🤰🧘️ ကိုယ်ဝန်ဆောင်မေမေများ လေ့ကျင့်ပြုလုပ်နိုင်မဲ့ Pregnancy Yoga အကြောင်း ✨✨

Pregnancy Yoga မှာ စိတ်နဲ့ ခန္ဓာဆက်သွယ်ပြီး လေ့ကျင့်ခြင်းဖြစ်တဲ့အပြင် ကိုယ်ဝန်ဆောင်မိခင်များအတွက် အထူးသင့်တော်တဲ့ လေ့ကျင့်ခန်းတစ်မျိုး ဖြစ်ပါတယ် ❇️❇️

မွေးဖွားရ လွယ်ကူစေရန်၊ ဝေဒနာ သက်သာစေရန်၊ ကိုယ်ဝန်နဲ့ နေသားတကျ ဖြစ်စေရန် စတဲ့ အချက်များကိုလည်း အထောက်အကူပြုစေနိုင်ပါတယ်

ကိုယ်ဝန်ရှိချိန်မှစ မွေးဖွားချိန်အထိ ယောဂပြုလုပ်ခြင်း နည်းလမ်းအမျိုးမျိုးရှိတာကြောင့် ကိုယ်ဝန်ဆောင်မေမေများအတွက် အထူးသင့်တော်စေပါတယ်✨

🤰🧘‍♀️လေ့ကျင့်ခန်းများအနေနဲ့ -
The Standing Mountain
The Supported Triangle
The Supported Squat

အိမ်တွင်းပြုလုပ်နိုင်မယ့် အသက်ရှုလေ့ကျင့်ခန်း၊ အကြောဆန့်လေ့ကျင့်ခန်း စတဲ့ ယောဂလေ့ကျင့်ခန်းများစွာ ကျွမ်းကျင်သူများနဲ့ ညှိနှိုင်းတိုင်ပင် လုပ်ဆောင်နိုင်ပါတယ်

🤰🧘‍♀️Pregnancy Yoga လေ့ကျင့်ခြင်းဖြင့် ရရှိလာမဲ့ အကျိုးကျေးဇူးများအနေနဲ့ -

စိတ်ပိုင်းဆိုင်ရာ သန်စွမ်းလာစေမယ်

ကျောနောက်ကျောဘက်၊ တင်ပါးဆုံတွင်းပိုင်း၊ ခြေထောက်ပိုင်း ကြံ့ခိုင်ကျန်းမာစေမယ်

ကိုယ်ခံအား ခိုင်မာစေပြီး ခန္ဓာကိုယ် လှုပ်ရှားရ လွယ်ကူစေမယ်

ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမွေးဖွားချိန်၊ မွေးဖွားပြီးချိန် ခံစားရတဲ့ စိတ်ဒုက္ခများနဲ့ ခန္ဓာပြောင်းလဲမှု ရလဒ်များ သိသိသာသာ အကျိုးထူးများ ရရှိစေနိုင်ပါတယ်..

🧘‍♀️🤰 အကျိုးရလဒ်များရှိသလို ရှောင်ကြဉ်ရန်အချက်များလည်း ရှိလို့ ကျွမ်းကျင်ပညာရှင်များနဲ့ ယောဂပြုကျင့်ဖို့ အကြံပြုလိုပါတယ်ရှင်။

Credit

imageimage

Legs-Up-the-Wall Pose"(Viparita Karani) - နံရံပေါ် ခြေထောက်တင်ခြင်း လေ့ကျင့်ခန်း အကြောင်း သိကောင်းစရာ

(Viparita Karani) သည် "ပြောင်းပြန်လှန်လုပ်ဆောင်ခြင်း" ဟု အဓိပ္ပာယ်ရပြီး အနောက်တိုင်းတွင် "Legs-Up-the-Wall Pose" ဟု လူသိများသော အလွန်ငြင်သာပြီး ပြန်လည်လန်းဆန်းစေသည့် ကျင့်စဉ်တစ်ခုဖြစ်ပါတယ်။

Legs-Up-the-Wall Pose (Benefits)

ဤကျင့်စဉ်သည် ရိုးရှင်းသော်လည်း ခန္ဓာကိုယ် Fisiology (ဇီဝကမ္မဗေဒ) အပေါ် အကျိုးသက်ရောက်မှုများစွာရှိပါတယ်။

* သွေးလည်ပတ်မှုစနစ်ကို အထောက်အကူပြုခြင်း

(Aids Circulation)အဓိကအကျိုးကျေးဇူးမှာ သွေးလည်ပတ်မှုအပေါ် သက်ရောက်မှုပင်ဖြစ်ပါတယ်။ ခြေထောက်များကို နှလုံးအထက်သို့ မြှောက်ထားခြင်းဖြင့် ကမ္ဘာ့ဆွဲအား (Gravity) ကိုအသုံးပြုကာ ခြေထောက်နှင့် ခြေဖဝါးများမှ သွေးပြန်ကြောများအတွင်းရှိ သွေးများ နှလုံးဆီသို့ ပြန်လည်စီးဆင်းရန် လွယ်ကူစေပါတယ်။ ဤဖြစ်စဉ်ကို Venous Drainage ဟုခေါ်ပြီး ၎င်းကြောင့် ခြေထောက်ဖောရောင်ခြင်း (Edema)၊ ခြေချင်းဝတ်ရောင်ရမ်းခြင်းတို့ကို သက်သာစေပြီး တစ်နေကုန် မတ်တပ်ရပ်ခြင်း သို့မဟုတ် ထိုင်အလုပ်လုပ်ခြင်းကြောင့် ခြေထောက်များ မညောင်းညာစေရန် ကူညီပေးပါတယ်။

