အင်ဒိုနီးရှား ဘာလီကျွန်းမှာ ကူးတို့သင်္ဘောနစ်မြုပ်လို့ လေးယောက်သေပြီး ၃၀ ပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကူးတို့သင်္ဘော နစ်မြုပ်မှုကြောင့် လူလေးယောက်ထက်မနည်းသေဆုံးပြီး အယောက် ၃၀ ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ဒီကနေ့မှာ ပြောပါတယ်။
ဂျာဗားကျွန်းအရှေ့ဘက်ကမ်းရိုးတန်းရှိ ဘန်ယူဝမ်ဂီမှ ဘာလီကို ခုတ်မောင်းလာတဲ့ ကူးတို့သင်္ဘောဟာ ဇွန် ၂ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၂၀ မိနစ်မှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး သင်္ဘောပေါ်မှာ ခရီးသည် ၅၃ ယောက်၊ အမှုထမ်း ၁၂ ယောက်နဲ့ မော်တော်ယာဉ် ၂၂ စီး တင်ဆောင်ထားပါတယ်။
လက်ရှိမှာတော့ အသက်ရှင်ကျန်ရစ်သူ ၃၁ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး ကယ်တင်ထားနိုင်ခဲ့ပြီး ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ နစ်မြုပ်ရတဲ့ အကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါတယ်။
သင်္ဘောမနစ်မြုပ်မီတွင် အင်ဂျင်ပြဿနာရှိကြောင်း သင်္ဘောကုမ္ပဏီက သတင်းဌာနတွေကို ပြောပါတယ်။ ဂျာဗားကျွန်းနဲ့ ဘာလီအကြားရှိ ရေလမ်းကြောင်းဟာ ဒေသခံများ မကြာခဏ အသုံးအများဆုံး ရေလမ်းကြောင်းတခုလည်း ဖြစ်ပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေဟာ ကမ်းရိုးတန်းမြို့ ဘန်ယူဝမ်ဂီမှာ နေထိုင်သူတွေဖြစ်ပြီး အခြားသူတွေကတော့ ဂျာဗားကုန်းတွင်းပိုင်းက လာရောက်သူတွေဖြစ်ပါတယ်။ နိုင်ငံခြားသားတွေတော့ သင်္ဘောမှာ မပါဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဆော်ဒီအာရေဗျကို ရောက်ရှိနေတဲ့ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တိုကတော့ ဒီမတော်တဆမှုနဲ့ပတ်သက်ပြီး လိုအပ်တာတွေကို အရေးပေါ်တုံ့ပြန်မှုတွေကို အရေးပေါ်ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။
ကျွန်းပေါင်း ၁၇၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဘေးကင်းလုံခြုံရေးစည်းမျဉ်းတွေ လိုက်နာမှု အားနည်းမှုနဲ့အတူ ရေကြောင်းမတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။ မတ်လအတွင်းကလည်း ဘာလီကျွန်းမှာ လူ ၁၆ ဦးလိုက်ပါတဲ့ စက်လှေတိမ်းမှောက်မှုကြောင့် ဩစတြေးလျအမျိုးသမီးတယောက် သေဆုံးခဲ့ပါတယ်။

