2 yrs - Translate

မန်ယူ အက်ဖ်အေဖလား ရသွားလို့
ချဲလ်ဆီး ပေါင် ၅ သန်း ထပ်ရမယ်
----------------
မန်ယူအသင်းက အက်ဖ်အေဖလားချန်ပီယံဖြစ်သွားတဲ့အတွက် ချဲလ်ဆီးအသင်းဟာ ပေါင် ၅ သန်း ရရှိပါတော့မယ်။ ဘာကြောင့်လဲဆိုတော့ မေဆန်မောင့်ကို ရောင်းချပေးတာမှာ ပါဝင်တဲ့ သဘောတူညီချက်ကြောင့်ပါပဲ။ မန်ယူဟာ ချဲလ်ဆီးဆီကနေပြီး မေဆန်မောင့်ကို ဝယ်ယူခဲ့စဉ်က အက်ဖ်အေဖလားချန်ပီယံဖြစ်ခဲ့ရင် မေဆန်မောင့်ကို ရောင်းချပေးမှုရဲ့အကျိုးဆက်အဖြစ် အပိုဆုကြေးအကျိုးခံစားခွင့် ပေါင် ၅ သန်းကို ချဲလ်ဆီးကို ပေးမယ်လို့ သဘောတူထားပါတယ်။

ဒါကြောင့်လည်း လက်ရှိမှာ မန်ယူက အက်ဖ်အေဖလားဆွတ်ခူးရရှိခဲ့ပြီဖြစ်လို့ ချယ်လ်ဆီးက ပေါင် ၅ သန်း ရရှိတော့မှာပါ။ မန်ယူဟာ မေဆန်မောင့်ကို အများကြီး မျှော်လင့်ထားခဲ့ပေမယ့် ဒီနှစ်ဘောလုံးရာသီမှာ သူက မန်ယူအတွက် အကောင်းဆုံး ပေးဆပ်ကစားတာမျိုး မလုပ်နိုင်ခဲ့ပါဘူး။

ဒဏ်ရာပြဿနာတွေ ရှိခဲ့တာကလည်း မေဆန်မောင့်အတွက် ထိုးနှက်ချက်ဖြစ်ခဲ့ပြီး ရှေ့လာမယ့်ဘောလုံးရာသီသစ်ကို ရောက်ရင်တော့ အခုထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေကို မေဆန်မောင့်ဆီကနေ မြင်တွေ့ခွင့်ရနိုင်ဖို့ မန်ယူပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

မေဆန်မောင့်ဟာ အခုမတိုင်ခင်က ဝင်ဘလေဘောလုံးကွင်းထဲကို လာရောက်ကာ သူကိုယ်စားပြုတဲ့အသင်းတွေနဲ့အတူ ဖိုင်နယ်ပွဲ ၆ ပွဲ ပါဝင်ကစားပေးခဲ့ပေမယ့် တစ်ပွဲမှ အနိုင်မရခဲ့ပါဘူး။ အခုတော့ မန်ယူဆီကို ပြောင်းလာခဲ့ပြီးတဲ့နောက် ဝင်ဘလေဆီ လာရောက်ကစားတဲ့ ဖိုင်နယ်ပွဲမှာ မေဆန်မောင့်က ဆုဖလား ဆွတ်ခူးလိုက်နိုင်ပြီဖြစ်ပြီး ဝင်ဘလေဆီက ၇ ပွဲမြောက် ဖိုင်နယ်ပွဲမှာ သူဝတ်ဆင်တဲ့ လပ်ကီးဆဲဗင်း ကျောနံပါတ်အတိုင်း မေဆန်မောင့်က ကံကောင်းမှုတွေကို ပိုင်ဆိုင်သွားခဲ့ပြီပဲဖြစ်ပါတယ်။

image
2 yrs - Translate

နှစ်ခါပြန်မရနိုင်ဘူးဆိုတဲ့ အရာတွေထဲမှာ
လူငယ်ဘ၀ကို ဒီအတိုင်းကြီး
ဆုံးရှူံးလိုက်ရတာက မုန်းစရာအကောင်းဆုံးပဲ။
အိပ်မက်တွေ၊ စိတ်ကူးတွေ၊ ချစ်ခြင်းမေတ္တာတွေ
တစစီ ကြေမွသွားတဲ့ အစိတ်အပိုင်းတွေကို
ရှိုက်ကြီးတငင်ငေးကြည့်ရင်း
ပြန်မကောက်ဆက်နိုင်ခဲ့တာဟာ
ငါတို့ဘ၀ရဲ့ အကြီးမားဆုံး ကျရှူံးခြင်းပါပဲ။