အာရုံကြောစနစ်ကို ငြိမ်သက်စေပြီး စိတ်ဖိစီးမှုကို လျှော့ချခြင်း (Calms the Nervous System & Reduces Stress)

* ဤအနေအထားသည် ခန္ဓာကိုယ်၏ အနားယူခြင်းနှင့် အစာချေခြင်းကို တာဝန်ယူသော Parasympathetic Nervous System ကို လှုံ့ဆော်ပေးသည်။ ၎င်းကြောင့် နှလုံးခုန်နှုန်းကို နှေးကွေးစေပြီး သွေးပေါင်ချိန်ကို အနည်းငယ်ကျဆင်းစေကာ စိတ်ကို အေးချမ်းတည်ငြိမ်စေသည်။ ထို့ကြောင့် စိုးရိမ်သောကများခြင်း၊ စိတ်ဖိစီးမှုများခြင်းနှင့် အိပ်မပျော်ခြင်းဝေဒနာများအတွက် အလွန်အကျိုးရှိသော ကျင့်စဉ်တစ်ခုဖြစ်ပါတယ်။

ခါးအောက်ပိုင်း နာကျင်မှုကို သက်သာစေခြင်း (Relieves Lower Back Pain)

* နံရံကိုအမှီပြု၍ ခြေထောက်များကို ဆန့်တန်းထားခြင်းသည် ပေါင်နောက်ကြော (Hamstrings) များကို ညင်သာစွာ ဆွဲဆန့်ပေးပြီး ခါးရိုးမကြီးအောက်ပိုင်း (Lumbar spine) ပေါ်ရှိ ဖိအားများကို လျော့ကျစေသည်။ ၎င်းကြောင့် အချိန်ကြာမြင့်စွာ ထိုင်ခြင်းကြောင့်ဖြစ်သော ခါးနာ၊ ခါးညောင်းခြင်းများကို သက်သာစေပါတယ်။

ခြေထောက်နှင့် ခြေဖဝါး ညောင်းညာမှုကို သက်သာစေခြင်း (Soothes Tired Legs and Feet)

အားကစားသမားများ သို့မဟုတ် တစ်နေကုန် လမ်းလျှောက်၊ မတ်တပ်ရပ်ရသူများအတွက် ဤကျင့်စဉ်သည် ခြေထောက်ကြွက်သားများအတွင်း စုပုံနေသော Lactic Acid များကို ပြန်လည်စီးဆင်းစေပြီး ညောင်းညာကိုက်ခဲမှုကို လျင်မြန်စွာ သက်သာစေပါတယ်။ခြေထောက်ဖောရောင်ခြင်းကို သက်သာစေသည့်

မည်သူတို့ မပြုလုပ်သင့်လဲ (Contraindications)

"Legs-Up-the-Wall Pose" အလွန်ငြင်သာသော်လည်း အချို့သောကျန်းမာရေးအခြေအနေများရှိသူများအနေဖြင့် ရှောင်ကြဉ်သင့်သည် သို့မဟုတ် အထူးသတိထား ပြုလုပ်သင့်ပါတယ်။

ရေတိမ်ရောဂါ (Glaucoma)

ပြောင်းပြန်အနေအထားအားလုံးကဲ့သို့ပင် ဤကျင့်စဉ်သည် မျက်လုံးအတွင်း ဖိအား (Intraocular Pressure) ကို ယာယီအားဖြင့် မြင့်တက်စေနိုင်သောကြောင့် ရေတိမ်ရောဂါရှိသူများ လုံးဝရှောင်ကြဉ်သင့်ပါတယ်။

* မထိန်းချုပ်နိုင်သော သွေးတိုးရောဂါ (Uncontrolled High Blood Pressure)

ဤကျင့်စဉ်သည် စိတ်ကိုငြိမ်သက်စေ၍ သွေးပေါင်ချိန်ကို ထိန်းညှိရာတွင် အထောက်အကူပြုနိုင်သော်လည်း သွေးပေါင်ချိန်အလွန်များနေပြီး ဆေးဖြင့်မထိန်းချုပ်နိုင်သေးသူများအနေဖြင့် ဆရာဝန်နှင့် မတိုင်ပင်ဘဲ မပြုလုပ်သင့်ပါ။

ပြင်းထန်သော လည်ပင်း သို့မဟုတ် ခါးဒဏ်ရာများ (Serious Neck or Back Injuries)

လည်ပင်း သို့မဟုတ် ခါးတွင် ပြင်းထန်သော ဒဏ်ရာရထားဖူးသူများ၊ ခွဲစိတ်ထားသူများသည် ဆရာဝန်၏ ညွှန်ကြားချက်မရှိဘဲ မပြုလုပ်သင့်ပါ။

အူကျခြင်း (Hernia)

အထူးသဖြင့် ဝမ်းဗိုက် သို့မဟုတ် ပေါင်ခြံတွင် အူကျသောဝေဒနာရှိသူများ ရှောင်ကြဉ်သင့်ပါတယ်။

