15 w - Translate

Skin Pastel X5 Ampoule Day Cream 💜
ဂျယ်လီတုံးလေးလိုတင်းတင်းအိအိစိုပြေဝင်းပလာစေမယ့် အမိုက်စားcream လေးလာပါပြီ
Collagen နဲ့ Hyaluronic ပါဝင်တာကြောင့် အရေးအကြောင်းအမဲစက် အသားညစ်တာတွေကို သက်သာစေပြီး တစ်နေကုန် စိုပြေအိစက်စေပါတယ်
Texture က lightweight ဖြစ်ပြီး လိမ်းလိုက်ရင် ပေါ့ပေါ့ပါးပါးအေးအေးလေးနဲ့ အရမ်းနေလို့ကောင်းပါတယ်
တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝစေပြီး အသားကြည်တာအသားလင်းလာတာ သိသိသာသာ တွေ့ရမှာပါ
Skin pastel Retinol Night Cream လေးနဲ့ တွဲသုံးပေးမယ်ဆို အာနိသင် 2 ဆ ပိုကောင်းစေပါတယ်
24500k
Instock 💜

image
15 w - Translate

Skin Pastel X5 Ampoule Day Cream 💜
ဂျယ်လီတုံးလေးလိုတင်းတင်းအိအိစိုပြေဝင်းပလာစေမယ့် အမိုက်စားcream လေးလာပါပြီ
Collagen နဲ့ Hyaluronic ပါဝင်တာကြောင့် အရေးအကြောင်းအမဲစက် အသားညစ်တာတွေကို သက်သာစေပြီး တစ်နေကုန် စိုပြေအိစက်စေပါတယ်
Texture က lightweight ဖြစ်ပြီး လိမ်းလိုက်ရင် ပေါ့ပေါ့ပါးပါးအေးအေးလေးနဲ့ အရမ်းနေလို့ကောင်းပါတယ်
တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝစေပြီး အသားကြည်တာအသားလင်းလာတာ သိသိသာသာ တွေ့ရမှာပါ
Skin pastel Retinol Night Cream လေးနဲ့ တွဲသုံးပေးမယ်ဆို အာနိသင် 2 ဆ ပိုကောင်းစေပါတယ်
24500k
Instock 💜

image
15 w - Translate

Skin Pastel X5 Ampoule Day Cream 💜
ဂျယ်လီတုံးလေးလိုတင်းတင်းအိအိစိုပြေဝင်းပလာစေမယ့် အမိုက်စားcream လေးလာပါပြီ
Collagen နဲ့ Hyaluronic ပါဝင်တာကြောင့် အရေးအကြောင်းအမဲစက် အသားညစ်တာတွေကို သက်သာစေပြီး တစ်နေကုန် စိုပြေအိစက်စေပါတယ်
Texture က lightweight ဖြစ်ပြီး လိမ်းလိုက်ရင် ပေါ့ပေါ့ပါးပါးအေးအေးလေးနဲ့ အရမ်းနေလို့ကောင်းပါတယ်
တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝစေပြီး အသားကြည်တာအသားလင်းလာတာ သိသိသာသာ တွေ့ရမှာပါ
Skin pastel Retinol Night Cream လေးနဲ့ တွဲသုံးပေးမယ်ဆို အာနိသင် 2 ဆ ပိုကောင်းစေပါတယ်
24500k
Instock 💜

image
15 w - Translate

Skin Pastel X5 Ampoule Day Cream 💜
ဂျယ်လီတုံးလေးလိုတင်းတင်းအိအိစိုပြေဝင်းပလာစေမယ့် အမိုက်စားcream လေးလာပါပြီ
Collagen နဲ့ Hyaluronic ပါဝင်တာကြောင့် အရေးအကြောင်းအမဲစက် အသားညစ်တာတွေကို သက်သာစေပြီး တစ်နေကုန် စိုပြေအိစက်စေပါတယ်
Texture က lightweight ဖြစ်ပြီး လိမ်းလိုက်ရင် ပေါ့ပေါ့ပါးပါးအေးအေးလေးနဲ့ အရမ်းနေလို့ကောင်းပါတယ်
တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝစေပြီး အသားကြည်တာအသားလင်းလာတာ သိသိသာသာ တွေ့ရမှာပါ
Skin pastel Retinol Night Cream လေးနဲ့ တွဲသုံးပေးမယ်ဆို အာနိသင် 2 ဆ ပိုကောင်းစေပါတယ်
24500k
Instock 💜

