နေ့စဉ်မိုးလေဝသသတင်း
================
(၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့ ညနေ ၄:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
------------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမို အားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါ သည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ လာအိုနိုင်ငံအထက်ပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သော အပူပိုင်းမုန်တိုင်းငယ်သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ လာအိုနိုင်ငံအထက်ပိုင်းဒေသများနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ထိုင်းနိုင်ငံမြောက်ပိုင်းဒေသများကို ရောက်ရှိခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်းငယ်သည် အနောက် ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက် ၆ နာရီအတွင်း လေဖိအားနည်းဆဲလ်အဖြစ် အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါ သည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါ သည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက် ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ် နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့်ရှိနိုင်ပါသည်။ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေ အားအသင့်အတင့်ရှိမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ပြည့် ဖြစ်ပါသည်။

image

imageimage
42 w - Translate

ဒီနတ်ဆိုးကစွမ်းအားအရမ်းကြီးတယ်ငါဘဲတာဝန်ယူလိုက်တော့မယ်😚

image

မိမိ idea နှင့် လူကြီးတွေရဲ့ idea
ပေါင်းပြီး အိမ်ဆောက်လိုက်သောအခါ

image

Cloud Storage ကို လျစ်လျူရှုထားရင် ဒီဆုံးရှုံးမှုတွေ ကြုံရနိုင်တယ်!
ဖုန်း/ကွန်ပျူတာထဲမှာပဲ ဓာတ်ပုံတွေ၊ အရေးကြီးဖိုင်တွေ သိမ်းထားတာ စိတ်ချရပြီလား? Cloud Storage ကို မသုံးဘဲ ထားလိုက်ရင် ဒီလို ဆုံးရှုံးမှုကြီး (၅) မျိုး နဲ့ ကြုံရနိုင်ပါတယ်။
1. ဖုန်း/ကွန်ပျူတာ ပျောက်ပျက်ရင် ဒေတာအကုန်ဆုံးရှုံးမယ်
ဒါက အကြီးမားဆုံး အန္တရာယ်ပါ။ ဖုန်းချော်၊ ဖုန်းခိုး၊ ရေစိုတာ၊ Hard disk ပျက်စီးတာ စတဲ့ မတော်တဆမှုတွေကြောင့် သင့်ရဲ့ကလေးရဲ့ပထမဆုံးဓာတ်ပုံ၊ အရေးကြီးစာရွက်စာတမ်းတွေ ထာဝရဆုံးရှုံးသွားနိုင်ပါတယ်။ Cloud Storage မရှိရင် ဒီဆုံးရှုံးမှုကို ဘယ်လိုမှ ပြန်လည်ကုစားလို့မရပါ။
