23 w - Translate - Youtube

Survival In The Rainforest - BAMBOO SHOOTS - CUTE PARROT - BEES

23 w - Translate - Youtube

tree climbing skills without fear of heights harvesting honey from dangerous tall trees

23 w - Translate - Youtube

Catch And Cook With Hand Spear On Remote Island

#ဒညှင်းသီးထမင်းကြာ်
ထမင်းကြမ်း ၄၀၀ ဂရမ်
ဒညှင်းသီးပြုပ် ၃ လုံး .ပါးပါ’လှီးထားပါ
ပုဇွန် ၆ ကောင်
တရုပ်နံနံပင် ၂ ပင်.ပါးပါးလှီးထားပါ
ကြက်သွန်မြိတ် ၂ ပင်.ပါးပါးလှီးထားပါ
ကြက်သွန်နီကြော် စာပွဲစားဇွန်း ၂ဇွန်း
ကြက်ဥကြော်ရန် ကြက်ဥ ၂ လုံး
ထမင်းကြော်ရန် ဆီ စာပွဲစားဇွန်း ၆ ဇွန်း
အနှစ်ထောင်းရန် လိုအပ်တာက
ကြက်သွန်နီဥအေသး ၃လုံး
ကြက်သွန်ဖြူ ၅ မွှာ
ငရုပ်သီးစိမ်း ၈ တောင့်
ငပိစိမ်းစား လဖက်ရည် ဇွန်း ၂ ဇွန်း

ငရုပ်သီးစိမ်း နဲ့ ကြက်သွန်ဖြူကို အရင်ထောင်းပါ
ပြီးမှ ကြက်သွန်နီ နဲ့ ငပိထည့်ထောင်းပါ.ပြီးရင် ပုဂံထဲထည့်ထားပါ
ထမင်းကြော်အတွက် လိုအပ်တဲ့ အရသာတွေ ကတော့
ပဲငံပြာရည်အကြည် လဖက်ရည်ဇွန်း ၂ ဇွန်း
ပဲငံပြာရည်အေနာက် လဖက်ရည်ဇွန်း ၂ ဇွန်း
အရသာမူန့် အနည်းငယ်
ငရုပ်ကောင်းမူန့် အနည်းငယ်
အားလုံးအဆင်သင့်ဖြစ်ရင် ဒယ်အိုးထဲ ဆီ အနည်းငယ်ထည့်ပါ
ပြီးရင် ကြက်ဥထည့်ကြော်ပြီး ဆယ်ထားပါ
ဒယ်အိုးထဲ ကျန်တဲ့ ဆီနဲ့ ထောင်းထားတဲ့ အနှစ် ထည့်ပြီး ဆီသတ်ပါ
ပုဇွန်ထည့်ကြော်ပါ.ပါးပါလှီးထားတဲ့ ဒညှင်းသီးထည့်ပါ
ပြီးရင် ထမင်းကြမ်း.ပဲငံပြာရည် ၂ မျိူး.ငရုပ် ကောင်း..အရသာမူန့်ထည့်ပါ
ပြီးရင် တရုပ်နံနံပင်နဲ့ ကြက်သွန်မြိတ်ထည့် ကြော်ပါ
စားတဲ့အခါမှာ ကြက်သွန်နီကြော် ဖြူးစားပါ
တွဲဖက်စားရမှာကတော့
ကြက်ဥကြော်
သခွားသီး
ခရမ်းချဥ်သီး
ငါးမုန့်ကြော်တို့ဖြစ်ပါတယ်

image
23 w - Translate - Youtube

Found Jewelry Money & Deadly Weapon BURIED at the Old HOSPITAL Underwater

23 w - Translate - Youtube

FUNNIEST Pets

23 w - Translate

ဗိုက်တာမင်ဘီ ကွန်ပလက်စ် ဇီဝဖြစ်ပျက်မှု လမ်းညွှန်
B1 (သိုင်ရာမင်း)-စွမ်းအင်ထုတ်လုပ်မှုကို အထောက်အကူပြုသည်။
B2 (ရိုင်ဘိုဖလေဗင်)- ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးသည်။
B3 (နိုင်ယာစင်)- အဆိပ်အတောက် ဖယ်ရှားခြင်းကို ကူညီသည်။
B5 (ပန်တိုသိနစ်အက်ဆစ်)-ဟော်မုန်းပေါင်းစပ်မှုကို အထောက်အကူပြုသည်။
B6 (ပိုင်ရီဒေါက်ဆင်း)-ပရိုတင်း ဇီဝြဖစ်ပျက်မှုကို ကူညီသည်။
B7 (ဘိုင်အိုတင်)-အဆီ ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးသည်။
B9 (ဖောလိတ်)- ဆဲလ်ကွဲထွက်ခြင်းအတွက် မရှိမဖြစ်လိုအပ်သည်။
B12 (ကိုဘယ်လ်အာမင်း)-စွမ်းအင်နှင့် ဇီဝဖြစ်ပျက်မှုအတွက် အရေးကြီးသည်။
ကျန်းမာကြပါစေ။

