2 yrs - Translate

နင် flirt နေတာလား နင် အသစ်တွေ ရှာနေတာလား*
ငါ :

image
2 yrs - Translate

ဆေးလိပ်ဖြတ်ပြီးလျှင် သင့်ခန္ဓာတွင်ပြောင်းလဲသွားမည့်ဖြစ်စဉ်များ

လူအများစုက ဆေးလိပ်ဖြတ်ပြီးသော်လည်း နှစ်များစွာ နီကိုတင်းကို သောက်သုံးခဲ့ခြင်းကြောင့် ကျန်းမာရေး ထိခိုက်မှုသည် ပြန်မကောင်းနိုင်တော့ဟု ယုံကြည်သည့်အတွက် ဆေးလိပ်ဖြတ်ရန် လွယ်လွယ်လက်လျှော့ တတ်ကြသည်။

သို့သော်လည်းအမှန်မှာ ထိုသို့မဟုတ်ပါ။ မည်မျှအချိန်ကြာကြာ သင်ဆေးလိပ်သောက်သုံးခဲ့ပါစေ၊ ဆေးလိပ်ဖြတ်လိုက်သည်နှင့် တပြိုင်နက် အနည်းဆုံး အတိုင်းအတာတစ်ခုအထိ ပြန်လည် ကောင်းမွန်အောင် ခန္ဓာကိုယ်က ပြုလုပ်သည်သာဖြစ်သည်။ အောက်ပါတို့သည် ဆေးလိပ်ဖြတ်လိုက်သည့် မိနစ် အချိန်မှစ၍ သင့်ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများ ဖြစ်ပါသည်။

(၁)မိနစ် ၂၀ အကြာ

နီကိုတင်းဓာတ်သည် ခန္ဓာကိုယ်၏ စနစ်အတွင်းသို့ ဝင်ရောက်သောအခါ သွေးပေါင်ချိန် နှင့် နှလုံးခုန်နှုန်း မြင့်တက်လာစေသည်။ ဆေးလိပ်ဖြတ်လိုက်သောအခါ သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်သွားသည်။

(၂) ၈ နာရီအကြာ

သင်ရှုထုတ်လိုက်သော ဆေးလိပ်မီးခိုးငွေ့သည် ကြည့်ကောင်းသလို ရှိသော်လည်း အဆိပ်ဖြစ်စေသော ဓာတ်ပစ္စည်းပေါင်း ၄၀၀၀ ကျော်ပါဝင်ပြီး ဆိုးရွားသော ဓာတ်တစ်ခုမှာ ကာဗွန်မိုနောက်ဆိုဒ် ဖြစ်သည်။ သင်နောက်ဆုံး ဆေးလိပ်သောက်ခဲ့ချိန်မှ ၈ နာရီခန့်ကြာမြင့်သောအခါ ခန္ဓာကိုယ်မှ နီကိုတင်းနှင့် ကာဗွန်မိုနောက်ဆိုဒ် ကိုစွန့်ထုတ်ပြီး ဖြစ်သည့်အတွက် သွေးတွင်းရှိ အောက်ဆီဂျင် ပမာဏသည်လည်း ပုံမှန်ပြန်ဖြစ်သွားသည်။

(၃)၂၄ နာရီအကြာ

၁ရက်ခန့်ကြာပြီးသောအခါ သင်၏ အဆုတ်က သန့်ရှင်းရေး ပြုလုပ်သည့်အတွက် ချွဲနှင့် စွန့်ပစ်အပိုင်းအစများကို အပြင်သို့ရှင်းလင်း ဖယ်ထုတ်ပေးသည်။

(၄)၄၈ နာရီအကြာ

နီကိုတင်းသည် သင်၏ အနံ့ နှင့် အရသာ အာရုံခံခြင်းတို့ အပေါ်လည်း သက်ရောက်မှုရှိသည့်အတွက် ဆေးလိပ်ဖြတ်ပြီး သောအခါ နီကိုတင်းမရှိတော့သဖြင့် အာရုံခံစားမှုလည်း ပိုမိုကောင်းမွန်လာသည်။

