Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
10000mAh ဘက်ထရီ 320W charging နဲ့ realme ဖုန်း
ဘက်ထရီနဲ့ charging နည်းပညာမှာ realme က တော်တော်စွာတဲ့ဖုန်းပါ။
ကမ္ဘာ့အားသွင်းအမြန်ဆုံး realme GT3 ဖုန်းကို ထုတ်ထားတဲ့ ဒီကုမ္ပဏီက အခု နောက်ထပ် Charging စံချိန်သစ်ကို prototype ချပြလိုက်ပါတယ်။ realme က global launch လုပ်မယ့် realme GT 7 နဲ့အတူ အကြီးစား 10000mAh ဘက်ထရီနဲ့ အမြန်ဆုံး 320W charging ကို concept ဖုန်းအနေနဲ့ စမ်းပြသွားတာပါ။
10000mAh ဘက်ထရီက Ulefone လိုမျိုး Rugged ဖုန်းစီးရီးကလွဲရင် စမတ်ဖုန်းလောက်မှာ ဘက်ထရီ mAh အကြီးဆုံး သုံးတာလို့ ပြောနိုင်ပါတယ်။ realme ကို ချီးကျူးရမှာက ဒီလောက်ကြီးတဲ့ ဘက်ထရီသုံးတာတောင် ဖုန်းအထူကို 8.5mm အောက် ထားနိုင်ပြီး ဝိတ်လည်း 200g ကျော် ပုံမှန်ထိန်းနိုင်တာပါ။
realme ရဲ့ concept ဖုန်းက semi-transparent ဖြစ်တဲ့ back cover နဲ့ လာပြီး ultra-high silicon anode ဘက်ထရီ သုံးပါတယ်။ ဘက်ထရီမှာ ဆီလီကွန်အချိုး ၁၀% ပါတာ ဖြစ်လို့ စမတ်ဖုန်းလောကမှာ အမြင့်ဆုံးလို့ ပြောနိုင်ပါတယ်။ စွမ်းအင်သိပ်သည်းဆ 887Wh/L သုံးထားသလို ဘက်ထရီနေရာပိုထွက်ဖို့ ဖုန်း motherboard ကိုလည်း 23.4mm ပဲဖြစ်အောင် ချုံ့ထားနိုင်တယ်လို့ ဆိုပါတယ်။
အခုကတော့ နည်းပညာစမ်းပြတဲ့ prototype အဆင့်ပဲ ရှိသေးပြီး ဈေးကွက်ထဲ ဒီနည်းပညာသုံး realme ဖုန်းထုတ်ဖို့ သတင်းမကြားရသေးပါဘူး။
PC Version ထွက်ရှိလာတဲ့ Harmony OS ...
HUAWEI ရဲ့ခြေလှမ်းတွေက Trade War စပြီးနောက်ပိုင်းအတော်လေး သွက်လာတယ်လို့ပြောရမယ် အရင်က Harmony OS ကိုဖုန်းတွေမှာပဲ ထည့်ပေးရာကနေပြီး ခု၁ဆို PC Version ပါထွက်လာပြီဆိုတော့ အတော်ျလးလေးစားရမယ် cupcut တို့ WPS တိူ့ပါအေးဆေး သုံးလို့ရမယ့်အပြင် Laptop အပေါ်မှာ Performance ကောင်းကောင်း Frame အမြင့်တွေနဲ့ အသုံး ပြုနိုင်မယ်ဆိုတော့ မဆိုးဘူးရယ် လုံခြုံရေး စနစ်အနေနဲ့ လည်း Star Shield Security ပါထည့်ထားပေးသေးတယ်
Visual ပိုင်းဆိုလည်း Ark Engine ,ArkTS, ArkUI နဲ့ဆိုတော့ သွက်မယ်တော့ထင်ရတာပဲ ....