image
image
image
image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ရုရှားသို့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်သုံးသောင်းထိ ထပ်မံစေလွှတ်နိုင်
ရုရှားက ယူကရိန်းကိုတိုက်ခိုက်မှုများ ပြုလုပ်နေချိန်တွင် ရုရှားအတွက် တိုက်ပွဲဝင်ရန် မြောက်ကိုရီးယားသည် တပ်ဖွဲ့ဝင် နှစ်သောင်းငါးထောင်မှ သုံးသောင်းအထိ ထပ်မံစေလွှတ်မည်ဖြစ်ကြောင်း ယူကရိန်းတာဝန်ရှိသူများက ဇူလိုင် ၂ ရက်တွင် ပြောသည်။
ဇွန် ၄ ရက်တွင်ရိုက်ကူးထားသော မြောက်ကိုရီးယားလေဆိပ်တစ်ခု၏ ဂြိုဟ်တုဓာတ်ပုံများအရ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များကိုရုရှားသို့ယမန်နှစ်က စေလွှတ်ရာတွင်အသုံးပြုခဲ့သည့် သယ်ယူ ပို့ဆောင်ရေးလေယာဉ်များ၏ လှုပ်ရှားမှုများကိုတွေ့ရကြောင်း စီအင်န်အင်န်သတင်းဌာနက ဖော်ပြထားသည်။
ယူကရိန်းတပ်များသည် ရုရှားနိုင်ငံ ခါ့ချ်ဒေသကို ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်း မြောက်ကိုရီးယားတပ်ဖွဲ့များသည် ရုရှားနှင့်အတူ ယူကရိန်းတပ်များကိုတိုက်ခိုက်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည်။
နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုသည် ယခင်ကထက်ပိုမိုနက်ရှိုင်းလာခဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း မြောက်ကိုရီးယားက ရုရှားသို့ပေးပို့ခဲ့သည်။
မြောက်ကိုရီးယားသည် ရုရှားတွင်တပ်ဖွဲ့ဝင် ၁၅၀၀၀ ချထားခဲ့ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးက ဧပြီလတွင် ပြောသည်။
မြောက်ကိုရီးယား၏ နောက်ထပ် တပ်ဖြန့်မှုနှင့်ပတ်သက်၍ ယူကရိန်းက စိုးရိမ်ဖွယ်ရှိပြီး ရုရှားသိမ်းပိုက်ထားသော ယူကရိန်းနယ်မြေတိုက်ပွဲများတွင် ပါဝင်ရန်အလားအလာများရှိနေကြောင်း စောင့်ကြည့်လေ့လာသူများက သုံးသပ်ပြောဆိုသည်။
အင်န်အိတ်ချ်ကေ

