17 w - Translate - Youtube

ကျနော့်ဆီက Brainrot တွေ သူများခိုးသွားပြီ (Earth-2) | Steal A Brainrot in GTA V

ဗာဒံစေ့ ကပေးတဲ့ များပြားလှတဲ့ ကျန်းမာရေးအကျိုးများ
နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ခြင်း
ကိုယ်ဝန်ဆောင်လေဒီတွေအတွက်သင့်တော်တယ်
ဗာဒံစေ့မှာ ဖောလစ်အက်ဆစ်ပါဝင်နေတာကြောင့် ဘေဘီလေးမှာ မွေးရာပါချို့ယွင်းချက်မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးပါလိုအပ်တဲ့ ဖောလစ်အက်ဆစ်ရရှိစေပြီး ကျန်းမာစေဖို့ဆိုရင် ဗာဒံစေ့စားပေးလို့ရပါတယ်။
ဝိတ်ကျ စေနိုင်တယ်
ဗာဒံစေ့က စိတ်ကျေနပ်မှုရစေပြီး ခဏခဏစားချင်စိတ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်မှုက အဆာခံနိုင်စေပြီး အစာခြေစနစ် နဲ့ အူမကြီးကို ကျန်းမာစေနိုင်ပါတယ်။ ဗာဒံစေ့ကို ပုံမှန်စားသုံးပေးတာက ဝမ်းမှန်စေနိုင်ပြီး ကိုယ်အလေးချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်မှာပါ။
အရိုး ကျန်းမာစေနိုင်တယ်
ဗာဒံစေ့မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ phosphorus၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ Phosphorus ကအရိုးတွေဖြစ်ပေါ်စေဖို့ နဲ့ ခန္ဓာကိုယ်က တစ်ရှူးတွေကို ပြန်လည်ပြုပြင်ပေးပါတယ်။ ဗာဒံစေ့ကို ပုံမှန်စားသုံးပေးတာက အရိုးနဲ့သွားတွေကို ကြံ့ခိုင်စေနိုင်ပါတယ်။
ကိုယ်ခံအား ကောင်းစေတယ်
လေ့လာမှုတွေအရ ဗာဒံစေ့မှာ ဇင့် နဲ့ မဂ္ဂနိ့တို့လိုမျိုး ဇီဝကမ္မဖြစ်စဉ်တွေကို တိုးတက်ကောင်းမွန်စေပြီး ကိုယ်ခံအားစနစ်ကို အကောင်းဆုံးအားဖြည့်ပေးနိုင်တဲ့ ဓာတ်တွေပါဝင်နေပါတယ်။ ကျန်းမာချင်သူတိုင်း စားပေးသင့်ပါတယ်။
ဦးနှောက် စွမ်းဆောင်ရည်ကောင်းစေတယ်
ဗာဒံစေ့မှာ ဦးနှောက်ဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဗာဒံစေ့မှာ ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေဖို့ အရေးပါတဲ့ L-carnitine နဲ့ riboflavin တို့လိုမျိုး အာဟာရဓာတ်တွေပါဝင်နေသလို အယ်လ်ဇိုင်းမားရောဂါခံစားရနိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ အာရုံကြောစနစ် ကျန်းမာပြီး ဦးနှောက်စွမ်းဆောင်ရည်ကောင်းစေဖို့ဆိုရင် ဗာဒံစေ့စားပေးလို့ရပါတယ်။

image
17 w - Translate - Youtube

ဘိုဘို စစ်သားကြီးလုပ်ဖို့ စစ်တပ်ထဲဝင်သွားခဲ့တယ် | Adopted by Army in GTA V | SMART On Live

