12 w - Translate

Pacific Rim
2013 ‧ Action/Sci-fi ‧ 2h 11m

အမေရိကန် စိတ်ကူးယဉ်သိပ္ပံ Monster ရုပ်ရှင် ဖြစ်တဲ့ Pacific Rim ဟာ 2013 မှာစတင်ထွက်ခဲ့ပြီး Monster ရုပ်ရှင်ကြိုက်တဲ့ သူတွေကြားမှာ အရမ်းအောင်မြင်မှုရရှိခဲ့ဖူးပါတယ်။
အကြောင်းအရာကတော့ အနာဂတ်ကာလမှာ Kaiju လိုခေါ်တဲ့ ပင်လယ်သမုဒ္ဓရာထဲ ဧရာမ မွန်းစတားကြီးတွေရဲ့ ကျူးကျော်တိုက်ခိုက်မှုကို လူသားတွေဟာ ဧရာမစက်ရုပ်ကြီး (Jaegers) တွေ တည်ဆောက်ပြီး ပြန်လည်တိုက်ခိုက်ခဲ့တဲ့ အကြောင်းပါ။2013 မှာ ထွက်ရှိခဲ့တဲ့ Pacific Rim ဟာ visual effects၊ action scene တွေနဲ့ ပတ်သက် အများအပြား ချီးကျူးခံခဲ့ရပေမဲ့ U.S Box office မှာ underperforming ဖြစ်ခဲ့ပါတယ်။ သိုသော်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့တော့ အရမ်းအောင်မြင်မှု ရခဲ့တဲ့အပြင် ဝင်ငွေ စုစုပေါင်း $411 million ထိ ရရှိခဲ့ပါတယ်။
ငယ်ငယ်က DVD အခွေနဲ့ ထပ်ခါထပ်ခါ အကြိမ်ကြိမ် ကြည့်ခဲ့ရတဲ့ မွန်းစတားကား တစ်ခုဆိုလည်း မမှားဘူး။ဇာတ်လမ်းအကျဉ်း –
Pacific သမုဒ္ဓရာ ကြမ်းပြင်တစ်နေရာက Interdimensional Portal ကနေ ထွက်လာတဲ့ Kaiju ခေါ် Alien Monster ကြီးတွေဟာ အချိန်အပိုင်းအခြားတစ်ခုကြာတာနဲ့ ကုန်းပေါ်တက်လာပြီး မြိုကြီးပြကြီးတွေကို လိုက်ဖျက်စီးခဲ့ကြပါတယ်။ စစ်ဘက်ဆိုင်ရာ လက်နက်တွေနဲ့ မတိုး‌တဲ့ ဒီ Kaiju တွေကို ခုခံဖို လူသားတွေဟာလည်း သူတိုရဲ့ ကိုယ်ပိုင် Monster (Jaegers ခေါ် ဧရာမစက်ရုပ်ကြီးများ) တွေကို တည်ဆောက်ကာ ပြန်လည်တိုက်ခိုက်ခဲ့ကြပါတယ်။
သိုသော်လည်း ခုခံနေရုံ မပြီးမှန်းသိရှိလာတဲ့ အခါမှာတော့ လူသားတွေဟာ Kaiju တွေ အမြဲထွက်လာတဲ့ Pacific သမုဒ္ဓရာ ကြမ်းပြင်က portal ကို ပိတ်ဖို Mission နဲ့အတူ ကျန်‌ရှိနေတဲ့ Jaegers အကုန်လုံးစုစည်းပြီး စေလွှတ်ခဲ့ပါတယ်။
Monster ကားကြိုက်တတ်တဲ့သူမျိုးဆိုရင် ချန်ထားလိုမရတဲ့ ကြည့်ကို ကြည့်ရမယ့် ဇာတ်ကားမျိုးဖြစ်တာကြောင့် မကြည့်ရသေးရင် ကြည့်ဖို တိုက်တွန်းချင်ပါတယ်..

