15 w - Translate

Reference tattoo ideas

image
15 w - Translate

Reference tattoo ideas

image
15 w - Translate

Reference tattoo ideas

image
15 w - Translate

Reference tattoo ideas

image
15 w - Translate

Reference tattoo ideas

image
15 w - Translate

Reference tattoo ideas

image
15 w - Translate

Reference tattoo ideas

imageimage
+4
15 w - Translate

The former Louisville, Kentucky, police officer convicted of a civil rights offense in the death of Breonna Taylor was sentenced in federal court to 33 months in prison, followed by three years of supervised release.
Brett Hankison was found guilty of one count of violating Taylor's civil rights after he blindly shot into Taylor's apartment in March 2020. Hankison's bullets did not hit anyone.
Taylor was fatally shot during a 2020 raid, during which three officers fired dozens of rounds after her boyfriend fired one round at them, striking one of the officers.
Read more: https://abcnews.visitlink.me/kBfQ8r

image

#နိုင်ငံတကာသတင်း
◼ အိန္ဒိယတွင် တစ်လကျော် သောင်တင်နေသော ဗြိတိန်ကိုယ်ပျောက်တိုက်လေယာဉ် အိမ်ပြန်ရန်အသင့်ဖြစ်
အိန္ဒိယလေဆိပ်တစ်ခုတွင် သီတင်းငါးပတ် သောင်တင်နေခဲ့သော ဗြိတိန်ကိုယ်ပျောက် တိုက်လေယာဉ်တစ်စီးသည် အိမ်သို့ ပျံသန်းရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း သိရသည်။
တိုက်လေယာဉ်အား ရပ်တန့်ထားသော ဂိုထောင်မှ ယနေ့ထုတ်ယူပြီး မနက်ဖြန်တွင် ထွက်ခွာရန်စီစဉ်ထားကြောင်း နှင့် အခြား အသေးစိတ်အချက်အလက်များကို မသိရှိကြောင်း လေဆိပ်ပြောခွင့်ရသူ တစ်ဦးက ဘီဘီစီသတင်းအား ပြောသည်။
ဗြိတိန်လေယာဉ်တင်သင်္ဘောအုပ်စု HMS Prince of Wales မှ တိုက်လေယာဉ်သည် အိန္ဒိယသမုဒ္ဒရာတွင် ပြု လုပ် သော လေ့ကျင့်မှုတစ်ခုအတွင်း ဆိုးရွားသော ရာသီဥတုနှင့် ကြုံတွေ့ခဲ့ပြီးနောက် အိန္ဒိယတောင်ပိုင်း ကီရာလာ ပြည်နယ်မှ သိုင်ယူဗာနန်သာပူရမ် လေဆိပ်သို့ လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရကာ လေယာဉ်တွင် ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့သည်။
ရေဒါခြေရာခံ၍ မရသော F-35B တိုက်လေယာဉ်တစ်စီး အိန္ဒိယမြေပေါ်တွင် ကြာရှည်စွာ သောင် တင် နေ ခြင်း နှင့် ပတ်သက်၍ စူးစမ်းမှုများဖြစ်ပေါ်ခဲ့သလို နောက်ဆုံးပေါ် တိုက်လေယာဉ်တစ်စီး နိုင်ငံရပ်ခြားတွင် ဤမျှ ကြာ ရှည်စွာရှိနေခြင်းအပေါ် မေးခွန်းထုတ်မှုများလည်း ထွက်ပေါ်ခဲ့သည်။
လေယာဉ်တင်သင်္ဘောမှ အင်ဂျင်နီယာများက ယင်းလေယာဉ်ကို ပြင်ဆင်ရန် သွားရောက်ကြည့်ရှုခဲ့သော်လည်း မပြင်နိုင်ခဲ့ပေ။
လွန်ခဲ့သော သီတင်းနှစ်ပတ်ကမှ ဗြိတိန်ကာကွယ်‌‌ရေးဝန်ကြီးဌာန က အင်ဂျင်နီယာ ၁၄ ဦးပါ အဖွဲ့အား စေ လွှတ်ခဲ့ ပြီး ၎င်းတို့အတူ လေယာဉ်အား ပြင်ဆင်ရန် အထူး ပစ္စည်းကိရိယာများပါ ယူဆောင်သွားခဲ့ရသည်။
အကယ်၍ ယင်းလေယာဉ်ကို မပြင်ဆင်နိုင်ခဲ့ပါက လေယာဉ်အား တစ်စစီဖြုတ်၍ C-17 Globemaster ကဲ့သို့ ကြီး မားသော သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် သယ်ယူရနိုင်ကြောင်း ခန့်မှန်းချက်များ ထွက်ခဲ့သည်။
လေယာဉ် အား ပြင်ဆင်နေမှုနှင့်ပတ်သက်၍ အသေးစိတ်ကို မပြောနိုင်ကြောင်း ပြီးခဲ့သည့် သီတင်းနှစ်ပတ်အတွင်း ဘီဘီစီ ၏ မေးမြန်းမှုများကို ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန နှင့် အိန္ဒိယနိုင်ငံမှ သံရုံးတို့က ပြန်ကြားခဲ့ကြသည်။
သို့သော်ယနေ့တွင်မူ လေယာဉ်ကို ပျံသန်းနိုင်ပြီဖြစ်ကြောင်း လေဆိပ်အရာရှိတစ်ဦးက ဘီဘီစီ အား ပြော ကြား ခဲ့သည်။
လေယာဉ်ထွက်ခွာမည့် အချိန်အတိအကျကို မသိရှိရသေးကြောင်း ၊ လန်ဒန်သို့ အပြန်တွင် လေယာဉ်အား ဆီထပ် ဖြည့်ရန်မည်သည့်လေဆိပ်ကို အသုံးပြုမည် ၊ နည်းပညာရှင်များနှင့် ပြင်ဆင်ရာတွင်သုံးသောပစ္စည်းကိရိယာများကို ပြန်ခေါ်မည့် လေယာဉ် မည်သည့်အချိန်၌ ရောက်ရှိလာမည်ဆိုခြင်းတို့ကို မသိရသေးကြောင်း ၎င်းက ဆက် ပြောသည်။
လော့ခ်ဟိမာတင်ကုမ္ပဏီက ထုတ်လုပ်ထားသော F-35B ကိုယ်ပျောက်တိုက်လေယာဉ်များသည် ပြေးလမ်းတိုတို နှင့် တက်နိုင်ပြီး ထောင်လိုက်ဆင်းသက်နိုင်ခြင်းအတွက် နာမည်ကျော်သော တိုက်လေယာဉ်များ ဖြစ်သည်။
ယင်းခေတ်မီတိုက်လေယာဉ် အိန္ဒိယတွင် သောင်တင်ခြင်းအပေါ် နောက်ပြောင်ပြောဆိုမှုများလည်း ရှိခဲ့သည်။
အမေရိကန်ဒေါ်လာ သန်း ၁၁၀ တန်သော လေယာဉ် သောင်တင်နေခြင်းနှင့် ပတ်သက်၍ ဗြိတိန် အောက် လွှတ် တော်မှာပင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-BBC

