8 w - Translate

2022 KIA Stinger
အမေရိကန်၊ ဂျပန်၊ ဂျာမနီကားတွေဟာ ကားလောကမှာနေရာတစ်နေရာကိုရထားကြတယ်ဆိုပေမယ့် ကိုးရီးယားကားတွေကိုလည်း မေ့ထားလို့မရပါဘူး။ ကိုးရီးယားကားတွေဟာခုနောက်ပိုင်းမှာ အဆင့်အတန်းမြင့်လာပြီးတော့ Genesis G90 ဆိုရင် S-class / A8 / 7 Series တို့နဲ့ကို ရင်ဘောင်တန်းလာနိုင်ပါပြီ။ ကိုးရီးယားကားလို့ပြောလိုက်တာနဲ့ KIA နဲ့ Genesis က မပါမဖြစ်ပါပဲ။ ဒီနေ့ပြောပြပေးမှာကတော့ KIA ရဲ့ Top Sports Sedan တစ်စီးဖြစ်တဲ့ Stinger အကြောင်းပဲ ဖြစ်ပါတယ်။
KIA Stinger ကိုတော့ 2017 မှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး desgin ပိုင်းမှာတော့ ယနေ့အထိ သိသိသာသာ ပြောင်းလဲလာခြင်းမရှိသေးပါဘူး။ KIA မှာကလည်း Sports ကားဆိုလို့ Stinger လောက်သာရွေးချယ်စရာရှိပြီး A5 / 4 Series တို့ကို ယှဥ်ဖို့အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာလည်းဖြစ်ပါတယ်။ Genesis G70 ကို underpinning အနည်းငယ်လုပ်ထားပေမယ့် interior, large cargo space, hatchback liftgate တွေကတော့ KIA ရဲ့ vibe ကိုပဲရရှိစေမှာပါ။
အစပိုင်းမှာ GT Line, GT1, GT2 ဆိုပြီး trims သုံးမျိုးထုတ်လုပ်ခဲ့ပေမယ့် 2022 အစောပိုင်းမှာတော့ Scropion Edition ကို GT Elite trim အနေနဲ့ အသစ်ထပ်မံမိတ်ဆက်ခဲ့ပါတယ်။ Scorpion Edition ကတော့ Limited ဖြစ်ပြီးတော့ Canada မှာ 120 units နဲ့ US မှာ 250 units ပဲ ထုတ်လုပ်မှာဖြစ်ပါတယ်။ Trims အားလုံး 3.3 L twin-turbo V6 engine ကိုသုံးပေးထားမှာဖြစ်ပြီး performance အနေနဲ့ 368 Hp နဲ့ 376 lb-ft of torque ရရှိမှာပါ။ Eight-speed automatic transmations ဖြစ်ပြီး previous gen ထက် 3 Hp တိုးလာတာပဲ ဖြစ်ပါတယ်။ Top-speed 167 miles/hr ထိမောင်းနှင်နိုင်မှာဖြစ်ပြီး mpgs အနေနဲ့ မြို့တွင်းကို 18 miles နဲ့ highway ကို 27 miles အထိ မောင်းနှင်းနိုင်မှာပါ။ Sunroof ပါတဲ့အတွက် ကားရဲ့ weight ကတော့ 4000 pounds အထိ လေးမှာဖြစ်ပြီး length ကလည်း Audi A4 / BMW 3 series တို့ထက်ကို 3'' ပိုရှည်အုံးမှာပဲ ဖြစ်ပါတယ်။
