ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကြက်သားတုမ်ယမ်း ချက်နည်း......။😋
ချဥ်စပ်မွှေးလေးနဲ့ သောက်လို့အရမ်းကောင်းတဲ့ဟင်းရည်လေး
ကြက်ဥကြော််လေးနဲ့ တအားလိုက်သောလေး
ချက်ရတာလည်း အရမ်းလွယ်တဲ့ဟင်းလေး.....😋😋😋
လိုအပ်တဲ့ပါပစ္စည်းများ........
- သံပုရာသီး
- ပဒဲကော
- စပါလင်
- ရှောက်ဘီလူးရွက်
- ခရမ်ချဉ်သီး
- ကြက်သွန်နီ
- ရှမ်းနံနံ
- ကိုယ်အဆင်ပြေတဲ့ မှို
ချက်နည်း........
အရည်ကို ကိုယ်လိုသလောက်ထည့်ပြီးဆူအောင်တည်ပါ။
ပြီးရင် ကြက်သွန်နီ လေးစိတ်ကွဲ၊ ခရမ်းချဉ်သီး လေးစိတ်ကွဲ၊ ပဒဲကောနဲ့ စပါလင်လှီးထည့်၊ ရှောက်ရွက်ထည့်၊ တုန်ယမ်းခဲထည့်ပါ။ (မရှိရင်ဆားနဲ့ကြက်သားမုန့်ပဲထည့်ပါ။)
ရေဆူအောင်တည်ပြီး ကြက်သားတွေထည့်ပါ။
ကြက်သားထည့်ပြီး မိနစ်နှစ်ဆယ်လောက်ဆို ကိုယ်ကြုက်တဲ့မှိုထည့်ပါ။ အရသာအတွက် ငံပြာရည်ထည့်ပါ။
ပြီးရင်နိုစိမ်း သို့မဟုတ် အုန်းနို့ထည့်ပါ။
မှိုတွေကျက်ရင် ငရုပ်သီးအလှော်တောင့် သို့မဟုတ် ငရုပ်သီးစိမ် တောင့် ကြိုက်တာထည့်ပါ။
နောက်ဆုံး အရသာလေးမြည်းကြည့်ပြီး ရှမ်းနံနံပင်နဲ့ ရှောက်ဘီလူးရွက်လေးခပ်ပေးပြီးရင် ရပါပြီးရှင့်....။
မီးပိတ်ပြီး ကိုယ်အချဉ်ကြိုက်သလောက် သံပုရာသီးညှစ်ထည့်ပြီး စားကောင်းတဲ့ ကြက်သားတုမ်ယမ်းလေး စားလို့ရပါပြီးရှင့်....။😋😋😋
Credit -
မုန်လာဉ၊ လိမ္မော်နှင့် သစ်ပင်သီး ( တို့ဖြင့်ပြုလုပ်ထားသော သဘာဝဖျော်ရည်ဖြစ်ပြီး အာဟာရနှင့် ကျန်းမာရေးအတွက်အထူးအသုံးဝင်သည်။
⸻
🥕🍊🍍 ဖျော်နည်း (Carrot-Pineapple-Orange Juice)
📌 လိုအပ်သောပစ္စည်းများ
• မုန်လာဉ – ၂ လုံး (သန့်စင်ပြီး၊ အစွဲဖျော့ထားပါ)
• ပန်နာပယ် (သစ်ပင်သီး) – အနည်းငယ် (တစ်လုံးခန့်)
• လိမ္မော် – ၂ လုံး (ရည်ထုတ်ရန်)
• ရေခဲ – လိုသလောက်
• (မလိုအပ်ပေမဲ့) ပျားရည် – ၁ ဇွန်း (အချိုချင်လျှင်)
⸻
🥣 ပြုလုပ်ပုံ
1. မုန်လာဉ၊ ပန်နာပယ်ကို စိမ့်ပြီး blender ထဲထည့်ပါ။
2. လိမ္မော်ရည်နှင့် ပျားရည် (သုံးလျှင်) ထည့်ပြီးသေချာလှော်ပါ။
3. လိုအပ်ပါက ရေခဲထည့်ပါ။
4. စစ်ပြီးဖန်ခွက်ထဲသို့ထည့်၍သောက်သုံးနိုင်ပါပြီ။
⸻
✅ ကျန်းမာရေးအကျိုးကျေးဇူးများ
🥕 ၁။ မျက်စိကျန်းမာရေးအတွက်ကောင်းသည်
• မုန်လာဉတွင် Beta-carotene (Vitamin A) ကြွယ်ဝစွာပါဝင်ပြီး မျက်စိအာရုံကြောကိုကောင်းမွန်စေသည်။
🍍 ၂။ အစာချေမှုစနစ်ကောင်းမွန်စေသည်
• ပန်နာပယ်တွင်ပါဝင်သော enzyme များ (ဥပမာ bromelain) သည်အစာချေစနစ်ကိုထောက်ပံ့ပေးသည်။
🍊 ၃။ ကိုယ်ခံအားမြှင့်တင်သည်
• လိမ္မော်တွင် Vitamin C ကြွယ်ဝပြီး အဆင့်မြင့် antioxidant ဖြစ်သဖြင့် ကိုယ်ခံအားကိုမြှင့်တင်ပေးသည်။