(၅)ရက်သတ္တပတ် ၂ ပတ်မှ ၁၂ ပတ်ခန့်အကြာ

ဆေးလိပ်သောက်ခြင်းက ခန္ဓာကိုယ်သွေးလှည့်စနစ်ကို ထိခိုက်သည့်အတွက် ကိုယ်လက်လှုပ်ရှားမှု မပြုနိုင်ခြင်းမျိုး ကြုံရတတ်သည်။ ဆေးလိပ်ဖြတ်ပြီးသောအခါ ထိုပြဿနာ မရှိတော့သည့်အတွက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်သောအခါ အမောခံနိုင်လာသည်။

(၆)၃ လမှ ၉ လ အကြာ

နီကိုတင်းနှင့်ဝေးလေလေ သင့်ကျန်းမာရေးသည်လည်း ဆက်လက်တိုးတက်လေလေဖြစ်သည်။သင်၏ အဆုတ်သည် ပြန်လည်ကောင်းမွန်ရှင်သန်ရန် အချိန်ကောင်းစွာ ရပြီးသောအခါ ချောင်းဆိုးခြင်း၊လေပြွန်ကျဉ်းခြင်း နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများလည်း တစ်စ တစ်စ သက်သာလာသည်။

(၇)၁ နှစ်အကြာ

သိပ္ပံပညာရှင်များက ဆေးလိပ်သောက်ခြင်းသည် သွေးကြောများကို ကျဉ်းစေသော အဆီခဲများကို ဖြစ်တည်စေနိုင်ကြောင်း ယုံကြည်ကြသည်။ သွေးကြောကျဉ်းရာ မှတစ်ဆင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ရင်ဘတ်အောင့်ခြင်းတို့ကို ခံစားရစေနိုင်သည်။ ဆေးလိပ်ဖြတ်ပြီး ၁ နှစ်ခန့်အကြာတွင် သင့်အနေဖြင့် နှလုံးရောဂါ ဖြစ်နိုင်ချေကိုပါ ရပ်တန့်ပြီးဖြစ်သည်။

(၈)နီကိုတင်းဖြတ်ခြင်း၏ ဘေးထွက်ဆိုးကျိုးများ

နီကိုတင်းသည် စွဲလန်းစေတတ်သောကြောင့် နီကိုတင်းဖြတ်လိုက်လျှင် အောက်ပါလက္ခဏာတို့ကို ခံစားရနိုင်သည်။

အစာချေစနစ်ဆိုင်ရာပြဿနာများ
အစာမကြေခြင်း၊မူးဝေပျို့တက်ခြင်း၊ဝမ်းလျှောခြင်း။
နှာခေါင်းပိတ်ခြင်း၊ချောင်းဆိုးခြင်း၊အသံဝင်ခြင်း။
ခေါင်းမူးခြင်း။
ခြေချောင်း လက်ချောင်း ထိပ်များ ထုံကျဉ်ခြင်း။
အိပ်စက်မှု ပုံစံပြောင်းလဲလာခြင်း၊အိပ်မပျော်ခြင်း။

ထိုလက္ခဏာများသည် အလွန်အခံရခက်သည် မှန်သော်လည်း သင်ဆေးလိပ်ဖြတ်ပြီးသောအခါ ခန္ဓာကိုယ်က ပြန်လည် ကောင်းမွန်အောင် ပြုပြင်နေကြောင်း ပြသည့်ကောင်းသော လက္ခဏာ ဖြစ်ပါသည်။ ဆေးလိပ်ဖြတ်ရန် ပျက်ကွက်ပြီး ဆေးလိပ်ပြန်သောက်ပါက ယခင်အခြေအနေသို့ ပြန်ရောက်သွားလိမ့်မည်။ ဆေးလိပ်ဖြတ်ပြီး ထိုလက္ခဏာများသည် တစ်လခန့်အထိ ကြာတတ်သည်။ သင်ကိုယ်တိုင်အတွက် ထိုအချိန်ကို အကောင်းဆုံး ကြိုးစား ကျော်ဖြတ်သင့်သည်။ နီကိုတင်းဖြတ်ခြင်း ကာလကို ကျော်လွှားအောင်မြင်နိုင်ပါက သင့်ကျန်းမာရေး အတွက် သိသာသော တိုးတက်မှုများကို မြင်တွေ့ရတော့မည် ဖြစ်ပါသည်။
း)

