?

?

2 yrs - Translate

iOS Version အသစ်မိတ်ဆက်ရင် Android က ကောင်းလှပါတယ်ဆိုတဲ့ Feature လေး ၄/၅ ခု လောက် ထည့်ပြီး Update ပေးနေသလားထင်ရတယ်

iOS 14 မှာဆို Android က Widget / App Library
iOS 16 မှာဆို Lock Screen Customization/ Always On Display
iOS 17 မှာဆိုရင် NameDrop လိုတွေကို ထည့်ပြထားတာဆိုတော့

iOS 18 မှာရော ဘာတွေထူးလာမလဲကြည့်ရရင်

၁)icon တွေရဲ့ အရောင်ကို ပြောင်းလို့ရမယ်တဲ့ ဒါက Google ရဲ့ Material Design မှာလုပ်လို့ရတာကြာပေါ့

၂)icon တွေကို Home Screen ပေါ်မှာကြိုက်တဲ့နေရာထားနိုင်မယ် ဒီစနစ်က Android မှာပါတာကြာပေါ့

၃)emoji တွေကို AI နဲ့ Generate လုပ်ပြီးသုံးလို့ရမယ်တဲ့ ခပ်ဆင်ဆင် စနစ်က Android မှာရတာကြာပေါ့ Emoji ပုံစံတွေကို Keyboard ကနေ Combine လို့ရတာပါ Google Search မှာတင် Emoji Combine ရှာပြီး Emoji အသစ်တွေဖန်တီးလို့ရပါသေးတယ်

သိရတဲ့အချက်တွေနဲ့တင် Android Feature တွေ iOS ပေါ်ရောက်တာမြင်ဖို့ကသေချာသလောက်ရှိနေပါပြီ

iPhone တွေအတွက်ကလဲ iOS ဆိုတဲ့နာမည်ကလွဲရင် Android ဆန်လာပြီလို့ မြင်နေရပါပြီ

image

kimchi ramen for this gloomy weather.

2 yrs - Translate

သိထားသင့်သော
ရေမွှေးအမျိုးအစားများ

တကယ်လို့သာ စာဖတ်သူဟာ ရေမွှေးဆွတ်ရတာ နှစ်သက်သူတစ်ဦးဖြစ်ခဲ့ရင် ရေမွှေးရနံ့ကို ခုံမင်သူတစ်ဦးဖြစ်ခဲ့ရင် သိထားရမယ့် အချက် ကလေးတွေ ရှိပါတယ်။

ရေမွှေးတစ်မျိုးကို ကြိုက်လို့ ဆွတ်ပေမယ့် ကြာရှည်မခံတာမျိုး စိတ်ညစ်ရတာရှိဖူးပါသလား။ ဒါဆိုရင်တော့ အရင်ဆုံး ကိုယ်အသုံးပြုချင်တဲ့ ရေမွှေးရဲ့အမျိုးအစားကို သိဖို့ လိုအပ်လာပါပြီ။ ဒါမှသာ မိမိလိုချင်တဲ့အမျိုးအစားကို ဖတ်ကြည့်ပြီး ကိုယ်နဲ့ အကိုက်ညီဆုံးကို ရွေးချယ်နိုင်မှာပေါ့။

၁။ Perfume
ဒါကတော့ ရေမွှေးအဆီလို့လည်း ခေါ်ကြလေ့ရှိတဲ့ အမျိုးအစားပါ။ သူဟာ ရေမွှေးဆီ ၂ဝရာခိုင်နှုန်းကနေ ၄ဝရာခိုင်နှုန်းအထိပါဝင်ပြီး ခြောက်နာရီကနေ ရှစ်နာရီအထိ ခံလေ့ရှိပါတယ်။ အခြေအနေပေါ်မူတည်ပြီး ဒီထက်လည်း ပိုခံနိုင်ပါတယ်။ ရေမွှေးဆီ ကောင်းကောင်းလေးတွေ ဆိုရင်တော့ တစ်နေကုန်တောင် အနံ့ပြယ်မှာ မဟုတ်ပါဘူး။ ရေမွှေးအမျိုးအစားတွေထဲမှာ တာရှည်အခံဆုံးဖြစ်ပါတယ်။

