2 yrs - Translate

ယနေ့ ရွှေစျေး ၅၅ သိန်း ၅ သောင်းထိ 😱 စျေးတက်သွားပြီး ရန်ကုန် နှင့် မန္တလေး ရွှေစျေးကွက် အခေါက်ရွှေ ရောင်းချမှု ရပ်တန့်သွားဟု ခေတ်သစ်မီဒီယာမှာ ဖော်ပြထားပါတယ်။

တရက်တည်းကို၂ သိန်းကျော် စျေးခုန်တက်သွားတာပါ။

ကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းလာပြီး ရွှေ နှင့် ငွေစျေးများ စံချိန်တင် အမြင့်ဆုံးထိ တက်နေပါတယ်။

နာရီပိုင်း မီနစ်ပိုင်းအတွင်းမှာ ပြောင်းလဲသွားတာ အများကြီးပါနော်။

2 yrs - Translate

(၂၈.၅.၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
-----------------------
👉၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး -၃,၉၉၉,၄၀၀ ကျပ်
ပြင်ပပေါက်စျေး- ၅,၂၉၀,၀၀၀ ကျပ်

👉အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၂၀၀ ကျပ်(ဝယ်)၊ ၄၂၈၀ ကျပ်(ရောင်း)

👉စက်သုံးဆီ
Octane 92 - ၂၆၂၅ ကျပ်
Octane 95 - ၂၇၃၅ ကျပ်
Premium Diesel - ၂၃၈၅ ကျပ်
Diesel - ၂၃၃၅ ကျပ်

ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာဒေသအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။

image

image

image
2 yrs - Translate

ယူရိုမှာ ဂုဏ်ဆောင်ခွင့်ရတော့မယ့် ဆယ်ကျော်သက်၂ဦး

ယူရို၂၀၂၄ ပြိုင်ပွဲ၀င်မယ့် စပိန်လက်ရွေးစင်အသင်းရဲ့ ပဏာမလူစာရင်းမှာတော့ ဘာစီလိုနာရဲ့ ဆယ်ကျော်သက်ကြယ်ပွင့်လေးတွေဖြစ်တဲ့ လ(က်)မင်းယမာလ်နဲ့ ပေါကူဘာစီတို့ ပါ၀င်လာခဲ့ပါတယ်။

အပြီးသတ်လူစာရင်း ထုတ်ပြန်ဖို့အတွက် ပဏာမလူစာရင်းထဲက ကစားသမားအချို့ကို လျှော့ချသွားဦးမှာပါ။ ဒီတော့ ယမာလ်နဲ့ ကူဘာစီတို့ ယူရို၂၀၂၄မှာ သေချာပေါက် ပါ၀င်ခွင့်ရမယ်လို့ အာမခံချက် မရှိ‌သေးပါဘူး။

ပြီးခဲ့တဲ့မတ်လမှာ ကစားခဲ့တဲ့ စပိန်ရဲ့ ခြေစမ်းပွဲတွေမှာ သူတို့နှစ်ယောက်လုံး ပါ၀င်ကစားခွင့်ရခဲ့ပါတယ်။ ယမာလ်က စပိန်ရဲ့ပွဲထွက် ၁၁ယောက်လူစာရင်းမှာ ပါ၀င်ခွင့်ရဖူးပေမယ့် ကူဘာစီကတော့ လူစား၀င်ကစားသမားအနေနဲ့ပဲ မိနစ်အနည်းငယ်သာ ကစားခွင့်ရထားပါသေးတယ်။

ဒီတော့ ယမာလ်က ယူရို၂၀၂၄မှာ နိုင်ငံအသင်းအတွက် ကိုယ်စားပြုခွင့်ရဖို့ သေချာနေပြီး ကူဘာစီ ပါ၀င်ခွင့် ရမရတော့ စောင့်ကြည့်ရပါဦးမယ်။ လွန်ခဲ့တဲ့ ၁နှစ်က ဒီကစားသမားလေးတွေဟာ စပိန်ယူ၁၇အသင်းအတွက် ကစားနေခဲ့တာပါ။

လက်ရှိမှာ ဘာကာရဲ့ အဓိကကစားသမားလေးတွေဖြစ်တဲ့ ယမာလ်က ၁၆နှစ်၊ ကူဘာစီက ၁၇နှစ်သာ ရှိပါသေးတာပါ။ ဒီအရွယ်လေးတွေမှာ နိုင်ငံအသင်းနဲ့အတူ ပြိုင်ပွဲကြီးတစ်ခုမှာ ပါ၀င်ခွင့်ရမယ်ဆိုရင် သူတို့အတွက် ဂုဏ်ယူစရာကောင်းမှာ အသေအချာပါပဲ။

image
2 yrs - Translate

Wide Leg လောက်ထိမပွပေမယ့် အမျိုးသားတွေကြား hot ဖြစ်နေဆဲဘောင်းဘီအမျိုးအစားတစ်ခုကတော့ Cargo Pant တွေပါပဲ။
သူ့ကိုမှ တအားမကြပ်တဲ့ Wide Version ကို ပိုအသားပေးရွေးလိုက်ပါ။
Cargo Pant တွေကလည်း
Streetwear တွေထဲ ပါနေတဲ့အပြင် အပေါ်က ဘာနဲ့တွဲတွဲအိုခေပြီး လတ်တလောမှာတော့ တီရှပ်တွေ ရှပ်တွေပေါ် cargo vest တွေထပ်ဝတ်တာဟာ အရမ်းကိုခေတ်စားနေပါတယ် 💕

image
2 yrs - Translate

မိုးအေးအေးလေးမှာ စိတ်ကို relax လုပ်နိုင်မယ့် Meditation App ၃ ခု

ဒီတစ်ပတ် App တွေ recommend ပေးဖို့ လိုက်လေ့လာကြည့်တဲ့အခါမှာ မိုးရာသီနဲ့ သင့်တော်တဲ့ App အချို့ကို တွေ့ရှိခဲ့လို့ ဖော်ပြပေးချင်ပါတယ်။
Meditation လို့ ခေါ်တဲ့ တရားထိုင်ခြင်းနဲ့ ပတ်သက်တဲ့ App လေးတွေပဲဖြစ်ပါတယ်။

