၂၀၁၆ ခုနှစ်၊ ဇူလိုင်လတုန်းက ရောမမြို့မှာနေထိုင်တဲ့ အသက် ၈၇ နှစ်အရွယ် အမျိုးသမီးကြီး ဂျော်ဇက်ဖီနာ (Giuseppina) ဟာ သူမရဲ့ အိမ်မှာ တစ်ဦးတည်း အထီးကျန်နေခဲ့ပါတယ် အဲဒီအချိန်ဟာ ပူပြင်းတဲ့ နွေရာသီကာလဖြစ်ပြီး သူမရဲ့အိမ်နီးချင်းတွေကလည်း အားလပ်ရက် အနားယူဖို့ မြို့ပြင်ကို ထွက်ခွာသွားကြပါတယ် ဂျော်ဇက်ဖီနာဟာ အိမ်မှာ တစ်ယောက်တည်း ကျန်နေခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ အထီးကျန်မှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပါတယ်
ဒီလိုမျိုး စိတ်အခြေအနေနဲ့ ရောဂါဝေဒနာတစ်ခုခု ခံစားနေရသလားဆိုတာကို စစ်ဆေးပေးဖို့ ရဲဌာနကို သူမ ဖုန်းဆက်ခဲ့ပါတယ် ဖုန်းကို လက်ခံရရှိတဲ့ ရဲအရာရှိနှစ်ဦးဖြစ်တဲ့ အန်ဒရီအာ (Andrea) နဲ့ အလက်ဆန်ဒရို (Alessandro) တို့ဟာ သူမရဲ့ ဖုန်းခေါ်ဆိုမှုကို အလေးအနက်ထား ဆောင်ရွက်ခဲ့ပါတယ်
သူမရဲ့အိမ်ကို ရောက်သွားတဲ့အခါမှာတော့ ဂျော်ဇက်ဖီနာ ဟာ စားပွဲမှာ တစ်ယောက်တည်းထိုင်ပြီး ငိုနေတာကို တွေ့ခဲ့ကြပါတယ် သူမဟာ အသက်လည်းကြီးပြီး တစ်ယောက်တည်း အထီးကျန်နေတာကြောင့် အစားအစာလည်း မချက်နိုင်တော့ဘဲ ဆာလောင်နေတာကို တွေ့ခဲ့ရပါတယ်
ဒီလိုလူမှုရေးပြဿနာတွေကို ဖြေရှင်းဖို့ တာဝန်မရှိပေမယ့် ရဲအရာရှိနှစ်ဦးဟာ လူသားချင်း စာနာစိတ်နဲ့ သူမကို ကူညီဖို့ ဆုံးဖြတ်ခဲ့ပါတယ် သူတို့နှစ်ဦးဟာ မီးဖိုချောင်ထဲကို ဝင်ရောက်ပြီး အစားအသောက်တွေ ရှာဖွေခဲ့ပါတယ် ဂျော်ဇက်ဖီနာ ရဲ့ ပစ္စည်းတွေထဲမှာ ခရမ်းချဉ်သီးအနည်းငယ်၊ ဒိန်ခဲနဲ့ ခေါက်ဆွဲခြောက်တွေ တွေ့ရှိပြီးနောက်မှာတော့ သူမအတွက် ရိုးရှင်းပေမယ့် နွေးထွေးတဲ့ခံစားချက်ကိုပေးနိုင်ဖို့ ပါစတာ (pasta)ခေါက်ဆွဲတစ်ပန်းကန်ကို ချက်ပြုတ်ပေးခဲ့ပါတယ်
အစားအစာ ချက်ပြုတ်ပြီးတဲ့နောက် သူတို့ဟာ အာဏာပိုင်အဖြစ်သာမကဘဲ မိတ်ဆွေကောင်းတွေလို သူမနဲ့အတူ စားပွဲမှာ ထိုင်ပြီး စကားပြောပေးခဲ့ကြပါတယ်
ဒီအဖြစ်အပျက်ကို သူတို့ရဲ့ ရဲအရာရှိတစ်ဦးက ဓာတ်ပုံရိုက်ယူခဲ့ပါတယ် နောက်ပိုင်းမှာ ဒီဓာတ်ပုံနဲ့အတူ ဇာတ်လမ်းကို ရဲဌာနရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဝေမျှခဲ့ရာ ကမ္ဘာတစ်ဝန်းကလူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts
Credit to original