#ရုံးပတီသီး
၁။ ။ဆီးချိုသမားတွေအတွက် သဘာဝဆေးစွမ်းကောင်းတစ်လက်
ရုံးပတီသီးမှာ အင်ဆူလင်ဆေးလို အစွမ်းသတ္တိ တွေရှိနေပါတယ်။ အင်ဆူလင်ဆေးဆိုတာ ဆီးချိုသမားတွေမှာ အသုံးပြုတဲ့ ထိုးဆေးပါ။ ရုံးပတီသီးမှာပါတဲ့ Eugenol ဆိုတဲ့ အမျှင်ဓာတ်ဟာ အူအတွင်းမှ သကြားဓာတ် စုပ်ယူမှုကို ထိန်းသိမ်းပေးကာ သွေးတွင်းရှိ သကြားဓာတ် လွန်ကဲစွာ မြင့်တက်လာခြင်းကို ကာကွယ်တားဆီးပေးပါတယ်။
ရုံးပတီသီးမှာ အမျှင်ဓာတ်များစွာနဲ့ ပျစ်ချွဲရည်တွေ ပါဝင်ပါတယ်။ ရုံးပတီသီးကို စားခြင်းအားဖြင့် အစားအစာ တွေကို ကြေညက်စေပြီး အစာမကြေတာကို သက်သာကာ ဝမ်းမှန်စေပါတယ်။ ရုံးပတီသီးမှာပါတဲ့ Pectin ဆိုတဲ့ အမျှင်ဓာတ်ကြောင့် အူတွင်းက အညစ်အကြေးတွေရဲ့ ရွေ့လျားမှုကို အဆင်ပြေချောမွေ့စေပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။ရုံးပတီသီးက သဘာဝကပေးတဲ့ ဝမ်းမှန်ဆေးပါပဲ။
၃။ကိုယ်ဝန်ဆောင်တွေ နေ့စဉ် စားသုံးသင့်တဲ့
မီးဖိုချောင်မှ ဆေးတစ်လက်
ရုံးပတီသီးမှာ ပါဝင်တဲ့ ဖောလစ်ဓာတ်နဲ့ အာဟာရတန်ဖိုးတွေက ကိုယ်ဝန်ရခြင်းကို ကူညီပေးနိုင်သလို သန္ဓေသားရဲ့ ဦးနှောက် ဖွံ့ဖြိုးခြင်းကို ကူညီပေးရုံသာမက ကိုယ်ဝန်ပျက်ကျခြင်းကို တားဆီးပေးပြီး ကလေးတွေမွေးလာတဲ့အခါ အာရုံကြောဆိုင်ရာ ချွတ်ယွင်းချက်တွေ ပါမလာအောင် တားဆီးကာကွယ်ပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်စဉ် ရုံးပတီသီးကို ပုံမှန်စားရင် ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။
၄။အရိုးတွေကို သန်မာစေခြင်း
ရုံးပတီသီးမှာပါတဲ့ ကယ်လ်စီယမ်၊ ဘီတာမင် ကေ နဲ့ ဖော့လိတ်ဓာတ်တွေကြောင့် အရိုးတွေရဲ့ သိပ်သည်းဆကို မြင့်မားစေပြီး အရိုးတွေကို သန်မာစေကာ အရိုးပွရောဂါ မှ ကာကွယ် တားဆီးပေးပါတယ်။
၅။ပန်းနာရင်ကျပ်သမားတွေအတွက် မိတ်ဆွေကောင်း
ပန်းနာရင်ကျပ် ရောဂါဆိုတာ အဆုတ်လေပြွန်တွေ ရောင်ရမ်းပြီး အသက်ရှူရခက်တဲ့ ရောဂါတစ်မျိုးပါ။ ရုံးပတီသီးမှာပါတဲ့ အင်တီအောက်စီဒန့်၊ ဘီတာမင် စီနဲ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဓာတ်တွေကြောင့် ပန်းနာရင်ကျပ် ရောဂါကို သက်သာစေပြီး ရင်ကျပ်တဲ့ အကြိမ်အရေအတွက်ကို လျော့ချပေးနိုင်ပါတယ်။
၆။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို သက်သာစေခြင်း