ဆေးဖက်၀င် #ဒန့်သလွန် အကြောင်း
ဒန့်ဒလွန်စေ့ ဟာ အသည်း ပျက်စီးမှုမှ ကာကွယ်ပေးနိုင်တဲ့
အာနိသင်ရှိပါတယ်
သွေးတိုးရောဂါတွင်
*ဒန့်ဒလွန် အရွက် သတ္ထု ရည် ကို တစ်ကြိမ်လျှင် လက္ဘက်ရည်ဇွန်း
(၂)
ဇွန်းစာကို တစ်နေ့ (၂) ကြိမ် သောက်ခြင်းဖြင့်သက်သာစေနိုင်ပါတယ်
(သို့) ဒန့်ဒလွန်ပြုတ်ရည် 300 ml ကို နံနက်စောစော အစာမစားမီ
သောက်ပေးခြင်းဖြင့် သွေးတိုးကို ထိန်းပေးနိုင်ပါတယ်
*အမျိုးသမီးများ ဓမ္မတာ ထိန်ခြင်း ငုတ်ခြင်းအတွက် ဒန့်ဒလွန်
အရွက်ကို
မိဿလင်ဥ ၊ ပဒဲကော တို့ကို ပါးပါးလှီး၍ ငရုတ့ကောင်းမှုန့်ခတ်ပြီး
ဟင်းခါးချက်သောက်လျှင် သက်သာပျောက်ကင်းစေပါတယ်
*အအေးမိလည်ချောင်းနာ အသံ၀င်ခြင်းတို့တွင် ဒန့်ဒလွန်မြစ်
လတ်လတ်
ဆက်ဆက်ကို ထုထောင်း ကြိတ်ချေ၍ ရသော သတ္ထု ရည်ကို
စားပွဲတင်ဇွန်း
(၁)ဇွန်းခန့် သောက်ပေးပါက သက်သာစေနိုင်ပါတယ်
အားဆေး
-----------
*ဒန့်ဒလွန်မြစ်မှုန့် နှင့် ပရန္နဝါမြစ်အမှုန့်ကို ဆတူ ရော၍ အုန်းနို့ ၊
ပျားရည်တို့နှင့် ရောစပ်ချက်ပြီး နံနက် ၊ ည ဟင်းစားဇွန်း (၁)
ဇွန်းခန့်သောက်ပေး ပါက ခွန်အား တိုးစေပါတယ်
*ကာမ အားတိုးဆေး
----------------------
ဒန့်ဒလွန် အပွင့်များကို နွားနို့ နှင့် ကျို ၍ သောက်ပေးခြင်း ၊
အပွင့်ဖက်များကို
စားပေးခြင်းဖြင့် အားတိုးစေပါတယ်
*နားကိုက် နားပြည်ယို အတွက် ပျောက်ဆေး
ဒန့်ဒလွန် ပင်စည် အခေါက် လက်လက်ဆတ်ဆတ်ကို
ထုထောင်းအရည်ညှစ်ကာ နားတွင်းသို့ တစက် နှစ်စက်မျှ
ထည့်ပေးပါက
ပျောက်ကင်းစေပါတယ်
*ဆီးလွန် ဆီးများ ရောဂါ
---------------------------
ညဘက်မကြာခဏ ထ၍ ဆီးသွားရသော ဆီးလွန်
ဆီးများရောဂါများတွင်
ဒန့်ဒလွန်သီး အရင့်၏ အတွင်းသားများကို ခြစ်ယူအခြောက်လှမ်း၍
ခံတက်ခေါက်မှုန့် နှင့် ဆတူရော၍ နေ့လည် -ညနေ တို့တွင် ၂ ပဲသား
ခန့်သောက်ပေးပါကသက်သာစေနိုင်ပါတယ်
၀ါတဗျာဓိ (သွေးကျဆေး)
----------------------------
-စမုံမျိုးငါးပါး ၁ ကျပ်သားစီ ၅ကျပ်
-ချင်းခြောက် ၁ကျပ်
-လင်းနေ. ၁ကျပ်
-ဧကရာဇ်မြစ် ၁ကျပ်
-ဘုမ္မရာဇာ ၁ကျပ် ၈ပဲ
-ဆင်တုန်းမနွယ် ၂ကျပ်
-နနွင်းခါး ၂ကျပ်
-ဒန့်ဒလွန်မြစ် ၂ကျပ်
ဒန့်ဒလွန်သီးဓာတ်စာ
---------------------
-ဒန်လွန်သီးကို ငါးရံ့ကင်နှင့် ဟင်းခါးချက်သောက်လျှင် မီးဖွပြီးစ
အမျိုးသမီးများ နို့ခမ်းခြင်း ၊ နို့ချောင်းပိတ်ခြင်း ၊ မီးယပ်ချမ်းထခြင်း
သက်သာပျောက်ကင်းစေသည်
- ဒန့်ဒလွန်သီးကို ပုဇွန် ထုပ်နှင့် ချက်စားပါက သွေး၀မ်သက်ရောဂါ
သက်သာစေနိုင်ပါတယ်
- ဒန့်ဒလွန် သီးကို ကြက်သားဖြင့် ချက်စားပါက နာတာရှည် ဒူလာ
ညောင်းကိုက် သက်သာစေပါတယ်
လွန်ကဲစွာ သုံးပါက
Moriginine ဒြပ်ပေါင်းသည် နှလုံးကို လှုံ့ဆော်ပေး၍
သွေးဖိအားတက်
စေရုံမက ခန္ဓာကိုယ်ရှိ ကိုယ်တွင်း ကလီစာ ကြွက်သားများနှင်
sympatheticအာရုံကြောများ လှုံ့ဆော်ပေးသဖြင့် လွန်ကဲစွာ
မစားသုံးသင့်ပါ ။