#myatnavarro

image
2 yrs - Translate

အချိန်တွေရခဲ့ရင် တောင်တန်းတွေရှိတဲ့အရပ်ကိုခရီးထွက်မယ် 🌿💛

imageimage
2 yrs - Translate

ပြည်ကြီးငါးသုပ်

ပြည်ကြီးငါး ၂၀သားခန့်
ခရမ်းချဉ်သီး ၁လုံး(ပါးပါးလှီးထားပါ)
ကြက်သွန်နီ ၁လုံး( ။ )
သံပုရာသီး ၁လုံး
ငရုတ်သီးစိမ်း ၃တောင့်(ပါးပါးလှီး)
နံနံပင် ၂ပင် (ညှပ်ထားပါ)
ကြက်သွန်ဖြူ ၂မွှာ(မကြိုက်လျှင်မထည့်)
ငံပြာရည် အနည်းငယ်
သကြား/ကြက်သားမှုန့် ။

-ပြည်ကြီးငါးကို ရေစင်စင်ဆေး၍ ရေစစ်ထားပါ။
-အိုးတစ်လုံးထဲသို့ ရေထည့် ရေဆူလာလျှင် ဆား သံပုရာသီး
ညှစ်ထည့်၍ ပြည်ကြီးငါးထည့်ကာ ၂/၃မိနစ်ခန့်ပြုတ်ပါ။ရလျှင်
ရေအေးလောင်းပြီး ဆား သံပုရာသီးနှင့် ထပ်ဆေးပြီးရေဆေး
ကာ ရေစစ်ထားပါ။လိုသလို လှီးထားပါ။
-ပန်းကန်ထဲသို့ ခရမ်းချဉ်သီး ကြက်သွန်နီ ဖြူ နံနံပင် ငရုတ်သီ
စိမ်း ငံပြာရည် သကြား သံပုရာသီး ပြည်ကြီးငါး ရောနယ်သုပ်
ကာ အရသာစိတ်ကြိုက်ပြင်၍ ရပါပြီ။အရောင်နှင့်ကြိုက်လျှင်
ဆောစ့် တစ်မျိုးမျိုး နှင့် ငရုတ်သီး ဆီချက် ထည့်၍သုပ်ပါ။
#cooking

image
2 yrs - Translate

ကမ္ဘာ့အကြီးဆုံး
ဝိုင်အရောင်းဆိုင်ကတော့
မော်လ်ဒိုဗာနိုင်ငံမှာ တည်ရှိပြီး
ဝိုင်ပုလင်းပေါင်း ၂ သန်းနီးပါးအထိ ခင်းကျင်းရောင်းချနေပါတယ်။
တကယ်တော့ အဲဒီဝိုင်အရောင်းဆိုင်ဟာ ထုံးကျောက်မိုင်းတွင်းဟောင်း
တစ်ခုဖြစ်ပြီး ၁၉၆၉ ခုနှစ်မှာ
ဝိုင်အရောင်းဆိုင်အဖြစ်
ပြောင်းလဲဖွင့်လှစ်ခဲ့တာပါ။
ကီလိုမီတာ ၂၅၀ ရှည်လျားပေမဲ့ တစ်ဝက်ကျော်လောက်ပဲ အသုံးပြုနေတာပါ။ ဝိုင်အရောင်းဆိုင်အတွင်း အပူချိန်က ၅၀ ဒီဂရီဖာရင်ဟိုက်လောက် ရှိပြီး စိုထိုင်းဆကတော့
၉၇ %- ၉၈ % ဝန်းကျင် ရှိပါတယ်။
Milestii Mici လို့ အမည်ရပါတယ်။

image
2 yrs - Translate

သင်ကိုယ့်ကိုယ်ကို “အထီးကျန်တယ်” “ဝမ်းနည်း”တယ်လို့ ခံစားလာရင် Kakashi ငယ်ငယ်တုန်းကအချိန်ကိုသတိရလိုက်ပါ

Kakashi လေးဟာ “သွားတော့မယ်ဗျာ့”နဲ့ “ ပြန်
ရောက်ပါပြီဗျာ့” ဆိုတဲ့စကားကို အပြင်သွားရင်အမြဲပြောလေ့ရှိပါတယ် ဒါပေမယ့် အိမ်ထဲမှာတော့ဘယ်သူ့မှမရှိပါဘူး….💔
#naotozentertrainment #owner

image
2 yrs - Translate

I want to go somewhere where no one knows me 🖤

image
2 yrs - Translate

I want to go somewhere where no one knows me 🖤

image
2 yrs - Translate

I want to go somewhere where no one knows me 🖤

imageimage

Braised Pork Belly Recipe.