၂။ Eau de Parfum
အပေါ်မှာဖော်ပြခဲ့တဲ့ ရေမွှေးအမျိုးအစားနဲ့ ဒီ Eau de Parfumဟာ ဆင်သယောင်နဲ့ မတူညီကြပါဘူး။ ဒီအမျိုးအစားမှာ ရေမွှေးဆီ ၁၂ရာခိုင်နှုန်းကနေ ၁၅ရာခိုင်နှုန်းအထိပါဝင်ပြီး ဆွတ်တဲ့ပမာဏအပေါ် မူတည်ပြီး လေးနာရီကနေ ရှစ်နာရီအထိခံပါတယ်။ Perfume တွေထက် ဈေးပိုသက်သာပြီး အနံ့ကလည်း ပိုပျော့ပါတယ်။ ဒိုင်ယာနာမင်းသမီးရဲ့ အနှစ်သက်ဆုံး ရေမွှေးအမျိုးအစားဟာ Eau de Parfum ဖြစ်ပါတယ်တဲ့။

၃။ Eau de toilette
ဒီအမျိုးအစားရေမွှေးမှာတော့ ရေမွှေးဆီ ၅ရာခိုင်နှုန်းကနေ ၁၅ရာခိုင်နှုန်းအထိ ပါဝင်ပေမယ့်လည်း သူတို့က အချိန်အကြာကြီးခံလေ့မရှိပါဘူး။ များသောအားဖြင့် နှစ်နာရီကနေ သုံးနာရီစွန်းစွန်းလောက်ထိပဲ အနံ့စွဲလေ့ရှိတတ်ပါတယ်။ အနံ့ပြင်းမကြိုက်သူတွေ အလုပ်မှာရေမွှေးနံ့ကို ခပ်ပြင်းပြင်း မထွက်စေချင်တဲ့သူတွေ အတွက်တော့ သင့်လျော်တဲ့ရွေးချယ်မှုတစ်ခုဖြစ်မှာ သေချာပါတယ်။

၄။ Body Mist
အသားပေါ် ခပ်ပါးပါးဖြန်းပေးရတဲ့ body mist လေးတွေမှာတော့ ရေမွှေးအဆီ ၃ရာခိုင်နှုန်းကနေ ၅ရာခိုင်နှုန်းထိလောက်ပဲ ပါဝင်ပြီးတော့ တာရှည်ခံမှုကလည်း ၂နာရီလောက်သာ အများဆုံး ကြာတတ်ပါတယ်။ ဒီအတိုင်း ထသွားထလာ ဆွတ်ချင်သူတွေအတွက်တော့ အဆင်ပြေပါတယ်။

၅။ Eau de cologne
Cologne တွေကို အမျိုးသားများသာမက အမျိုးသမီးများပါ ဆွတ်နိုင်ပါတယ်။ သူက body mistနဲ့ ရေမွှေးဆီပါဝင်မှုနှုန်းတူညီပြီး ၂နာရီလောက် အနံ့စွဲနေစေပါတယ်။ သူ့အနံ့က လူကို သွက်လက် ပေါ့ပါးနေစေနိုင်ပါတယ်။

image

OREO SHAKE!!!

2 yrs - Translate

New Zealand 💚💚💚💚

image
2 yrs - Translate

မန်ယူရဲ့ယူရိုပါလိဂ်ဝင်ခွင့်ကို
ပြန်သုံးသပ်ဖို့ ရှိနေတယ်
---------------
မန်ယူဟာ အက်ဖ်အေဖလားချန်ပီယံဖြစ်ခဲ့လို့ ယူရိုပါလိဂ်ပြိုင်ပွဲကို တိုက်ရိုက်ပါဝင်ကစားခွင့် ရရှိထားပေမယ့် အခြေအနေတစ်ရပ်ကြောင့် မရေရာမှုတွေ ဖြစ်လာနိုင်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ မန်ယူဟာ ယူရိုပါလိဂ်ဝင်ခွင့်ကို အက်ဖ်အေဖလားပြိုင်ပွဲကနေတဆင့် ရသွားခဲ့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၆ နေရာနဲ့ ရာသီသိမ်းခဲ့တဲ့ ချဲလ်ဆီးဟာ ယူပါကွန်ဖရန့်လိဂ်ဆီကို ဆင်းကန်ပေးလိုက်ရပြီဖြစ်ပါတယ်။