ကားရဲ့အရှေ့ပိုင်း KIA badge ကတော့ K5 / Carnival တို့မှာကဲ့သို့ အသစ်ပြောင်းလဲသွားပြီ ဖြစ်ပြီး Stinger မှာတပ်ဆင်ပေးထားတဲ့ tiger nose grills တွေကလည်းမြင်လိုက်တာနဲ့ Stinger ဖြစ်တယ်ဆိုတာကို အလွယ်တကူ သိသာစေမှာပဲ ဖြစ်ပါတယ်။ ( BMW ရဲ့ Kidney grills တွေကိုမြင်ရင် BMW ဆိုတာ အလွယ်တကူသိသာစေသကဲ့သို့ ) 19'' wheels တွေကိုသုံးပေးထားမှာဖြစ်ပြီး sports ကားတစ်စီးဖြစ်တဲ့အတွက် spoiler ကိုတော့တပ်ဆင်ပေးထားမှာပဲ ဖြစ်ပါတယ်။ 5'' ရှိတဲ့ exhaust ပေါက် လေးခုပါဝင်မှာဖြစ်ပြီး မောင်းတဲ့ mode ပေါ်မူတည်ကာ exhaust သံ အတိုးအကျယ်ကွာခြားမှာပါ။ Sports ကားတစ်စီးအနေနဲ့ heat extractor hood vents တွေမတပ်ဆင်ပေးထားပဲ fake hood vents တွေကိုသာတပ်ဆင်ပေးထားတာကတော့ ဝမ်းနည်းဖို့ကောင်းပါတယ်။
Dashboard နဲ့ AC vents သုံးခုဟာဆိုရင်လည်း C-class ရဲ့ interior နဲ့ဆင်တူပြီး Ambient lights တွေသာပါရင်တော့ တကယ့် C-class ထဲဝင်လိုက်သလို feeling မျိုးကိုရရှိစေမှာ အသေအချာပါပဲ။ ယခင် model ကဲ့သို့ 8'' မဟုတ်တော့ဘဲ 10.3'' Apple CarPlay and Android Auto touch screen ကိုပြောင်းလဲတပ်ဆင်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ Smart, Eco, Comfort, Sport, Custom ဆိုပြီး mode ငါးခုသာပါဝင်မှာဖြစ်ပြီး Sport + mode တော့ပါဝင်မှာမဟုတ်ပါဘူး။ Wireless charger ပါဝင်မှာဖြစ်ပြီး Scorpion Edition မှာဆိုရင်တော့ Carbon fiber pattern တွေပါဝင်မှာပဲ ဖြစ်ပါတယ်။ Heated and Ventilated seats တွေဖြစ်ရုံသာမက Heated Steering wheel ဖြစ်ပြီးတော့ memory seat setting ကိုလည်း နှစ်မျိုးထိ ထားနိုင်မှာပဲ ​ဖြစ်ပါတယ်။
GT Line, GT1, GT2 တို့ကတော့ သိသိသာသာ ကွာခြားခြင်းမရှိပေမယ့် Scorpion Edition မှာတော့ latest safety နဲ့ convenience features တွေပါဝင်မှာပဲ ဖြစ်ပါတယ်။ အတွင်းခန်းကလည်း Black Nappa Leather seats တွေ ဖြစ်မယ့်အပြင် Black side mirror caps, Black fender garnish, Darkened exhaust tips တွေနဲ့ Carbon fiber pattern trims တွေကိုမြင်လိုက်တာနဲ့တင် Scorpion Edition ဖြစ်မှန်းအလွယ်တကူသိသာစေမှာပဲ ဖြစ်ပါတယ်။ အခြား trims တွေမှာ exterior color (၇) မျိုးရရှိမှာဖြစ်ပြီး Scorpion Edition မှာတော့ Snow White Pearl, Aurora Black, Ghost Grey ဆိုပြီး (၃) မျိုးရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

