image

Oven အသုံးပြုနည်း''
************************
Oven က မီးဖိုချောင်မှာ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတစ်ခု ဖြစ်လာပါတယ်။ တချို့က မိုင်ခရိုဝေ့ကို ကော်ဖီနွေးတာ၊ ဟင်းနွေးတာလောက်ပဲ အသုံးပြုတာ တွေ့ရပါတယ်။ Oven အမျိုးပေါ်မူတည်ပြီး
#grill(ကင်တာ)၊
#oven(အပေါ်မီး အောက်မီးဖုတ်တာ)၊
#defrost (အသားခဲဖျော်)၊
#steam(ပေါင်းတာ)၊
#stew(စတူး) စသည့်တို့ကို
အသုံးပြုလို့ရပါတယ်။
Oven တစ်ခုနဲ့ တစ်ခု အသုံးပြုနည်းက အနည်းငယ်တော့ ကွဲပြားပါတယ်။ ဒါကြောင့် Oven လို့ဆိုရာတွင် brand နံမည်တစ်ခုကို ဆိုလိုတာမဟုတ်ပဲ အားလုံးကို အကြမ်းပြင်း အသုံးပြုနည်းကို ဆိုလိုပါတယ်။ အရင်ဆုံး Ovenကို အသုံးမပြုခင် ဘယ်အချက် တွေကို ဆောင်ရမယ်၊ ရှောင်ကြဉ်ရမယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။
#သိသင့်တဲ့အချက်များ
(1)• ချက်ပြီသား အစားအသောက်တွေကို ပူနေတာမို့ Oven ထဲက ထုတ်တဲ့အခါ သတိထားပြီ အပူခံအ၀တ်(သို့)လက်အိတ်ဖြင့် ကိုင်တွယ်သင့်ပါတယ်။
(2)•Oven နဲ့ ချက်ပြီလျှင် ချက်ချင်း ထုတ်ဖို့ လိုပါတယ်။ ဘာလို့လည်း ဆိုတော့ Oven ထဲမှာ အပူချိန်ကျန်သေးတာမို့ အကျက်လွန်တာတို့ ဖြစ်စေနိုင်လို့ပါ။
(3)• Oven အတွင်း ထည့်သုံးတဲ့ ဖန်၊ ပလတ်စတစ် ဗူး၊ တွေကိုလည်း Oven အတွက် သီးသန့်ထုတ်ထားတဲ့ ဗူးတွေကိုသာ အသုံးသင့်ပါတယ်။
(4)• အကောင်းဆုံး အကြံပေးချင်တာကတော့ Oven အသုံးပြုစဉ်အတွင်း ခြေလှမ်း ၃-၄လှမ်းလောက် ခွာပြီး ရပ်နေသင့်ပါတယ်။ safety အတွက်ပါ။
#ရှောင်သင့်တဲ့ အချက်များ
(1)• Oven ကို ဖွင့်၊ ပိတ် ပြုလုပ်တဲ့အခါမှာ ကြမ်းကြမ်းတမ်းတမ်း ပြုလုပ်ခြင်းကို ရှောင်ကြဉ်သင့်ပါ။
(2)• ဒယ်၊ မဖွင့်ရသေးတဲ့ စည်သွပ်ဗူး၊ လေးလံတဲ့ သတ္တုပစ္စည်းတွေကို Oven ထဲမထည့်ပါနဲ့။
(3)• စည်သွပ်ဗူး၊ အဖုံးပိတ်ထားသော ခရားတွေထည့်ပြီ အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
(4)• မီးလောင်စေနိုင်သည့် သတင်းစာ၊ အ၀တ်ခြောက်၊ စက္ကူထုတ်ဖြင့် ထည့်ထားသော အစားအသောက်များကို Oven ဖြင့်ချက်ပြုတ်ခြင်း မပြုသင့်ပါ။
(5)• ဆီများများတဲ့ကြော်တဲ့ အကြော်တွေကိုလည်း Oven နဲ့ အသုံးပြုဖို့ မသင့်တော်ပါဘူး။
(6)• ကြက်ဥကို အခွံနဲ့ပြုတ်တဲ့အခါမှာလည်း အပူချိန်များပြီ ကြက်ဥ ပေါက်ကွဲတတ်တာမို့ ရှောင်ကြည့်သင့်ပါတယ်။
(7)• အစိမ်းဖတ်၊ အက်စစ်ပါတဲ့ အရည်၊ စတီခွေတို့ဖြင့် Ovenကို သန့်စင်ခြင်းများ မပြုလုပ်သင့်ပါ။
(8)• Micro powder ကို အသုံးပြုစဉ် အသားအပူချိန်တိုင်းတဲ့ Thermometer ထည့်ပြီ အသုံးမပြုသင့်ပါဘူး။ ကင်တာ၊ မီးဖုတ်တာတို့တွေမှာတော့ အသားအပူချိန်တိုင်း Thermometer ကိုထည့်သုံးလို့ရပါတယ်။
(9)• ဟင်းချက်၊ ဟင်းနွေးတဲ့အခါ ချက်ရမယ့် အချိန်အတွင်းမှာပဲ ချက်သင့်ပါတယ်။ ပိုလွန်သော အပူချိန်ဖြင့် ချက်ခြင်းကို ရှောင်ကြဉ်ပါ။
(11)• Mircowave ကို အသုံးပြုတဲ့အခါ Mircowave ထဲမှာပါတဲ့ Roller Ring (လှည့်တဲ့ အပြား) and Glass Tray (မှန်ဗန်း) မပါဘူးပဲ အသုံးမပြုသင့်ပါဘူး။
(12)• ထို့ပြင် Oven ၀ယ်စဉ်ကပါတဲ့ ဗန်း၊ အပြားတွေကိုသာ အသုံးပြုသင့်ပါတယ်။ တခြား ဗန်း၊ အပြားတွေကို အစားထိုးခြင်းကို ရှောင်ကြည့်ပါ။
(13)• မှန်ဗန်းကို အသုံးပြုပြီ အအေးခံပြီမှ ရေဖြင့် ဆေးကြောပါ။ ပူနေစဉ်အတွင်း ရေနဲ့ ဆေးကြောခြင်းကို မပြုရပါ။
(14)• မိုင်ခရိုဝေ့ တံခါးကို ကွဲနေတဲ့အခါ ဖြစ်စေ၊ မပိတ်ပဲ ဖြစ်စေ အသုံးမပြုသင့်ပါဘူး။
************
Credit to original
Photo credit

