image
2 yrs - Translate

Polished Leather Jacket

အပေါ်ထပ်တွေထဲ leather jacket တွေကတော့ ဘယ်တော့မှရိုးသွားတယ်၊
ဒိတ်အောက်သွားတယ် မရှိပါဘူးနော်။ ✨Leather Jacket အမျိုးအစားတွေထဲ Biker Jacket တွေကတော့ အားလုံးသိပြီးဖြစ်ပေမယ့် ခုနောက်ပိုင်း အိတ်ကပ်ခပ်ကြီးကြီး ဒီဇိုင်းထုတ်ထားတဲ့ leather jacket တွေ၊ ကော်လာနဲ့ bomber jacket ပုံစံ ခပ်ဖောင်းဖောင်းပုံစံမျိုးတွေအပြင် Loose fit ဒီဇိုင်းမျိုးလေးတွေ
ခေတ်စားလာပါတယ်။
ဒီတော့ ကိုယ်က Leather Jacket သဘောကျတဲ့သူဆိုရင်တော့ tee ၊ jeans တွေနဲ့ပဲ တွဲတွဲ၊ Dress တွေပေါ်ကပဲထပ်ထပ်၊ sport wears တွေနဲ့ပဲ ဝတ်ဝတ် အထာကျနေမယ့် Jacket တစ်ထည်တော့ ရှိသင့်ပါတယ်နော်။

image
2 yrs - Translate

ပြည်တွင်းရွှေစျေး ကျပ် ၅၅ သိန်းကျော်ထိ စံချိန်တင် မြင့်တက်လာ

ယနေ့ ရွှေဈေး (မေ - ၂၈ ရက်၊ ညနေ ၄ နာရီ)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၄၄ ဒေါ်လာ

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၅၅၅၀၀၀၀ ကျပ်
ဝယ်ဈေး ၅၅၁၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၃၅၀၀၀၀ ကျပ်
ဝယ်ဈေး ၅၃၁၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image
2 yrs - Translate

