⭐ ❝ သီလကတော့ ဇာတ်လိုက်ပဲ ❞ ⭐
💜💜💜💜💜💜💜💜💜💜💜💜💜
⭐🙏 👉"ဘုရားသာသနာ
ကြုံတွေ့ပါလည်း
ကောင်းစွာသီလ
မတည်ကြလျှင်
ဘဝတွက်တာ
လူဖြစ်နာ၏"။
🌍 ဗုဒ္ဓက "သီလတောသုခီတာ=
သီလရှိမှ
ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာမည်ဟု
ဟောထားပါသည်"
သီလဆိုတာ ...
သူ့အသက်သတ်ခြင်း၊
သူတစ်ပါးပစ္စည်းကိုခိုးယူခြင်း စတဲ့
တရားများကို ရှောင်ကြဉ်တဲ့
ပုဂ္ဂိုလ်ရဲ့ စေတနာတရားနဲ့
ကျင့်ဝတ်ပဋိပတ်တို့ ဖြည့်ကျင့်တဲ့
ပုဂ္ဂိုလ်ရဲ့စေတနာတရားများကို
သီလရယ်လို့ ခေါ်ပါတယ်။
လိုရင်းကတော့ ...
အကုသိုလ်မဖြစ်အောင်
ကိုယ်မှု၊နှုတ်မှုတို့ကို
ကောင်းစွာထားတဲ့ စေတနာကို
သီလလို့ ခေါ်ပါတယ်၊
သီလတွေ အများကြီး ရှိပါတယ်။
🍎 လူတစ်ယောက်ဟာ
"ဒါန"မရှိပေမယ့် "သီလ"ရှိနေရင်
အပါယ် မရောက်နိင်ဘူး။
"ဒါန"မရှိတာက ဒါနအကျိုး မရတာပဲ
ရှိမယ်။ "သီလ မပါရင်တော့
အပါယ်လေးပါးကို စိတ် မချရဘူး။
🎓 တခါ "ဒါန"ပြုတဲ့အခါမှာလည်း
"သီလ မပါဘဲ ပြုရင်
အကျိုးပေး မသန်နိင်ဘူး။
"သီလလုံခြုံပြီးပြုတဲ့"ဒါန"မှ ပိုပြီး
အကျိုးပေးသန်နိင်ပါတယ်။
🔘 ဒါကြောင့် "သီလ"ကတော့
အခြေခံပါပဲ၊ သီလကတော့
ဇာတ်လိုက်ပဲ။
"သီလ"ကို လက်လွှတ်လို့ မဖြစ်ဘူး။
(မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး)
➡ဒါန သီလ ဘာဝနာတွင်
အရေးကြီးဆုံးတရားသည်
သီလဖြစ်သည်။
➡ဒါန မပြုရင်
အပါယ်ကိုကျစေနိင်တဲ့
သတ်မှတ်ချက်(သဘော)
မရှိပါဘူး။
➡ဘာဝနာ မပြုလို့
အပါယ်ကိုကျစေနိင်တဲ့
သတ်မှတ်ချက်(သဘော)
မရှိပါဘူး။
📸 ဒါပေမဲ့ သီလ မလုံခြုံခဲ့ရင်တော့
အပါယ်သို့ကျစေနိင်တဲ့
သတ်မှတ်ချက်(သဘော)များ
ရှိပါသည်။
➖➖➖➖➖➖➖➖➖➖➖➖
♥ ❝ လူယဉ်ကျေး ❞ ♥
★★★★★★★★★★★
👉"သီလဆိုတာ ကိုယ်နှုတ်များကို၊
ကောင်းစွာထားဖို့စောင့်ရသလေ၊
ကိုယ်နှုတ်လုံလျှင် လူယဉ်ကျေးကွဲ့၊ကောင်းကျိုး ပေးမြဲ အမှန်ပေ၊
စိတ်ပါလုံလျှင် ပိုလို့ကောင်းသကွဲ့၊
ကောင်းသထက်ကောင်းအောင်
ကြိုးစားလေ၊
စိတ်ပါလုံအောင် ဘာဝနာပွားဖို့၊
မြတ်ဘုရားက မိန့်ခဲ့ပေ၊
ကိုယ်နှုတ်စိတ်ထား၊ ဤ သုံးပါး၊
လုံငြားချမ်းသာပေ။"
🔴 သို့သော် သီလသည်
ကိုယ်နှင့်နှုတ်ကိုသာ
စောင့်ရှောက်နိင်၏၊
စိတ်ကို မစောင့်နိင်။
စိတ်ကို ဘာဝနာကသာ
ကိလေသာ မဝင်အောင်
စောင့်ရှောက်နိင်သည်။
ဘာဝနာမရှိသောသူ၏ စိတ်သည်
အမိုး မရှိသောအိမ်နှင့် တူ၏။