ရာသီလာစဉ် (During Menstruation)

ဤအချက်မှာ အငြင်းပွားဖွယ်ရာဖြစ်ပါသည်။ ရှေးရိုးယောဂအစဉ်အလာများတွင် ရာသီလာစဉ် ပြောင်းပြန်လှန်သည့်ကျင့်စဉ်များကို ရှောင်ကြဉ်ရန် ညွှန်ကြားလေ့ရှိသည်။ သို့သော် ခေတ်တွေပြောင်းလာတာကြောင့် ယောဂဆရာများစွာက ဤငြင်သာသောကျင့်စဉ်သည် နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ပြီး ပြုလုပ်၍ရသည်ဟု ဆိုကြသည်။ ထို့ကြောင့် ၎င်းသည် မိမိ၏ခန္ဓာကိုယ်အခြေအနေနှင့် သက်သောင့်သက်သာရှိမှုအပေါ်တွင် မူတည်၍ ဆုံးဖြတ်သင့်ပါသည်။

မှန်ကန်ကြောင်း သက်သေအထောက်အထား (Scientific Evidence and Physiological Basis)

ခြေထောက်များကို မြှောက်ထားခြင်းဖြင့် (Lymphatic vessels) များအတွင်းရှိ အရည်များ ခန္ဓာကိုယ်အထက်ပိုင်းသို့ ပြန်စီးဆင်းရန် ကမ္ဘာ့ဆွဲအားက တိုက်ရိုက်ကူညီပေးကြောင်း Yoga Journal နှင့် Healthline ကဲ့သို့သော ကျန်းမာရေးဆိုင်ရာ ထိပ်တန်းစာမျက်နှာများတွင် ဖော်ပြထားသည်။

Autonomic Nervous System Regulation

စိတ်ငြိမ်သက်စေသည့် အကျိုးကျေးဇူးမှာ Baroreceptor ဟုခေါ်သော သွေးပေါင်ချိန်ထိန်းညှိသည့် အာရုံခံဆဲလ်များအပေါ် သက်ရောက်မှုကြောင့်ဖြစ်သည်။ ဤအနေအထားသည် လည်ပင်းနှင့် ရင်ဘတ်ရှိ Baroreceptors များကို လှုံ့ဆော်ပေးပြီး "အနားယူ၊ အစာချေ" စနစ် (Parasympathetic response) ကို အသက်ဝင်စေသည်။ ဤအချက်ကို စိတ်ဖိစီးမှုလျှော့ချရေးဆိုင်ရာ လေ့လာမှုများတွင် ကျယ်ပြန့်စွာ လက်ခံထားကြသည်။

Credit

image
22 w - Translate

As the search for Travis Decker — the Washington dad accused of killing his three daughters — has almost reached the three-month mark, officials are revealing disturbing new details about the crime scene that they say indicates he is the sole suspect.
Read more: https://abcnews.visitlink.me/2zRjsW

image
22 w - Translate

President Trump told "Fox & Friends" on Tuesday that there will be no deployment of American ground troops to defend Ukrainian territory.
Trump provided little new details on the issue of security guarantees for Ukraine.
"They're not going to be a part of NATO. But we have European nations that will front-load it and some of them — France and Germany, U.K. — they want boots on the ground. Putin is tired of it; they are all tired of it. You never know, find out about President Putin in next couple of weeks," Trump said.
Read more: https://abcnews.visitlink.me/KOX0id