ကြောင်မွေးမလို့ စဉ်းစားနေတာကို

image
Htun Lin changed his profile cover
2 yrs

image
Htun Lin changed his profile picture
2 yrs

image
2 yrs - Translate

ငါးသလောက်ပေါင်းနည်းပါရှင်
အရင်ဆုံးငါးသလောက်ကိုသန့်စင်ရေဆေးပြီးငါးတကောင်ကို၃ပိုင်း
ပိုင်းပြီးတပိုင်းချင်းစီကိုဓားနဲ့၂ချက်လောက်လှအောင်မွှန်းထားပါ
ငါးတကောင်ကိုရှောက်သီးပါးပါးတစိပ်ညှစ်ပါ။
ငါးသလောက်ပေါင်းရင်ဖြစ်တတ်တာကအရိုးနူးအောင်အချဉ်ထည့်
ရင်းလက်လွန်ပြီးငါးပေါင်းကချဉ်သွားတတ်တာပါပဲ
ဆား၊အရသာ၊သကြား၊ဆနွင်း၊ငံပြာရည်ကိုအရသာမှန်အောင်နှပ်ပါ
ဒါကြောင့်ငါးတကောင်အတွတ်ခန့်မှန်းလို့ရအောင်ရေးပေးတာပါ။
ငါးကိုအရသာနယ်ပြီးနာရီဝက်လောက်နှပ်ထားပါ။
စပါးလင်ကိုဖွာနေအောင်ထုပြီးပေါင်းမယ့်အိုးထဲအောက်ကခင်းပါ။
ကြံချောင်းတွေခုတ်ပြီးခင်းရင်လဲဟင်းအရသာအချိုလဲလေးသလို
အကပ်လဲသက်သာပါတယ်ရှင်
ပြီးရင်ငါးကိုသေချာစီထည့်ပြီးရေနွေးမြှုပ်ရုံထည့်ပြီးတည်ပါ။
ဆူလာရင်မီးကိုလျှော့ချပါရှင်
အရမ်းဆူရင်ငါးတွေကြေတတ်ပါတယ်
မီးအေးအေးနဲ့ငါးရေမြှုပ်ရုံတည်ပါ။.
ထည့်ထားတဲ့ရေတဝက်လောက်ကုန်ရင်ငါးမြှုပ်ရုံပြန်ဖြည့်တည်ပါငါးပေါင်းထားတဲ့အချိန်ငါးကိုဇွန်းနဲ့လုံးဝမမွှေပါဘူးရှင်
၄နာရီလောက်မီးအေးလေးနဲ့တည်ရင်အရိုးနူးပါတယ်
ရေစပ်စပ်ကျန်တဲ့အချိန်ကြက်သွန်နီဥသေးတွေအလုံးလိုက်ထည့်ပါ။
ဆီသပ်ပါမယ်
ဂျင်း၊ကြက်သွန်ဖြူ၊၊ငရုတ်သီးကိုရောထောင်းပါ။
ကြက်သွန်နီကိုအကွင်းလှီးထားပါ။
ဒယ်အိုးအပူပေးပြီးပူလာရင်ဆီလောင်းပါ။
ငရုတ်သီးထောင်းထားတာနဲ့ကြက်သွန်နီအကွင်းကိုထည့်ပြီးဆီသပ်ပါ
မွှေးပြီးအရောင်ပြောင်းလာရင်ငံပြာရည်ပေါက်ပါ။
ရေနွေးလောင်းပြီးအနှစ်ကိုအရသာသွင်းပါ။
အရသာကိုအနှစ်အတွတ်အရသာအတော်ပဲဖြစ်အောင်တခါတည်း
ထည့်ပါရှင်။
အနှစ်အရသာမှန်သွားမှရေစပ်စပ်ကျန်နေတဲ့ငါးထဲလောင်းထည့်ပါ။
မီးကိုလုံးဝလျှော့ချပြီးအဖုံးဖွင့်ပြီးရေခမ်းအောင်တည်ရင်ရပါပြီ။
အရေးကြီးတာကငါးထဲလဲအရသာအပိုအလိုမရှိအောင်ထည့်ပါ
အနှစ်ထဲလဲအရသာအပိုအလိုမရှိအောင်ထည့်ပါရှင်
အနှစ်နဲ့ငါးထဲထည့်ထားတဲ့အရသာကတွဲစားတဲ့အခါများနေတော့လဲ
ငံပြီးနည်းနေတော့လဲပေါ့ပျက်ပျက်ဖြစ်တတ်လို့ပါ။
အရသာရှိတဲ့ငါးသလောက်ပေါင်းလေးပေါင်းစားကြည့်ပါနော်
ပေါင်းအိုးနဲ့ဆိုရင်တော့ငါးကိုတစ်နာရီလောက်ပေါင်းပြီးအရိုးနူးမှ
မနှစ်ချက်ထားတာလောင်းရင်ရပါပြီ။
#cooking

image
Htun Lin changed his profile cover
2 yrs

image
Htun Lin changed his profile picture
2 yrs

image
2 yrs - Translate

ထိုင်ခုံ တစ်ခုနဲ့ ရာထူးဆိုတာထက်

ထိုင်ခုံပေါ်မှာ ရှိနေတဲ့ လူတစ်ယောက်ရဲ့

တာ၀န်ယူရဲတဲ့စိတ်.. ဆုံးဖြတ်နိုင်စွမ်းရှိတဲ့စိတ်

ထက်မြက်မှု ရှိအောင် လေ့ကျင့်ထားတဲ့ ညဏ်ရည်တွေက ပိုအရေးကြီးတယ်

စာရွက်တွေကြောင့် ထိုင်ခုံရလာရင်

ဖားတတ်တာကြောင့် ထိုင်ခုံ ရလာရင်

လုယူတတ်လို့..သူတစ်ပါးကို ချနင်းတတ်လို့

ထိုင်ခုံရလာရင်..

အဲဒါက တကယ်တော့.. ထိုင်ခုံသက်သက်ပဲ

တကယ့် တကယ် အရည်အချင်းရှိသူဟာ...

ထိုင်ခုံနေရာကို.. မမက်မောဘူး...

ဘာကြောင့်လဲဆိုတော့.. သူတို့ဟာ..

ဘယ်နေရာမှာဆို.. ထိုင်ခုံတစ်နေရာစာ သူတို့အတွက်

အဆင်သင့်ရှိတယ်ဆိုတာ.. သိကြတယ်.

ဒါကြောင့် ထိုင်ခုံလုနေမယ့်အစား

ဘယ်နေရာ ရောက်ရောက် ထိုင်ခုံတစ်ခု ရှိနေမယ့်သူပဲ

ဖြစ်အောင်ကြိုးစားစမ်းပါ ။

image