ရုံးပတီပင်က အပွင့်နဲ့ သစ်ရွက်တွေကို ပြုတ်ပြီး သောက်ရင် အသက်ရှူလမ်းကြောင်း ရောင်ရမ်းတာ၊အဆုတ်ရောင်ရောဂါ နဲ့ အအေးမိတုတ်ကွေးရောဂါ တွေကို သက်သာစေတယ်လို့ တိုင်းရင်းဆေးဆရာတွေက ဆိုကြပါတယ်။
၇။အပူဒဏ်ကြောင့်ဖြစ်တဲ့ နွမ်းနယ်ခြင်းတွေ ကင်းဝေစေခြင်း
ရုံးပတီသီးမှာပါတဲ့ ဒြပ်ပေါင်းတွေက အပူဒဏ်
ကြောင့်ဖြစ်တဲ့ ပင်ပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ နဲ့ စိတ်ဓာတ်ကျခြင်းတွေကို သက်သာစေပါတယ်။
၈။အူမကြီးကင်ဆာဖြစ်ပွားနှုန်း လျော့နည်းစေခြင်း
ရုံးပတီသီးမှာပါတဲ့ အမျှင်ဓာတ် တွေကြောင့် ဝမ်းမှန်စေကာ အူမကြီးကင်ဆာ ဖြစ်ပွားနှုန်းကို လျော့ချပေးပါတယ်။ ရုံးပတီသီးမှာပါတဲ့ အင်တီအောက်စီဒန့်တွေက ကင်ဆာဖြစ်စေနိုငိတဲ့ ဆဲလ်များပြောင်းလဲမှုကို တားဆီးကာကွယ်ပေးပါရုံသာမက ကိုယ်ခံအားကို တိုးပွားစေကာ ရောဂါပေါင်းစုံမှ ကာကွယ် ပေးနိုင်ပါတယ်။
၉။အဝလွန်ခြင်းမှ ကင်းဝေးစေခြင်း
ရုံးပတီသီးမှာ ကယ်လိုရီ အနည်းငယ်သာ ပါဝင်ပြီး အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ အမျှင်ဓာတ်တွေက အစာမွတ်သိပ်မှုကို တားဆီးပေးပြီး မကြာခဏ အစာစားချင်စိတ်ဖြစ်ခြင်းမှ ကင်းဝေးစေပါတယ်။
၁၀။သွေးအတွင်းအဆီ ကျစေခြင်း
ရုံးပတီသီးမှာပါဝင်တဲ့ Pectin ဆိုတဲ့ အမျှင်ဓာတ်က ခန္ဓာကိုယ်တွင်းက မကောင်းတဲ့ အဆီတွေကို ကျစေကာ သွေးကြောကျစ်မာခြင်း၊ သွေးတွင်းအဆီ ပိတ်ခြင်းတွေကို တားဆီးပေးခြင်း အားဖြင့် နှလုံးရောဂါ ဖြစ်ပွားနှုန်းကို လျော့ကျစေပါတယ်။

image
17 w - Translate - Youtube

ကျွန်တော် သူများ Brainrot အကောင်တွေလိုက်ခိုးခဲ့တယ် (Earth-1) | Steal A Brainrot in GTA V

17 w - Translate - Youtube

ကမ္ဘာ့အရယ်ရဆုံး မောင်စမတ် ကုန်စုံဆိုင် 🤣 | SMART Store in GTA V | SMART On Live

17 w - Translate - Youtube

စစ်တပ်ရဲ့ လျှို့ဝှက်စစ်ကားဂိုးဒေါင်ကြီးကို ရှာတွေ့ခဲ့တယ် (Earth-2) | Secret Military Garage in GTA V

17 w - Translate - Youtube

ကျွန်တော် ကလေးတစ်ယောက် ကောက်ရခဲ့တယ် (Earth-1) | I have a Baby in GTA V

17 w - Translate - Youtube

The Big Blue - Ocean Stories from Down Under | Episode 3 | Free Documentary Nature

17 w - Translate - Youtube

Greetings from Snake Island | IP PLAN 2024 | Discovery Channel Southeast Asia