image
23 w - Translate

ဟော်မုန်းမညီမျှတာတွေရဲ့ ၈၅% ကို ဒီအလေ့အကျင့် ၅ ခုကို ရပ်လိုက်တာနဲ့ ဖြေရှင်းနိုင်ပါတယ်။
1. အစာရှောင်ခြင်း (Fasting) ကို ရပ်လိုက်ပါ
Fasting က ခန္ဓာကိုယ်အတွက် stress တစ်ခုပါ။ cortisol မြင့်တက်စေပြီး ဒါက ဗိုက်ပတ်လည် အဆီစုတာမျိုးတွေ ဖြစ်စေနိုင်တယ်။ GnRH pulsatility ကိုလည်း ထိခိုက်စေပြီး LH နဲ့ FSH (ရာသီစက်ဝန်း) ထုတ်လုပ်မှုကိုပါ သက်ရောက်မှုရှိတယ်။
➡️ တစ်နေ့ကို ၃ နပ် စားပါ။ သရေစာ ၁ ကြိမ် ထည့်စားပါ။ လိုအပ်ရင် ထပ်စားပါ။
2. မနက်စာ မစားတာကို ရပ်လိုက်ပါ
ညကတည်းက “fasted” ဖြစ်နေတဲ့အတွက် မနက်ခင်းမှာ cortisol ထိုးတက်လာတယ်။ မနက်စာစားတာက ဒီမကောင်းတဲ့အခြေအနေကို လျှော့ချပေးတယ်။
➡️ မျှတတဲ့ မနက်စာစားပါ။ ပရိုတင်း 30-50g၊ အဆီ၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ် ပါအောင်စားပါ။ (ဥပမာ- ဂရိဒိန်ချဉ်၊ ဖရုံစေ့၊ ငှက်ပျောသီး နဲ့ ပိုက်ဆံလျှော်စေ့)
3. ကာဗိုဟိုက်ဒရိတ် လျှော့စားတာကို ရပ်လိုက်ပါ (Being low carb)
Carbs က သင့်ကို stress ကနေ ကာကွယ်ပေးတယ်။ သိုင်းရွိုက်ကျန်းမာရေး၊ cortisol ပမာဏနဲ့ စွမ်းအင်ရရှိမှုအပေါ် သက်ရောက်မှုရှိတယ်။
➡️ အာလူး၊ ကန်စွန်းဥ၊ ငှက်ပျောသီးလိုမျိုး ကာဗိုဟိုက်ဒရိတ် ကြွယ်ဝတဲ့ အစားအစာ အစစ်အမှန်တွေကို စားပါ။ လေ့ကျင့်ခန်းအလိုက် ပမာဏနဲ့ အမျိုးအစားကို ချိန်ညှိပါ။
4. လွန်ကဲစွာ လေ့ကျင့်တာကို ရပ်လိုက်ပါ (Training so hard)
လွန်ကဲတဲ့ လေ့ကျင့်ခန်းက ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တယ်။ ဒါလည်း stress တစ်မျိုးပဲ။ လွန်ကဲတာ ဒါမှမဟုတ် မှားယွင်းတဲ့ လေ့ကျင့်ခန်းပုံစံက မကောင်းတဲ့ stress အဖြစ် ပြောင်းလဲသွားနိုင်တယ်။
➡️ သင့်တစ်ဦးချင်း လိုအပ်ချက်၊ ရည်မှန်းချက်နဲ့ ဘဝအခြေအနေအလိုက် မျှတတဲ့ လေ့ကျင့်ခန်း အစီအစဉ်ထားပါ။ stress များရင် လေ့ကျင့်ခန်းကို လိုက်လျောညီထွေဖြစ်အောင် လုပ်ပါ။
5. လေ့ကျင့်ခန်း မလုပ်ခင်/လုပ်ပြီး အားဖြည့်တာကို မလုပ်တာကို ရပ်လိုက်ပါ (Not fuelling around training)
လေ့ကျင့်ခန်းက stress + အစာရှောင်တာက stress = stress တွေ အရမ်းများလာပြီး ခန္ဓာကိုယ်အတွက် မကောင်းဘူး။
➡️ လေ့ကျင့်ခန်း မလုပ်ခင် နဲ့ လုပ်ပြီး အာဟာရဖြည့်တင်းဖို့က အရမ်းအရေးကြီးပါတယ်။
🌹အရေးအကြီးဆုံးအချက်-ဆရာဝန်နှင့်ပြသပီးလမ်းညွှန်မှုခံယူပါ🌹

