ပါဝင်ပစ္စည်းများ
-ကောက်ညင်းဆန်မှုန့်၃ခွက်(ဆန်ချိန်ခွက်)
-ဆန်မှုန့်၁ခွက်
-အုန်းနို့၂ဗူး
-ကြံသကာ ၃၀ ဂရမ် (ဂရမ်မသိရင် ကြံသကာရည်ကျဲဖျော်ဟင်းချက်ဇွန်း၃ဇွန်း)
-သကြား ၄ဇွန်း(ဟင်းချက်ဇွန်း)
-ထောပတ် ၃ဇွန်း(ဟင်းချက်ဇွန်း)
-ဆီ၂ ဇွန်း(ဟင်းချက်ဇွန်း)
-ဆား ၁ဇွန်း(စားပွဲတင်)
-ဘိန်းစေ့
ကောက်ညင်းနဲ့ဆန်မှုန့်ကိုရောကာရေဖျော်လိုက်ပါ။ ပြီရင် ဆားရောပါ။
ထမင်းပေါင်းအိုးထဲကို ထဲ့ပြီး ထမင်းချက်သလို ရေအမှတ်၃မှာထားပြီး ချက်လိုက်ပါ။( မွှေရတာ သက်သာအောင်)
ကျတ်သွားရင် ခပ်ပျစ်ပျစ်လေးဖြစ်နေတာတွေ့ရပါမယ်။
အဲဒီအခါမှမုန့်ကျိုမဲ့အိုးထဲကို ပြောင်းထဲ့ကာ အုန်းနို့၊ သကြားရောပါ။
ပြီရင် ဆားရောပါ။
ခနမွှေပြီး ကြံသကာရေ လောင်းထဲ့ပါ။ မီးကိုအနေတော်ထားလို့ရပါတယ်။အဆက်မပြတ်မွှေပါ။
မိနစ် ၃၀ – ၄၀ ကြားကျိုရင်းမှမုန့်ကျိုရေနီလာရင် ဘိန်းစေ့ များလောင်းထဲ့ကာဆီ၊ ထောပတ်ရောကာမွှေပါ။အဆက်မပြတ်မွှေပါ။
ဆီပြန်ကာပျစ်ခဲလာရင် ဟာလဝါရပါပြီ။
မုန့်ဘန်းထဲ ထဲ့အအေးခံထားပါ။
ဒီနေ့ညအအေးခံရင် နောက်တရက်မနက်မှာ အနေတော်ခပ်ပျစ်ပျစ် ပုသိမ်ဟာလဝါ ကိုစားသုံးလို့ရပါပြီ။
Credit:အိသက်
crd to original uploader
နောက်တနည်း
………………………
ပုသိမ်ဟာလဝါ
ပါဝင်ပစ္စည်း❤️❤️❤️
၁။ ကောက်ညှင်းမှုန့် ၁၅၀ဂရမ် ၂ထုပ်
၂။ ဆန်မှုန့် ၇၅ ဂရမ်
၃။အုန်းသီးခြောက်မှုန့် ဆန်ချိန်ခွက် ၁ခွက်
၄။သကြား ၂၀ ကျပ်သား
၅။ထောပတ် ၂ကျပ်ခွဲသား
၆။ဆီ၂ကျပ်ခွဲသား
၇။ဘိန်းစေ့ ၅ကျပ်သား
၈။ဆားလဘ္ဘက်ရည်ဇွန်း တဝက်
၉။ရေ ဆန်ချိန်ခွက် ၁ခွက်ခွဲ
ပြု့လုပ်ပုံ🏀🏀🏀
ဘိန်းစေ့ကို မွှေးလာအောင် မီးအေးအေးနဲ့ လှော်ပါ။ကျက်လျှင် အအေးခံထားပါ။
ဇလုံတစ်လုံးထဲကို ကောက်ညှင်းမှုန့် ၊ဆန်မှုန့် ၊ဆား ၊ သကြား သမအောင်အရင်မွှေပါ။ ပြီးလျှင် အုန်းသီးမှုန့် ၊ရေ အားလုံး ရောမွှေပါ။
မုန့်ကကပ်ရင် ထိုးရတာ အဆင်မပြေလို့ မကပ်တဲ့အိုးကို အသုံးပြု့ပေးပါ။ ဒယ်အိုးထဲကို ထောပတ်ထည့် ထောပတ်ပျော်လာရင် မုန့်အနှစ်ထည့်ပြီး မီးကိုအလယ်အလတ်ထားပြီး နာရီလက်တံအတိုင်းမွှေပြီး ဘိန်းစေ့ရယ် ဆီရယ် ထည့်ရင်းမွှေရင်း ၁နာရီကျော်ထိ ရေမကျန် ဆီထွက်လာတဲ့အထိထိုးပါ။ ရေမကျန်မှ မာမာလေးနဲ့ လှီးစားလို့ကောင်းတာပါနော်။
ရေမကျန်ဆီထွက်လာရင် အအေးခံပြီး အရန်သင့်လှီးစားလို့ ရပါပြီရှင်။ ဆီ ၊ ထောပတ်ဆီကို လိုတိုးပိုလျှော့ မိမိနှစ်သက်သလို သုံးလို့ရပါတယ်။ ကျမကတော့ ဆီများရင်အီလို့ လျှော့သုံးထားပါတယ်ရှင်။ ဘိန်းစေ့သန့်ရင် မုန့်ကပိုလှမှာပါ။ ခုက ဘိန်းစေ့က ကြာနေလို့ မလှဘူးဖြစ်နေတာပါနော်။အားလုံးပဲ အဆင်ပြေ စားကောင်းကြပါစေရှင်။
crd to original uploader