image
image
image
image
image
15 w - Translate

Growing calls for transparency in the Jeffrey Epstein saga will be left unanswered this week — frustrating lawmakers from both parties.
https://abcnews.go.com/Politic....s/congress-compel-re

image
15 w - Translate

A Canadian man who allegedly fabricated a story that his 9-year-old daughter was abducted in upstate New York has been charged with her murder, officials say.
https://abcnews.go.com/US/ambe....r-alert-issued-9-yea

image

#နိုင်ငံတကာသတင်း
◼ဝီဖာတိုင်ဖွန်းမုန်တိုင်းကိုရင်ဆိုင်ရန်ဗီယက်နမ်အသင့်ပြင်
အင်္ဂါနေ့ အစောပိုင်းတွင် ကုန်းတွင်းသို့ ဝင်ရောက်လာမည်ဟု မျှော်လင့်ထားကြသော ဝီဖာ တိုင်ဖွန်းမုန်တိုင်း သည် ‌ရေကြီးမှုများနှင့် မြေပြိုမှုများဖြစ်ပေါ် စေနိုင်ကြောင်းနှင့်ကမ်းရိုးတန်းဒေသများအား အရေးပေါ် အခြေအနေပုံစံ ပြင်ဆင်ထားကြရန် ဗီယက်နမ်ဝန်ကြီးချုပ်က ပြောကြားသည်။
စနေနေ့က ဗီယက်နမ်မြောက်ပိုင်း ဟာလောင်းပင်လယ်ကွေ့တွင် မိုးသက် မုန်တိုင်းကျရောက်ပြီးနောက် တိမ်းမှောက်သွားခဲ့ကာ လူပေါင်း ၃၀ ကျော် သေဆုံးသွားခဲ့သော ခရီးသွားရေယာဉ်မှ ပျောက်ဆုံးနေသူများအား ရှာဖွေမှုများကို ဝီဖာမုန်တိုင်းကြောင့် ရှုပ်ထွေးသွားစေမည်ဟုလည်း မျှော်လင့်ရသည်။
အဆိုပါမုန်တိုင်းသည် ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ကွမ်နင်နှင့် နင်ဘင်း ပြည် နယ်ကြား ကမ်းရိုးတန်းသို့ ဝင်ရောက်မည်ဟု ခန့်မှန်းရကာ မုန်းတိုင်းနှင့်အတူ ပါလာသော မိုးကြီးမှုများကြောင့် အန္တရာယ်ရှိသော ရေကြီး ရေလျှံမှုများ ၊ မြေပြိုမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း အမျိုးသားရာသီဥတုအေဂျင်စီက ပြောကြားသည်။