image

◼ နိုင်ငံတကာကျောင်းသား ၆၀၀၀ ဗီဇာ အမေရိကန်ရုပ်သိမ်း
အမေရိကန်ဥပဒေများကို ချိုးဖောက်မှု ၊ သက်တမ်းလွန်နေထိုင်မှုများကြောင့် နိုင်ငံတကာကျောင်းသားဗီဇာ ၆၀၀၀ ကို ရုပ်သိမ်းလိုက်ကြောင်း အမေရိကန်နိုင်ငံခြား‌ရေးဌာန က ဘီဘီစီသတင်းအားပြောကြားသည်။
ယင်းချိုးဖောက်မှုအများစုမှာ ထိခိုက်နာကျင်စေမှု၊ အရက် သို့ မူးယစ်ဆေးဝါးသုံးစွဲ၍ ကားမောင်းမှု ၊ ဖောက်ထွင်းမှု နှင့် အကြမ်းဖက်ဝါဒကိုအားပေးမှုများဖြစ်ကြောင်း နိုင်ငံခြားရေးဌာနက ပြောသည်။
ဒေါ်နယ်ထရန့်အစိုးရ က လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံတကာကျောင်းသားများအား ဆက်လက်နှိမ်နင်းနေစဉ် ယင်းသို့ ကျောင်းသားဗီဇာရုပ်သိမ်းမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
အကြမ်းဖက်ဝါဒအားပေးခြင်း ကို နိုင်ငံခြားရေးဝန်ကြီးဌာနက အဓိပ္ပာယ်ဖွင့်ဆိုချက် အတိအကျ ပြောကြားခြင်းမရှိသော်လည်း ဒေါ်နယ်ထရန့်အစိုးရသည် ပါလက်စတိုင်းအား ထောက်ခံဆန္ဒပြသော ကျောင်းသားအချို့ကို ပစ်မှတ်ထားခဲ့ကြောင်းနှင့် ၎င်းတို့က ဂျူးဆန့်ကျင်ရေးအပြုအမူများ ပြသခဲ့သည်ဟု ပြောကြားခဲ့ကြောင်း ဘီဘီစီသတင်းက ဖော်ပြသည်။
ပြန်လည်ရုပ်သိမ်းလိုက်သော ကျောင်းသား ဗီဇာ ၆၀၀၀ အနက် ၊ ၄၀၀၀ ခန့်က ဥပဒေချိုးဖောက်မှုများကြောင့် ရုပ်သိမ်းခံရခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
ဗီဇာ ၂၀၀ နှင့် ၃၀၀ ကြားကို အကြမ်းဖက်ဝါဒလုပ်ရပ်များတွင် ပါဝင်ပတ်သက်မှုများကြောင့် ရုပ်သိမ်းခြင်းဖြစ်သည်ဟု နိုင်ငံခြားရေးဌာနကဆိုသည်။
ယခုနှစ်‌အစောပိုင်းတွင် နိုင်ငံတကာကျောင်းသားများအတွက် ဗီဇာရက်ချိန်းပေးခြင်းများကို ဒေါ်နယ်ထရန့်အစိုးရ က ခေတ္တရပ်တန့်ထားခဲ့ပြီး ဇွန်လ ပြန်ဖွင့်ခဲ့ချိန်တွင်လည်း နောက်ကြောင်းရာဇဝင်လိုက်ခြင်းကို တိုးချဲ့နိုင်ရန် ကျောင်းသားများအနေဖြင့် ၎င်းတို့၏ လူမှုမီဒီယာအကောင့်များကို လူအများကြည့်ရှုနိုင်ရေး ခွင့်ပြုထားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ‌
ကျောင်းသားများအနေဖြင့် အမေရိကန်နိုင်ငံသားများ ၊ယဉ်ကျေးမှု၊ အစိုးရ၊ အဖွဲ့အစည်းများ နှင့် အမေရိကန်နိုင်ငံတည်ထောင်ခြင်းအခြေခံမူများအပေါ် ရန်လိုမှု ရှိ၊ မရှိ ကို ကြည့်ရှုလေ့လာသွားမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားကြသည်။
ပြည်ပအကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသော အဖွဲ့များအား အားပေးခြင်း၊ ကူညီခြင်း ၊ထောက်ခံကြောင်းပြသသူများ နှင့် အမျိုးသားလုံခြုံရေးအပေါ် အခြား ခြိမ်းခြောက်မှုများကို ကြည့်ရှု စစ် ဆေးကြရန်လည်း နိုင်ငံခြားရေးဌာနအရာရှိကြီးများကို ညွှန်ကြားခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလမှစ၍ ကျောင်းသားဗီဇာ ခန့်မှန်းခြေ ထောင်ပေါင်းများစွာကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်းနှင့် နောက်ထပ်လည်း ရှိနိုင်ကြောင်းနိုင်ငံခြား‌ရေးဝန်ကြီး မာကို ရူဘီယို က လွှတ်တော်အမတ်များအား မေလအတွင်း ပြောကြားခဲ့သည်။
၂၀၂၃-၂၄ စာသင်နှစ်တွင် အမေရိကန်နိုင်ငံသို့ နိုင်ငံပေါင်း ၂၁၀ ကျော်မှ ကျောင်းသားပေါင်း ၁ ဒသမ ၁ သန်း‌ကျော် ဝင်ခွင့်လျှောက်ထားခဲ့ကြောင်း နိုင်ငံခြားကျောင်းသား အချက်အလက်များကို စုဆောင်းနေသည့် Open Doors အဖွဲ့၏ စာရင်းများက ပြသနေသည်။
သတင်း-ရဲမင်း