2. နေရာတကာကနေ ဝင်ရောက်ကြည့်ရှုခွင့် ဆုံးရှုံးမယ်
Cloud Storage မရှိရင် ကွန်ပျူတာထဲက ဖိုင်ကို ဖုန်းကနေကြည့်လို့မရဘူး။ ရုံးက ဖိုင်ကို အိမ်ကနေ ဆက်လုပ်လို့မရဘူး။ ခရီးထွက်ရင် အရေးကြီးဖိုင်တွေ ယူသွားဖို့ Pen Drive/USB ယူသွားရမယ်။ Cloud သုံးထားရင် အင်တာနက်ရှိရုံနဲ့ ကမ္ဘာ့မည်သည့်နေရာကနေမဆို ဝင်ရောက်အသုံးပြုလို့ရမှာပါ။
3. ဖုန်းနဲ့ကွန်ပျူတာရဲ့ နေရာတွေ အလကားဖြစ်သွားမယ်
ဓာတ်ပုံတွေ၊ ဗီဒီယိုတွေက ဖုန်းရဲ့နေရာအများကြီးယူထားတယ်။ Cloud (ဥပမာ- Google Photos) မှာ သိမ်းထားပြီး ဖုန်းထဲကနေ ဖျက်လိုက်ရင် နေရာအကြီးအကျယ်ချွေတာလို့ရတယ်။ Cloud မသုံးရင် ဖုန်းနှေးတာ၊ Storage ပြည့်တာတွေ ခဏခဏကြုံရမယ်။
4. ဖိုင်တွေကို လွယ်လွယ်ကူကူ မျှဝေလို့မရတော့ဘူး
ဖိုင်ကြီးတစ်ခုကို မေးလ်နဲ့ပို့လို့မရရင်၊ ချောမွေ့ခံ (Pen Drive) နဲ့သယ်ရတဲ့အခါ အရမ်းဒုက္ခရောက်တယ်။ Cloud Storage တွေမှာ Share Link ထုတ်ပြီး လူတိုင်းကို ဖိုင်ကို မြန်မြန်မျှဝေနိုင်တယ်။ ဒီလိုမျိုး အဆင်ပြေမှုကို လက်လွတ်ဆုံးရှုံးရမယ်။
5. အလိုအလျောက် Backup စနစ် ဆုံးရှုံးမယ်
Cloud Storage (ဥပမာ- iCloud, Google Drive) တွေက သင့်ရဲ့ဓာတ်ပုံအသစ်၊ ဖိုင်အသစ်တိုင်းကို အလိုအလျောက် Backup လုပ်ပေးနေတယ်။ သင်မေ့နေရင်တောင် သူ့ဟာသူလုပ်ပေးတယ်။ Cloud ကိုမသုံးရင် ကိုယ့်ဖိုင်တွေကို ကိုယ်တိုင် Manual ပြန်သိမ်းဖို့ မေ့တတ်တယ်၊ အချိန်ကုန်တယ်။
Cloud Storage ကို ဘယ်လိုစသုံးမလဲ?
· Google Drive: Android ဖုန်းသုံးသူတွေ၊ Gmail သုံးသူတွေအတွက် အကောင်းဆုံး (၁၅ GB အခမဲ့)
· iCloud: Apple ဖုန်း (iPhone) သုံးသူတွေအတွက် အကောင်းဆုံး (၅ GB အခမဲ့)
· OneDrive: Windows ကွန်ပျူတာသုံးသူ၊ Microsoft Office သုံးသူတွေအတွက် အကောင်းဆုံး (၅ GB အခမဲ့)
အခမဲ့နေရာ ပြည့်သွားရင် လစဉ် ငွေကြေးအနည်းငယ် ပေးပြီး နေရာ ၁၀၀ GB ကနေ ၂ TB အထိ ဝယ်ယူအသုံးပြုနိုင်ပါတယ်။
Cloud Storage က ခေတ်မီတဲ့ဒေတာသိမ်းဆည်းနည်းပါ။ လုံခြုံမှု၊ အဆင်ပြေမှု၊ နေရာတကာကနေ သုံးစွဲနိုင်မှုဆိုတဲ့ အကျိုးကျေးဇူးတွေက သုံးကြည့်ဖို့ လုံလောက်ပါတယ်။ ကိုယ်သုံးနေတဲ့ စက်ပစ္စည်းနဲ့ ကိုက်ညီမယ့် Cloud Service လေးကို ယနေ့ပဲ စတင်သုံးစွဲကြည့်ပါ။