🙆Channel Link အရင် Join ပြီးမှ ဇာတ်ကား  Link  ကိုနိပ်ပါ🗓

👑Channel Link

https://t.me/+fNZjMKbzHF5mZmM1

🖥ဇာတ်ကားကြည့်ရန် Link

https://t.me/c/2305672701/1729

image
12 w - Translate

App ထက်ဝက်နီးပါး ဖြုတ်ချခဲ့တဲ့ Google Play Store
Google Play Store မှာ အရင်ရှိခဲ့တဲ့ App ပေါင်း 3.4 သန်းရှိခဲ့ရာကနေ 1.8 သန့်နီးပါး လျော့ကျသွားတယ်လို့ Appfigures analyst က ဆိုထားတာပါ။ ဒါက ဒီနှစ်စပိုင်းက နောက်ဆုံးတွက်ချက်မှုပါ။ လျော့ကျသွားတာမဟုတ်ပဲ Google ဘက်ကနေ လျှော့ချလိုက်တာလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။
အဓိကအကြောင်းအရင်းကတော့ အရည်အသွေးမြင့်ပြီး Privacy ပိုင်း စိတ်ချရတဲ့ App တွေကို ဦးစားပေးသွားမှာကြောင့်လို့ ဆိုထားပါတယ်။ အရင်နှစ်တွေအတွင်းမှာ တွေ့ခဲ့ရတဲ့ အရည်အသွေးနိမ့်တဲ့ App တွေနဲ့ အန္တရာယ်အချို့ရှိတဲ့ App တွေကြောင့် 2023 ကနေ စပြီး ကုမ္ပဏီကနေ စမ်းသပ်မှုတွေ ပိုတိုးလုပ်ဆောင်ခဲ့ကြပြီး App အချို့ကို ရှင်းပစ်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီမှာတော့ Google ဘက်က ချမှတ်ထားတဲ့ App ပေါင်း 2.3 သန်းကို တားမြစ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ဒေတာအရတော့ ဖယ်ရှားလိုက်တဲ့ App တွေထဲမှာ အများဆုံးကတော့ ဂိမ်းတွေပါ။ Game အမျိုးအစားပေါင်း ၂ သိန်းခန့်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒုတိယအများဆုံးကတော့ ပညာရေးနဲ့ပတ်သက်တဲ့ App တွေလို့ ဆိုပါတယ်။
Google အနေနဲ့ Play Store ကို user တွေ ယုံကြည်စိတ်ချရတဲ့ နေရာဖြစ်ဖို့ရယ် Developer တွေအတွက် လုပ်ငန်းတိုးတက်မှုတွေ လုပ်ဆောင်နိုင်ဖို့ရယ်ကို နှစ်တိုင်းကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ Play Store မှာ App တွေ လျော့ကျမှုတွေရှိနေပေမဲ့ တစ်ဖက်မှာတော့ Apple ရဲ့ App store မှာတော့ App အရေအတွက်က သိသိသာသာမြင့်တက်လာမှုတွေရှိတယ်လို့ Appfigures ကပဲ ထပ်မံဖော်ပြထားပါသေးတယ်။

image
12 w - Translate

𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋✅
ပရီးမီးယားလိဂ်တစ်နေရာအတွက် ချန်ပီယံရှစ် Play-offs ယှဉ်ပြိုင်မယ့်အသင်းလေးသင်းကတော့ ရှက်ဖီးလ်ယူနိုက်တက် ၊ ဆန်းဒါးလန်း ၊ ကိုဗန်ထရီ နဲ့ ဘရစ္စတိုး တို့ပဲ ဖြစ်ပါတယ်

image
12 w - Translate

ဝယ်ထားတာ ၁ ပတ်ပဲရှိသေးတဲ့ iPhone 13 ပေါက်ကွဲမှု
ဒီသတင်းက Instagram မှာ ဓါတ်ပုံတွေတွေ့လာလို့ ဖော်ပြချင်လို့ပါ။ ဖြစ်တာက ပြီးခဲ့တဲ့ အပတ်လောက်ကပါ။

ဒီအဖြစ်အပျက်က ပြီးခဲ့တဲ့ ဧပြီ 26 တုန်းက အိန္ဒိယနိုင်ငံ UTTAR PRADESh ခရိုင် Alugarh ဒေသမှာ ဖြစ်ခဲ့တာပါ။ အမျိုးသားတစ်ဦးရဲ့ iPhone 13 က သူ့ဘောင်းဘီအိတ်ထဲထည့်ထားရင်းကနေ ရုတ်တရတ်ပေါက်ကွဲခဲ့တာပါ။ ဖြစ်ဖြစ်ချင်း မီးလောင်ဒဏ်ရာအချို့ရခဲ့တဲ့အပြင် ဒဏ်ရာကပြင်းထန်တာမို့ နီးစပ်ရာဆေးရုံမှာ ကုသမှုခံယူခဲ့ရတယ်လို့ ဆိုပါတယ်။
ပေါက်ကွဲခဲ့တဲ့ iPhone 13 က ဝယ်ယူတာ ၁ ပတ်ပဲရှိသေးတဲ့ အသစ်စက်စက်ဖုန်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ လောလောဆယ််တော့ ပေါက်ကွဲရတဲ့ အကြောင်းအရင်းကိုတော့ အခုထိ သေသေချာချာမသိရသေးဘူလို့ပဲ ပြောရမှာပါ။ လက်ရှိမှာ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုအချို့လုပ်နေပေမဲ့ Apple ဘက်ကတော့ ဘာမှထုတ်ပြန်ချက်မရှိသေးပါဘူး။