ကမ်းရိုးတန်းပြည်နယ်များသို့ ယမန်‌နေ့ညကပင် ဝန်ကြီးချုပ် ဖန်မင်ချင် က အ ရေးပေါ်သတင်းစကားပေးပို့ခဲ့ကာရေယာဉ်များကိုကမ်းသို့ပြန်လည်ခေါ်ယူ ထားရန်၊ ရေကြီးတတ်သောဒေသများမှ လူများကို ရွှေ့ပြောင်းထားရန်၊ အရေးပေါ် အထောက်အပံ့နှင့် ကယ်ဆယ်ရေးပစ္စည်းများပြင်ဆင်ထားရှိရန် ဆက်သွယ်ရေးလုပ်ငန်း အခြေခံအဆောက်အဦးများအား လုံခြုံအောင် လုပ်ဆောင်ရန် ပြောကြားခဲ့သည်။
“ ဒီမုန်တိုင်းကအားကောင်းပြီးအလျင်အမြန်ရွေ့လျားနေတဲ့မုန်တိုင်းဖြစ်ပါတယ်။” ဟု ဝန်ကြီးချုပ်ဖန်မင်ချင် က ပြောကြားပြီး မုန်တိုင်းကြောင့်ရုတ်တရက် ရေကြီးမှုများ နှင့် မြေပြိုမှုများအပြင် မြို့ကြီးများတွင်ပါ ရေကြီးမှုများ ဖြစ်ပေါ်နိုင်ကြောင်း ၎င်းက သတိပေးသည်။
ဗီယက်နမ်အမျိုးသားလေကြောင်းလိုင်းဖြစ်သည့် Vietnam Airlines နှင့် ၎င်းတို့လက်အောက်ခံ Pacific Airlines တို့က အနည်းဆုံးလေကြောင်း ခရီးစဉ် ၉ ခုကို ဖျက်သိမ်းခဲ့ပြီး အချိန်နောက်ကျခြင်းများ၊ အချိန်ပြောင်းလဲခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းလည်း ပြောကြားထားသည်။
ဘတ်ဂျက်လေကြောင်းလိုင်းဖြစ်သော Vietjet ကလည်း ယနေ့အတွက် လေယာဉ်ခရီးစဉ် ၁၂ ခုကို ဖျက်သိမ်းလိုက်သည်။
တောင်တရုတ်ပင်လယ်အားမျက်နှာမူထားသည့်ရှည်လျားသောကမ်းရိုးတန်းပိုင် ဆိုင်ထားသော ဗီ ယက် နမ် နိုင်ငံသည် မကြာခဏ ဆိုသလို လူ အသေ အ ပျောက်ဖြစ်စေနိုင်သည့် မုန်တိုင်းများဒဏ်ကို ခံစားရသည်။
ပြီးခဲ့သည့် နှစ်ကလည်း တိုင်ဖွန်းမုန်တိုင်း ယာဂီ ကြောင့် လူ ၃၀၀ ခန့် သေဆုံးခဲ့ပြီး တန်ဖိုးအမေရိကန်ဒေါ်လာ သုံးဘီလီယံ ကျော်ခန့် ပျက်စီးဆုံးရှုူံးမှုများ ဖြစ်ပေါ်ခဲ့သည်။
တိုင်ဖွန်းမုန်တိုင်း ဝီဖာ သည် စနေ၊ တနင်္ဂနွေနှစ်ရက်တွင် ဟောင်ကောင်သို့ ဝင်ရောက်ခဲ့ပြီး သစ်ပင်များ လဲကျခြင်း၊ ဆောက်လက်စ အဆောက်အဦးယာယီငြမ်းများ ပြိုကျမှု ဖြစ်စေခဲ့ကြောင်း သိရသည်။
ထို့အတူဟောင်ကောင်တွင်လည်း မုန်တိုင်းမဝင်မီ အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား- Reuters