❝ဘုရားဂုဏ်တော် ၉-ပါး❞
❝အရဟံ ဂုဏ်တော်❞
ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူထိုက်တော်မူထိုက်သော မြတ်စွာဘုရား။ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုလုပ်တော်မမူသော မြတ်စွာဘုရား။
အရဟံဂုဏ်တော် (၅) ချက်-
၁။ အာရကတ္တာ- ကိလေသာတို့မှ ဝေးတော်မူသောကြောင့် အရဟမည်၏။
၂။ ပစ္စယာဒီနံ အရဟတ္ထာပိ- လူနတ်ဗြဟ္မာသုံးပါးတို့၏ ပစ္စည်းလေးပါး စသော ပူဇော်အထူးကို ခံထိုက်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၃။ နတ္ထိ ရဟော ဧတဿာတိ- ဆိတ်ကွယ်ရာ အရပ်၌ မကောင်းမှုပြုခြင်းသည် မရှိသောကြောင့် အရဟမည်၏။
၄။ အရီနံ ဟတတ္တာပိ- ကိလေသာ တည်းဟူသော ရန်သူကို သတ်အပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၅။ အရာနံ ဟတတ္တာပိ- သံသရာ စက်တို့ ၏အကန့်တို့ကို ဖျက်ဆီးအပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
❝သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်❞
တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသောမြတ်စွာဘုရား။
(အရာအားလုံးကို ကိုယ်ပိုင်ဉာဏ်စွမ်းဖြင့် အမှန်အတိုင်းသိမြင်တော်မူသော မြတ်စွာဘုရား။)
❝ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော်❞
ဝိဇ္ဇာဉာဏ် ၃-ပါး(၈ပါး)၊ စရဏ အကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊ အကြီးဆုံး ဝိဇ္ဇာနှင့် အကောင်းဆုံး အကျင့်ရှိသူဖြစ်တော်မူသောမြတ်စွာဘုရား။
ဝိဇ္ဇာဉာဏ် (၃) ပါး-
၁။ ပုဗ္ဗေနိဝါသဉာဏ်-ရှေးဘဝမှ နေခဲ့သော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ဉာဏ်။
၂။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏ မျက်စိကဲ့သို့ အပိတ်အပင် အတားအဆီးမရှိ မြင်နိုင်သော ဉာဏ်။
၃။ အာသဝက္ခယဉာဏ် - အာသဝေါတရား လေးပါးကို ကုန်စင်အောင် ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
ဝိဇ္ဇာဉာဏ် (၈) ပါး-
၁။ ဣဒ္ဓိဝိဓဉာဏ် - တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သောဉာဏ်။
၂။ မနောမယိဒ္ဓိဉာဏ် - စိတ်သွားတိုင်း ကိုယ်ပါနိုင်သောဉာဏ်။
၃။ ဒိဗ္ဗသောတဉာဏ် - နတ်တို့၏ နားကဲ့သို့ ကြားနိုင်သောဉာဏ်။
၄။ ပရစိတ္တဝိဇာနနဉာဏ် - သူတပါး၏စိတ်ကိုပိုင်းခြား၍သိနိုင်သောဉာဏ်။
၅။ ပုဗ္ဗေနိဝါသဉာဏ် - ရှေးရှေးသော ဘဝပေါင်းခြားများစွာက နေခဲ့ဘူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သောဉာဏ်။
၆။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏မျက်စိကဲ့သို့ မြင်နိုင်သောဉာဏ်။
၇။ ဝိပဿနာဉာဏ် - ဖြစ်ပေါ်သမျှသော သင်္ခါရတရားတို့ကို လက္ခဏာသုံးပါးတင်၍ ရှုမြင်ဆင်ခြင်နိုင်သောဉာဏ်။
၈။ အာသဝက္ခယဉာဏ် - အာသဝေါတရားလေးပါးကို ကုန်စင်အောင်ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
စရဏ အကျင့် ၁၅ ပါး-
၁။ သဒ်ဓါ
၂။ သတိ
၃။ ဟိရီ
၄။ ဩတ်တပ်ပ
၅။ ဝီရိယ
၆။ သုတ
၇။ ပညာ
၈။ ဘောဇနမတ္တညုတာ
၉။ ဇာဂရိယာနုယောဂ
၁၀။ သီလ
၁၁။ ဣန္ဒြိယသံဝရ
၁၂။ ပထမဈာန်
၁၃။ ဒုတိယဈာန်
၁၄။ တတိယဈာန်
၁၅။စတုတ္ထဈာန် တို့ကို စရဏတစ်ဆယ့်ငါးပါးဟု ခေါ်ဆိုသည်။
❝သုဂတော ဂုဏ်တော်❞
အကျိုးရှိသော ဟုတ်မှန်သောစကားကိုသာ ကောင်းစွာဆိုတတ်သောမြတ်စွာဘုရား။
❝လောကဝိဒူ ဂုဏ်တော်❞
သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက တည်းဟူသော လောကသုံးပါးကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။
❝အနုတ္တရော ပုရိသဓမ္မသာရထိ ဂုဏ်တော်❞
မယဉ်ကျေးသော ဆုံးမထိုက်သူတို့ကို
ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမရာ၌ အသာလွန်ဆုံးဖြစ်တော်မူသောမြတ်စွာဘုရား။