💧 ၄။ Detoxification (အဆိပ်ဖြုတ်မှု)
• သဘာဝသစ်သီးရည်သည် သွေးသန့်စင်မှု၊အူလမ်းကြောင်းသန့်စင်မှုအတွက်ကောင်းမွန်သည်။
⸻
အဆိုပါဖျော်ရည်သည် နံနက်စာကြိုအဖြစ်သောက်သုံးရန် သင့်တော်ပြီး သဘာဝအချိုအရသာနှင့်အတူ ကျန်းမာရေးအတွက်ပါ အလွန်အကျိုးရှိပါတယ်။
လိုလျှင် calorie (အာဟာရမီတာ) ခန့်မှန်းချက်လည်းဖော်ပြပေးနိုင်ပါတယ်။ 😇
လူသိပ်မသိတဲ့ ခွေးလေးတွေရဲ့ထူးခြားချက် ၃ ချက်အကြောင်း
ခွေးလေးတွေရဲ့ သစ္စာရှိပြီး ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေက လူသိများပေမယ့် တကယ့်တော့ လူတွေသိပ်မသိတဲ့ အရာလေးတွေလည်းရှိနေပါတယ်။ အဲ့တာလေးတွေကတော့
✅ ခွေးလေးတွေက အချိန်ကို အနံ့ခံပြီးသိရှိကြပါတယ်။ ထူးဆန်းတယ်မလား။
ဘယ်လိုမျိုး အချိန်ရဲ့အနံ့ကိုသိကြသလဲဆိုရင် သူတို့သခင်ဟာ အလုပ်ကိုသွားပြီးတဲ့နောက် အိမ်ထဲမှာ သူတို့သခင်ရဲ့အနံ့အသက် ဘယ်လောက်ကျန်တဲ့အချိန် ပြန်ရောက်လာသလဲဆိုတာကို မှတ်သားပြီး နီးကပ်လာတာနဲ့ မျှော်တာ၊ ထွက်စောင့်တာမျိုးတွေ လုပ်တတ်ကြတာပါ။
✅ နောက်တစ်ချက်ကတော့ ခွေးလေးတွေမှာ "Jacobson’s Organ" ဆိုတဲ့ ထူးခြားတဲ့ အာရုံခံအင်္ဂါ ရှိပါတယ်။
အဲ့ဒီအင်္ဂါဟာ ခွေးလေးတွေကို လူတွေရဲ့ စိတ်ခံစားမှု၊ ကျရောက်တော့မယ့်ဘေးအန္တရာယ် (သို့) ကျန်းမာရေးအခြေအနေတွေကို အနံ့ကနေ သိအောင် ကူညီပေးပါတယ်။
အဲ့တာကြောင့်လဲ သင်စိတ်အဆင်မပြေတဲ့အခါမျိုးမှာ သင့်ခွေးလေးတွေဟာ သင့်ခံစားချက်ကိုသိသလိုအမူအရာနဲ့ ဘေးကနေပွတ်သပ်ပြီး နှစ်သိမ့် တတ်ကြပါတယ်။
✅ နောက်ပြီး ခွေးလေးတွေဟာ လူတွေလိုပဲအိမ်မက် မက်တတ်ကြပါတယ်။EEG (Electroencephalogram) ဆိုတဲ့ ဦးနှောက်လှိုင်းတွေကို တိုင်းတာတဲ့စက်နဲ့ သိပ္ပံနည်းကျ စမ်းသပ်ချက်တွေအရ ခွေးလေးတွေဟာ အိပ်မက်မက်တဲ့အဆင့် ကို ကြုံတွေ့ရပါတယ်။
အထူးသဖြင့် ခွေးပေါက်စလေးတွေနဲ့ အသေးစားခွေးလေးတွေက ပိုမက်တတ်ကြပါတယ်။ အိပ်နေရင်း လူတွေလို ယောင်တတ်ကြပါသေးတယ်။
သင့်ခွေးလေးမှာလည်း ဒီလိုထူးခြားတဲ့အချက်လေးတွေရှိနေရင် comment မှာမျှဝေပေးသွားနိုင်ပါတယ် ✨
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
နေ့စဉ်မိုးလေဝသသတင်း
===============
(၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
-------------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေ ပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် နေရာ စိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၆ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပို လာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုင်းအန္တရာယ်ကြောင့် အမ်းဒေသခံတွေ ဥယျာဉ်ခြံမြေတွေကို မလုပ်ကိုင်နိုင်ဘဲ စွန့်ပစ်ထားရ
သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၁၇/၂၀၂၅
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တည်ရှိခဲ့ရာ ရခိုင်ပြည်၊ အမ်းမြို့နယ်မှာ မိုင်းအန္တရာယ်ကြောင့် ဒေသခံတွေမှာ ဥယျာဉ်ခြံမြေတွေကို မလုပ်ကိုင်နိုင်ဘဲ စွန့်ပစ်ထားရတယ်လို့ သိရပါတယ်။
အမ်းမြို့နယ်က နပခအပါအဝင် မြို့ပတ်ပတ်လည်၊ တိုက်ပွဲဧရိယာတွေနဲ့ ဆက်စပ်တဲ့ဒေသတွေက ဥယျာဉ်ခြံမြေတွေနဲ့ ကားလမ်းဘေးတွေမှာ စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းတွေ အများအပြားထောင်ထားခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ဒေသခံတွေ အဓိက လုပ်ကိုင်စားသောက်နေရတဲ့ ဥယျာဉ်ခြံမြေတွေကို လက်ရှိအချိန်ထိ မလုပ်ကိုင်နိုင်ဘဲ စွန့်ပစ်ထားရတယ်လို့ အမ်းမြို့နယ်၊ ကျောက်စကွဲရွာက ဥယျာဉ်ခြံပိုင်ရှင် အမျိုးသားတစ်ယောက်က နိရဉ္စရာကို ပြောပါတယ်။
"တောဟိန်းတောင်မှာစဖြစ်ကတည်းက ဥယျဉ်ခြံတွေပစ်ထားရတာပါ။ ပြီးတော့ မဲတောင်ကနေ စစ်ကောင်စီတပ်တွေ နောက်ဆုတ်ပြီးပြေးလာတော့ ကားလမ်းဘေးတွေ၊ ဟိုဖက်ခြမ်း၊ ဒီဖက်ခြမ်းမှာရှိတဲ့နေရာတွေမှာ အားလုံးထောင်ထားတယ်။ အကုန်လုံးက ဥယျာဉ်ခြံတွေများတယ်။ စစ်ကောင်စီနေခဲ့တဲ့နေရာတွေပါ။ ခြံထဲမှာ မိုင်းရှိ/မရှိသိရတာက ကျွဲနွားတွေ သေနေတယ် မိုင်းနင်းမိပြီး။ အရင်ကဆို လူတွေပါနင်းမိတဲ့ဖြစ်စဉ်တွေရှိတယ်။ အခုဥယျာဉ်ခြံတွေ အကုန်ပစ်ထားရတယ်။ ရာသီပေါ်သီးနှံတွေတောင် ခူးမစားနိုင်ဘူး။ မိုင်းအန္တရာယ်ကြောင့်။ စားဝတ်နေရေးကလည်း ခြံမလုပ်ရတော့ ပိုကျပ်တည်းတယ်" လို့ ပြောပါတယ်။
စစ်ကောင်စီဟာ အမ်း-တပ်တောင်ကျော်လမ်း၊ မအီကျော်လမ်း၊ ရိုးကျော်လမ်း၊ ကဇူးကိုင်းသွားလမ်း၊ အမ်းချောင်း ဒေသပတ်ဝန်းကျင်နဲ့ ဥယျာဉ်ခြံမြေတွေမှာ စစ်ကြောင်းချနေထိုင်ခဲ့ပြီး မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တာပါ။
အလားတူ သူတို့ နောက်ဆုတ်ထွက်ပြေးစဉ်ကလည်း လမ်းတစ်လျှောက် မြေမြှုပ်မိုင်းတွေ အထပ်ထပ်ထောင်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ထွက်ပြေးစဉ်က မသယ်နိုင်ခဲ့တဲ့ စက်ကျန်လက်နက်နဲ့ မိုင်းတွေကိုလည်း ဥယျဉ်ခြံမြေတွေမှာ မြှုပ်နှံထားမှုနဲ့ စွန့်ပစ်ခဲ့မှုတွေလည်းရှိခဲ့တယ်လို့ ဥယျာဉ်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
အမ်းမြို့နယ်အတွင်း ဒီနှစ် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေနဲ့ ဇွန်လတွေမှာ မိုင်းနင်းမိလို့ အရပ်သားသေဆုံး၊ ဒဏ်ရာရမှုတွေလည်း ရှိခဲ့ပါတယ်။