image
42 w - Translate

ပြည်တွင်းထွက် အရည်အသွေးမြင့်ထောပတ်သီးများကို စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့သွားမည်
ယခုနှစ်တွင် ပြည်တွင်း၌ထွက်ရှိသည့် အရည်အသွေးမြင့်ထောပတ်သီးများကို စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
ပြည်တွင်း၌ Hass ထောပတ်သီးစိုက် ဧကပေါင်း (၂၀၀၀၀) ရှိပြီး စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း နှစ်စဉ် Hass ထောပတ်သီးလှိုင်လှိုင်ထွက်ရှိကာ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပနိုင်ငံများသို့လည်း တင်ပို့နေကြောင်း သိရသည်။
မြန်မာနိုင်ငံမှတဆင့် ပြည်ပနိုင်ငံများသို့ ထောပတ်သီးတင်ပို့ရာတွင် Hass ထောပတ်သီးများအပြင် Buccaneer ဘခန်နီးယား၊ အမရာစသည့် ထောပတ်သီးမျိုးများကိုလည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် ထောပတ်သီးရာသီတွင် အရည်အသွေးမြင့် Hass ထောပတ်သီးတန်ချိန် (၃၀၀၀)ခန့် ထွက်ရှိခဲ့ပြီး ယခုနှစ်တွင် တန်ချိန်ပိုမိုထွက်ရှိရန် မျှော်မှန်းထားကြောင်း သိရသည်။
လက်ရှိတွင် ပြည်တွင်းစားသုံးမှုအနေဖြင့် အများအားဖြင့် ကိုင်းဆက်စိုက်ပျိုးထားသည့် Hass ထောပတ်သီးများနှင့် Buccaneer ထောပတ်သီးများကို ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများတွင် အမြောက်အမြားတင်ပို့ရောင်းချနေကြောင်း သိရသည်။
အဆိုပါ Hass ထောပတ်သီးများကို စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံကို အဓိကတင်ပို့လျက်ရှိသလို တရုတ်နိုင်ငံကိုလည်း မြန်မာ့ထောပတ်သီးအများအပြား တရားဝင်တင်ပို့နိုင်ရန် GACC လက်မှတ်ရရှိရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

image

မင်္ဂလာပါ---
၂၆-၈-၂၀၂၅ ရက်နေ့
=================
အောက်မှာဖော်ပြထားတာကတော့ ယမန်နေ့ညနေက တိုင်းထွာရရှိခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ ယနေ့တိုင်းထွာရရှိခဲ့သော အနိမ့်ဆုံးအပူချိန်နှင့် မိုးရေချိန်တို့ပဲ ဖြစ်ပါတယ်------

image
42 w - Translate

🐾 ကိုယ့်ခွေးလေးတွေကို အရမ်းချစ်တဲ့အခါ အလိုလိုက်တတ်ကြပါတယ်။
သူမာန်ဖီတဲ့အခါ ကြောက်ပြတာ၊ ဘာလိုချင်ချင် အလိုလိုက်ဖြည့်ဆည်းပေးတာတွေဟာ အမှန်တော့ ပြဿနာရှိလာနိုင်ပါတယ်။
➡️ သင့်ခွေးက မာန်ဖီတာ ဒါမှမဟုတ် ရန်လိုတဲ့အပြုအမူတွေ လုပ်တဲ့အခါမှာ သင်ကကြောက်ပြတာမျိုးလုပ်ရင် ခွေးလေးတွေက အဲဒီအပြုအမူမျိုးကို အားပေးတယ်လို့ ထင်သွားနိုင်ပါတယ်။
နောက်ပိုင်းတစ်ခုခုအလိုမကျရင် သင့်အပေါ်ကိုတောင် မာန်ဖီတာ၊ ရန်လိုတာတွေ ဖြစ်လာနိုင်ပါတယ်။
➡️ ခွေးလေးတွေက သင့်အပေါ်မှာ ချစ်၊ ကြောက် တဲ့သ‌ဘောထားမျိုး ရှိအောင်သင်ကြားထားပေးရပါမယ်။ ရိုက်နှက်ခိုင်းတာ မဟုတ်ပါ၊ သင့်တော်တဲ့ ဆုံးမမှု၊ ကန့်သတ်မှု၊ စည်းကမ်းတွေ ထားခိုင်းတာပါ။
သူ့ကို အမြဲတမ်းအလိုလိုက်နေမယ်ဆိုရင် သင့်ကိုချစ်ရင်တောင် မကြောက်တဲ့အတွက် သင် သင်ပြတဲ့အမိန့်တွေကို လိုက်နာဖို့ ခက်ခဲလာနိုင်ပါတယ်။
➡️ ဒါ့အပြင်အစိုးရိမ်ရဆုံးအချက်က လူတွေကို ရန်လိုတတ်လာတာပါ။ သင်က စနောက်တဲ့သဘောနဲ့ ကြောက်ပြထားပေမယ့် သူတို့ရဲ့အသိထဲမှာတော့ တခြားလူတွေကလည်း သူ့တို့ကိုကြောက်ကြတယ်လို့ ထင်သွားနိုင်ပါတယ်။
ဒါကနောက်ပိုင်းမှာ သူတို့ကို မထိတဲ့သူတွေ၊ မစနောက်တဲ့သူတွေကိုတောင် ရန်မူတတ်တဲ့အကျင့် ဖြစ်လာစေနိုင်ပါတယ်။
အဲဒီအခါမှာ စိတ်ပူပန်စရာကိစ္စတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ချစ်ခြင်း နဲ့ စည်းကမ်း ကို သပ်သပ်စီ ခွဲထားဖို့လိုပါတယ်။
ချစ်ရတဲ့ တိလေးတွေနဲ့အတူ ပျော်ရွှင်စွာ နေထိုင်နိုင်ကြပါစေခင်မျာ🤍
✨ အခြားတိချစ်သူလေးတွေလဲ သိရအောင် share သွားနိုင်ပါတယ်။