❝သတ္ထာဒေဝ မနုဿာနံ ဂုဏ်တော်❞ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။
❝ဗုဒ္ဓေါ ဂုဏ်တော်❞
သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူပြီးတစ်ပါးသူ တို့အားလည်း ဟောကြားညွှန်ပြနိုင်သောမြတ်စွာဘုရား။
၁။ ဒုက္ခသစ္စာ - ဒုက္ခဟူသော ဆင်းရဲခြင်းတရားသည် အမှန်တကယ်ရှိသည်။
၂။ သမုဒယသစ္စာ - သမုဒယသည် 'ဒုက္ခ'ကိုဖြစ်စေသော အကြောင်းအရင်း အမှန်ဖြစ်သည်။
၃။ နိရောဓသစ္စာ - ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည် အမှန်တကယ်ရှိသည်။
၄။ မဂ္ဂသစ္စာ - နိဗ္ဗာန်ကိုရရှိရန် နည်းလမ်းသည် မဂ္ဂင်ရှစ်ပါး အမှန်ပင်ဖြစ်သည်။
❝ဘဂဝါ ဂုဏ်တော်❞
ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံတော်မူခြင်း၊ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရား။
ဘုန်းတော်ခြောက်ပါး-
၁။ ဣဿရိယဘုန်းတော် - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား။
၂။ ဓမ္မဘုန်းတော် - မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၃။ ယသဘုန်းတော် - များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၄။ သိရီဘုန်းတော် - အတုမရှိသော ကျက်သရေတော် နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၅။ ကာမဘုန်းတော် - လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား။
၆။ ပယတ္တဘုန်းတော် - အတုမရှိသော လုံလဝီရိယနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဗုဒဓှံ သရဏံ ဂစဆှာမိ၊ ဓမမှံ သရဏံ ဂစဆှာမိ၊ သံဃံ သရဏံ ဂစဆှာမိ။
ဗုဒ္ဓံပူဇေမိ၊ ဓမ္မံပူဇေမိ၊ သံဃံပူဇေမိပါဘုရား။
သတ္တဝါအားလုံး ဘေးရန်ကင်းကြ ပါစေ။
၇ - ရက်သားသမီး အားလုံး
ကျန်းမာ၊ ချမ်းသာကြပါစေ။
ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။
အလုပ်အကိုင်လုပ်ငန်းများ အောင်မြင်တိုးတက်ကြပါစေ...
❝ပေးကမ်းမျှဝေကူညီနိုင်သော လက်ပိုင်ရှင်များ ဖြစ်ကြပါစေ။❞
❝ပေးကမ်းမျှဝေကူညီနိုင်သော လက်တစ်စုံပိုင်ရှင်ဖြစ်ရပါလို၏။❞
❝ရယူလို့ဖြစ်တဲ့ ပျော်ရွှင်ခြင်းထက် ပေးကမ်းမျှဝေကူညီနိုင်လို့ရတဲ့ ပျော်ရွှင်မှုက ပိုမိုပြီး ချမ်းမြေ့ပျော်ရွှင်ကြည်နူးပိတိဖြစ်ရပါတယ်။❞
နေ့စဉ်မိုးလေဝသသတင်း
------------------------
(၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
======================================
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အလယ်ပိုင်း တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်း နေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ ကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်း ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
#breakingnews
အမေရိကန်ရဟန်းအမတ်ရောဘတ်ပရက်ဗို့စ်ကိုပုပ်ရဟန်းမင်းကြီးသစ်အဖြစ်တင်မြှောက်၊ ပထမဆုံးအမေရိကန်ဖွားပုပ်ရဟန်းမင်းကြီးဖြစ်လာ
အမေရိကန်နိုင်ငံသားရောဘတ်ပရက်ဗို့စ်အား ၂၆၇ ဦးမြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် ဗာတီကန်ကရွေးကောက်တင်မြှောက်လိုက်ပြီးသမိုင်းတွင်ပထမဆုံးသောအမေရိကန်သားပုပ်ရဟန်းမင်းကြီးဖြစ်လာခဲ့သည်။
အမေရိကန်ပြည်ထောင်စု၏ ကာဒီနယ် ရောဘတ်ဖရန်စစ် ပရက်ဗို့စ်သည် ကမ္ဘာ့ ကက်သလစ်ဘာသာဝင် ၁ ဒသမ၄ ဘီလီယံ၏ ခေါင်းဆောင်သစ်အဖြစ် စိန့်ပီတာ၏ လေသာဆောင်သို့ ရောက်ရှိလာပြီဖြစ်သည်။
အီလီနွိုက်ပြည်နယ်၊ ချီကာဂိုမြို့မှ အသက် ၆၉ နှစ်အရွယ် ပရက်ဗို့စ် သည် အမေရိကန်နိုင်ငံမှ ပထမဆုံးသော ပုပ်ရ ဟန်းမင်းကြီးဖြစ်ပြီး၎င်းကို ပုပ်ရဟန်းမင်းကြီး လီယို-၁၄ အဖြစ်သတ်မှတ်မည်ဖြစ်သည်။
သတင်း-လင်းခေတ်
ကိုးကား- CNN