2 yrs - Translate

Cropped Trench Jacket

Classic Style သဘောကျတဲ့သူတွေအတွက် Trench Coat တွေကတော့ မစိမ်းလောက်ပါဘူး။ Trench Coat တွေကိုမှ ခါးအတို Crop အနေအထား အပေါ်ထပ်လေးတွေကတော့ ရာသီမရွေး အဆင်ပြေတဲ့ ဒီဇိုင်းဖြစ်တဲ့အပြင် timeless လည်း ဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။ 🤗 အများအားဖြင့်ကာကီ၊ နက်ပြာ၊ အနက်စတဲ့အရောင်တွေ များတာကြောင့် သူ့အောက်ကဝတ်မယ့် အတွဲအစပ်အရောင်လည်း သိပ်စဥ်းစားစရာမလိုတော့ဘူးနော်။

image
2 yrs - Translate

ဘာစီနည်းပြ ဟန်စီ ဖလစ် တရာ၀င် ဖြစ်ပြီး!!!

နည်းပြ ဇာဗီ နဲ့ လမ်းခွဲပြီးနောက် အားလုံးထင်ထားတယ့်အတိုင်း ဖလစ်ဟာ ဘာစီနည်းပြ ဖြစ်လာပြီးလို့ တရာ၀င်ကြေညာခဲ့ပါတယ်။ စာချုပ်သက်တမ်းကို တော့ ၂၀၂၆ ထိ ချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။

image

Hong Kong Style French Toast

Strawberry icecoffee

2 yrs - Translate

ဦးနှောက်သွေးခဲပြီးမှ ဘောလုံးပြန်ကစားမယ့် ကစားသမား
--------------------------
ဆွီဒင် ကစားသမား ခရစ္စတိုဖာအော်လ်ဆင်က ပြီးခဲ့တဲ့ ဖေ‌ဖော်ဝါရီလတုန်းက ဦးနှောက်သွေးခဲမှု ဖြစ်ပွားခဲ့ပါတယ်။
နေအိမ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက်ရှူစက်နဲ့ ဆေးရုံကို အရေးပေါ်တင်ခဲ့တာရတာလို့ သိရပါတယ်။
အဲ့နောက် အထူးကြပ်မတ်ကုသဆောင်ကို ပြောင်းရွှေ့ပြီး ပြန်လည်သန်စွမ်းရေး ကုသခဲ့ရပါသေးတယ်။
လက်ရှိမှာတော့ ကျန်းမာရေး အခြေအနေပြန်လည်ကောင်းမွန်လာတဲ့ အော်လ်ဆင်က - “ကျွန်တော် အတော်လေး နေကောင်းနေပါပြီ။ ကျွန်တော်ဘောလုံးတောင် ပြန်ကစားနိုင်နေပါပြီ။ အကောင်းဆုံး လှုပ်ရှားသွားလာနိုင်ပြီး မှတ်ဥာဏ်လဲ အကောင်းတိုင်းပါပဲ”လို့ ဆွီဒင် မီဒီယာတစ်ခုကို ပြောလာပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းကတော့ အော်လ်ဆင်ရဲ့ မိခင်ကလပ်ဖြစ်တဲ့ မစ်ဂျ်လန်းအသင်းက - “အမြန်ဆုံး ပြန်လည်သန်စွမ်းပြီး သူ့ရဲ့ ပုံစံကောင်းကို ရရှိနေပါပြီ”လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အော်လ်ဆင်အနေနဲ့ ရှားပါး ရောဂါတစ်ခုကြောင့် ဦး‌နှောက်အတွင်းရှိသွေးကြောမျှင် အများအပြား ပေါက်သွားခဲ့ပြီး သွေးခဲမှု ဖြစ်ခဲ့တာပါ။
အော်လ်ဆင်က အာဆင်နယ် အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၅က မစ်ဂျ်လန်းကို မပြောင်းရွှေ့ခင် အာဆင်နယ်အတွက် တစ်ပွဲ ကစားပေးနိုင်ခဲ့ပါတယ်။
မေလ ၂၆ရက်နေ့တုန်းကတော့ မစ်ဂျ်လန်းအသင်း ဒိန်းမတ်လိဂ် ချန်ပီယံ ဖြစ်တုန်းက အသင်းဖော်တွေရဲ့ အောင်ပွဲခံ အခမ်းအနားကို ပွဲကြည့်စင်ကနေ အားပေးခဲ့ပါသေးတယ်။

image
2 yrs - Translate

iOS 18 ထွက်ဖို့ 2 ပတ်ဘဲ
လိုပါတော့တယ်။

image

Beefpasta

2 yrs - Translate

ဂီတာဖေး တစ်နှစ်တာ အကောင်းဆုံးကစားသမား ဂရင်းဝုဒ်

ဂရင်းဝုဒ့်ကတော့ ဂီတာဖေးက ပေးအပ်တယ့် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ ၁၀ ဂိုးသွင်း ၆ ဂိုးဖန်တီးပြီး ၁၆ ဂိုးပါဝင်ပတ်သကါခဲ့ပြီး ဂီတာဖေးကတော့ အပြီးသတ်ခေါ်ခြင်းနေပါတယ်။ လက်ရှိမှာတော့ ကစားသမားက မန်ချက်စတာ ကို ပြန်လာပြီး ဖြစ်ပြီး ယူနိက်တက် ရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေတာလည်း ဖြစ်ပါတယ်။

image
2 yrs - Translate

သစ်သီး စားခြင်းနဲ့ ပတ်သက်တဲ့ အကြံပြုချက် (၁၀) ချက်

သစ်သီးတွေက ကိုယ်ခန္ဓာနဲ့ ဦးနှောက်ရဲ့ လုပ်ငန်းစဉ်တွေကို အထောက်အကူဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပါဝင်တယ်ဆိုတာ မငြင်းနိုင်ပါဘူး။

