Gong Xi Fa Chai🧧🫴🏻

#funny

image
14 w - Translate

ကမ္ဘာ့အကြီးဆုံး ဝေလငါးအပြာကြီးများအကြောင်း (Blue Whale)
ဝေလငါးအပြာကြီးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးသတ္တဝါဖြစ်ပြီး၊ သမိုင်းတစ်လျှောက် ရှိခဲ့ဖူးသမျှ သတ္တဝါတွေထဲမှာလည်း အကြီးဆုံးဖြစ်ပါတယ်။ ဝေလငါးအပြာကြီးတစ်ကောင်ဟာ အလျား ၁၀၀ ပေ (၃၀ မီတာ) ကျော်အထိ ရှည်လျားနိုင်ပြီး၊ အလေးချိန်အားဖြင့် ၁၅၀ တန်ကျော် (၁၃၆,၀၀၀ ကီလိုဂရမ်) အထိ ရှိနိုင်ပါတယ်။
ဒီငါးတွေရဲ့ နှလုံးဟာ ကားတစ်စီးစာလောက် ကြီးမားပြီး၊ သူတို့ရဲ့သွေးကြောတွေထဲကို လူတစ်ယောက် လွယ်လွယ်ကူကူ ကူးသွားနိုင်ပါတယ်။ ဝေလငါးအပြာကြီးတွေဟာ ပင်လယ်ပြင်မှာ နေထိုင်ကြပြီး၊ သူတို့ရဲ့အစာက ပင်လယ်ထဲက သေးငယ်တဲ့ အန်ချိုတီးခေါ် ပိုးမွှားလေးတွေဖြစ်ပါတယ်။
ဝေလငါးအပြာကြီးတွေဟာ သူတို့ရဲ့အရွယ်အစားနဲ့ ဆန်းကြယ်မှုတွေကြောင့် လူသားတွေအတွက် အံ့ဩစရာကောင်းတဲ့ သတ္တဝါတွေဖြစ်ပါတယ်။
Knowledge
#timespectrum

image

လုပ်ခလစာအများကြီးလျှော့ယူပြီး ဆန်းတို့စ်ထံပြန်ဖို့ နေမာသဘောတူ

ဇန်နဝါရီ ၂၈

ဘရာဇီးလ်ကြယ်ပွင့် နေမာဟာ အယ်လ်ဟီလယ်အသင်းကနေ ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းထံ ပြန်လာနိုင်ဖို့ အတွက် လုပ်ခလစာ အများကြီးလျှော့ယူဖို့ သဘောတူညီခဲ့ပါတယ်။

နေမာဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို အဆုံးသတ်ပြီး ဒီလထဲမှာ ဆန်းတို့စ်အသင်းထံ ပြန်လာဖို့ စီစဉ်နေတာပါ။

၂၀၂၃ ခုနှစ် နွေရာသီက ပီအက်စ်ဂျီအသင်းကနေ အယ်လ်ဟီလယ်အသင်းထံ ပြောင်းခဲ့တဲ့ နေမာဟာ ဒဏ်ရာတွေ ကြောင့် ၁ နှစ်ခွဲအတွင်းမှာ ပြိုင်ပွဲစုံ ၇ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပါတယ်။

နေမာနဲ့ အယ်လ်ဟီလယ်အသင်းတို့ရဲ့ စာချုပ်ဟာ နောက်ဆုံး ၆ လထဲကို ရောက်ရှိနေတဲ့အတွက် ဘရာဇီးလ် ကစားသမားဟာ ဆန်းတို့စ်အသင်းထံ ပြန်လာဖို့ ဆော်ဒီကလပ်နဲ့ စာချုပ်ဖျက်သိမ်း ဒါမှမဟုတ် အငှားနဲ့ ထွက်ခွာ ရဖွယ်ရှိနေတာပါ။

