ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အကြော်မှုန့်စပ်နည်း ‼( ဗူးသီးကြော်မလာ အသားကြောမလာ)
လုပ်ရလွယ်ပြီး စားလို့လဲကောင်းသွားတယ် 😋
(1)ပဲစိမ်းမှုန့်အထုတ်ကြီး 1ထုပ်
(2)ကောက်ညှင်းမှုန့် 1ထုပ်
(3)ရွှေကြည်မှုန့် 1ထုပ်
(4)ဆန်စိမ်းမှုန့် 1ထုပ်
(5)ယိုးဒယားမယ် 1ထုပ်
(6)ရွှေလိပ်ပြာ 1ထုပ်
ခြောက်သွေ့နေတဲ့အိုးထဲအကုန်လုံးဖောက်ထည့်ပြီးခြောက်သွေ့နေတဲ့ဇွန်းကြီးနဲ့မွှေပေးပါ...
ပြီးရင်ခြောက်သွေ့နေတဲ့လေလုံဘူးထဲထည့်ပြီးသိမ်းလိုက်ပါ...
လိုအပ်တဲ့အချိန် ထုတ်ပြီးဘူးသီးကြော်/ ငှက်ပျောကြော် /အာလူးကြော် တို့ကြော်မယ်ဆို ပျစ်ပျစ်လေးဖျော် ဂျင်းထောင်းရည်လေးနဲနဲထည့် ဆားဆော်ဒါလေးနဲနဲထည့်ပြီး 15မိနစ်လောက်ထားထားလိုက်ပါ...
ဆားကို ထည့်ချင်လဲထည့် မထည့်ချင်လဲ မထည့်နဲ့
ဆားထည့်ရင် ပျော့တာမြန်လို့ မထည့်ကြဘူး
အရွက်ကြော်တွေ ကြက်သွန်ကြော်တွေ ကြော်မယ်ဆို...
အရည်ကျဲကျဲလေး ဖျော်ရပါတယ်...
ဂျင်းထောင်း ဆားဆော်ဒါထည့်ပြီး
ကိုယ်ကြော်မယ့်အရွက်ပါ ရောနယ်လိုက်ပါတယ်...
အ့ပါပဲရှင့်...
အိမ်မှာ ကွကိုယ် ကြိုက်တဲ့အချိန် ကြော်စားတော့ ရပီ...
အချဉ်ရည်စပ်နည်း
မကျည်းသီးမှည့်ကို ရေဆေး
ထန်းလျက်ကို ရေဆေး
နံနံအနဲငယ်ကို ရေဆေး
ငရုတ်သီးစိမ်း
ကြက်သွန်ဖြူ
ဆား သို့ ငံပြာရည်
ငရုတ်ဆီအနီကြိုက်ရင်ထည့်
အခု ငရုတ်ချဉ်စပ်ပြီးသားအထုတ်တွေလဲ လာပါတယ်...ကြိုက်ရင်ထည့်...
ရေလိုသလောက်ထည့်ပြီးမီးပေါ် ကောင်းကောင်း အဆူပေးခံလိုက်ပါ...
ပြီးရင် အအေးခံပြီး ဖျော်ရည်စက်နဲ့ ကြိတ်လိုက်ပါ...
အရသာက ချိုချဉ်စပ်လေးပေါ့...
အ့အချဉ်ရည်နဲ့အကြော်မျိုးစုံနဲ့ အသုပ်မျိုးစုံတို့တွင် အသုံးပြုနိုင်ပါသည်...
ဆူအောင်တည်ထားတဲ့အတွက်ဗိုက်မနာတော့ပါ...
ကိုယ့်အစ်မ မမရီးးသင်ပေးထားတဲ့နည်းလေးပါရှင့်...😘
KeeLay
ဒီစားချက်gpထဲကပဲတွေ့လို့ copyယူပီး အကြော်မှူန့်စပ်ထားတာပါ...
မယ်စိမ်းက တစ်ခါထဲ ပလပ်စတစ်ဗူးသန့်ကို ခပ်ကြီးကြီးနဲ့အထုပ်တေအကုန်ဖောက်ထည့်ပီး အဖုံးလုံအောင်ပြန်ပိတ်ပီး သားစိုး(ရောသမမွှေ)လိုက်ပါတယ်...