image
12 w - Translate

"တော်မီနေးလို ကစားသမားမျိုးကို ရောင်းချတာက ကျွန်တော့်အနေနဲ့ နားမလည်နိုင်ဆုံးပါပဲ။ ကျွန်တော့်အတွက် McFred ကွင်းလယ်ဆိုတာ ကျွန်တော်လိုချင်တဲ့အတိုင်း 100% အမြဲကစားပေးမယ့် အကောင်းဆုံး ကစားသမားတွေပါ။" 👀
🗣️အိုလေဆိုးရှား

image
12 w - Translate

• မန်ချက်စတာစီးတီးအသင်းဟာ လာမယ့်အပတ်ကစပြီး မော်ဂန်ဂစ်ဝှိုက် ကို ခေါ်ယူဖို့အတွက် ရှေ့ဆက်တိုး ကြိုးစားတော့မှာဖြစ်ပါတယ်။ကစားသမားဘက်က စီးတီးကို ပြောင်းဖို့စိတ်အားထက်သန်နေပြီးသားဖြစ်တာမို့ ဖောရက်စ်နဲ့ပြောင်းရွှေ့ကြေး ညှိနှိုင်းဖို့ပဲကြိုးစားရမှာပါ 🔵👀
[Fabrizio]🌕

image
12 w - Translate

Joy Nerf ခံလိုက်ရပြီ 😬

image
12 w - Translate

ဆော်ဒီကလပ် အယ်လ်အာလီကတော့ အာရှချန်ပီယံလီဂ်ဖလားကို ဆွတ်ခူးခဲ့ပါပြီ။ ကာဝါဆာကီကို ၂ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပြီး ဖာမီနိုက အသင်းအတွက် သူရဲကောင်းဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ဖန်တီးပေးမှုတွေကနေ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး လီဗာပူးလ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်ဖူးတဲ့ ဖာမီနိုက အခု အာရှချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။
တိုနေး၊ ကက်ဆီ၊ မာရက်ဇ်၊ မန်ဒီတို့လိ ကစားသမားတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ အယ်လ်အာလီက ကာဝါဆာကီကို သက်တောင့်သက်သာလေးကစားနိုင်ခဲ့တာပါ။ ပထမပိုင်းမှာကတည်းက ၂ဂိုးပြတ်နိုင်ခဲ့ပြီး ပွဲကို အေးဆေးထိန်းကစားပြီး အာရှရဲ့ချန်ပီယံဖြစ်လာခဲ့ပါတယ်။
ဆီမီးဖိုင်နယ်မှာ အယ်လ်ဟီလယ်ကို ကျော်ဖြတ်ခဲ့တဲ့ အယ်လ်အာလီဟာ ဒီပြိုင်ပွဲတလျှောက် တော်တော်လေးရလဒ်ကောင်းခဲ့ပြီး ချန်ပီယံခြေစွမ်းကို ပြသနိုင်ခဲ့တာပါ။ သူတို့နဲ့ ထိုက်တန်တဲ့ ဆုဖလားဖြစ်ခဲ့ပါတယ်။

image
12 w - Translate

မေလထဲမှာမိတ်ဆက်လာနိုင်သည့် Honor 400 series

ဧပြီလအစောပိုင်းတုန်းက Honor 400 Lite ကိုမိတ်ဆက်ပေးခဲ့ပြီးယခုအခါကုမ္ပဏီက Honor 400 seriesကိုမိတ်ဆက်ဖို့စီစဉ်နေပါပြီ။ထွက်ရှိလာသောသီတင်းများအရအဆိုပါ series သစ်ကိုမေလတွင်းမိတ်ဆက်လာနိုင်သည်လို့ကြားသိရပါသည်။

တွေ့ရှိရသောအချက်အလက်များအရ Honor 400 ​၏အရွယ်အစားကတော့ 156.5 X 74.6 X 7.3mm ရှိပြီး အလေးချိန်အနေ့နဲ့ 184 ဂရမ်ဖြစ်သည်။IP65 အဆင့်ဖြစ်တယ်လို့လဲသိရပါတယ် တစ်ကယ်တော့ယခုသိရတဲ့ IP65 အဆင့်ထက်မြင့်လာသင့်ပါပြီ။