Footmercato က နေမာဟာ ဆန်းတို့စ်အသင်းထံ အပြောင်းအရွှေ့ကို အဆင်ပြေစေဖို့အတွက် လုပ်ခလစာ အများကြီး လျှော့ယူဖို့ လက်ခံခဲ့ပေမယ့် အယ်လ်ဟီလယ်အသင်းမှာ သူ့ရဲ့စာချုပ် အခြေအနေက ပြောင်းရွှေ့မှုကို တားဆီးနိုင်တဲ့ တစ်ခုတည်းသော အချက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် အယ်လ်ဟီလယ်အသင်း နည်းပြက နေမာကို ဒီရာသီ ဆော်ဒီပရိုလိဂ် ပြိုင်ပွဲရဲ့ ဒုတိယရာသီဝက် လူစာရင်းထဲ ထည့်သွင်းမှာ မဟုတ်ဘူးလို့ အတည်ပြုထားတာပါ။

နေမာအနေနဲ့ အယ်လ်ဟီလယ်အသင်းမှာ ဆက်ရှိခဲ့ရင်လည်း အာရှချန်ပီယံလိဂ် ပြိုင်ပွဲမှာသာ ပါဝင်ကစားလို့ရမှာ ဖြစ်ပါတယ်။

အဲဒါကြောင့် နေမာရဲ့ ဆန်းတို့စ်အသင်းသို့ အပြောင်းအရွှေ့ဟာ မကြာခင် ရက်ပိုင်းအတွင်းမှာ ကြေညာလာဖွယ် ရှိနေတာပါ။

ပြီးခဲ့တဲ့ရာသီက ဘရာဇီးလ် စီးရီးဘီကို တန်းဆင်းခဲ့ရတဲ့ ဆန်းတို့စ်အသင်းဟာ ချန်ပီယံအဖြစ်နဲ့ ဒီရာသီ စီးရီးအေ ပြိုင်ပွဲထံ တန်းပြန်တက်နိုင်ခဲ့ပါတယ်။

ဆန်းတို့စ်အသင်းဟာ လက်ရှိအချိန်မှာ ၂၀၂၅ Campeonato Paulista ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေပြီး အုပ်စုတွင်းပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်ရရှိထားတာ ဖြစ်ပါတယ်။