23 w - Translate

University of Oxford က အကြီးစားလေ့လာမှုတစ်ခုအရ နေ့တိုင်းလမ်းပိုလျှောက်ရုံနဲ့ ကင်ဆာဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဗြိတိန်လူကြီးမှ ၈၅,၀၀၀ ကျော် ပါဝင်တဲ့ ဒီသုတေသနက လူတွေရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို activity trackers တွေသုံးပြီး မှတ်တမ်းတင်ခဲ့ရာမှာ လှုပ်ရှားမှုများလေလေ ကင်ဆာဖြစ်နိုင်ခြေ နည်းလေလေဆိုတာကို တွေ့ရှိခဲ့ပါတယ်။
နေ့စဉ် ခြေလှမ်း ၅,၀၀၀ လောက် လျှောက်တာနဲ့တင် အကျိုးကျေးဇူးတွေ စတင်ပြသပြီး၊ ခြေလှမ်း ရ,၀၀၀ ကနေ ၉,၀၀၀ လျှောက်တဲ့သူတွေမှာ ကင်ဆာဖြစ်နိုင်ခြေ ၁၁% ကနေ ၁၆% အထိ လျော့ကျသွားတာကို တွေ့ရပါတယ်။ ခြေလှမ်း ၉,၀၀၀ ကျော်ရင်တော့ အကျိုးကျေးဇူးက တန့်သွားပုံရပြီး၊ လှုပ်ရှားမှုရဲ့ ပြင်းထန်မှုထက် စုစုပေါင်းလှုပ်ရှားမှု ပမာဏက ပိုအရေးကြီးတယ်ဆိုတာကို ပြသနေပါတယ်။
လမ်းလျှောက်တဲ့ အရှိန်မြန်တာက အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိပေမယ့်၊ ဖြည်းဖြည်းလျှောက်တာတောင်မှ အလုံးစုံလှုပ်ရှားမှုကပဲ တကယ်ကို ကွာခြားစေခဲ့တာပါ။ ဒီလေ့လာမှုက colon, lung, liver, breast, bladder အပါအဝင် ကင်ဆာ ၁၃ မျိုးကို အဓိကထား လေ့လာခဲ့တာပါ။ gastric, liver နဲ့ lung cancers တွေမှာ လှုပ်ရှားမှုများခြင်းက ကင်ဆာဖြစ်နိုင်ခြေ နည်းပါးခြင်းနဲ့ အပြင်းထန်ဆုံး ဆက်စပ်နေခဲ့ပါတယ်။
အရင်က လေ့လာမှုတွေလို ကိုယ့်ဘာသာ အစီရင်ခံတာမျိုး၊ ဒါမှမဟုတ် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေပဲ အဓိကထားတာမျိုး မဟုတ်ဘဲ၊ ဒီလေ့လာမှုကတော့ wearbles တွေကို သုံးပြီး တိကျမှန်ကန်စွာ မှတ်တမ်းတင်ခဲ့တာဖြစ်လို့ နေ့စဉ် ပေါ့ပေါ့ပါးပါး လှုပ်ရှားမှု၊ ဥပမာ- လမ်းလျှောက်တာမျိုးကပဲ ကျန်းမာရေးကို ကာကွယ်ဖို့ လုံလောက်တယ်ဆိုတာကို ပြသနေပါတယ်။ သိပ္ပံပညာရှင်တွေကတော့ နေ့စဉ် ခြေလှမ်းပိုလှမ်းတာက ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချဖို့ အလွယ်ကူဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ကျန်းမာကြပါစေ။