matthew perez changed his profile picture
2 yrs

image
Gladis Soto changed her profile picture
2 yrs

image
Maritza Febus changed her profile picture
2 yrs

image
popi pitropaki changed her profile picture
2 yrs

image
TERRI Mitchell changed her profile picture
2 yrs

image
YeHtut Aung changed his profile picture
2 yrs

image

image
2 yrs - Translate

တော်ပြီးပေါ့ တစ်ပုလင်းမှ လေးပက်ပဲ ပါတာဆိုတော့🤣🤣🤣

image
2 yrs - Translate

ရွှေဈေးတက်လေ အခြေခံလူတန်စားတွေအတွက် ခက်ခဲလေပဲ.....

ဘာလို့လဲဆို ငွေကြေးဖောင်ပွမှုဟာ များသထက်များ ၊ ကုန်ဈေးနှုန်းတွေ တက်ပြီးရင်တက်နေလို့ပါ ...

ရွှေကိုင်ထားနိုင်သူတွေကလည်း မြတ်ပြီဆိုရင် အမှန်တကယ် မြတ်‌နေလို့မဟုတ်ဘူး ငွေစျေးကျတဲ့ထဲ အတူတူပါသွားကြတာပါ ။

ဘယ်လို အနေအထားမျိုးမှာပဲ ဖြစ်စေကာမူ ငွေကြေးတန်ဖိုးကျမှုကို လက်ဆုပ်လက်ကိုင်တခုအနေနဲ့ အစားထိုးလိုက်ခြင်းလို့ ပြောရမှာပေါ့ ၊ ငွေက ဘယ်အခြေအနေရောက်ရောက် ရွှေကတော့ သူ့ခေတ်သူ့စျေး ရောင်းရမှာ အမှန်ပါ ။
ဒီပို့စ်က အရောင်းအဝယ်သမားနဲ့မဆိုင်ပါဘူး ၊ ငွေကိုစိတ်မချလို့ ရွှေကိုင်ချင်သူတွေအတွက် ပြောပြတာပါရှင့် ။

ခု ရွှေရောင်းကြည့်
နောက်နေ့ ရွှေပြန်မဝယ်နိုင်ဘူး …

မြတ်တယ် မြတ်တယ်
အော်မနေနဲ့ …🤫

credit _

2 yrs - Translate

( အကယ်ဒမီ ) မီးလင်းရွှေ Code Number နဲ့ မူရင်းဘောက်ချာ ℹ
= = = = = = = = = = = = =

အကယ်ဒမီ မီးလင်းရွှေ အရောင်းအဝယ်ပြုလုပ်နေသူတိုင်း သိသင့်တဲ့ အကယ်ဒမီ မီးလင်းရွှေရဲ့ Code နံပါတ်နဲ့ မူရင်းဘောက်ချာအကြောင်း ပြောပြပေးချင်ပါတယ်…

အကယ်ဒမီ မီးလင်းရွှေ တဆယ်သား အပြည့်အတုံးရဲ့ နောက်ကျောဘက်ကို လှန်လိုက်ရင် ပုံပါအတိုင်း စာရွက်လေး ကပ်ထားတာ တွေရပါမယ်…

ပုံထဲက ဆို~~~
10.00.0.0
ACADAMY
032216 E22 လို့ ရေးထားတာ တွေ့ရပါမယ်…

"10.00.0.0" ဆိုတာ "ရွှေအလေးချိန် - ကျပ်.ပဲ.ရွှေး” ကိုဆိုလိုတာပါ…

2019 ခုနှစ်မတိုင်ခင်အထိ အကယ်ဒမီအတုံးတွေဟာ 10 ကျပ်သား အတိအကျ မဟုတ်တတ်ဘဲ ရွေးစွန်းလေးတွေ ပါတတ်ပါတယ်… 2019 ခုနှစ်မှာမှ ရန်ကုန် မန္တလေး တူညီတဲ့ Unit အသုံးပြုပြီး အလေးချိန်လည်း တပြေးညီ ထုတ်တာဖြစ်ပါတယ်… အလေးချိန်ကို ရွှေတုံးရဲ့ နောက်ကျောမှာရော မူရင်းဘောက်ချာမှာပါ ခုလို တိတိကျကျ ဖော်ပြပေးထားပါတယ်….

စာရွက်မှာပါတဲ့ အလေးချိန် နဲ့ ကုတ်နံပါတ်ဟာ ရွှေတုံး အနောက်မှာ ကပ်ထားတဲ့ အလေးချိန် နဲ့ ကုတ်နံပါတ် နဲ့ တူရပါမယ်… အောက်က အပြာရောင် မူရင်းဘောက်ချာမှာ ရွှေအလေးချိန် နဲ့ ကုတ်နံပါတ် ပါတယ်…

"ACADAMY" ဆိုတာက ရွှေတုံး "Logo" ပါ… "032216" ဆိုတာက ရွှေတုံးရဲ့ "ကုတ်နံပါတ်" ပါ… "E 22" ဆိုတာက "ထုတ်တဲ့ လနှစ်" ပါ… "E 22 " ဆိုတာက​တော့~~~ E ဆိုတာ " လ "… 22 ဆိုတာ " နှစ်ပါ "…

Code အနေနဲ့~~~
January လဆို A
February လ ဆို B
March လ ဆို C
April လ ဆို D
May လ ဆို E
June လ ဆို F
July လ ဆို G
August လ ဆို H
September လ ဆို I
October လ ဆို J
November လ ဆို K
December လ ဆို L…

2019 နှစ်ဆို 19
2020 နှစ်ဆို 20
2021 နှစ်ဆို 21
2022 နှစ်ဆို 22
2023 နှစ်ဆို 23
2024 နှစ်ဆို 24…

စသဖြင့် လနှင့် နှစ်ကိုသာယူပြီး ရက်ကို Code တွင် မထည့်ပါဘူး…

ရွှေအတုံးအနောက်မှာ ကုတ်နံပါတ် ကပ်ထားတာ ရှိပြီး မူရင်းဘောက်ချာ ပျောက်ရင် ပျက်စီးသွားရင် အကယ်ဒမီ မူရင်းဆိုင်မှာ မူရင်းဘောက်ချာ ပြန်သွားလုပ်လို့ ရပါတယ်…အဲ့အတွက် အရင်က ဝန်ဆောင်ခ 200 Ks ပဲ ပေးရတယ် ဟိုတလောက မေးကြည့်တာ 1000 Ks ဖြစ်သွားပါပြီတဲ့…

အဲ့လိုပဲ မူရင်းဘောက်ချာရှိပြီး ကုတ်နံပါတ်ကပ်ထားတဲ့ စာရွက်ပြဲတာ မရှိတော့တာဖြစ်ရင်လည်း အကယ်ဒမီ မူရင်းဆိုင်မှာ ဘောက်ချာပြပြီး ကုတ်နံပတ်သွားပြန်ကပ်လို့ရပါတယ်…

ကုတ်နံပါတ်ရော မူရင်းဘောက်ချာရော မပါတဲ့ အကယ်ဒမီရွှေတုံးကို " ကြားရွှေ " သာသာပဲ စျေးဖြတ်ပီး ပေါက်စျေးအတိုင်းမပေးကြပါဘူး…

မသိသေးတဲ့သူတွေ သိရအောင် ဗဟုသုတအနေ နဲ့ မျှဝေပေးခြင်းပဲ ဖြစ်ပါတယ်…

အားလုံး ကံကောင်းကြပြီး ဗဟုသုတရှိကြပါစေ 🙏

image