image

ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ထိပ်သီးဆွေးနွေးပွဲ မော်စကိုမှာပြုလုပ်ဖို့ ပူတင်အဆိုပြု
မော်စကို၊ ဩဂုတ်-၂၀-၂၀၂၅
ရတီ(VOM)
ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ထိပ်သီးဆွေးနွေးပွဲကို မော်စကိုမှာ ပြုလုပ်ဖို့ ရုရှားသမ္မတ ပူတင်က အဆိုပြုခဲ့တယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က အိမ်ဖြူတော်မှာ ယူကရိန်းသမ္မတ ဇီလန်စကီး၊ ဥရောပခေါင်းဆောင်တွေနဲ့ ဒေါ်နယ်ထရန့်တို့ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ထရန့်ဟာ ပူတင်ကိုလည်း တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ရာ ယူကရိန်းနဲ့ထိပ်သီးဆွေးနွေးပွဲအပေါ် ပူတင်က အဆိုပြုခဲ့တာလို့ အေအက်ဖ်ပီက ဆိုပါတယ်။
ဥရောပခေါင်းဆောင်များတွေ၊ ဇယ်လင်စကီးတို့နဲ့ အိမ်ဖြူတော်မှာ ဆွေးနွေးခဲ့ရာ ထရန့်က ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်တွေကို ဆွေးနွေးခဲ့ပြီး အမေရိကန်နဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေနဲ့တွေနဲ့အတူ ဥရောပနိုင်ငံတွေက ထောက်ပံ့မှုတွေ ပြုလုပ်မယ်လို့ ပြောပါတယ်။
အမေရိကန်အနေနဲ့ ယူကရိန်းစစ်ပွဲ အပစ်အခတ်ရပ်စဲပြီးနောက် ယူကရိန်းလုံခြုံရေးအာမခံချက်အတွက် မြေပြင်တပ်ဖွဲ့တွေကိုတော့ ယူကရိန်းကို စေလွှတ်မှာမဟုတ်ဘူးလို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ဒါပေမယ့်လည်း လေကြောင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေလုပ်မယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ရုရှားဘက်ကတော့ ယူကရိန်းနဲ့ ထိပ်သီးဆွေးနွေးပွဲတွေ မကြာခင်ဖြစ်ပေါ်တော့မယ်ဆိုတာကိုတော့ ငြင်းဆိုထားပါတယ်။ ဘယ်လိုအစည်းအဝေးမျိုးမဆို အဆင့်လိုက်စတင်ဖို့ လိုအပ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလပ်ရော့ဗ်က ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ စစ်ပွဲ အပစ်အခတ်ရပ်စဲရေးအဆင့်ကို ကျော်လွန်ပြီး စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက် ရယူသင့်တယ်လို့ ဆိုပေမယ့် ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်တွေကို ဦးတည်ဆွေးနွေးမှုတွေ ရှိနေပါတယ်။
စစ်ပွဲအဆုံးသတ်ရေးမှာ ယူကရိန်းအနေနဲ့ နယ်မြေတချို့ လက်လွှတ်ရဖွယ်ရှိတယ်လို့ ထရန့်က ပြောပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ အကဲဆတ်တဲ့ နယ်မြေထိန်းချုပ်ရေးတွေနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။
Ref:BBC

image

ဝတဲ့သူတွေ ယောဂ ကျင့်လို့ရလား❔
~ အမျိုးသားတွေရော ယောဂ ကျင့်ရပါ့မလား❔

✅ရပါတယ်
“ယောဂဆိုတာ တကယ်တော့ လူတိုင်းအတွက်ပါ"
ဒီနေ့ခေတ်မှာ ယောဂဆိုတာ ကျန်းမာရေးအတွက် အရမ်းကောင်းတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ တချို့တွေက "ယောဂက ပြောင်းလွယ်ပြင်လွယ်ရှိတဲ့သူတွေပဲ လုပ်လို့ရတာ၊ ငါနဲ့တော့ အဆင်ပြေမှာမဟုတ်ဘူး" ဆိုပြီး တွေးတတ်ကြပါတယ်။ တကယ်တော့ ယောဂက ဘယ်သူမဆို လုပ်လို့ရပါတယ်။

ယောဂကျင့်စဉ်ဆိုတာ ကိုယ်ခန္ဓာ၊ စိတ်နဲ့ ဝိဉာဉ်ကို တစ်ခုတည်း ပေါင်းစပ်ပေးတာပါ။ အဲ့ထဲမှာဆိုရင် ကိုယ်ဟန်အနေအထား (Asana) တွေ၊ မှန်ကန်တဲ့ အသက်ရှူနည်း (Pranayama) တွေနဲ့ စိတ်ကိုတည်ငြိမ်စေတဲ့ တရားထိုင်ခြင်း (meditation) တွေ ပါပါတယ်။ ဒီအရာတွေက ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာကို ကျန်းမာသန်စွမ်းစေရုံသာမက စိတ်ကိုပါ အေးချမ်းစေပါတယ်။

ယောဂမှာ ကိုယ်ခန္ဓာကြီးတာ၊ ပိန်တာ၊ ယောကျ်ားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ်၊ အသက်ကြီးတာ၊ ငယ်တာ ဘာမှမဆိုင်ပါဘူး။ ကိုယ့်ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး လိုက်လျောညီထွေ လုပ်လို့ရပါတယ်။ ဒါတွေသာမက ယောဂက ကိုယ့်ကိုယ်ကိုယ်ချစ်တတ်အောင် သင်ပေးတာပါပဲ။ ကိုယ့်ခန္ဓာကိုယ်ကို လက်ခံတတ်လာမယ်၊ ပိုပြီး သန်စွမ်းကျန်းမာလာမယ်၊ ပျော်ရွှင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်လာပါလိမ့်မယ်။ ယောဂစတင်ဖို့အတွက် ခန္ဓာကိုယ် ပြောင်းလွယ်ပြင်လွယ်ရှိနေဖို့ မလိုပါဘူး။ ယောဂကျင့်ချင်စိတ် တစ်ခုတည်းသာ လိုအပ်ပါတယ်နော်✨
Namaste🕉️

#yogaforall
#manaradianceyoga

Credit

image
22 w - Translate

◾တောင်ကိုရီးယား၌ သင်္ဘောမီးလောင်မှုတွင် ဒဏ်ရာရမြန်မာသင်္ဘောသားနှစ်ဦးအနက်တစ်ဦး သေဆုံး

တောင်ရီးယားနိုင်ငံ၊ ဂယောင်းနမ်ပြည်နယ် ယောဆုမြို့ရှိ ဆိပ်ကမ်းတစ်ခုတွင် ဖြစ်ပွားခဲ့သည့် သင်္ဘောမီးလောင်မှုတွင် ဒဏ်ရာရမြန်မာသင်္ဘောသားနှစ်ဦးအနက် တစ်ဦးသေဆုံးကြောင်း သေဆုံးသူမိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။