image
2 yrs - Translate

မနေ့ညက တင် ပူပူနွေးနွေး ဆုရထားခဲ့တယ် အာတီတာကိုတော့ ဆင်ပျံကြီး အာဆင်နယ်က တော့ စာချုပ်သစ်ကမ်းလှမ်းတော့မှာပဲဖြစ်ပါတယ်။ အဆိုပါ စာချုပ်သစ်ကိုလည်း အာတီတာ က လက်ခံသွားဖို့ လည်းရှိပါတယ်။ အာတီတာကတော့ ဆင်ပျံကြီး မှာပဲ ပျော်နေပြီး အလုပ်တွေ လုပ်အုန်းမယ်လို့လည်းဆိုထားပါတယ်။

image
2 yrs - Translate

လက်ရှိဖက်ရှင်နဲ့ ပတ်သက်ပြီး ဘာတွေခေတ်စားနေလဲဆိုတာ အမြဲလေ့လာနေသူတစ်ယောက်ဆိုရင် Corduroy နဲ့ပတ်သက်တဲ့ အဝတ်အစားတွေ တကျော့ပြန်ခေတ်စားလာတာ သတိပြုမိပါလိမ့်မယ်။ ဘောင်းဘီဆိုရင်လည်း ၁၉၈၀ပြည့်နှစ်က Chino Corduroy ဘောင်းဘီစတိုင်တွေ၊ Pleated ပုံစံတွေသာမက Straight Length ကိုမှ Loose အပွပုံစံတွေ ပြန်ဝတ်လာကြပါတယ်။💕

image
2 yrs - Translate

အငန်ကြိုက်တယ်ဆိုပေမဲ့ အငန်ကလဲ မဖြစ်မနေလျှော့ စားရမယ် ဆိုတဲ့သူတွေအတွက် ထုတ်ပေးထားတဲ့ စမတ်ဇွန်းပါ

အငန့်လျှော့စားမှဖြစ်မဲ့သူတွေအတွက်ကို ထုတ်ပေးထားတာမလို့ ဟင်းတွေကို အငန့်လျှော့ချက်တာ ၊ low-sodium food တွေ စားမယ်ဆိုကာမှ ဂျပန် Company ဖြစ်တဲ့ Kirin ကထုတ် ဇွန်းနဲ့ စားမယ်ဆိုရင် အငန်ဓာတ်ကိုပိုရမဲ့သဘောပါပဲ

သူတို့ပြောပုံကတော့ ဇွန်းက လျှာပေါ်ရောက်တဲ့အခါမှာ sodium iron molecules တွေကို သေးငယ်တဲ့လျှပ်စစ် Current တွေ ဖြတ်သွားတဲ့အခါရလာမဲ့ အငန်ဓာတ်လို့ပြောထားပါတယ်

စျေးကတော့ $120 လောက်ကျပြီးတော့ သတ်မှတ်ခက်ေတွေအရတော့ pacemaker တပ်ဆင်ထားရတဲ့သူတွေ ၊ metal allergic ရှိတဲ့သူတွေ အပြင် ကိုယ်ဝန်ဆောင်တွေနဲ့ dental treatment ယူထားတဲ့သူတွေအပြင် အခြားကျန်းမာရေးပြသနာ ရှိတဲ့သူတွေအနေနဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ သုံးစွဲသင့်ကြောင်းပြောပါတယ်