ဒီနေရာမှာ တရားထိုင်တာနဲ့ပတ်သက်ပြီးတော့ များသောအားဖြင့် ဘာသာရေးနဲ့ ဆက်စပ်မယ်လို့ အရင်ဆုံးတွေးကြမယ်လို့တော့ ထင်ပါတယ်။ အနောက်နိုင်ငံတွေမှာဆိုရင်တော့ တရားထိုင်ခြင်းဟာ စိတ်ကျန်းမာရေးကို အများဆုံးအထောက်အကူပြုတာကြောင့် ကျန်းမာရေးလေ့ကျင့်ခန်းအနေနဲ့ လုပ်ဆောင်ကြပါတယ်။

ဒါကြောင့် မိုးအေးအေးလေးမှာ စိတ်ကို relax လုပ်လိုသူတွေအတွက် ရည်ရွယ်ပြီး ဒီ App လေး ၃ ခုအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

1. Headspace
နိုင်ငံတကာမှ ကျွမ်းကျင်သူတွေရဲ့ တရားထိုင်ခြင်းနှင့်ပတ်သက်တဲ့ လေ့ကျင့်ခန်းများ၊ အသက်ရှုလေ့ကျင့်ခန်းများပါရှိပြီး အမျိုးအစားခွဲပေးထားတဲ့အတွက် မိမိလိုအပ်ရာကို ရွေးချယ်နိုင်ပါတယ်။ လေ့ကျင့်ခန်းများကိုလည်း ဗီဒီယိုများ၊ အသံဖိုင်များနှင့်တကွ တဆင့်ပြီးတဆင့် လွယ်ကူစွာ လိုက်လုပ်နိုင်ပါတယ်။
ဒီ App ထဲမှာပါဝင်တဲ့ One-session Meditations ကတော့ လူသုံးအတော်များပြီး အချိန်တိုအတွင်း စိတ်လှုပ်ရှားမှု သက်သာလိုတဲ့အခါ အသုံးပြုကြပါတယ်။ (ဥပမာ - အင်တာဗျုးဖြေခါနီး စိတ်လှုပ်ရှားမှုကို သက်သာစေရန်ဖြစ်ပါတယ်။ )

2. Calm
ကလေးများအတွက်ပါ လေ့ကျင့်ခန်းလေးတွေပါရှိတဲ့အတွက် ကလေးရှိတဲ့မိဘတွေပါ အသုံးပြုကြတဲ့ App တစ်ခုပါ။ Mood Tracking Feature တွေ ပါရှိတာကြောင့်လည်း စိတ်ခံစားချက်ကို မူတည်ပြီး လေ့ကျင့်ခန်းတွေကို ရွေးချယ်နိုင်တဲ့အပြင် စိတ်အတက်အကျကိုလည်း စနစ်တကျဖြစ်စေရန် လေ့ကျင့်နိုင်ပါသေးတယ်။ မိုးရာသီမှာ စိတ်အေးချမ်းဖို့အတွက် ပြုလုပ်နိုင်တဲ့ Guided Meditations တွေ၊ ဗီဒီယိုနဲ့ အသံဖိုင်တွေလည်း ပါဝင်တာကြောင့် ဒီရာသီနဲ့အလိုက်ဖက်ဆုံး App ပါ။

3. Smiling Mind
ဆယ်ကျော်သက်လူငယ်တွေအတွက် အဓိကရည်ရွယ်ပြီး ထုတ်ထားတဲ့ App တစ်ခုပါ။ ရိုးရှင်းတဲ့ UI ပုံစံကြောင့် သုံးရလွယ်ကူပြီး Animation ပုံစံလေးကြောင့် လူငယ်လေးတွေအကြိုက်ပါ။ ဆရာတွေနဲ့အတူ သင်ယူနိုင်ပြီး ကိုယ်နှစ်သက်ရာ ဆရာကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။ လေ့ကျင့်ခန်းများကို မှတ်တမ်းတင်ပေးထားပြီး ကိုယ့်ရဲ့တိုးတက်မှုကိုလည်း ပြန်ဆန်းစစ်နိုင်ပါတယ်။ Bignner Cousre ကစတာကြောင့် အလွယ်တူ လိုက်လေ့ကျင့်နိုင်ပါတယ်။

Meditation App တွေဟာဆိုရင် စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းမှုတွေကို လျော့နည်းစေဖို့လည်း ကူညီပေးပြီး ကျန်းမာရေးအနေနဲ့လည်း ကောင်းမွန်တဲ့ အိပ်စက်ခြင်းကို အထောက်အကူပြုစေပါတယ်။ လိုအပ်နေမယ့်သူတွေအတွက် အခုဖော်ပြခဲ့တဲ့ Meditation App တွေက အဆင်ပြေစေမယ်လို့ မျှော်လင့်ပါတယ်။

image
Brion changed his profile cover
2 yrs

image
Brion changed his profile picture
2 yrs

image

Adorable red fox kits playtime with mama ❤