ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ငံပြာရည် ချက်....
ပါဝင်ပစ္စည်း များ.....
ငါးငံပြာရည် အချို.အကြမ်းပန်းကန်တစ်လုံး...
ပုဇွန်ခြောက်မူန့် ထမင်းစားဇွန်း နှစ်ဇွန်း...
ငရုတ်သီး အကြမ်းဖတ်.ထမင်းစားဇွန်း တစ်ဇွန်းခွဲ.. ...
ဆနွင်း မုန့်အနည်းငယ်
ဆီအနည်းငယ် .. ..အချိုမူန့်အနည်းငယ်.(မထည့်လည်းရသည်....)
ကြက်နီဥအလတ်နှစ်လုံး ပါးပါးလှီးထား.. ..
ကြက်ဖြူသုံးမွှာကို ပါးပါးလှီးထား.. .
ရေအကြမ်းပန်းကန်နှစ်ခွက်....တို့လိုအပ်တယ်....
ချက်နည်း.. ....
ချက်မဲ့အိုးထဲမှာ အရင်ဆုံးဆီပူအောင်တည်.ပူလာရင်ကြက်နီ
ဖြူပါးပါးလှီးထားတာထည့်ဆီသတ်.ဆနွင့်းမူန့် ထည့်.မတူးစေနဲ့..အနံ့မွေးရင် ပုဇွန် ခြောက်မူန့်ထည့်ပြီး
ဆက်ကြော်မယ်..ပုဇွန်ခြောက်အနံ့မွှေးရင်ငရုတ်သီးအကြမ်း
ဖတ်ထည့်ကြော်..ငရုတ်သီးအနံ့အစိမ်းနံပျောက်ပီးမွှေးရင်
ငံပြာရည် ထည့် ရေထည့်မယ်...ဒီနေရာမှာဘာလို့ငံပြာရည်
တခွက်ရေနှစ်ခွက်ထည့်ခိုင်းရသလဲဆိုတော့..ငံပြာရည် ချည်း
ပဲထည့်ပြီးရေမထည့်ရင်အရမ်းငံပြီးစားမရ...ရေထည့်တာများရင်လည်းပေါ့ရွှတ်ရွှတ်နဲ့မကောင်း...သူ့အချိုးက.ငံပြာရည် တစ်ခွက်ရေတခွက်ဆတူရောရင်အပေါ့အငန်အတော်ပဲ..နှစ်ခွက်ထည့်ခိုင်းတာ.ငံပြာရည်အစိမ်းနံ့ပျောက်ဖို့ဆက်တည်ရ
အုံးမယ်လေ..ရေတခွက်လောက်ပိုမထည့်ရင်ရေခမ်းကုန်ပီး
ငန်သွားမယ်..ဒါကြောင့်တခွက်ပိုထည့်ခိုင်းတာပါ....ရေတခွက်စာလောက်ခမ်းသွားတဲ့အချိန်ဆိုမီးပိတ်ပီးအိုးချလိုက်တော့
အပေါ့အငန်အတော်ပဲ...အချိုမူန့်ကတော့ကြိုက်ရင်အနည်း
ငယ်ထည့်နိုင်ပါတယ်....
Credit to လိူင် လိူင်
ဟင်းချက်နည်းကောင်းများလေ့လာရန် pageကို like & follow လုပ်ထားပါ။