အ့အကြော်မှူန့်နဲ့ ကြက်ရိုးလေးကြော်စားထားပါတယ်...
ရှယ်ကောင်းပါပဲရှင်...😊😊😊
Credit
အရင်က အဆစ်အမြစ်တွေ ဒူးခေါင်းတွေ အရမ်းနာခဲ့ဖူးတယ်။ အထူးသဖြင့် မနက်အိပ်ရာထတဲ့အခါ လမ်းလျှောက်ရတာ ခက်ခဲပြီး ထိုင်တာ၊ ထတာတောင် နာတယ်။
အိမ်နီးချင်းဆီက စပါးလင်၊ ဆွမ်းမွှေးရွက်ပြုတ်ရည် လုပ်နည်းကို ရပြီး ၂ ပတ် ဆက်တိုက် သောက်ကြည့်တော့ သိသိသာသာ သက်သာလာတာကို ခံစားရတယ်။ နာကျင်တာ သက်သာပြီး ကောင်းကောင်းအိပ်ပျော်လာတယ်။ အသားအရေလည်း ကြည်လင်လာတယ်။
အခုဆိုရင် ဒါက အိမ်မှာ ပုံမှန်သောက်သုံးနေကျ အဖျော်ယမကာ ဖြစ်နေပါပြီ....... ။
🌿💧 "ယူရစ်အက်ဆစ်လျှော့ချပေးသော ဆေးဖက်ဝင်အချိုရည်" စပါးလင် ဆွမ်းမွှေးရွက်က ဒူးဆစ်တွေအတွက် ကောင်းတယ်နော်.......... 💚
ယူရစ်အက်ဆစ် မြင့်မားခြင်းကြောင့် အဆစ်အမြစ်နဲ့ ဒူးတွေ နာကျင်နေတယ်ဆိုရင် ဆေးကို အလျင်စလို မမှီခိုခင် ဒီနည်းလမ်းလေးကို စမ်းကြည့်ပါ။
🍃 စပါးလင် + ဆွမ်းမွှေးရွက် ရှိရုံနဲ့တင် သက်သာရာရပြီး
ဒူးနာကျင်မှုလည်း သက်သာသွားပါလိမ့်မယ်။
📌 ပြုလုပ်နည်းက အရမ်းလွယ်ပါတယ် 👇
* စပါးလင် ၃ ပင် (ထုပြီး လှီးပါ)
* ဆွမ်းမွှေးရွက် ၄ ရွက် (အပိုင်းလေးတွေ လှီးပါ)
* ရေ ၂ လီတာကို ထည့်ပြီး
မီးအေးအေးနဲ့ ၁၅-၂၀ မိနစ်လောက် တည်ပါ။
* အရည်ကိုစစ်ယူပြီး နွေးနွေးလေး သောက်ပါ။
ဒါမှမဟုတ် ရေခဲသေတ္တာထဲ ထည့်အအေးခံပြီး
သောက်ရင်လည်း မွှေးပြီး လန်းဆန်းစေပါတယ်။
🌟 တစ်နေ့ကို ၁-၂ ခွက် မနက်-ည သောက်သုံးခြင်းဖြင့် 👇
✅ ယူရစ်အက်ဆစ်ကို လျှော့ချပေးတယ်။
✅ အဆစ်အမြစ်နဲ့ ဒူးနာကျင်မှုကို သက်သာစေတယ်။
✅ ကျောက်ကပ်ကို အားဖြည့်ပေးတယ်။
✅ ကိုယ်နံ့နဲ့ ခံတွင်းနံ့ကို လျှော့ချပေးတယ်။
✅ စိတ်ဖိစီးမှုကို ပြေလျော့စေတယ်။
✅ ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးတယ်။
🍵 အခုဆိုရင် ဒါက အိမ်မှာ အမြဲပုံမှန်သောက်နေကျ အဖျော်ယမကာ ဖြစ်နေပါပြီ။
ဒါ့အပြင် မွှေးပျံ့လန်းဆန်းစေပြီး ဆေးလို ခါးတာ၊ နံတာမျိုးလည်း မရှိဘူးနော် 💚
ဒီလိုပြဿနာမျိုး ကြုံနေရသူတွေ စမ်းကြည့်ကြပါနော်.....။