ကြက်သားမဆလာထမင်းကြော်
---------------------------------------
ပါဝင်ပစ္စည်းများ
• ကြက်သား - ၁၅၀ ဂရမ်
• ထမင်း - ၁ ပွဲ
• ခရမ်းချဉ်သီး - ၂ လုံး (အနေတော်လှီးပါ)
• ငရုတ်သီးစိမ်း - ၅ တောင့်ခန့် (ထက်ခြမ်းခြမ်းပါ)
• ကြက်သွန်ဖြူ - ၅ မြွှာ (ဓားပြားရိုက်ပါ)
• ကြက်သွန်နီ - ၁ လုံး (နုပ်နုပ်စဉ်းပါ)
• ကြက်သွန်မြိတ် - အနည်းငယ် (ပါးပါးလှီးပါ)
• ဆီ - စားပွဲဇွန်း ၅ ဇွန်း
• ဆား - အနည်းငယ်
• သကြား - အနည်းငယ်
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
• မဆလာ - စားပွဲဇွန်း ၂ ဇွန်း
• နနွင်းမှုန့် - အနည်းငယ်
• ကော်မှုန့် - စားပွဲဇွန်း ၁ ဇွန်း
• ကြက်ဥ - ၁ လုံး
• ငံပြာရည် - အနည်းငယ်
• ငရုတ်အနှစ် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• မုန်လာဥနီ - ၅ ဂရမ် (အတုံးလေးများတုံးပါ)
ပြုလုပ်နည်း
၁။ ကြက်သားကို ပါးပါးလှီးပါ။ ပါးပါးလှီးထားတဲ့ ကြက်သားကို ဆား၊ သကြား၊ ငရုတ် ကောင်းမှုန့်၊ နနွင်းမှုန့်၊ မဆလာ၊ ဆီနှင့် ကော်မှုန့် အနည်းငယ် ထည့်ပြီး အရသာနယ်ပါ။
၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။
၃။ ဆီပူလာလျှင် ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ဆီသတ်ပါ။
၄။ အနံ့မွှေးလာလျှင် ငရုတ်အနှစ်ထည့်ပါ။
၅။ ခရမ်းချဉ်သီးကို အနှစ်ရသည်အထိ ထည့်နှပ်ပါ။
၆။ မဆလာ၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်နှင့် ငံပြာရည်တို့ကို ထည့်ပါ။
၇။ ရေအနည်းငယ်ထည့်ပါ။
၈။ အရသာနယ်ထားတဲ့ ကြက်သားထည့်ပါ။
၉။ နုပ်နုပ်စဉ်းထားတဲ့ မုန်လာဥနီနှင့် ထက်ခြမ်းခြမ်းထားတဲ့ ငရုတ်သီးကိုထည့်ပါ။
၁၀။ ကြက်ဥ ၁ လုံးကို ထည့်ကြော်ပါ။
၁၁။ ထမင်းထည့်ပြီး ကြော်ပါ။
၁၂။ ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်နှင့် မဆလာကို ဖြူးပြီး ထည့်ပါ။
၁၃။ အနံ့၊ အရသာ ပြည့်စုံလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။
---------------------------------
Crd.
Eant Wint Htut
ဟင်းချက်နည်းကောင်းများလေ့လာရန် pageကို like & follow လုပ်ထားပါ။



