတွန်းဆရာ အော်ပီကျယ်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
စာရေးဆရာ မောင်သာချိုကို ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့ သုံးခွကျေးရွာမှာ အဖ ဦးဝင်းသိန်း၊ အမိ တို့က ၁၉၅၈ ခု၊ မတ်လ ၁၁ ရက် အင်္ဂါနေ့မှာ မွေးဖွားခဲတာဖြစ်ပြီး အမည်အရင်းမှာ ဦးညွန့်သောင်းဖြစ်ပါတယ်။ ဂျက်ကွမ်းခြံကုန်းဆိုတဲ့ ကလောင်အမည်နဲ့ သရော်စာတွေ ရေးသားခဲ့ပါတယ်။
စာပေလောကကိုတော့ ၁၉၇၃ ခုနှစ် ဒီဇင်ဘာလထုတ် သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်းမှ 'ခေတ်သစ် မေတ္တာ' ကဗျာနဲ့ စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
"ဂျက်(ကွမ်းခြံကုန်း)ရဲ့ သရော်မှုတွေသတိရနေမယ်။
မာန်ပါ သရုပ်ပါသလို၊အဝိဇ္ဇန်းရွှင်ရွှင်နဲ့ စာဟောတာတွေကို သတိရနေမယ်။အတူတူထောင်ကလွတ်လာသလိုရှေ့ဆင့်နောက်ဆင့် ရွှေညဝါဆရာတော်ကြီးနဲ့ အတူ ချိန်းမထားဘဲ အတူတူထွက်သွားခဲ့ကြပြီ။
အနုပညာ စာပေယဥ်ကျေးမှုမျက်နှာစာမှာ
သူ ထားနိုင်သမျှ ထားသွားပေးခဲ့သူ။
အိပ်မက်ဖူးတွေ တမလွန်မှာ ဆက်ပွင့်ပါ အစ်ကို။" လို့ ကဗျာဆရာ စံငြိမ်းဦးကလည်း ပြောဆိုထားပါတယ်။
စာရေးဆရာမောင်သာချိုသည် မြန်မာစာပါမောက္ခတဦးလည်းဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ ၁၉၈၃ ခုနှစ်မှာ ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့၊ ၁၉၈၈ မှာ မဟာဝိဇ္ဇာဘွဲ့တွေ ရရှိခဲ့ပါတယ် ။
၁၉၈၈ ခုနှစ် ဇူလိုင်လထုတ် အိပ်မက်ဖူး မဂ္ဂဇင်းမှစတင်ပြီး တာဝန်ခံ အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့ပြီး လုပ်သားများ ကောလိပ်၊ ဒေသကောလိပ်၊ နိုင်ငံခြား ဘာသာသိပ္ပံ၊ ရန်ကုန် တက္ကသိုလ်၊ မိတ္ထီလာ ဒီဂရီ ကောလိပ်၊ ဟင်္သာတ ကောလိပ် ၊ပညာရေးတက္ကသိုလ် မြန်မာစာဌာနတွင် နည်းပြ၊ ကထိကနှင့် ပါမောက္ခရာထူးကို အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
စာရေးဆရာ မောင်သာချိုရဲ့ ပထမဆုံးပုံနှိပ်ဖြန့်ချီခဲ့တဲ့စာအုပ်က " သမီးဖတ်ဖို့' စာအုပ်ဖြစ်ပြီး ရာပြည့် စာအုပ်တိုက်က ၂၀၀၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်နေ့မှာ စတင်ဖြန့်ချီခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ စာရေးဆရာမောင်သာခဖိုဟာ နိုင်ငံတဝန်းမှာ စာပေဟောပြောပွဲတွေကျင်းပခဲ့ပြီး စာပေဟောပြောပွဲတွေကြောင့်ပဲ လူကြိုက်များပြီး ထင်ရှားကျော်ကြားသူဖြစ်လာခဲ့ပါတယ်။
နစက စတင်တာဝန်ယူတဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ မှာတော့ စာရေးဆရာ မောင်သာချို ဖမ်း ဆီးခံခဲ့ရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ပုဒ်မ ၅၀၅ (က) အရ အမှုဖွင့်တရားစွဲခံခဲ့ရပါတယ်။ အဲဒီနောက် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၂၂ရက်နေ့မှာ စာရေးဆရာ မောင်သာချိုကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပြီး နိုဝင်ဘာ ၁၇ ရက်မှာ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။
မောင်သာချို နဲ့အတူ ထောင်ကနေအတူပြန်လွတ်လာခဲ့တဲ့ ရွှေညဝါဆရာတော်လည်း ဒီနေ့မနက် ၂ နာရီ ၄၅ မိနစ်မှာပဲ ပျံလွန်တော်မူခဲ့ပါတယ်။
ဓာတ်ပုံ - အော်ပီဂျယ်
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၄၇၀ ကျပ်
ဝယ်ဈေး - ၄၃၉၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၅၀၀ ကျပ်
ဝယ်ဈေး - ၃၄၂၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၂၄၀ ကျပ်
ဝယ်ဈေး - ၅၂၃၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၆.၉၉ ကျပ်
ဝယ်ဈေး - ၁၃၄.၂၃ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၅၀ ကျပ်
ဝယ်ဈေး - ၁၀၃၀ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၂၂ ကျပ်
ဝယ်ဈေး - ၆၁၀ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၃၀.၅၈ ကျပ်
ဝယ်ဈေး - ၂၉.၉၆ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၁၄ ကျပ်
ဝယ်ဈေး - ၅၁.၀၉ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၅ ကျပ်
ဝယ်ဈေး - ၃.၁၉ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၆၀၇၀ ကျပ်
ဝယ်ဈေး - ၅၉၅၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၂၀ ကျပ်
ဝယ်ဈေး - ၂၈၆၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၆၅ ကျပ်
ဝယ်ဈေး - ၃၂၀၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၀ ကျပ်
ဝယ်ဈေး - ၅၅၈ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၁၆ ကျပ်
ဝယ်ဈေး - ၁၁၉၂ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၃၃၁၉ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၈၉၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၈၂၀၀၀၀ ကျပ်
ဝယ်ဈေး ၇၇၈၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၄၂၀၀၀၀ ကျပ်
ဝယ်ဈေး ၇၃၈၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၇၀၀၀၀၀ ကျပ်
ဝယ်ဈေး ၇၆၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၃၀၀၀၀၀ ကျပ်
ဝယ်ဈေး ၇၂၆၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)