image
15 w - Translate

#ပြည်တွင်းသတင်း
◼ ဖားကန့်၌ မြေစာပြိုကျမှုဖြစ်၊ နှစ်ဦးသေဆုံး၍ ၁၇ ဦးခန့်ပျောက်ဆုံးနေ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိမှော်စီစာတောင်ယာကုန်း၌ ယနေ့(ဇူလိုင် ၂၁ ရက်) နံနက် ၈ နာရီခွဲခန့်တွင် မြေစာပြိုကျမှုဖြစ်ပွားရာ မွန်းလွဲ ၂ နာရီအထိ​ရုပ်အလောင်းနှစ်လောင်းတွေ့ရှိထားပြီး ၁၇ ဦး ခန့်ပျောက်ဆုံးလျက်ရှိကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဖားကန့်)ထံမှသိရသည်။
မြေစာပြိုကျသည့်နေရာမှာ မှော်စီစာတောင်ယာကုန်း စိန်စိန်ဂျိတ်ပါဝါကြောဖြစ်ပြီး မြေစာပြိုကျသည့်အထဲတွင် ကျောက်လာရှာသူများနှင့်စျေးဆိုင်များပါသွားကြောင်းသိရသည်။
"အခုပြိုကျတဲ့မြေစာပုံက ကျောက်တောင်တွေပေါ်မှာပုံထားတာ။ မိုးကလည်းရွာနေတော့ မြေစာပုံကအိပြီးပြိုကျသွားတာ။ လက်ရှိအချိန်ထိတော့ ရှာဖွေမှုတွေဆက်လုပ်နေပါတယ်။ ပျောက်ဆုံး၊ ဒဏ်ရာရရှိ မှုနဲ့သေဆုံးမှုကလက်ရှိအချိန်ထိပျောက်ဆုံးသူ ၁၇ ဦးခန့်ရှိပြီး​သေဆုံးသူနှစ်ဦးတွေ့ရှိထားပါတယ်" ဟုမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဖားကန့်)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါမြေစာပြိုကျသည့်အခင်းဖြစ်ရာနေရာ၌ ဖားကန့်မြို့နယ်အတွင်းရှိမီးသတ်တပ်ဖွဲဝင်များ၊ ကြက်ခြေနီများ၊ လူမှုကူညီရေးအသင်းများဖြင့်ပူးပေါင်းရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။
သတင်း - ပိုင်လေး

image