image
17 ပတ် - ဘာသာပြန်ပါ။

#ဝေဘူဆရာတော်ဘုရား၏
#ဝိပဿနာသြဝါဒ(၁၅)ချက်
ဝိပဿနာကမ္မဌာန်းတရားနှင့်ပက်သက်၍
ပြောဆိုဆုံးမရာ၌အဓိကထားဟောကြား
တော်မူသော်သြဝါဒ(၁၅)ချက်မှာ
အောက်ပါအတိုင်းဖြစ်၏
၁။ဝိပဿနာတရားဆိုတာ
ထင်ရှားရှိသောတရားကို
မြင်အောင်ရှုရသည် ။
၂။ထင်ရှားရှိသောတရားကို
မြင်အောင်မရှုနိုင်လျှင်ဝိပဿနာမဖြစ်။
၃။ထင်ရှားရှိသောတရားဆိုတာ
အခြားမှာသွား၍ ရှုမှရတာမျိုးမဟုတ်
ကိုယ်မှာရှိသောတရားဖြစ်သည်
၄။ကိုယ်မှာရှိသောတရားဆိုတာ
#ထွက်သက်ဝင်သက်ပင်ဖြစ်သည်။
၅။ထွက်သက်ဝင်သက်ဆိုတာ
အမိဝမ်းကမွေးကတည်းက
သေသည်အထိအမြဲမပြတ်
#တရစပ်ရှိနေသောတရား
သဘောဖြစ်သည် ။
၆။ထွက်ဝင်သက်သည်အလုပ်လုပ်နေရင်း
စကားပြောနေရင်းစားနေရင်း
စာကျက်နေရင်း စဉ်းစားနေရင်းလည်းရှိသည်
အိပ်ပျော်နေရင်းလည်းရှိတာပဲဖြစ်သည်
၇။ထွက်သက်ဝင်သက်သည်
အမြဲမပြတ်ရှိနေသော်လည်း
အမှတ်တမဲ့နေကြ၍
#သတိမမူဂူမမြင်သတိမူလျှင်
#မြူကိုတောင်မြင်ရတယ်ဆိုတာလိုပဲ
ဂရုဆိုက်၍ကြည့်မှ ရှိမှန်းသိကြသည်
၈။ကြည့်တယ်ဆိုရာ၌
ဝိပဿနာဖြစ်ဖို့ရာမှာထွက်သက်လေ ဝင်သက်လေထိရာနှာသီးဖျားမှာ
#ရိပ်ရိပ်ရိပ်ရိပ်နှင့်ထိထိသွားတာကို
သိအောင်ကြည့်ရမည် ။
၉။#ထိတာဟာပရမတ်သဘောဖြစ်သည်
#သိတာကနာမ်သဘောဖြစ်သည်
၁၀။တရိပ်ရိပ်နှင့်ထိတိုင်းပျောက်တိုင်း
ရုပ်နာမ်နှစ်ပါးဖြစ်မှုပျက်မှုတွေ
ဖြစ်ပျက်၍နေခြင်းဖြစ်သည်
၁၁။တရိပ်ရိပ်နှင့်နှာသီးဖျားတွင်
ထိလိုက်ပျောက်လိုက်နေတာတွေကိုသာ
တစ်ဆက်တည်းမြင်အောင်ကြည့်နေလျှင်
ကြာတော့ကာဝိပဿနာသမာဓိ
တစ်စထက်တစ်စတစ်ခဏထက်တစ်ခဏတိုးတက်၍အားကြီးလာသောအခါ
နှာသီးဖြားတွင်မကခန္ဓာကိုယ်မှာလည်း
အလိုလိုတရိပ်ရိပ်တရွရွ
ဖြစ်ဖြစ်လာတာတွေကိုတွေ့ရတက်၏
တွေ့လိုသောနေရာတွင်စိတ်ဖြင့်စိုက်၍
ရှုနေလျှင်လည်းတရိပ်ရိပ်တရွရွနှင့်ပင်
တွေ့နေရတက်၏
၁၂။တစ်ကိုယ်လုံး၌တရိပ်ရိပ်တရွရွ
အစဉ်မပြတ်ဖြစ်ပျက်နေတာတွေကို
တွေ့၍လာရသောအခါ
(#အနိစ္စသညိနောမေဃိယအနတ္တသညာသဏ္ဌာတိ)ဟူသောပါဠိတော်အရ
#အနိစ္စကိုကောင်းစွာမြင်ရသောကြောင့်
#အနတ္တအလိုလိုထင်၍လာလိမ့်မည်။
ဝိပဿနာယောဂီ၏အလုပ်သည်
ထိမှုကိုရှုနေရုံသာဖြစ်သည်
ကြည့်ရှုနေရင်းသိသင့်သိထိုက် သမျှကိုမူကားအလိုလိုသိ၍လာလိမ့်မည်
၁၃။ဤကဲ့သို့တရိပ်ရိပ်နှင့်ထိမူတို့ကို
ကြည့်ရှုနေရင်းမဂ်ဥာဏ် ဖိုလ်ဥာဏ်ဖြစ်လာသည်ရှိသော်
သိသာလှပါ၏
#အဘယ်သို့သိရမည်နည်းဟူမူ
#ရေငတ်နေသောသူသည်
#ရေကိုသာသောက်ရသည်ရှိသော်
#ရေငတ်ပြေသကဲ့သို့ဖြစ်သွားတော့၏
၁၄။မဂ်ဥာဏ်ဖိုလ်ဥာဏ်ကို ရပြီးရောက်ပြီး၍ဖလသမာပတ်ကိုဝင်စားလိုလျှင်မိမိလာဖူးသောလမ်းကို
ပြန်၍ကြည့်ရ၏
၁၅။ဤအတိုင်းဖြစ်ခြင်လျှင်
တရိပ်ရိပ်နှင့်ထိမှုတို့ကိုသာကြည့်ရှု၍နေ
#ထွေလီကာလီတွေလိုက်၍လုပ်မနေနှင့်
ကျေးဇူးတော်ရှင်ဝေဘူဆရာတော်
………………………………………………………
အရှင်ရာဇာနန္ဒ
ကန့်ဘလူသျှင်ရာဇာ(ကိုးမြို့)
အနောက်ပြင်ခင်မကန်ကျောင်းတိုက်
#ပုညသိန်းနိုင်ponnyatheinnaing