image

cutie babe ❤

2 yrs - Translate

▪️Check Jacket

အကွက်ကြိုက်တဲ့သူတွေအတွက် နှစ်စဥ်နှစ်တိုင်း အကွက်ဒီဇိုင်း pattern အသစ်လေးတွေအမြဲ ထွက်နေတာပါ။✨ Gingham၊ graphic၊ houndstooth ဒါမှမဟုတ် plaid ဘယ်အရာမဆို အကွက်နဲ့ပတ်သက်တာလေး ဝတ်ထားရင်ကို လူကကြည့်ရတာ fresh ဖြစ်တယ်လို့ ခံစားရပါလိမ့်မယ်။ ဆိုတော့ အိတ်ကပ်ကြီး overshirt jacket မျိုးလား၊ cropped jacket မျိုးလေးတွေလား၊ oversized ဒီဇိုင်းလား ကြိုက်ရာရွေးရုံပါပဲနော်။🔥

image

milo creamy

2 yrs - Translate

ဆုဖလား‌များစွာနဲ့ မွေးနေ့ရှင်

ဒီနေ့က မန်စီးတီးကြယ်ပွင့်လေး ဖီးလ်ဖိုဒန်ရဲ့ ၂၄နှစ်ပြည့်မွေးနေ့ ဖြစ်ပါတယ်။

ဒီအရွယ်မှာပဲ ဖိုဒန်ဟာ ကလပ်အသင်းနဲ့အတူ ရနိုင်သမျှ ဆုဖလားအားလုံးကို ပိုင်ဆိုင်ထားခဲ့ပါပြီ။

အသင်းနဲ့အတူ European Treble Winner ၊ ပရီးမီးယားလိဂ် ၆ထပ်ကွမ်းဆုရှင်အပြင် တစ်ကိုယ်တော်အနေနဲ့လည်း ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆု၊ အကောင်းဆုံး ကစားသမားဆုတွေကို သိမ်းပိုက်ထားခဲ့ပါပြီ။

ရေခံမြေခံကောင်းတဲ့အပြင် သူကိုယ်တိုင်ကလည်း Generation of Talent လို့ ဆိုနိုင်တဲ့အထိ ပါရမီပြည့်၀သူမို့ ဒီလိုအောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခဲ့တာ မဟုတ်လား..

တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုတွေကို ပြသထားတဲ့ အင်္ဂလန်သားလေးဟာ သူရဲ့ခြေစွမ်းကို ဆက်ထိန်းသိမ်းထားနိုင်ခဲ့ရင် မကြာခင်မှာတော့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကိုပါ စိန်ခေါ်နိုင်တော့မှာပါ။

Happy birthday to you ပါ ဖီးလ်ဖိုဒန်ရေ

image
2 yrs - Translate

“Control iPad With Your Eyes” တဲ့ Apple ကတော့ Next Level ရောက်နေပြီလားတောင်ထင်ရတယ်

iOS18 ရဲ့ Accessibility Feature တွေထဲက တစ်ခုပါ မျက်လုံးရဲ့ လှုပ်ရှားမှုတွေကို အခြေခံပြီး iPhone , iPad တွေကိုသုံးလို့ရမဲ့စနစ်ပေါ့

Apple ဘက်က တင်ထားတဲ့ Video ကိုကြည့်တာတော့ အတော်ကို အဆင်ပြေတဲ့ပုံပဲ Eye Tracking စနစ်ဆိုတာ Vision Pro ရဲ့ အဓိက Control လို့တောင်ပြောရမှာပါ ဒီလိုစနစ်က တခြား Device တွေပေါ်ရောက်လာတယ်လို့ပြောရတော့မလား

Sensor သိပ်များများစားစားမပါတဲ့ iPhone, iPad တွေမှာတော့ Camera ကနေ တဆင့် အလုပ်လုပ်တဲ့ပုံပါပဲ

အသေးစိတ်ကိုတော့ လာမည့် June မှာ ကျင်းပမဲ့ WWDC ပွဲကိုစောင့်ကြည့်မှပဲ သိရမှာပါ

image