32 w - Translate

Heels👠👠👠

image
32 w - Translate

အမှန်တကယ် အသက်တာပြောင်းလဲနိုင်တဲ့ life changing စာအုပ် 9 အုပ်✨
မင်မင်တို့ E-book All in One မှာ အတော်လေးအမှာများကြတဲ့ ဘဝအတွက် တစ်သက်သာပြောင်းလဲစေနိုင်သော စာအုပ်လေးတွေနဲ့ တစ်အုပ်ချင်းစီရဲ့ အညွှန်းလေးတွေကို အမြည်းဖတ်နိုင်ဖို့ ပြောပြလိုက်ရပါတယ်ရှင့်✨

image
32 w - Translate

စီစဉ်သူထိပ်လေးပါ🖤တခါတလေတော့လဲသူလုပ်ချင်တာလိုက်လုပ်ပေးရတာပေါ့😬
Make up&Hair AeAe
Credit

image
32 w - Translate

စီစဉ်သူထိပ်လေးပါ🖤တခါတလေတော့လဲသူလုပ်ချင်တာလိုက်လုပ်ပေးရတာပေါ့😬
Make up&Hair AeAe
Credit

image
32 w - Translate

စီစဉ်သူထိပ်လေးပါ🖤တခါတလေတော့လဲသူလုပ်ချင်တာလိုက်လုပ်ပေးရတာပေါ့😬
Make up&Hair AeAe
Credit

image
32 w - Translate

စီစဉ်သူထိပ်လေးပါ🖤တခါတလေတော့လဲသူလုပ်ချင်တာလိုက်လုပ်ပေးရတာပေါ့😬
Make up&Hair AeAe
Credit

image
32 w - Translate

စီစဉ်သူထိပ်လေးပါ🖤တခါတလေတော့လဲသူလုပ်ချင်တာလိုက်လုပ်ပေးရတာပေါ့😬
Make up&Hair AeAe
Credit

image
image
image
image

image