image

ပုဇွန်ခြောက် ငရုပ်သီးစိမ်းကြော်...။
ဒီဟင်းလေးတခွက်သာချက်ထားလိုက် ဘာနဲ့ပဲတွဲစားစားအလွန်လိုက်ဖက်ပါတယ် 😋
ဟင်းမချက်နိုင်ရင်တောင် ထမင်းဖြူလေးနဲ့နယ်စား အရမ်းစားကောင်းသောအကြော်လေးပါ။
* ငရုပ်သီး 300g (နှစ်ဆယ်သားလောက်)
(အရမ်းမစပ်တဲ့အသီးလေးတွေ သုံးထားပါတယ်)
ငရုပ်သီးကိုကြိတ် (ထောင်းလည်းရပါတယ်)
ဆားလေးနည်းနည်းထည့်ပါ။
အရောင်မဲမသွားအောင် ပုဇွန်ခြောက် လက်တစ်ဆုပ်ကျော်ကျော်ထောင်းထား သို့မဟုတ် ကြိတ်ထားပါ။
နနွင်းထည့် ကြက်သွန်ဖြူ ဆယ်မွှာလောက်ဆီသတ်ပါ။
ရွှေညိုရောင်သန်းပြီး ကြွပ်တဲ့အထိ ကြော်လိုက်ပါတယ်။
ငရုပ်သီးစိမ်း မှာကြက်သွန်ဖြူဆီချက်နံ့လေးလိုချင်လို့ ဒီလိုလေးကြွပ်အောင်ဆီသတ်တာပါ။
ပြီးရင် ကြက်သွန်နီကြီးကြီးနှစ်လုံးလောက် လှီးထည့်ပါ။
ကြက်သွန်တွေနွမ်းအောင် ဆီသတ်ပါရှင့်။
ပြီးရင် ပုဇွန်ခြောက်ထည့်၊ ငပိတဇွန်းထည့်၊
ရေနည်းနည်းထည့်ပါ။
ရေထည့်ပြီးမှ ငရုပ်သီးတွေထည့်ကြော်ပါ။
ကြော်တဲ့အချိန် ငရုပ်သီးအနံ့ လုံးဝမမွှန်တော့ပါဘူး။
ငရုပ်သီးခဏလုံးပေးပြီး ရေထပ်ထည့်ပါ။
ငရုပ်သီးကျက်လောက်တဲ့ရေပမာဏလောက် ထည့်ပါ။
ကြက်သားမှုန့်ထည့်ပါ။
ငရုပ်သီးစိမ်းချက်ရင် ငရုပ်ကောင်းလေး နနည်းထောင်းထည့်ရင် ဗိုက်မနာတော့ပါဘူး။
ငရုပ်ကောင်းနည်းနည်း ထောင်းထည့်ပါ။
ငံပြာရည်လေးနည်းနည်းပေါက်ပေး
ဆီပြန်အောင်ကြော်ပေးပြီးရင် ရပါပြီ....😋
ထမင်းပူပူလေးနဲ့ ဒီငရုပ်သီးစိမ်းကြော်လေးနဲ့ပဲစားရင်တောင် အတော်လေးစားကောင်းပါတယ်ရှင့်....