image

#နိုင်ငံတကာသတင်း
◼ ဂျပန်အထက်လွှတ်တော်လူများစုနေရာအာဏာရမဟာမိတ်အဖွဲ့ ဆုံးရှုံး
ယမန်နေ့ကကျင်းပခဲ့သော ဂျပန်အထက်လွှတ်တော် သက်တမ်းဝက် ရွေး ကောက်ပွဲတွင် အာဏာရမဟာမိတ်အဖွဲ့ က လူများစုနေရာကို ဆုံးရှုံးသွားခဲ့ကာ ၎င်းတို့၏ဩဇာကျဆင်းသွားခဲ့သော်လည်း ပါတီခေါင်းဆောင်နေရာကို ဆက် လက်နေရာရယူထားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ရှီဂဲရု အီရှီဘာက ကြုံးဝါးပြောဆိုသည်။
ရွေးကောက်ပွဲရလဒ် က အီရှီဘာ၏ အစိုးရအဖွဲ့ပြုတ်ကျသွားရေးကို တိုက်ရိုက် အဆုံးအဖြတ် မပေးခဲ့သော်လည်း ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ပို၍ဩဇာကြီးမားသော အောက်လွှတ်တော်တွင် ထိန်းချုပ်မှုဆုံးရှုံးသွားခဲ့သော ခေါင်းဆောင်အပေါ် ဖိအား များလာစေခဲ့သည်။
အမတ်နေရာ ၂၄၈ နေရာရှိသော အထက်လွှတ်တော်မှ ၁၂၅ ‌နေရာကို ယှဉ်ပြိုင်ခဲ့သော ရွေးကောက်ပွဲတွင် အီရှီဘာ၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP) နှင့် မဟာမိတ် ကူမီတိုပါတီ တို့က လူများစုနေရာရရှိရန် အမတ်နေရာ ၅၀ အနိုင်ရရှိရမည်ဖြစ်သော်လည်း ၄၇ နေရာသာ အနိုင်ရရှိခဲ့သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလကလည်း အီရှီဘာဦး‌‌ဆောင်သော မဟာမိတ်အဖွဲ့သည် ၁၅ နှစ်အတွင်း အဆိုးရွားဆုံး အောက်လွှတ်တော် ရွေးကောက်ပွဲရလဒ် နှင့် အတူ လူများစုနေရာကို ဆုံးရှုံးသွားခဲ့ပြီးနောက် ခေါင်းဆောင်အပြောင်းအလဲလုပ်ရန် ပါတီတွင်းမှတောင်းဆိုမှုများ ကြုံတွေ့ခဲ့ရသည်။
မဲရုံအထွက် စစ်တမ်းများ ပိတ်သိမ်းပြီးနောက် ယမန်နေ့ညက ပြောဆိုရာတွင် ၎င်းအနေဖြင့် ကြမ်းတမ်းသောရလဒ်ကို အလေးအနက် လက်သင့်ခံပါကြောင်း အီရှီဘာက ပြောကြားသည်။
“ ကျွန်တော်တို့က အခုအချိန်မှာ အမေရိကန်နိုင်ငံနဲ့ အလွန်ပဲ အရေးကြီးတဲ့ အခွန်အကောက် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်။ ဒီဆွေးနွေးမှုတွေကို ကျွန်တော်တို့ ဘယ်တော့မှ မဖျက်ဆီးရပါဘူး၊ ကျွန်တော်တို့ အမျိုးသားအကျိုးစီးပွားအတွက် အပြည့်အဝ စိတ်ပိုင်းဖြတ်ပြီး အာရုံစူးစိုက်လုပ်ဆောင်မှသာ သဘာဝ ကျမှာ ဖြစ်ပါတယ်။” ဟု အီရှီဘာ က နောက်ပိုင်းတွင် TV Tokyo အားပြောကြားသည်။
ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူရန် ရည်ရွယ်ထားပါသလားဟု မေးမြန်းချိန်တွင်လည်း “ ဒါဟာ အမှန်ပဲ ဖြစ်ပါတယ်။” ဟု အီရှီဘာ က ပြောသည်။
ကမ္ဘာ့စတုတ္ထအကြီးဆုံးစီးပွားရေးကို ပိုင်ဆိုင်ထားသော ဂျပန်သည် ဩဂုတ် ၁ ရက်အမီ အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက် ရယူရန် လုပ်ဆောင်နေရပြီး ထိုသို့မဟုတ်ခဲ့ပါက ၎င်းတို့၏ အကြီးမားဆုံး နိုင်ငံခြားဈေးကွက်တွင် ကြီးလေးသောအခွန်အကောက်များနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
အဓိကအတိုက်အခံ ပါတီဖြစ်သော ဒီမိုကရက်တစ်ပါတီ က ၂၂ နေရာ အနိုင်ရရှိပြီး ရွေးကောက်ပွဲတွင် ဒုတိယနေရာလိုက်ခဲ့သည်။
ထိုအ‌တောအတွင်းမှာပင် ယခင်ကအထက်လွှတ်တော်တွင် အမတ်နေရာ တစ်နေရာသာရထားသော လက်ယာစွန်း ဆန်ဆီတိုပါတီက အမတ်နေရာ ၁၄ နေရာ အနိုင်ရရှိခဲ့ပြီး နိုင်ငံရေးပင်မရေစီးကြောင်းသို့ ဝင်ရောက်လာပြီဖြစ်ကြောင်း အချက်ပြခဲ့သည်။
လွန်ခဲ့သော နှစ် အနည်းငယ်က ယူကျူ့ပေါ်တွင် စတင်ခဲ့သော လူထုအကြိုက်လိုက်ပါတီ က မဲဆွယ်ပွဲတွင် ‘ဂျပန်ပထမ’ ကြွေးကြော်သံနှင့်အတူ ဂျပန်နိုင်ငံထဲသို့ နိုင်ငံခြားသားများ တိတ်တဆိတ် ကျူးကျော် ဝင်ရောက်နေမှုကို သတိပေးပြောကြားခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image
15 w - Translate

