33 w - Translate

တာချီလိတ်တွင် ရေကြီးရေလျှံမှုကြောင့် ဒေသခံများဘေးလွတ်ရာ ရွှေ့ပြောင်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဇူလိုင် ၂၇ ရက် ညပိုင်းကတည်းက ရေကြီးရေလျှံလာတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြရပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စက်လှေနဲ့ ရေအရမ်းတက်တဲ့ နေရာတွေကို ကယ်ဆယ်ရေး လိုက်လုပ်ပေးနေတာ။ အရင်နှစ်ကလောက် မဆိုးသေးဘူးဆိုပေမဲ့ စိတ်ပူတဲ့သူတွေကိုကျ ကယ်ဆယ်ပေးနေတာပေါ့။ အခုက တနေရာနဲ့ တနေရာမတူဘူး ၃ ပေ၊ ၅ ပေလောက် ရေတက်တယ်။ ရေက ထပ်တက်မယ့်သဘော ရှိတယ်။ တံတား-၁ ကိုလည်း ဖြတ်သန်းခွင့် ယာယီပိတ်ထားတယ်။ အခုထိ မယ်ဆိုင်ချောင်းက ရေတက်နေတုန်းပဲ။”
#တာချီလိတ် #ရေကြီးရေလျှံ #ရေဘေးကယ်ဆယ်ရေး

image
33 w - Translate - Youtube

#မြန်မာဇာတ်ကား စ/ဆုံး စဉ်းစားလေဆုတောင်း ခန့်စည်သူ အိချောပို #

33 w - Translate

🌟 The Emperor! Power of the Mask (2025)
Two rulers. One throne.
In a kingdom ruled by secrets, the mask hides more than just a face—it conceals a legacy, a rebellion, and a deadly truth. As betrayal looms and loyalties shift, only one can wear the crown.
👑 Witness a royal drama where honor clashes with ambition, and power comes at a price.
#theemperor2025 #powerofthemask #kdramasaga #royalintrigue #historicaldrama #koreancinema #maskeddestiny #goldenthrone #dramaunfolds #epiclegacy

image
33 w - Translate

ဘဝမှာ ဒီလိုမျိုး​လေး​နေရရင် ပြည့်စုံပါပြီ။🍀🏡

image

Shi သေးတယ်နော် 😒🖤
အနက်လေးတွေဆို ချစ်တယ်ဆိုလို့လေ 🙄🖤

image

Shi သေးတယ်နော် 😒🖤
အနက်လေးတွေဆို ချစ်တယ်ဆိုလို့လေ 🙄🖤

image

Shi သေးတယ်နော် 😒🖤
အနက်လေးတွေဆို ချစ်တယ်ဆိုလို့လေ 🙄🖤

image

Shi သေးတယ်နော် 😒🖤
အနက်လေးတွေဆို ချစ်တယ်ဆိုလို့လေ 🙄🖤

image
image
image

ဟိန္ဒူဘာသာ၏ ဝါတွင်း (၄) လတာ ကာလ။

ဟိန္ဒူဘာသာမှာ ဗိသ်ျှဏုဘုရားရှင် (ဗစ်ရှ်နူး) သည် စကြ၀ဠာအား ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သူဖြစ်ပါတယ်။
ဘုရားရှင် နာရာယန်း ဗစ်ရှ်နူးဟာ တစ်နှစ်တာကာလတွင် (၄) လတိတိ ဈာန်သမာပတ်၀င်စားလျက်ရှိပါတယ်။ အချို့က ထိုကာလကို ဘုရားရှင် ကျိန်းစက်တော်မူသောကာလဟု သမုတ်ကြပါတယ်။
အမှန်တကယ်တွင် ဘုရားရှင်ဟာ ယိုးဂနိဒြာအဖြစ် ဈာန်သမာပတ်၀င်စားခြင်းဖြစ်၍ အိပ်စက်ခြင်းမဟုတ်ပါ။
ထို (၄) လတာကာလဟာ ဟိန္ဒူဘာသာ၀င်များအနေနဲ့ ကုသိုလ်ကောင်းမှုများပြုလုပ်၍ မိမိကိုယ်ကိုယ် ပြန်လည် ဆင်ခြင်သုံးသပ်ရန်ကာလလည်းဖြစ်ပါတယ်။