image
42 w - Translate

အိမ်ငှား ရှုပ်ပွထားခဲ့တဲ့ အမှိုက်သရိုက် (၄) တန်ကို မြင်ပြီး အိမ်ရှင် ဆွံ့အသွားခဲ့ရ
အသက် ၅၆ နှစ်အရွယ် လီ လော့ခ်ကီး ဆိုတဲ့ အိမ်ရှင်အမျိုးသားဟာ ယခင်အိမ်ဌား ပြောင်းရွှေ့သွားပြီးတဲ့နောက် နေအိမ်ကိုပြန်လာခဲ့ပါတယ်။ အိမ်ငှားထားတဲ့ နေအိမ်ကို ပြန်မလာဖြစ်တာ ၅ နှစ်ရှိပါပြီ။ အခု ပထမဆုံးအနေနဲ့ ပြန်လာတော့ သူ့ရဲ့တိုက်ခန်းမှာ တောင်လိုပုံနေတဲ့ အမှိုက်ပုံကြီး၊ မှိုတက်နေတဲ့အစားအစာတွေနဲ့ ကြောင်မစင်တွေ စုပုံနေတာကို မြင်တွေ့သွားတဲ့အချိန်မှာ လော့ခ်ကီး တုန်လှုပ်သွားခဲ့ရတယ်။
ရှုပ်ပွနေတာတွေ ရှင်းဖို့အတွက် စရန်ငွေ ပေါင် ၄၀၀ ကို ယူထားဖို့ အိမ်ငှားအမျိုးသားပြောတုန်းက လော့ခ်ကီးဟာ ဒီလောက်အထိ ဆိုးရွားမယ်လို့ မထင်ခဲ့မိဘူး။ ရှုပ်ပွနေတာတွေကို ရှင်းဖို့က စရန်ငွေ ပေါင် ၄၀၀ ရာဂဏန်းထက် ထောင်ချီကုန်ကျနိုင်ဖွယ်ရှိပါတယ်။လော့ခ်ကီးက သူ့အိမ်ကို လာတဲ့အချိန်မှာ သူ့ခွေးလေးကို ခေါ်လာခဲ့တာပါ။ အိမ်တံခါးဖွင့်လိုက်တာနဲ့ အနံ့တွေ နံဟောင်နေတာပါပဲ။ လှေကားအတက်အဆင်းက အမှိုက်သရိုက်တွေကို တစ်ချက်ကြည့်လိုက်ပြီး တံခါးကို ပြန်ပိတ်လိုက်ပါတယ်။ ပြီးတော့ သူ့ခွေးလေးကို အိမ်ထဲ ဝင်ခွင့်မပေးတော့ဘဲ ကားထဲ ပြန်ထည့်ခဲ့ပါတယ်။
အိမ်ရဲ့အခန်းတိုင်းကလည်း အမှိုက်တွေ၊ အဝတ်ဟောင်းတွေ၊ အစားအစာတွေ၊ ပုလင်းခွံ၊ ဗူးခွံတွေ စုပုံနေတာပါ။ လော့ခ်ကီးက ဒီအခြေအနေမျိုးနဲ့ အိမ်ဌားက ဘယ်လိုများ အိပ်ခဲ့လဲဆိုတာကို နားလည်ရခက်နေပါတယ်။ အိမ်နီးနားချင်းတစ်ဉီးကတော့ အိမ်ငှားကို အိမ်ထဲကနေမွေ့ရာ ယူသွားတာတော့မြင်တယ်လို့ ပြောပါတယ်။
လော့ခ်ကီးက အိမ်အတွက် ရေချိုးခန်း၊ မီးဖိုချောင်နဲ့ ကောဇောတွေကို အသစ်ပြန်လဲသွားရမှာပါ။ မီးဖိုချောင်က ကြောင်ချေးတွေ၊ ဆွေးမြည့်နေတဲ့အစားအစာဗူးတွေ၊ မှိုတက်နေတဲ့နွားနို့ဗူးတွေနဲ့ အဆိုးရွားဆုံးပါပဲ။ ရေချိုးခန်းထဲမှာလည်း ကြောင်ချေးတွေ စုပုံနေပြီး အိမ်သာကလည်း ပလတ်စတစ်အိတ်အဟောင်းတွေ၊ အစားအစာအထုပ်အပိုးတွေနဲ့ ညစ်ပတ်နေပါတယ်။