သေဆုံးသူမှာ အသက်(၃၀) ဝန်းကျင်အရွယ်ရှိ မြန်မာနိုင်ငံသား ကိုအောင်သက်ပိုင်ဆိုသူဖြစ်ပြီး ဩဂုတ် ၁၆ ရက် နံနက်အစောပိုင်း သင်္ဘောမီးလောင်မှုတွင် ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ဘူဆန် မြို့ရှိ ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။

“အခု သူ့အမျိုးသမီးက ကိုရီးယားကိုလိုက်သွားတယ်။ အလောင်းကို ပြန်သယ်ဖို့ ညှိနှိုင်းနေတာရှိပေ မယ့် ဘယ်လိုဖြစ်လာမလဲတော့မသိရသေးဘူး” ဟု သေဆုံးသူမိသားစုနှင့် နီးစပ်သူတစ်ဦးက စံတော်ချိန် ဒစ်ဂျစ်တယ်သို့ပြောသည်။

ကိုအောင်သက်ပိုင်သည် မီးလောင်မှုဖြစ်ပွားရာတွင်ပါဝင်သည့် ကုန်စည် ၂၆၉၂ တန် ရေနံထွက်ကုန် ပစ္စည်းတင် သင်္ဘောပေါ်တွင်လိုက်ပါခဲ့သူဖြစ်ကြောင်း သိရသည်။

ကိုအောင်သက်ပိုင်နှင့်အတူ ဒဏ်ရာရခဲ့သည့် အခြားမြန်မာသင်္ဘောသားတစ်ဦးမှာလည်း ဒဏ်ရာပြင်းထန်မှုမရှိသဖြင့် ဆေးရုံတက်ကုသရန်မလိုအပ်ကြောင်းသိရသည်။

မီးလောင်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ် ဆေးနေဆဲဖြစ်၍ တောင်ကိုရီးယားဆိပ်ကမ်းအာဏာပိုင်များက အဆိုပါ သင်္ဘောအမည်ကို ထုတ်ဖော် ပြောဆိုခြင်းမရှိကြောင်း နိုင်ငံတကာသတင်းများကရေးသားကြသည်။

အဆိုပါ သင်္ဘောသည် ယောဆုမြို့ရှိ မြောက်ဘက်ဆိပ်ကမ်းသစ်၌ ကျောက်ချရပ်နားထားစဉ် ဩဂုတ် ၁၆ ရက် နံနက် ၁ နာရီကျော်တွင် ဘေးချင်းယှဉ်ရပ်ထားသည့် ၂၄ တန် ကုန်တင်သင်္ဘောနှင့်အတူ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားချိန်က ၂၆၉၂ တန် သင်္ဘောပေါ်တွင် သင်္ဘောသား စုစုပေါင်း ၁၄ ဦး၊ ဓာတုပစ္စည်းတန် ၂၅၀၀ နှင့် ရေနံတန် ၁၀၀ ပါရှိပြီး ၂၄ တန်ကုန်တင်သင်္ဘောပေါ်တွင်မူ သင်္ဘောသား လေးဦးပါရှိကြောင်း တောင်ကိုရီးယား ပြည်တွင်းသတင်းများကဆိုသည်။

အခင်းဖြစ်ပွားချိန်တွင် သင်္ဘောနှစ်စီးကြား ဓာတုပစ္စည်းများ လွှဲပြောင်းမှုရှိ၊ မရှိကိုလည်း ရှင်းရှင်းလင်း လင်းမသိရသေးပေ။

သင်္ဘောနှစ်စီးမီးလောင်မှုဖြစ်စဉ်အတွင်း ကယ်ဆယ်ရေးအဖွဲ့များက ၂၄ တန် ကုန်တင်သင်္ဘောမှ အသက်(၅၀)ဝန်းကျင်အရွယ် မာလိန်မှူးကို မေ့မျောနေသည့် အခြေအနေဖြင့် တွေ့ရှိကာ ဆေးရုံပို့ဆောင်ခဲ့သော်လည်း လမ်းတွင်သေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါ သင်္ဘောနှစ်စင်းအားစုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ကာ မီးလောင်မှုဖြစ်ပွားစေသည့် အ ကြောင်းအရင်းကို ထုတ်ပြန်မည်ဖြစ်ကြောင်း သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့က အသိပေးထားသည်။