Source: Goal

#ဘောလုံးသတင်းစုံ

image

ဇန်နဝါရီ ၂၈ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image

ဇန်နဝါရီ ၂၈ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

image

image
14 w - Translate

"အိမ်ထောင်ရေးကို ပျက်စီးစေနိုင်သော အဆိပ်သင့်ဆက်ဆံရေး"
"မိသားစု" ဆိုတာ ခင်ပွန်းသည်နဲ့ဇနီးသည်တို့ကအချစ်ကို အခြေခံပြီး တည်ဆောက်ဖန်တီးကြရတဲ့"အသိုက်အမြုံ" ဖြစ်ပါတယ်။ဒါကြောင့် "မိသားစု"တိုင်းဟာ "Heaven in Earth" ဖြစ်သင့်ပါတယ်။ဒါပေမဲ့ တခါတလေမှာ လောကဓံအနိမ့်အမြင့်/အတက်အကျတွေကြောင့်အိမ်ထောင်ရေးမှာ မုန်တိုင်းထန်တဲ့ အချိန်တွေရှိလာနိုင်ပြီးလင်နဲ့မယားဆက်ဆံရေးတွေဟာလည်း အဆိပ်သင့်နေသလို သာယာမှု ပျောက်ဆုံးရတဲ့ အချိန်တွေလည်း ရှိလာနိုင်ပါတယ်။ဒါကို ကာယကံရှင်ဖြစ်တဲ့ ဇနီးမောင်နှံတွေကိုယ်တိုင်ကတောင် မသိ အဆိပ်သင့်လို့ သင့်မှန်းတောင်သတိမမူမိဘဲ ဒီကာလတွေက ရှည်ကြာနေတာမျိုးလည်းဖြစ်လာနိုင်ပါတယ်။ဒါကြောင့် အိမ်ထောင်ရေးမှာ အဆိပ်သင့်နေတဲ့ ဆက်ဆံရေးတွေရဲ့ စရိုက်လက္ခဏာ(၇) ချက် ကတော့
(၁)ခင်ပွန်းသည်နဲ့ဇနီးသည်တို့က အပြန်အလှန်ပံ့ပိုးမှုမရှိကြခြင်း။
(၂)ဇနီးမောင်နှံနှစ်ယောက်လုံး self-care/self-love မရှိဘဲ ကိုယ့်ခံစားမှုအတိုင်း ပြုမူနေထိုင်ခြင်း။
(၃)ကိုယ်က မပြောင်းလဲချင်ဘဲ ကိုယ့်အိမ်ထောင်ဖက်ကပဲ ပြောင်းလဲလာဖို့ မျှော်လင့်နေခြင်း။
(၄)ကိုယ့်အိမ်ထောင်ဖက်ကို အမြဲသံသယဝင်နေခြင်း။(၅)ကိုယ့်အိမ်ထောင်ဖက်ရဲ့ အားနည်းချက်ကိုပဲ အပြစ်ရှာပြောနေခြင်း။
(၆)ကိုယ့်အိမ်ထောင်ရေးအကြောင်းကို အများရှေ့မှာ လုပ်ကြံဖန်တီးပြောဆိုတတ်ခြင်း။
(၇)လင်နဲ့မယား နှစ်ယောက်လုံး အပြန်အလှန် ဂရုမစိုက်ခြင်း/ဥပေက္ခာပြုနေခြင်း တို့ပဲဖြစ်ပါတယ်။
တစ်ကယ်လို့ ကိုယ့်အိမ်ထောင်ရေးမှာ ခုလို အပြုအမူနဲ့ ဆက်ဆံရေးတွေရှိနေပြီဆိုရင် အမြန်ဆုံး "အဆိပ်ဖြေဆေး" ရှာဖို့ လိုအပ်ပါတယ်။အဆိပ်သင့်နေတဲ့ ဆက်ဆံရေးတွေအတွက် အဆိပ်ဖြေဆေးတွေကတော့
(၁)ဇနီးမောင်နှံ အပြန်အလှန်တစ်ယာက်ရဲ့တစ်နေ့တာလုပ်ရှားမှုကို တစ်ယောက်နဲ့တစ်ယောက်အသိပေးခြင်း။
(၂)ဇနီးမောင်နှံတွေက ချစ်ခြင်းမေတ္တာအပြည့်နဲ့အပြန်အလှန် ပံ့ပိုးကူညီခြင်း။
(၃)ကိုယ့်မိသားစုကို ချစ်ရင် ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်စိတ်ကျန်းမာရေး ကို ဂရုစိုက်ခြင်း။
(၄)အိမ်ထောင်ရေးသာယာဖို့ ကိုယ်ကိုယ်တိုင်က စတင်ပြောင်းလဲနေထိုင်ခြင်း
(၅)အိမ်ထောင်ဖက်ရဲ့ အားသာချက်ကိုတွေကို အသိအမှတ်ပြုပေးခြင်း။
(၆)လင်နဲ့မယား အပြန်အလှန် ဂရုစိုက်ခြင်း/မေတ္တာပြ ခြင်း /နှစ်ယောက်အတူတူ quality time ရှိခြင်းတို့ပဲ ဖြစ်ပါတယ်ရှင်။
ညနေမိုး(ကလေး)
#nyanaymoe-Kalay
#jacob Sang
#moe&USA

Sweet Angel Bo shared a post  
14 w

14 w

ကလောမြို့ မှာချယ်ရီပန်းတွေနဲ့လှနေပြီနော်🌸

ဒီချိန်ကလောသွားလည်ရင်
မြင်ရမယ့်ချယ်ရီပန်း🌸

ချယ်ရီပန်း တွေရဲ့ ထူးခြားချက်ဟာ

တစ်ပင်လုံး အပွင့်ပွင့်တဲ့ အခါ
ရှိသမျှ အစိမ်းရောင်အရွက်အားလုံးဟာ မြေခပေးရသတဲ့ 🌸

imageimage
+4
Sweet Angel Bo shared a post  
14 w

14 w

ကလောမြို့ မှာချယ်ရီပန်းတွေနဲ့လှနေပြီနော်🌸

ဒီချိန်ကလောသွားလည်ရင်
မြင်ရမယ့်ချယ်ရီပန်း🌸

ချယ်ရီပန်း တွေရဲ့ ထူးခြားချက်ဟာ

တစ်ပင်လုံး အပွင့်ပွင့်တဲ့ အခါ
ရှိသမျှ အစိမ်းရောင်အရွက်အားလုံးဟာ မြေခပေးရသတဲ့ 🌸

imageimage
+4