လော့ခ်ကီးက အိမ်ငှားသဘောတူစာချုပ်ကို စီမံဖို့ အေးဂျင့်ကုမ္ပဏီ John Francis ကို အပ်ထားခဲ့တာပါ။ အဲဒီကုမ္ပဏီကို စိတ်ပျက်မိတယ်လို့ လော့ခ်ကီးက ပြောပါတယ်။ လော့ခ်ကီးက သူ့အိမ်ကို ငှားရင် အိမ်မွေးတိရစ္ဆာန်မပါလာရဘူး၊ ငှားရမ်းနေထိုင်မယ့်သူအားလုံးကို စစ်ဆေးဖို့ ပြောထားခဲ့တာပါ။
“ရှင်းလင်းရမယ့် အမှိုက် အနည်းဆုံး (၃) တန်ကနေ (၄) တန်ရှိတယ်။ အဲဒါနဲ့ ကျွန်တော်ခက်ခဲနေပြီ။ လူတွေက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေနဲ့ ရုန်းကန်ရနိုင်တယ်ဆိုတာ ကျွန်တော်နားလည်တယ်။ သန့်ရှင်းရေးကို ဉီးစားပေးလုပ်ဆောင်ရတာက သူတို့အတွက် ခက်ခဲနိုင်တယ်။ ပြီးတော့ သူတို့အတွက် ကျွန်တော် ခံစားမိပါတယ်။ ဒါပေမဲ့ John Francis က ဒီအခြေအနေမျိုးဖြစ်အောင် ခွင့်ပြုခဲ့တယ်။ ငါးနှစ်လောက် ကျွန်တော့်ရဲ့အိမ်ကို စီမံဖို့ သူတို့ကို ခွင့်ပြုပေးခဲ့မိတဲ့အတွက် ကျွန်တော် တကယ် စိတ်ပျက်ပြီး ဒေါသထွက်တယ်။ ငါးနှစ်မှာ သူတို့က VAT အခွန် ၁၂ ရာခိုင်နှုန်းကျော်ယူခဲ့တယ်။ အခုတော့ သူတို့က ကျွန်တော့်ကို မပြီးပြတ်မရောရာတဲ့အခြေအနေနဲ့ ထားခဲ့တယ်”လို့ လော့ခ်ကီးက ပြောပါတယ်။
John Francis ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ ဖောက်သည်ရဲ့တိုင်ကြားချက်မှန်သမျှကို အလွန်အလေးအနက်ထားဆောင်ရွက်တယ်၊ အိမ်ရှင်ဆီက တရားဝင်တိုင်ကြားချက်ကို လက်ခံရရှိပြီး လက်ရှိစုံစမ်းစစ်ဆေးနေပါတယ်၊ ပြဿနာတွေကို ဖြေရှင်းဖို့ အိမ်ရှင်နဲ့ တိုက်ရိုက်ညှိနှိုင်းပေးပါမယ်တဲ့။
Ref: “Tenant left four tonnes of rubbish and told landlord ‘take care of the mess’”

image