image
22 w - Translate

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ယူရေနီယံသန့်စင်မှု ဆန္ဒအလျောက်ရပ်ဆိုင်းရန် အီရန်ကို တိုက်တွန်း
အီရန်နိုင်ငံရှိ ပြုပြင်ပြောင်းလဲရေး နိုင်ငံရေးအဖွဲ့တစ်ဖွဲ့က နိုင်ငံ၏ ယူရေနီယံသန့်စင်မှု အစီအစဉ်အား ဆန္ဒအလျောက် ရပ်ဆိုင်းရန် တောင်းဆိုသည့် ကြေညာချက်တစ်ရပ်ကိုဩဂုတ် ၁၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါကြေညာချက်တွင် အီရန်အစိုးအား အမေရိကန်နှင့် နှစ် နိုင်ငံတိုက်ရိုက် အပြည့်အဝဆွေးနွေးပွဲများ ပြုလုပ်ရန်လည်း တိုက်တွန်းထားသည်။ အဖွဲ့သည် အနောက်နိုင်ငံများ နှင့် ဆွေးနွေးညှိနှိုင်းမှုကို ထောက်ခံသော ပြုပြင်ပြောင်းလဲရေးဝါဒီနိုင်ငံရေးပါတီများနှင့် အခြားအဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းထားသည်။
အီရန်နှင့် အမေရိကန်တို့အကြား ဧပြီလတွင်စတင်ခဲ့သော နျူကလီးယား အစီအစဉ်ဆိုင်ရာဆွေးနွေးပွဲများသည် ဇွန်လတွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်နျူကလီးယား စက်ရုံများကို တိုက်ခိုက်ပြီးနောက် ရပ်ဆိုင်းသွားခဲ့သည်။ အီရန်က ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် လျော်ကြေးပေးရမည်ဟု တောင်းဆိုထား သည်။
အီရန်အစိုးရသည် ယူရေနီယံသန့်စင်မှုကို ဆက်လက်လုပ်ဆောင် ရန် ခိုင်ခိုင်မာမာရပ်တည်ချက်ရှိနေစဉ် ယင်းကိစ္စကိုရပ်ဆိုင်းရန် တောင်းဆိုမှုမှာ အလွန်ရှားပါးသည့် အခြေအနေဖြစ်သည်။ အမေရိကန်ကလည်း အီရန်အားယူရေနီယံသန့်စင်မှုကို အပြီးအပိုင်စွန့်လွှတ်ရန် တောင်းဆိုထားသည်။
အဆိုပြုထားသော အစီအစဉ်များသည် ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့အနေဖြင့် အီရန်အပေါ် ကုလသမဂ္ဂပိတ်ဆို့မှုများ ပြန်လည်အသက်သွင်းမည့် ယန္တရားကို အသုံးမပြုစေရန် ရည်ရွယ်ကြောင်း အဆိုပါအဖွဲ့ကပြောသည်။ ဩဂုတ်လကုန်အထိ အီရန်က နျူကလီးယားအရေးဆွေးနွေးမှုများ တိုးတက်မှုမရှိပါက ယင်းယန္တရားကို အသုံးပြုမည်ဟု ဥရောပသုံးနိုင်ငံက ခြိမ်းခြောက်ထားသည်။
အင်န်အိတ်ချ်ကေ