ဝါတွင်း (၄) လတာကာလသည် အာသျှဎ်လ၏ ဒေ့ဗ်ရှယနီးဧကာဒရှီးမှစတင်ပြီး ကာသိက်လ၏ ပ်ရဗိုးဓိနီးဧကာဒရှီးအထိကြာမြင့်ပါတယ်။

ကျမ်းဂန်အယူအဆများအရ ဗစ်ရှ်နူးဘုရားရှင်ဟာ ဒေ့ဗ်ရှယနီးဧကာဒရှီးကာလမှစတင်၍ ယိုးဂနိဒြာကျင့်စဉ်ဖြင့် ဈာန်သမာပတ်၀င်စားတော်ပြီး ပ်ရဗိုးဓိနီးဧကာဒရှီးတွင် ပြီးဆုံးကာ သူလ်ဆီး ဗီဗားဟ် (သူလ်ဆီးမယ်တော်နှင့် လက်ထပ်ထိမ်းမြားပွဲ) ကို ကျင်းပဆင်နွှဲကြပါတယ်။

ထို (၄) လ၏ အမည်မှာ

၁) ရှာရ်၀န်းလ
၂) ဘာဒြာပဒလ
၃) အာရွှန်းလ
၄) ကာသိက်လ တို့ဖြစ်ပါတယ်။

ဤဝါတွင်း ၄ လတာကာလတွင် ကောင်းမှုကုသိုလ်များကိုသာ အထူးပြုသင့်ပြီး လက်ထပ်ထိမ်းမြားခြင်း၊ အိမ်သစ်တက်ခြင်း၊ ခရီးသွားခြင်း၊ ပွဲလမ်းသဘင်တို့ကို မပြုကြပေ။
အဓိကအားဖြင့် ဥပုသ်ယူခြင်း၊ တရားထိုင်ခြင်း၊ မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ခြင်းတို့ဖြင့်သာ မိမိကိုယ်ကို သန့်စင်အောင်ပြုလုပ်သင့်သောကာလဖြစ်ပါတယ်။

ထို (၄) လတာ ကာလသည် မိုးတွင်းကာလဖြစ်သလို လ တစ်လစီတွင် ရှောင်ရှားသင့်သောစားစရာများလည်း ရှိပါတယ်။

- ရှောင်ရှားရန် စားစရာများ။

ရှာရ်၀န်းလ - ဟင်းရွက်စိမ်းများ။
ဘာဒြာပဒလ - ဒိန်ချည်။
အာရွှန်းလ - နွားနို့။
ကာသိက်လ - ပဲ။

ထိုသို့ ဗိသ်ျှဏုဘုရားရှင် ဈာန်သမာပတ်၀င်စားချိန်ကာလတွင် စကြ၀ဠာအား ဟန်ချက်မပျက်စေရန် အခြားဘုရားရှင်များက ဆက်လက်ကာကွယ်စောင့်ရှောက်ထိန်းသိမ်းတော်မူပါတယ်။

ဦးစွာပဏာမအားဖြင့် ဂုရုပူရ်ဏီမားကာလမှစ၍ ကြာသပတေးဂြိုဟ်မင်းဖြစ်သော ဗရဆ်ပသိနတ်မင်းကို ပူဇော်ကြပါတယ်။

ထို့နောက် ရှာရ်၀န်းလမြတ် (ဆာ၀န်းန်လ) စတင်ကာ ဘုရားရှင်သျှိဗဟာ လောက၌ မင်္ဂလာတရားများအားဖြစ်ထွန်းစေပါတယ်။