အမိုး မရှိသောအိမ်သည်
နှင်း၊မိုးရေ၊ နေပူတို့ ကျရောက်၍
ခဏနဲ့ ပျက်စီးရသလို
ဘာဝနာ မပွားသူတို့၏
စိတ်သည်လည်း
လောဘ၊ဒေါသ၊မောဟ စသော
ကိလေသာတို့၏နှိပ်စက်မှုကြောင့်
ညစ်နွမ်းပျက်စီးရသည်။
➖➖➖➖➖➖➖➖➖➖➖➖
♥ ❝ ဒါနနှင့်သီလ
မတွဲမိလေသောကြောင့် ❞ ♥
★★★★★★★★★★★★★★★★★
🎓 ရုပ်ချောပြီး ဆင်းရဲနေသူများ
ရှိသလို
➡ ရုပ်ဆိုးပြီး ချမ်းသာနေသူများလည်း
ရှိကြပါတယ်။
➡ အသက်ရှည်ပြီး ဆင်းရဲနေသူများ
ရှိသလို
➡ အသက်တိုပြီး ချမ်းသာနေသူများ
ရှိကြ၏။
➡ ကျန်းမာပြီး ဆင်းရဲနေသူများရှိသလို
➡ မကျန်းမမာနဲ့ ချမ်းသာနေကြသူများ
ရှိကြ၏။
📸 မှတ်ချက်➡
စိတ်ချမ်းသာရေးကို
သီလကတာဝန်ယူပြီး
ကိုယ်ကောင်းစားရေးကို
ဒါနက ဖြည့်စွမ်းပေးလေသည်။
🔘 ဒါနနှင့်သီလတို့သည်
သံသရာခရီး
ဆက်နေသူများအတွက်
မရှိမဖြစ် ဆောင်ထားရမည့်
ဖိနပ်တစ်ရံ၏
ဘယ်တစ်ဖက်၊ ညာတစ်ဖက်
ဖြစ်ပေသည်။
➡ သီလနဲ့ပြည့်စုံသူရဲ့ဒါနဟာ
လွန်လွန်ကျူးကျူး ထူးထူးကဲကဲ
အကျိုးပေးတယ်။
➡ ဒါနဟာ သီလနဲ့တွဲဖက်လိုက်လို့ရှိရင်
သီလရဲ့အရှိန်အဝါကြောင့်
အများကြီး ခရီးရောက်
နိဗ္ဗာန်ပေါက်အဆင့်အထိ
ရောက်သွားနိင်တယ်။
➖➖➖➖➖➖➖➖➖➖➖➖
♥ ❝ မှတ်ချက် ❞ ♥
★★★★★★★★★★★
🔴 ဘာဝနာတက်ရာတွင်လည်း
သီလမလုံခြုံရင်
သမာဓိရဖို့မလွယ်ဘူး။
အခြေခံဖြစ်တဲ့သီလကို
လုံခြုံအောင်စောင့်ထိန်းရမယ်။
သီလက သမာဓိကို အကျိုးပြုတယ်။
သမာဓိကလည်း
ပညာဖြစ်ဖို့အကျိုးပြုတယ်။
👤 ဒါနက➡ ပံ့ပိုးခြင်းဖြစ်၏၊
သီလက➡ စိတ်ယုတ်မာများ
ဝင်မလာနိင်အောင်
တားဆီးခြင်းဖြစ်၏၊
ဘာဝနာက➡ ဖြူ စင်သောစိတ်ကို
မွေးမြူ ခြင်းဖြစ်၏။
🔶 အထူးခြားဆုံး၊ အထင်ရှားဆုံး၊
အမွန်မြတ်ဆုံးအချက်ကတော့
မဂ်ဖိုလ်နိဗ္ဗာန်ရဖို့အရေးမှာ
သီလဟာ အခြေခံ အရင်းမူလ
ပဓာန ဖြစ်ပါသည်။
♦ ဒါကြောင့်သီလဆောက်တည်ပြီး
မြတ်စွာဘုရားကို
မိမိဆောက်တည်ထားတဲ့သီလနဲ့
ပူဇော်ကြပါစို့။
👉သောတာပန်များ
ငါးပါးသီလလုံတာက
ဓမ္မကစောင့်တာ၊
ဓမ္မကစောင့်တဲ့သီလက
သံသရာတစ်လျှောက်လုံး
လုံပါတယ်။
👉ပုထုဇဉ်တစ်ယောက်
ငါးပါးသီလလုံတာက
ပုဂ္ဂိုလ်ကစောင့်တာ၊
ပုဂ္ဂိုလ်ကစောင့်တဲ့ သီလကတော့
မသေချာဘူး၊
ဖောက်ဖျက်နိင်သေးတယ်။
🔵 ပင်လယ်ကူးလိုလျှင်
သင်္ဘောလုံအောင်ဖာ။
သံသရာကူးလိုလျှင်
သီလလုံအောင်ဖာ။
(ပထမရွှေကျင်ဆရာတော်ကြီး)
➖➖➖➖➖➖➖➖➖➖➖➖