image

အပါးတစ်လိုင်း Galaxy S25 Edge ထွက်မယ့်ရက် ကြေညာ

Galaxy S25 စီးရီးထဲမှာ အခုထိ မိတ်မဆက်ရသေးတဲ့ S25 Edge က နောက်အပတ်ထဲ ထွက်လာတော့မှာပါ။

အပါးဆုံး Slim Model ဖြစ်တဲ့ Galaxy S25 Edge က ဒီနှစ်မှာ မြင်ရမယ့် iPhone 17 Air ကို ယှဉ်ဖိုက်မယ့် တန်းမြင့်ဖုန်း ဖြစ်လာပါလိမ့်မယ်။ iPhone 17 Air ရဲ့ rumors တွေအရတော့ ဒီဖုန်းက iPhone 16e လိုမျိုး နောက်ကင်မရာတစ်လုံးတည်း ပါပြီး ဒေါ်လာ ၉၀၀ လောက် ပေါက်ဈေး ရှိနိုင်ပါတယ်။

Galaxy S25 Edge ကတော့ iPhone 17 Air လို high-end နဲ့ low-end feature တွေ မျှသုံးထားတဲ့ ဖုန်းမျိုးမဟုတ်ဘဲ flagship level စွမ်းဆောင်ရည်နဲ့ သာလွန်တဲ့ အလွယ်တကူကိုင်တွယ်သယ်ယူနိုင်မှု ပေါင်းစပ်ထားတဲ့ ထုတ်ကုန်တစ်ခုလို ဦးတည်လာနိုင်ပါတယ်။

သတင်းတွေအရ S25 Edge မှာ Samsung ရဲ့ အမြင့်ဆုံးဖုန်း Galaxy S25 Ultra လိုမျိုး 200MP main Camera သုံးမယ်လို့လည်း ပြောနေပါတယ်။ ဒီဖုန်းရဲ့ specs နဲ့ ဈေးနှုန်းတွေကို လာမယ့်တနင်္လာနေ့မှာ Samsung အွန်လိုင်း Unpacked ပွဲမှာ ကြေညာသွားမှာပါ။

ဒေသစံတော်ချိန်ပေါ် လိုက်ပြီး ပွဲချိန်ကွာပါလိမ့်မယ်။ တောင်ကိုရီးယားမှာဆို မေလ ၁၃ ရက် မနက် ၉ နာရီ ၊ ကယ်လီဖိုးနီးယားမှာ မေလ ၁၂ ရက် ညနေ ၅ နာရီ ၊ လန်ဒန်မှာ မေလ ၁၃ ရက် မနက် ၁ နာရီနဲ့ အိန္ဒိယမှာ မေလ ၁၃ ရက် မနက် ၅ နာရီခွဲတွေမှာ ဖုန်းမိတ်ဆက်ပွဲကို တွေ့မြင်ရမှာပါ။

image
8 w - Translate

"ကျွန်တော် နည်းပြလောကထဲ ပြန်ဝင်ချင်သလို နည်းပြရင်လည်း ပရီးမီးယားလိဂ်လို လိဂ်မျိုးမှာ နည်းပြလုပ်ချင်ပါတယ်။ နှစ်ရှည်ပရောဂျက် ကောင်းကောင်းနဲ့ အချိန်ကြာကြာပေး တည်ဆောက်ရတဲ့ အလုပ်မျိုးလုပ်ချင်တာပါ။" 👀
🗣️ဇာဗီ

image
8 w - Translate

email အကြောင်းမပြန်မိလို့ Apple ကနေ အလုပ်ထုတ်ခံခဲ့ရသူ

ဆယ်ကျော်သက် ဟက်ကာတစ်ယောက်ဟာ iPhone တွေ hack နိုင်ခဲ့လို့ နာမည်ကြီးခဲ့ပြီး Apple မှာပါ အလုပ်ရခဲ့ဖူးပါတယ်။

နီကိုလတ်စ် အယ်လီဂရာကို ကမ္ဘာ့ဟက်ကာလောကမှာ Comex လို့ လူသိများပါတယ်။ အသက် ၁၈ နှစ်အရွယ်မှာတင် iPhone တွေ အလွယ်ကလေး jailbreak ဖောက်နိုင်မယ့် JailbreakMe ဝက်ဘ်ဆိုက်ကို ဖန်တီးခဲ့တဲ့ ဉာဏ်ကြီးရှင်ပါ။