ထို့နောက်တွင် ကရိသ်ျှဏ ဂျန္မာရ်ှတမီးကျရောက်ပြီး ဘုရားရှင်ကရိသ်ျှဏဟာ လောကကို ကောင်းကျိုးဖြစ်ထွန်းစေပါတယ်။

ဆက်လက်၍ ဂဏေ့ရှ် ဥဆဗ်ခေါ် ဂဏေ့ရှ် ကျသုရ်ထီးကျရောက်ပြီး ဘုရားရှင် ဂနေ့ရှ်ဟာ (၁၀) ရက်တိတိ လောကသို့ ဆင်းသက်တော်မူပါတယ်။

ထို့နောက် ပိသ်ရု ပက်သျှ ကျရောက်ပြီး (၁၆) ရက်တိတိ ဘိုးဘေးများအတွက် ကုသိုလ်ပြုခြင်းဖြင့် မင်္ဂလာတရားကို ဖြစ်ထွန်းစေပါတယ်။

ထပ်မံ၍ ပင်မန၀ရာသ်ရီးပွဲတော်ကျရောက်ပြီး မယ်တော် ဒူရ်ဂါဟာ လောကသို့ (၁၀) ရက်တိတိ ဆင်းသက် အပူဇော်ခံပါတယ်။

နောက်ဆုံးတွင် ဒီပါ၀လီကာလကျရောက်ပြီး လက်ရှ်မီးမယ်တော်ဟာ လောကမှာ သုခချမ်းသာများကို ဖြစ်ထွန်းစေပါတယ်။

အခြားသော ကျမ်းဂန်အထောက်အထားများအရ ဘုရားရှင်ဟာ အိပ်စက်ခြင်းလုံး၀မဟုတ်ဘဲ ယိုးဂနိဒြာဖြင့် ဈာန်သမာပတ်၀င်စားကာ ဗဲကုဏ္ဌလောကကို စွန့်ခွာ၍ ၄ လတာ ဆုသလ်လောကသို့ သွားရောက် စံမြန်းခြင်းဖြစ်ပါတယ်။

ကျမ်းဂန်ဖော်ပြချက်သည်ကား

" သ်ရေသားယုဂ်တွင်ပွင့်တော်မူခဲ့သော ဗာမနဘုရားဇာတ်တော်တွင် အထင်အရှားရှိပါတယ်။
ထိုအကြောင်းကို ရှရီမတ်ဒ်ဘဂ၀သံမ်ကျမ်းနှင့် ဗိသ်ျှဏုပူရာဏ်တို့တွင် အကျယ်တ၀င့်ရေးသားထားပါတယ်။

ဇာတ်တော်သည်ကား တစ်ရံသောအခါက လောကတွင် အလွန်ဩဇာကြီးမားသော ဘလိဘုရင်မင်းမြတ်တစ်ဦးရှိခဲ့ပါသည်။
ထိုဘုရင်သည် ပ်ရလားဒ်မင်းမြတ်၏ မျိုးဆက်ဖြစ်သလို အသူရာမျိုးရိုးဖြစ်ပေသည်။
ဘလိဘုရင်သည် ထိုအချိန်တွင် လောကသုံးပါးအား အုပ်ချုပ်လေသည်။
ထို့အတွက် နတ်ဒေ၀တာတို့တွင် နတ်ပြည်အား ထိန်းချုပ်ခွင့်မရှိချေ။

ထိုအခါ နတ်ဒေ၀တာတို့၏ တောင်းပန်မှုကြောင့် ဘုရားမြတ် ဗိသ်ျှဏု (ဗစ်ရှ်နူး) သည် လောကသို့ ဗာမနအသွင်ဖြင့် ဆင်းသက်လေသည်။
ထိုအခိုက်တွင် ဘလိမင်းမြတ်သည် ‌လူ့လောကတွင် အလှူဒါနပြုနေလေသည်။
ဘလိမဟာရာ့ဂ်ျသည် ဗာမနဘုရားမြတ်ကို မြင်သည့်အခိုက်တွင်ပင် လွန်စွာ ကြည်ညိုသဒ္ဓါတရားဖြစ်ပေါ်၍ မိမိပိုင်ဆိုင်သမျှဘုံလောကတို့ကိုသာမက မိမိကိုယ့်ကိုပါ လှူဒါန်းလေသည်။