#ပြည်တွင်းသတင်း
◼ ပုဏ္ဏားကျွန်းစစ်ဘေးရှောင်ကလေးများအတွက် ပညာအလှူဝိုင်းဝန်းကူကမ်ပိန်းသိန်း ၁၅၀၀ မပြည့်မီသေး
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်ကလေးများကိုအခမဲ့ပညာသင်ကြားပေးနိုင်ရန် ပညာအလှူဝိုင်းဝန်းကူသိန်း ၁၅၀၀ ကမ်ပိန်းမှာ သတ်မှတ်ကာလနှစ်လပြည့်ခဲ့ပြီဖြစ်သော်လည်း သိန်း ၂၅၀ ကျော်သာရရှိထားကြောင်း ကမ်ပိန်းဆောင်ရွက်သည့်လင်းရောင်ခြည်ဖောင်ဒေးရှင်ထံမှသိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်အခြေစိုက်လင်းရောင်ခြည်ဖောင်ဒေးရှင်းမှာ ယခင်နှစ်ကစစ်ဘေးရှောင်ကလေးများအတွက် အခမဲ့ပညာ့ရိပ်မွန်ကျောင်းခုနစ်ကျောင်းကို နေရာခုနစ်ခုတွင်ဖွင့်လှစ်ခဲ့ပြီး KG မှ Grade 9 အထိ ကျောင်းသား၊ ကျောင်းသူ ၁၂၇၉ ဦးတက်ရောက်ခဲ့ကြောင်း၊ ယခုနှစ်တွင်ကျောင်းသားဦးရေ ၁၅၀၀ ကျော်အပ်နှံလာသောကြောင့် ကုန်ကျမှုစရိတ်မှာယခင်နှစ်ထက်ပိုများလာကြောင်း အဆိုပါ ဖောင်ဒေးရှင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
"ဒီနှစ်ကျောင်းသားတွေများတယ်။ ကုန်ကျမှုလည်းများတယ်။ ကလေးတွေအတွက် စာအုပ်၊ ခဲတံ၊ ဘောပင်ကအစ ထမင်းစရိတ်တွေပါအပါ တစ်နှစ်စာသိန်း ၁၅၀၀ လောက်ကုန်ကျမှာပါ။ ဒီငွေရဖို့ပညာ အလှူဝိုင်းဝန်းကူဆိုတဲ့ခေါင်းစဉ်နဲ့ ကမ်ပိန်းတစ်ခုလုပ်ခဲ့ပါတယ်။ အဲဒီကမ်ပိန်းက ဇူလိုင် ၁၈ ရက်က သတ်မှတ်ကာလနှစ်လပြည့်လို့ စာရင်းချုပ်လိုက်တာ ၂၉,၈၆၃,၈၀၀ ကျပ်ပဲရတယ်။ ကမ်ပိန်းတားဂတ် ၂၀ ရာခိုင်နှုန်းပဲရတဲ့အတွက်ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ ရှေ့ဆက်သွားဖို့အခက်အခဲတွေအများကြီး ဖြစ်နေပါတယ်" ဟု ၎င်းကပြောသည်။
လက်ရှိတွင်လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၁၅၈ ဦးဖြင့် စစ်ဘေးရှောင်ကလေးများကို ပညာသင်ကြားပေးလျက်ရှိကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်

image
15 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်း-မလေးနယ်စပ်တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၁ ဦးနှင့် ထိုင်းနိုင်ငံသားအချို့ ဖမ်းဆီးခံရ
ထိုင်း-မလေး နယ်စပ်တွင် ဇူလိုင် ၂ဝ ရက်က မြန်မာရွှေ့ပြောင်း လုပ်သား ၁၁ ဦးနှင့် ထိုင်းနိုင်ငံသားအချို့ ဖမ်းဆီးခံခဲ့ရကြောင်း ဒေသတွင်းသတင်းများ၏ ဖော်ပြချက်အရသိရသည်။
ထိုင်းတောင်ပိုင်း ထိုင်း -မလေးရှား နယ်စပ်ဘက် ဆုန်ခလာခရိုင် ပါချင်ခရိုင်ခွဲထဲက လမ်းဆုံတစ်ခု၌ တိုယိုတာကားတစ်စီးကို ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က စစ်ဆေးချိန်တွင် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၁ ဦးနှင့် ထိုင်းနိုင်ငံသားသုံးဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကားရှေ့ခန်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးလေးဦးနှင့်နောက်ခန်းတွင် အမျိုးသားရှစ်ဦး လိုက်ပါလာခဲ့ပြီး ၎င်းတို့အနက်မှ မြန်မာနိုင်ငံသားတစ်ဦးသာ အထောက်အထားရှိသောကြောင့် ကျန်သည့် ၁၁ ဦးနှင့်၎င်းတို့အား ခေါ်ဆောင်လာသည့် ထိုင်းနိုင်ငံသားသုံးဦးအား တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ လူကုန်ကူးမှုနှင့်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းတို့အထဲမှ ယာဉ်မောင်းဖြစ်သော အသက်(၃၆) နှစ်အရွယ် ထိုင်းနိုင်ငံသားမှာ ၉ မမ သေနတ်တစ်လက် ခါးကြားထဲထည့်ထားကြောင်း ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီး ၎င်းအားတရားမဝင်လက်နက်ကိုင်ဆောင်မှုနှင့် ထပ်တိုးပုဒ်မတပ်ကာ အရေးယူသွားမည် ဖြစ်ကြောင်းသိရသည်။

image