image
42 w - Translate

pointed heels supremacy >>>

image
42 w - Translate

မင်္ဂလာပါရှင် ဒီနေ့အရင်က review လေးတစ်ခုကို sharing လုပ်ပေးချင်ပါတယ်။
Lavender ပန်းခင်းကြီးထဲကို စာမျက်နှာတွေကြားထဲကခရီးထွက်ကြည့်ရအောင်📖🌿
ရှင်သန်နေချိန်ဘဝတိုတိုလေးမှာ လူတစ်ယောက်ကိုချစ်မြတ်နိုးဖို့ တိုက်ထန်တယ်မဟုတ်လား။
လူတစ်ယောက်ကိုချစ်လျက်နဲ့ နှလုံးသားရဲ့ခံစားချက်နောက်မလိုက်ဘဲ ဦးနှောက်ရဲ့ဆုံးဖြတ်ချက်နဲ့ အဝေးရောက်အောင် တွန့်ထုတ်ခဲ့လို့နောင်တရခဲ့ဖူးပါသလား။
ကလေးတစ်ယောက်ကို အသက်၇နှစ်အတွင်း ကောင်းမွန်စွာ ပြုစုစောင့်ရှောက်မှုမလုပ်နိုင်ရင် ထိုကလေးကို ဖေးမပြုပြင်လို့မရဘူးဆိုတာ ဖြစ်နိုင်ပါရဲ့လား။
စိတ်ပညာစာတမ်းပြုစုသူမိခင်ဆရာမရဲ့အုပ်ထိန်းမှုအောက်မှာကြီးပြင်းလာတဲ့ ကောင်မလေး၊ မိခင်ရဲ့တပည့်ဖြစ်တဲ့ ဘုန်းကြီးကျောင်းက ကောင်လေးကိုသံယောဇဉ် တွယ်မိရာမှ ဖေးမကူညီရင်း လေတံခွန်လို အမြင့်ဆုံးကိုရောက်အောင်ပျိုးထောင်ပေးသူ အင်ကြင်းဝေ။
ကိုယ့်အပေါ်ဂရုစိုက်ယုယပေးတဲ့သူကိုတွယ်တာမိတဲ့‌ကောင်လေး၊ကိုယ့်ကိုလိမ္မာရေးခြားရှိလာအောင်ဖေးမကြင်နာပေးတဲ့မမကို ချစ်မေတ္တာသက်ဝင်လာအခါ မမမြတ်နိုးတဲ့လာဗင်ဒါပန်းလေးတွေကြောင့် ရနံ့ကုထုံးပညာရှင်ဖြစ်လာခဲ့သူ မောင်သက်ဝေ။
ငယ်ငယ်ကဖြစ်တည်လာတဲ့မောင်နဲ့မမကြားကချစ်မေတ္တာဇာတ်လမ်း‌လေးကနီးစပ်နိုင်ပါ့မလား၊
စိတ်ကူးပုံဖော်မှုအားကောင်းတဲ့ကလေးအကြောင်း၊ပြင်သစ်နိုင်ငံရဲ့အလှအပ၊နေရာတွေနဲ့စွဲမက်ဖွယ်ကောင်းလှတဲ့ လာ‌ဗင်ဒါပန်းရနံ့လေးနှင့် ပန်းခင်းကြီးထဲရောက်ရှိသွားသလိုခံစားရမှာဖြစ်ပါတယ်။
ချစ်ခြင်းမေတ္တာ၊အလွမ်း၊အဆွေး၊အသိပညာတွေကို ဆွေးဆွေးလေးနဲ့ ရသမျိုးစုံခံစားရအောင်ရေးဖွဲ့ထားတာမလို့ ဖတ်ကြည့်သင့်တဲ့စာအုပ်လေးဖြစ်ပါတယ်။
အချစ်ထက် မေတ္တာတရားကပို၍နက်ရှိုင်းနေတဲ့အခါမှာ ‌မမနဲ့မောင်ဟာ ဆုံစည်းနိုင်ပါ့မလား။
" ချစ်ခြင်းမေတ္တာတွေနဲ့
လွှမ်းခြုံပေးလိုက်ပြီမို့
တစ်နှစ်ပတ်လုံး
ဘေးရန်မသီမခ
နွေးထွေးစွာနေပါစေ "💌။
အမှားပါရင်နားလည်ခွင့်လွှတ်ပေးကြပါ။
Review by Helena
#ဂျူး
#ဆုံနေရက်နဲ့လွမ်းလေခြင်း
#allinbookhelenasharing
#books #review #bookrecommendations
Pinterest

image
42 w - Translate

မေ့နေကြပြိီးလား အချစ်တို့ရေ..
celenewmyanmar

image
42 w - Translate

မေ့နေကြပြိီးလား အချစ်တို့ရေ..
celenewmyanmar

image
42 w - Translate

မေ့နေကြပြိီးလား အချစ်တို့ရေ..
celenewmyanmar

image
42 w - Translate

မေ့နေကြပြိီးလား အချစ်တို့ရေ..
celenewmyanmar

image
image
image
42 w - Translate

သဘာဝ မိုးကုတ် ပတ္တမြား
အရည်လှ တချက်ညှိ ထွား
၂.၆ ကလပ်

image
42 w - Translate

သဘာဝ မိုးကုတ် ပတ္တမြား
အရည်လှ တချက်ညှိ ထွား
၂.၆ ကလပ်

image
42 w - Translate

သဘာဝ မိုးကုတ် ပတ္တမြား
အရည်လှ တချက်ညှိ ထွား
၂.၆ ကလပ်

imageimage