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က Safari ရဲ့ library ထဲက ချို့ယွင်းချက်ကို သုံးပြီး iPhone တွေ unlock လုပ်နိုင်တဲ့ နည်းကို ချပြခဲ့တဲ့ သူ့အကြောင်းက ထိပ်တန်းသတင်း ဖြစ်ခဲ့သလို hacking အသိုင်းအဝိုင်းမှာလည်း အတော်လေး လှုပ်ခတ်သွားခဲ့ပါတယ်။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ လေယာဉ်တင်သင်္ဘောပေါ်မှ တိုက်လေယာဉ်တစ်စင်း ထပ်မံပြုတ်ကျပြန်
အမေရိကန်ရေတပ် ယူအက်စ်အက်စ်ဟာရီထရူးမင်းလေယာဉ်တင်သင်္ဘောပေါ်မှ တိုက်လေယာဉ်တစ်စင်း ပင်လယ်နီရေပြင်အတွင်းသို့ ထပ်မံပြုတ်ကျခဲ့ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက မေ ၆ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
အဆိုပါတိုက်လေယာဉ်သည် ယူအက်စ်အက်စ်ဟာရီထရူးမင်း လေယာဉ်တင်သင်္ဘောပေါ်မှ ပင်လယ်နီရေပြင်အတွင်းသို့ ပြုတ်ကျခဲ့ရသော ဒုတိယမြောက် အက်ဖ်-၁၈ တိုက်လေယာဉ်ဖြစ်သည်။
၎င်းတိုက်လေယာဉ်သည် လေယာဉ်တင်သင်္ဘောပေါ်သို့ ပြန်လည်ဆင်းသက်စဉ် သေသေသပ်သပ်ရပ်တန့်နိုင်မှုမရှိခဲ့ဘဲ ပင်လယ်နီရေပြင်အတွင်းသို့ ထိုးကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်မှူးနှစ်ဦးမှာ လေယာဉ်မထိုးကျမီ ခုန်ထွက်နိုင်ခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြားထားသည်။
လွန်ခဲ့သည့် သီတင်းပတ်ကလည်း ဟူသီအုပ်စုတိုက်ခိုက်မှုတစ်ရပ်ကို ရှောင်ရှားရန်ချိုးကွေ့မောင်းနှင်နေစဉ် ယူအက်စ်အက်စ်ဟာရီထရူးမင်းလေယာဉ်တင်သင်္ဘောပေါ်မှ အက်ဖ်-၁၈ လေယာဉ်တစ်စင်း ပင်လယ်နီရေပြင်အတွင်းသို့ပြုတ်ကျခဲ့ရသည်။
အက်ဖ်-၁၈ တိုက်လေယာဉ်များသည် တန်ဖိုးအားဖြင့်တစ်စင်းလျှင် အမေရိကန်ဒေါ်လာ သန်း ၆ဝ အထက်ရှိသည့် တိုက်လေယာဉ်များဖြစ်သည်။
ရိုက်တာ

image
8 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ကိုရီးယားခွင့်ပြန်လုပ်သားများ အလုပ်သမားဝန်ကြီးဌာနမှ ကြေညာသည့် ထွက်ခွာခွင့်စာရင်းပါမှသာ ပြန်လည်ထွက်ခွာခွင့်ရမည်
ကိုရီးယားနိုင်ငံသို့ အလုပ်သွားလုပ်ပြီး ခွင့်ဖြင့် ပြန်လာသည့် မြန်မာအလုပ်သမားများအနေဖြင့်အလုပ်သမားဝန်ကြီးဌာနက ကြေညာပေးသည့်ထွက်ခွာခွင့် အမည်စာရင်းပါဝင်မှသာ ကိုရီးယားသို့ ပြန်လည်ထွက်ခွာခွင့် ရရှိမည်ဖြစ်ကြောင်း မေ ၇ ရက်က အစိုးရအလုပ်အကိုင်အေဂျင်စီ POEA မှ ကြေညာထားသည်။
ကိုရီးယားနိုင်ငံမှမြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်ရောက်လာပါက အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီထံသို့ မပျက်မကွက် သတင်းပေးပို့ရမည်ဖြစ်ပြီး ပြန်လည်ထွက်ခွာရမည့် နေ့ရက်အား Safe Migiation ၏ တယ်လီဂရမ်ချန်နယ်မှ ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုရီးယားသို့ မြန်မာလုပ်သားစေလွှတ်မှုကို အစိုးရအလုပ်အကိုင် အေဂျင်စီ POEA မှစီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပြီး သွားရောက်လုပ်ကိုင်ကြသည့် အမျိုးသားအများစုမှာအသက် (၁၈) နှစ်မှ (၃၅) နှစ်ကြားအရွယ်များဖြစ်ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့်အသက်(၁၈) နှစ်မှ(၃၅) နှစ်အတွင်း အသက်ကန့်သတ်ချက် အကျုံးဝင်အမျိုးသားများအား ပြည်ပထွက်အလုပ်လုပ်ခွင့် ကန့်သတ်ကြောင်းသာ ပြည်ပအလုပ်အကိုင် အေဂျင်စီများသို့ တရားဝင်အသိပေးအကြောင်းကြားထားကြောင်း သိရသည်။