image
17 ပတ် - ဘာသာပြန်ပါ။

Good morning part 🌅🌹☕
မင်္ဂလာရှိသောနံနက်ခင်းလေးပါ

image
17 ပတ် - ဘာသာပြန်ပါ။

#တစ်သက်တာဆိုသော_တစ်ဘဝကလေးမှာ ..
ရသင့်ရထိုက်သော ကုသိုလ်ကောင်းမှုတွေကို မရအရ ယူတတ်သွားရန်က .. မိမိကိုယ်ပိုင်အလုပ်ပါ။
ထို့ကြောင့် နောက်ထပ် ကျန်ရှိနေသေးသော လူ့ဘဝကလေးကို ..
မကောင်းသော ကိုယ် နှုတ် စိတ် ကလေးတွေမှာ အကုသိုလ် အညစ်အကြေးတွေ ကင်းရှင်းစေကာ ..
အထက်တန်းကျသော ကုသိုလ်စိတ်တွေကို မွေးမြူ၍ ..
အထက်တန်းကျသော သီလ သမာဓိ ပညာသတ္တိတွေ ကိန်းနေအောင် ကြိုးစားအားထုတ်သွားရန်က .. မိမိသာ ​ပဓာနပါ။
မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
#ယနေ့ဥပုသ်နေ့
နယုန်လပြည့်ကျော် (၈) ရက်
စနေနေ့ 29.6.24
ကုသိုလ်ကောင်းမှုများ ပြုနိုင်ကြပါစေ
#ငြိမ်းချမ်းကြပါစေ
#ရန်သူမျိုးငါးပါးဘေး
#ကပ်ကြီးသုံးပါးဘေးအပေါင်းမှ
#အခါခပ်သိမ်းငြိမ်းအေး
#လွတ်မြောက်ကြပါစေ....
#ဒီအကောင့်က တင်တဲ့ တရား
တော်များ ဓမ္မဆိုင်ရာ ပုံနဲ့ စာသားတွေကို
#credit ပေးစရာ၊ ခွင့်တောင်းစရာ မလိုပါ
များများပျံ့နှံ့သွားဖို့ အဓိကပါ။
#ဗုဒ္ဓမြတ်စွာသာသနာရောင်ဝါနေထက်လင်းပါစေ

image

image
17 ပတ် - ဘာသာပြန်ပါ။

မြစ်ကြီးနားမြို့ မြစ်ရေ အတက်ဘက်သို့ ပြန်လည်ဦးတည်နေ
မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေသည် အတက်ဘက်သို့ ပြန်လည်ဦးတည်နေမည်ဖြစ်ကြောင်း ယနေ့တွင် မြစ်ကြီးမြို့ မိုး/ဇလ ဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းသည် ဧရာဝတီ မြစ်အထက်ပိုင်း၌ မိုးအားအနည်းငယ်မှ အသင့်တင့်ရွာသွန်းနေသလို ရံဖန်ရံခါ ဧရာဝတီ မြစ်ဆုံအထက်ပိုင်းတွင်လည်း နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းခြင်းများကြောင့် မြစ်ကြီးနားမြစ်ရေမှာ ကျဆင်းနေရာမှ အနည်းငယ် ပြန်တက်လာခြင်း အကြိမ် ကြိမ် ဖြစ်ပေါ်နေမည်ဟု ဆိုသည်။
ယနေ့ ဇူလိုင် (၃)ရက်ညနေပိုင်းအချိန်အထိ မြစ်ရေဆက်လက်မြင့်တက်နေမည်ဖြစ်ပြီး တစ်ပေမှ တစ်ပေခွဲကျော် မြစ်ရေတက်နိုင်ကြောင်း သိရသည်။
လက်ရှိ မြစ်ကြီးနားမြို့၏ မြစ်ရေသည်
စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာသို့ ရောက်ရှိရန် (၁၉)ပေခွဲ ခန့် အလိုတွင် ရောက်ရှိနေကြောင်း သိရသည်။
မြန်မာပြည်မြောက်ပိုင်း စွန်းဒေသများ
နှင့် ဧရာဝတီ မြစ်အထက်ပိုင်း ဒေသများတွင် တိမ်ဖြစ်ထွန်းမှု အားကောင်းလာနေသည်ကိုတွေ့ရပြီး၊ နောက်လာမည့်ရက်များတွင် မိုးအားအသင့်တင့်ရှိလာနိုင်သည်ဟု ဆိုသည်။

imageimage
17 ပတ် - ဘာသာပြန်ပါ။ - Youtube

** လျှို့ဝှက်ချက်ဘာလဲ ? ***