image
Helarri shared a post  
124 yrs

22 w

သဘောလေးကိုပဲသိနေ
တရားအားမထုတ်ခင်မှာ တရားနာရတယ်။ စာဖတ်ရတယ်။ စဉ်းစားရတယ်။ တကယ် တရားအားထုတ်နေတဲ့အခါမှာ စာမဖတ်ရတော့ဘူး။ မစဉ်းစားရတော့ဘူး။
တရားအားထုတ်ခါစမှာ ဒါရုပ်လား နာမ်လား ဆိုတာတောင်မှ မစဉ်းစားစေချင်ဘူး။ သူ့ဟာသူ သတိ သမာဓိအားကောင်းလာတဲ့အခါမှာ သူ့သဘောကို သူဆောင်နေတဲ့ ရုပ်ကိုလည်း ရုပ်သဘောလို့ အလိုလိုသိလာမှာပါ။ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်တဲ့သဘော၊ ပူမှုအေးမှု သဘော၊ လှုပ်ရှားမှု သဘော၊ သဘောကို သဘောအတိုင်းပဲ သိလာမှာပါ။
ဝေဒနာမှာလည်း ဒီလိုပဲ။ ဖြစ်ပေါ်နေတဲ့ဝေဒနာကို သတိလေးနဲ့ ကပ်ပြီးတော့ ကြည့်နေဖို့ပဲလိုတယ်။ ဒီဝေဒနာထဲမှာ စိတ်ကို ထည့်ထားလိုက်ဖို့ပဲ။ ဝေဒနာထဲမှာ စိတ်ရောက်နေတဲ့အခါမှာ ဝေဒနာဟာ အခြေအနေကိုလိုက်ပြီးတော့ အမျိုးမျိုးအဖုံဖုံ ပြောင်းလဲနေတယ်ဆိုတာကို သူ့အလိုလို သိလာလိမ့်မယ်။
ပထမမှာတော့ ဒူးမှာနာတယ်၊ ခါးမှာနာတယ်လို့ ဒီလို ထင်တတ်တယ်။ သတိ,သမာဓိ အင်မတန်အားကောင်းလာတဲ့ အခါမှာ ဒူးဆိုတာတွေ ခါးဆိုတာတွေဟာ ပျောက်သွားတယ်။ နေရာလည်း မရှိတော့ဘူး။ ပုံသဏ္ဍန်လည်း မရှိတော့ဘူး။ နာတဲ့ သဘောလေးကိုပဲ သိနေတော့တယ်။
များသောအားဖြင့် ဝေဒနာလို့ပြောရင် ဒုက္ခဝေဒနာကိုပဲ စိတ်က ချက်ခြင်းရောက်သွားတတ်ကြတယ်။ ဒုက္ခဝေဒနာ မရှိတဲ့အခါမှာလည်းပဲ သုခဝေဒနာဖြစ်ဖြစ် ဥပေက္ခာဝေဒနာ ဖြစ်ဖြစ် တစ်ခုခုကတော့ ရှိနေမယ်။ အဲဒီရှိနေတဲ့ ဝေဒနာသဘောကိုလည်း သေချာသတိလေးနဲ့ ကြည့်ပြီးတော့ သိနေပါ။
သဏ္ဍန် မရှိရဘူးနော်။ တကယ် ပရမတ်ကိုကြည့်တဲ့အခါမှာ ဘယ်နေရာဆိုတာလည်း မရှိတော့ဘူး။ ဘယ်ပုံသဏ္ဍန်ဆိုတာလည်း မရှိတော့ဘူး။ အဲဒီလို ပျောက်သွားတဲ့ အခါကျမှပဲ ပရမတ်ဖြစ်တဲ့ ဝေဒနာသဘောကို သိတယ်။
❒ သိနေတဲ့သဘောလေးကိုပြန်သိ
ဒီလိုနဲ့ပဲ ဆက်ပြီးတော့ ကြိုးစားသွားတဲ့အခါ စိတ်ထဲမှာ ဖြစ်တာတွေကိုလည်း သိနိုင်မြင်နိုင်တဲ့ သတိ သမာဓိ အားတွေ ရလာမှာပါ။ အဲဒီလိုရတဲ့အခါမှာ သိနေတဲ့သဘောလေးကိုလည်း ပြန်သိဖို့ အာရုံစိုက်ရမယ်နော်။ သိနေတဲ့သဘောလေးကို မသိသေးပဲနဲ့ မပြည့်စုံသေးဘူး။
ရုပ်မှာ တစ်ခုခုဖြစ်နေတယ်။ ဝေဒနာသဘောတွေ တစ်ခုခု ဖြစ်နေတာတွေကို သိတယ်။ အဲဒီသိနေတာကို ပြန်သိဖို့လိုတယ်။ သိနေတာကို ပြန်သိဖို့က ပိုပြီးသိမ်မွေ့တဲ့အတွက်ကြောင့် အစမှာ သူ့ကို ချက်ခြင်း မသိနိုင်သေးဘူး။
အစမှာ စိတ်မှာဖြစ်တာတွေကို ကြည့်ချင်လို့ရှိရင် စိတ်ထဲမှာ ပေါ်လာတဲ့အတွေးကို အရင်ဆုံး စကြည့်ရတယ်။ အတွေးဟာ ပိုပြီးတော့ ကြမ်းတမ်းတယ်။ ထင်ရှားတယ်။ တစ်ခုခုအကြောင်းကို တွေးတယ်ဆိုရင် စိတ်ထဲမှာ စကားလုံးလေးတွေ တစ်လုံးပြီး တစ်လုံး ပေါ်ပေါ်သွားတာကို သေချာအာရုံစိုက်ပြီး ကြည့်ရမယ်။ နားထောင်ရမယ်။
အာရုံစိုက်ပြီး ကြည့်ပါများလို့ရှိရင် အတွေးတွေဟာ တဖြည်းဖြည်း နှေးသလို ဖြစ်သွားတယ်။ ကျဲသလို ဖြစ်သွားတယ်။ တစ်ခါတလေ အတွေးမရှိတာကို သတိထားမိလာမယ်။ အတွေး မရှိတော့တဲ့အခါမှာ စိတ်ထဲမှာ တိတ်နေတယ်။ အဲဒီ တိတ်နေတာကို နားထောင်ပါ။
တိတ်နေတယ်။ အေးချမ်းနေတယ်။ ပေါ့နေတယ်။ လေးလံတာ ပင်ပန်းတာ မရှိဘူး။ ကြည်နေတယ်၊ နောက်မနေဘူး။ စိတ်နောက်တယ်ဆိုတာ အတွေးတွေ များနေလို့ပါ။ ရှင်းနေ တယ်။ ရှုပ်မနေဘူး။ စိတ်ရှုပ်တယ်ဆိုတာလည်း အတွေးတွေ ရှုပ်တာပါ။ စိတ်ရှင်းချင်ရင် အတွေးတွေကို မြင်အောင် ကြည့်ပါ။ သေသေချာချာ မြင်ရင် အတွေးနည်းသွားမယ်။
တကယ် ပစ္စုပ္ပန်တည့်တည့်မြင်ရင် အတွေးရပ်သွားမယ်။ ရပ်သွားတာကို သိဖို့လိုတယ်။ အဲဒီအခါမှာ သိနေတယ် ဆိုတာကို သိနေပါ။ သိနေတာကို သိနေတယ်။ သတိအား ကောင်းလာတဲ့အခါ သိနေတာကို သိနေပြီးတော့ အချိန်ကြာကြာ နေလို့ရလာမယ်။
အတွေးတစ်ခုဝင်လာတာနဲ့ ချက်ချင်း သိနိုင်မယ်။ အတွေးဟာ ငါလုပ်နေတာ မဟုတ်ဘူး ဆိုတာ ရှင်းရှင်းလင်းလင်း မြင်မယ်။
အတွေးတွေကို ကြည့်နေတာလည်း တရားအားထုတ်နေတာပါပဲ။ အတွေးကို သိဖို့၊ အတွေးကို နားလည်ဖို့ သိပ်အရေးကြီးတယ်။
🖋️ ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)
📖 မသိရင်ခက်မယ်
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်

image