image
8 w - Translate

#ပြည်တွင်းသတင်း
◼တရုတ်ဇနီးမယားအဖြစ် ရောင်းစားရန်စီစဉ်သူသုံးဦးကို အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီချမှတ်
ရန်ကုန်တိုင်း၊ ဒလမြို့နယ်၌ အသက်မပြည့်သေးသည့်အမျိုးသမီးငယ်နှစ်ဦးအား တရုတ်ဇနီးမယားအဖြစ် ရောင်းစားရန်စီစဉ်သူများကို အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီချမှတ်လိုက်ကြောင်း ယနေ့(မေ ၈ ရက်) ထုတ်နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြချက်အရသိရသည်။
တရုတ်ဇနီးမယား အဖြစ်ရောင်းစားရန်စီစဉ်သူသုံးဦးမှာ ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက်၊ ဗိုလ်ရန်ပြေ (၆) လမ်းတွင်နေထိုင်သူ မသီတာအောင်နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ အောင်ဇော်ဦး (ခ) ဟာမီဒူဘာ၊ တရုတ်နိုင်ငံဟူနန်မြို့တွင်နေထိုင်သူ တရုတ်နိုင်ငံသား MR LUO FEI တို့သုံးဦးသည် ယခုနှစ်ဖေဖော်ဝါရီ လတွင် ဒလမြို့နယ်ရှိ အသက်(၁၃)နှစ်အရွယ်နှင့် အသက်(၁၆) နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးကို တရုတ်အမျိုးသားနှင့်လက်ထပ်ပါက ရွှေထည်ပစ္စည်းများဆင်ပေးပြီး ငွေကြေးဖြင့်တင်တောင်းမည်ဟု ပြောဆိုစည်းရုံးသည့်ရုပ်သံဖိုင်များလူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့သည်။
အဆိုပါဗီဒီယိုဖိုင်ပျံ့နှံ့ခဲ့ပြီးနောက် ၎င်းတို့အားဒလမြို့မရဲစခန်းတွင် (ပ)၂၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီး နှိမ်နှင်းရေးဥပဒေ ပုဒ်မ ၃၅/၄၄ ဖြင့်အမှုဖွင့်အရေးယူခဲ့သည်။
ထို့နောက် တရုတ်နိုင်ငံသား Mr. Luo Fei အားဖေဖော်ဝါရီ ၆ ရက်၊ ညနေပိုင်းတွင် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်သို့ထွက်ခွာရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိစဉ်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့သုံးဦးအား တွံတေးခရိုင်တရားရုံးမှ ယခုမေလ ၅ ရက်တွင် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ဥပဒေ ပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီအမိန့်ချမှတ်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
သတင်း-အင်ကြင်း

image
8 w - Translate

အသင်းဖော်ဟောင်းများ ဖြစ်ကြတဲ့ မစ်ခီတာရန်၊ ဒါမီယန်တို့နဲ့ အတူမြင်တွေ့ခဲ့ရတဲ့ ဝိန်းရွန်းနီ 🔴

image

🙏#အသက်တွေကြီးလာပြီ မာနတွေ မကြီးနဲ့တော့၊
လောဘတွေ မကြီးနဲ့တော့၊ ဒေါသတွေ မကြီးနဲ့တော့၊
စိတ်သဘောထားပဲ ကြီးကြီးထားပါ။
🙏#တိုတောင်းလှတဲ့ လူ့ဘဝလေးကို စိတ်ပူလောင်မှု့
တွေနဲ့ ဘာဖြစ်လို့ အချိန်တွေဖြုန်းပြစ်မှာလဲ.....
🙏#ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒာဓိက?
=============================
#မူရင်း✍️photo,Credit
#ကျေးဇူးတင်စွာလေးစားဂုဏ်ယူဂါရဝပြုပါသည်?

image