သို့အတွက် ဘုရားမြတ်ဗာမနက ဘလိမင်းမြတ်အား ဆုသလ်လောကအား ပေးသနားပြီး အုပ်ချုပ်စေလေသည်။
ဘလိမင်းမြတ်ဟာ ဘုရားမြတ်ကို အလွန်ကြည်ညိုသောကြောင့် ဆုသလ်လောကတွင် နေ့စဉ်ဘုရားမြတ်အားဖူးမြော်ခွင့်ရအောင် တောင်းဆုပြုလေသည်။
ထိုအခါ ဘုရားမြတ်သည် ဆုသလ်လောကအား ထိန်းသိမ်းကာကွယ်သူအဖြစ် ဘလိမင်းမြတ်အား ဖူးမြော်ခွင့်ပေးမည်ဟု ကတိပြုလေသည်။

လက်ရှ်မီးမယ်တော်သည် ဗဲကုဏ္ဌလောကသို့ ဘုရားရှင် ဗိသ်ျှဏုကို ပြန်လည်ခေါ်ဆောင်ရန် ဆုသလ်လောကသို့လာ၍ ဘလိမင်းမြတ်အား မောင်တော်အဖြစ်သတ်မှတ်ခါ ရာခီးချည်ပေးခဲ့ပါသည်။
ဘလိမင်းမြတ်မှ လက်ရှ်မီးမယ်တော်အား လက်ဆောင် ဘာပြန်ပေးရမလဲဆိုသောအခါ ဗိသ်ျှဏုဘုရားမြတ်အား ဗိုက်ကွန်ဋ္ဌလောကသို့ ပြန်လည်ခေါ်ဆောင်ခွင့်ပေးရန် ဆိုလေသည်။

ထို့အတွက် ဘုရားမြတ်ဗိသ်ျှဏုသည် ဗဲကုဏ္ဌလောကသို့ ပြန်ရောက်လာသော်ငှား တစ်နှစ်တာကာလတွင် ဝါတွင်း ၄ လလုံး ဆုသလ်လောက၌ ဘလိမင်းမြတ်အတွက် စံမြန်း‌တော်မူသော အစဉ်အလာဖြစ်ထွန်းခဲ့ပေသည်။ "

- ဝါတွင်း (၄) လအတွင်း အထူးရွတ်ဖတ်သင့်သော မန္တြများ။

၁) မဟာမန္တြ

ဟရေး ကရိသ်ျှဏ၊ ဟရေး ကရိသ်ျှဏ
ကရိသ်ျှဏ ကရိသ်ျှဏ
ဟရေး ဟရေး။
ဟရေး ရားမ၊ ဟရေး ရားမ
ရားမ ရားမ
ဟရေး ဟရေး။

ယခု မန္တြအား ပုတီးစိပ်၍ ဘုရားရှင် ဗ််ိသျှဏု ကိုယ်တိုင်ပင်ဖြစ်သော ဘုရားရှင် ကရိသ်ျှဏနှင့် ဘုရားရှင်ရားမတို့ကို အာရုံပြုသင့်ပါတယ်။

၂) ၁၂ လုံး မန္တြ

ဥုမ် နမိုး ဘဂဗသေ ဗာဆုဒေဗာယ။

၃) ၈ လုံး မန္တြ

ဥုမ် နမိုး နာရားယဏာယ။

#hrk

image

မိုးလေဝသ ခန့်မှန်းချက် - ဇူလိုင်လ ၂၇ ရက် - ၃၀ ရက်

image