Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဒီစာအုပ်လေး ဖတ်ပြီးပြီလား။ (book review)
“ပုံပြင်ဆုံးအောင် နားထောင်မှာလား”
ဒီစာအုပ်ကို ဆရာမောင်သာချိုက ရေးတာပါ။ တစ်ရာဖိုး သုံးပုဒ်တွေထက်တော့ အပုံကြီးသာတာပေါ့နော်။ အခုတလော ဆရာမောင်သာချိုရဲ့ စာအုပ်လေးတွေကို သဘောကျပြီး ဖတ်မိတယ်။ ဒီ စာအုပ်လေးက ၂၀၂၄ ဒီဇင်ဘာမှာ ထွက်တာဆိုတော့ သိတ်မကြာသေးဘူးပေါ့။
ထူးခြားချက်လေး ပြောပြဦးမယ်။ တခြားစာအုပ်တွေနဲ့ မတူတာက ဒီစာအုပ်ရဲ့ အကြောင်းလေးပါ။ အချစ်အကြောင်း၊ သည်းထိတ်ရင်ဖို၊ လူသတ်၊ သရဲ၊ သမိုင်း အစရှိတဲ့ အကြောင်းတွေမဟုတ်ဘဲ “storytelling” အကြောင်းကိုရေးထားတာပါ။
မြန်မာစာအုပ်တွေထဲမှာ storytelling, story writing အကြောင်းတွေကို လူထုဒေါ်အမာ၊ လူထုဦးလှတို့ လူထုစာအုပ်တိုက်တွေက လွဲရင် ကျန်တဲ့သူတွေရေးတာ သိတ်မဖတ်ဖူးသေးဘူး။ မြန်မာနိုင်ငံမှာ storytelling ကို စိတ်ဝင်စားတဲ့လူငယ်နဲ့ storyteller အဖွဲ့လေးတွေရှိတာကိုလည်း သဘောကျမိတယ်။ တကယ်လည်း third story က လုပ်နေတဲ့ အစီအစဉ်လေးတွေရှိတယ်။
“storytelling”အကြောင်းကိုမှ ဝတ္ထုတိုနောက်ခံလေးနဲ့ ရေးထားတော့ စိတ်ထဲပိုရောက်တာပေါ့။ ဒီစာအုပ်လေးကို ပုံပြောခြင်း၊ ပုံပြင်စာအုပ်ဖတ်ပြခြင်းဆိုတဲ့ third story က ထုတ်ထားတဲ့ စာအုပ်လေးနဲ့ တွဲဖတ်ရင်တော့ ပနံသင့်တာပေါ့။
ကျန်းမာရေးအတွက် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းကောင်းတစ်ခုကို ပြောပြပေးချင်ပါတယ်။ အသက် ၅၀ နဲ့အထက်လူတွေ လက်မလွှတ်သင့်တဲ့ နည်းလမ်းဖြစ်ပါတယ်။
နေ့စဉ် မနက်ခင်းတိုင်း ကြက်ဥတစ်လုံးနဲ့ ကြက်သွန်ဖြူ ၂ မြွှာ စားပါ။ ဒါဟာ ရိုးရှင်းပေမယ့် ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အစားအစာတစ်ခုပါပဲ။
* ကြက်ဥ - ဦးနှောက်၊ မျက်လုံး၊ အရိုးနဲ့ ကြွက်သားတွေကို သန်မာစေပါတယ်။
* ကြက်သွန်ဖြူ - ခန္ဓာကိုယ်ထဲက အဆီ၊ သွေးဖိအားနဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။
ဒီနှစ်ခုကို ပေါင်းစပ်စားသုံးရင် အကျိုးကျေးဇူးတွေ ပိုမိုရရှိစေပါတယ်။ အထူးသဖြင့် အသက် ၅၀ နဲ့အထက်လူတွေမှာ ဖြစ်တတ်တဲ့ နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ ကိုယ်ခံအားနည်းခြင်းစတဲ့ ပြဿနာတွေကို လျှော့ချပေးနိုင်ပါတယ်။
သတိပြုရန် - အသည်းရောဂါ၊ ကျောက်ကပ်ရောဂါရှိသူတွေနဲ့ သွေးကျဲဆေးသောက်နေသူတွေကတော့ ဒီနည်းလမ်းကို အသုံးမပြုခင် ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်သင့်ပါတယ်။
လေးဘက်နာကို ယူပစ်သလိုပျောက်ကင်းစေတဲ့ ဖုန်းမသိမ်ပင်
============
ပုံပါ ဖုန်းမသိမ်အပင်ရဲ့အရွက်ကို ပြုတ်ပြီး ရေချိုးသလို ချိုးပေးယုံပါဘဲ။ ထိုအရွက်ပြုတ်ရေနဲ့ချိုး လျှင် ဆပ်ပြာ လုံးဝ မတိုက်ရပါ။ ချိုးနေရင်းနဲ့ မိနစ်အနည်းငယ် ကြာလာလျှင် လည်ချောင်းမှ နာလာသလို ခံစားရပြီး ပါးစပ်ကနေ အခါးဓာတ်များ ထွက်လာပါတယ်။ အဲဒီလို တပတ်လောက် တနေ့တစ်ကြိမ် ပြုတ်ပြီးချိုးပေးယုံဖြင့် လေးဘက်နာ ရောဂါကို ဧကန်သက်သာကြောင်း ဆေးပင်နှင့်အတူ မျှဝေလိုက်ပါတယ်။ အပင်ရဲ့ အမည်ကတော့ ဖုန်းမသိမ်ပင် ဖုန်းမသိမ်ရွက်ဟု ခေါ်ဆိုပါတယ်။ ဒေသအလိုက် အခေါ်ဝေါ် ကွဲလွဲနိုင်ပါတယ်။