Specs များကတော့ 120Hz refresh rate နှင့် 6.55-inch AMOLED display နှင့် peak brightness အနေနဲ့ 5,000 nits ဖြစ်မယ်ဆိုဆိုထားပါတယ်။ Honor 400 တွင် Snapdragon 7 Gen 3 chipset ပါဝင်ပြီး MagicOS 9.0-based နဲ့Android version 15 တို့ဖြစ်သည်။ 66W SuperCharge အမြန်အားသွင်းစနစ်ပါရှိပြီး Battery capacity အနေနဲ့ကတော့ 5300 mAh ဖြစ်ပါတယ်။

Main cameraအနေနဲ့ 200MP f/1.9 ၊ကျောဘက်တွင် 112-degree 12MP ultrawide ကင်မရာနှင့် selfie အတွက် 50MP, f/2.0 လို့သိရပါတယ်။

Honor 400 ကို အနက်ရောင်နှင့်ရွှေရောင် နှစ်မျိုးရွေးချယ်နိုင်မည်ဟု သတင်းရင်းမြစ်များကဖော်ပြသည်။Storage ပိုင်းမှာတော့ 8GB/256GB နှင့် 16GB/512GB တို့ ပါဝင်မည်ဖြစ်ပြီး 256GB အတွက် ယူရို ၄၉၉ ဝန်းကျင်လို့သီတင်းထွက်ရှိလာပါတယ်။

image
12 w - Translate

တရုတ်ကို ဒေတာပြန်ပို့လို့ TikTok သန်း ၆၀၀ ကျော် ဒဏ်ရိုက်ခံရ
သုံးစွဲသူအချက်အလက် ကာကွယ်ရေးမှာ EU က တော်တော်ဥပဒေကောင်းတယ်။
GDPR ဆိုတဲ့ အထွေထွေအချက်အလက် ကာကွယ်ရေးစည်းမျဉ်း ဆွဲပြီး ကာကွယ်တာပါ။ ချိုးဖောက်တာ တွေ့ရင် ရှယ်ပလန်နဲ့ ဒဏ်ရိုက်ပါတယ်။ အခုလည်း EU ကိုယ်စား အိုင်းရစ်အချက်အလက်ကာကွယ်ရေးကော်မရှင် DPC က TikTok ကို ယူရိုသန်း ၅၃၀ (ဒေါ်လာ ၆၀၂ သန်း) အထိ ဒဏ်တပ်လိုက်ပါတယ်။
EU မှာ social media ပလက်ဖောင်းတွေ ဒဏ်ရိုက်ခံရရင် အိုင်ယာလန် DPC လက်ချက်က များတယ်။ အခုက TikTok အတွက် ဒုတိယအကြိမ် ဒဏ်အကြီးကြီး ရိုက်ခံလိုက်ရတာပါ။ အရင်တစ်ခေါက် ၂၀၂၃ ကလည်း အိုင်ယာလန် DPC က TikTok ကို ကလေးသူငယ်အချက်အလက်ကိုင်တွယ်မှုက ဥရောပဥပဒေနဲ့ မညီလို့ ဆိုပြီး ယူရို ၃၄၅ သန်း ဒဏ်ရိုက်ထားတာပါ။
အခုတစ်ခေါက်က ဥရောပစီးပွားရေးဧရိယာ EEA က TikTok users တွေရဲ့ အချက်အလက်ကို တရုတ်ဆီ လွှဲပေးလို့ဆိုပြီး ဒဏ်ရိုက်တာ ဖြစ်ပါတယ်။ ဒီလို အချက်အလက် လွှဲပေးတဲ့အကြောင်းလည်း ပွင့်လင်းမြင်သာအောင် ချပြပေးတာ မရှိဘူးလို့ ဆိုပါတယ်။
အစပိုင်းမှာ TikTok က တရုတ်မှာရှိတဲ့ ဆာဗာတွေဆီ EEA users အချက်အလက်တွေ သိမ်းတာမျိုး မရှိဘူးလို့ ပြောခဲ့ပေမယ့် နောက်ပိုင်းမှာ အတိုင်းအတာအကန့်အသတ်နဲ့ သိမ်းတာမျိုးတော့ ရှိတယ်ဆိုပြီး ဝန်ခံတာ ရှိပါတယ်။ အခု အဲ့ဒီအချက်အလက်တွေ ဖျက်ပစ်တယ်လို့ DPC ကို TikTok က အသိပေးထားပါတယ်။
TikTok ကတော့ EU ဒဏ်ငွေတပ်မှုကို အယူခံဝင်ဖို့ ရှိပြီး ဥရောပအသုံးပြုသူအချက်အလက်တွေအတွက် တရုတ်အာဏာပိုင်တွေက တောင်းဆိုမှု ဘယ်တုန်းကမှ မရခဲ့ဖူးဘူးလို့ ငြင်းထားပါတယ်။

image