ဒါပေမဲ့
အခုထွက်ပေါ်လာတဲ့သတင်းအရတော့ မန်ယူဘက်က ရှင်းရှင်းလင်းလင်းဖြစ်အောင် မလုပ်နိုင်ဘူးဆိုရင် ယူရိုပါလိဂ်ဝင်ခွင့်ကို ချဲလ်ဆီးက ရရှိပြီး မန်ယူဟာ ယူရိုပါကွန်ဖရန့်လိဂ်ဆီ ဆင်းကစားရတာမျိုးဖြစ်သွားနိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။ အဲ့ဒါကတော့ ပြင်သစ်လီဂူးကလပ် နိုက်စ်နဲ့ မန်ယူအသင်းရှယ်ယာရှင်သစ် INEOS စီးပွားရေးလုပ်ငန်းစုတို့အကြားက ဆက်နွှယ်မှုပါပဲ။ ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ် ပိုင်ဆိုင်တဲ့ INEOS စီးပွားရေးလုပ်ငန်းစုဟာ နိုက်စ်အသင်းကိုလည်း ပိုင်ဆိုင်ထားလို့ အဲ့ဒါကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်နိုင်မှပဲ မန်ယူက ယူရိုပါလိဂ်ဝင်ခွင့်ကို ရရှိမှာဖြစ်ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)ရဲ့ထုတ်ပြန်ချက်တွေအရ ပိုင်ဆိုင်မှု၊ စီးပွားရေးအရ ပတ်သက်ဆက်နွှယ်မှု၊ ရင်းနှီးမြှုပ်နှံထားသူ တူညီစွာ ပါဝင်ပတ်သက်မှုရှိနေတဲ့ အသင်းနှစ်သင်းဟာ ယူအီးအက်ဖ်အေရဲ့လက်အောက်က ပြိုင်ပွဲတစ်ခုတည်းမှာ အတူတူ ပါဝင်ကစားခွင့် မရှိဘူးလို့ သိရှိရပါတယ်။ နိုက်စ်နဲ့ INEOS စီးပွားရေးလုပ်ငန်းစုတို့အကြားက ပတ်သက်ဆက်နွှယ်မှုကို ရှင်းရှင်းလင်းလင်း မတင်ပြနိုင်ခဲ့ရင် သက်ဆိုင်ရာ ပြင်သစ်လီဂူးလိဂ်မှာ ရပ်တည်မှုမြင့်မားခဲ့တဲ့ နိုက်စ်က ယူရိုပါလိဂ်ဝင်ခွင့်ကို ရသွားဖို့ ရှိနေပြီး မန်ယူက ယူရိုပါကွန်ဖရန့်လိဂ်ဆီ ဆင်းကစားရတာမျိုး ဖြစ်သွားနိုင်ခြေ ရှိနေပါတယ်။

မန်စီးတီးနဲ့ ဂျီရိုနာတို့ဟာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲကို အတူတူ ပါဝင်ကစားခွင့်ရနိုင်ဖို့အတွက် ပိုင်ဆိုင်မှုပိုင်းဆိုင်ရာတွေကို ဖြေရှင်းနေရပြီး အတိတ်ကာလတုန်းက ရက်ဘူးလ်စီးပွားရေးလုပ်ငန်းစုတစ်ခုတည်းက ပိုင်ဆိုင်တဲ့ လိုက်ပ်ဇစ်နဲ့ ဆဲလ်ဘတ်တို့ ဥရောပပြိုင်ပွဲတစ်ခုတည်းမှာ အတူတကွ ပါဝင်လာတာတွေကြောင့် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ဆက်နွှယ်မှုပြဿနာတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ယူအီးအက်ဖ်အေဆီမှာ ရှင်းလင်းခဲ့ရဖူးပါတယ်။

image
Purple Blue is feeling Blessed
2 yrs - Translate

Do you feel the same?

image

EASY OOTD IDEAS IN 2024