ဒါကြောင့် အသီးတွေကို များများစားပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် အသီးစားတာ နည်းနေတာမျိုး ဖြစ်နိုင်ပါတယ်။ အခုဖော်ပြသွားမှာကတော့ သစ်သီးတွေကို လွယ်လွယ်ကူကူစားဖြစ်စေမယ့် အချက် ၁၀ ချက်ပဲ ဖြစ်ပါတယ်။

(၁) မြင်နိုင်တဲ့နေရာမှာထားပါ
အသီးစားတာကို အစားအသောက်တစ်ခုစားတယ်လို့ တချို့လူတွေက မမြင်တဲ့အတွက် အသီးအစားနည်းကြပါတယ်။ စားပွဲပေါ်မှာ ကောင်တာပေါ်မှာ ရေခဲသေတ္တာထဲမှာ စတဲ့မြင်လွယ်တဲ့နေရာတွေမှာ အသီးအနှံတွေထားရင် သင်အသီးပိုစားဖြစ်မယ်လို့ ထင်ပါတယ်။

(၂) အချိုအဖြစ်အသုံးပြုပါ
ကိုယ်ချက်တဲဟင်းတွေထဲမှာ အချိုမှုန့် ဒါမှမဟုတ် သကြားထည့်တာထက်စာရင် ချိုမြတဲ့အရသာရှိတဲ့ အသီးတွေနဲ့ အစားထိုးစမ်းသပ်အသုံးပြုကြည့်ပါ။ သဘာဝထွက်ဇီးသီးက အရမ်းချိုတဲ့အတွက် သင့်ဟင်းလျာထဲမှာ ထည့်တာက ကောင်းတဲ့ ရွေးချယ်မှုတစ်ခုဖြစ်နိုင်ပါတယ်။

(၃) သစ်သီးအမယ်အသစ် အပတ်တိုင်း စားကြည့်ပါ။
အပတ်စဉ် အသီးအသစ်တမျိုးမျီုးစားကြည့်တာက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို ဖြည့်တင်းပေးနိုင်ရုံသာမက ကိုယ်ကြိုက်တဲ့ အသီးကို ရှာဖွေနိုင်တဲ့ အခွင့်အရေးလည်း ရပါတယ်။

(၄) အသီးစုံစားပါ။
လတ်ဆတ်တဲ့ အသီးတွေက ပိုပြီး အဟာရပြည့်ဝ ပါတယ်။ ဒါပေမယ့်လည်း လတ်ဆတ်တာချည်း ရွေးစားဖို့ မလိုအပ်ပါဘူး။ အခြောက်ခံ နေလှမ်းထားတာမျိုး၊ ရေခဲရိုက်ထားတာမျိုး စတာတွေလည်း စားနိုင်ပါတယ်။ တချို့အသီးတွေစားရတာ ကရိကထနိုင်ပေမယ့် သိမ်းဆည်းရ စွန့်ပစ်ရ လွယ်ကူပါတယ်။

(၅) အမျှင်ဓါတ်ကို မေ့မထားပါနှင့်။
အသီးကို ဖျော်သောက်တာထက်စာရင် အလုံးလိုက်စားပါ။ ဒါကတဆင့် သင့်ကို အမျှင်ဓါတ်ပိုရစေပါတယ်။

(၆) မနက်စာမှာ အသီးစားပါ။
ဂျုံနဲ့ပြောင်းထွက် စားသောက်ကုန်တွေစားမယ့်အစား သစ်သီးကို မနက်စာအဖြစ်စားနိုင်ပါတယ်။ ဒါက ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ရစေပါတယ်။

(၇) နေ့လယ်စာမှာ သစ်သီးစားပါ။
အလွယ်တကူရရှိတဲ့ fast food တွေစားမယ့်အစား ငှက်ပျောသီး၊ လိမ္မော်သီးနဲ့ စပျစ်သီး စတာတွေ စားနိုင်ပါတယ်။ ထောပတ်သီးသုတ်ကလည်း သင့်ကျန်းမာရေးအတွက် အလွန်အထောက်အကူဖြစ်ပါတယ်။

(၈) သွားရည်စာမှာ အသီးစားပါ။
သကြားလုံးတွေ အသင့်ပြုလုပ်ထားတဲ့ အားလူကြော်တွေ အအေးတွေ သောက်မယ့်အစား အသီးစားနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓါတ်တွေပိုရလေလေ သင့်ခန္ဓာကိုယ်အတွက် ပိုအကျိုးရှိလေဖြစ်ပါတယ်။

(၉) ကလေးတွေအတွက် အတုယူစရာဖြစ်ပါစေ။
ကိုယ်တိုင်အသီးမစားဘဲ ကလေးတွေကို အသီးစားကြပါလို့ ပြောမနေပါနဲ့။ ကိုယ်က အသီးများများစားလို့ ကလေးတွေက အတုယူပြီး လိုက်စားတာမျိုးဖြစ်ပါစေ။

(၁၀) လတ်ဆတ်သန့်ရှင်းမှု ရှိပါစေ။
အသီးတွေက လတ်ဆတ်ဖို့ အရေးကြီးပြီး မစားမီ ရေစင်အောင်ဆေးဖို့လည်း လိုအပ်ပါတယ်။ ကြာကြာသိုလှောင်ထားဖို့ကတော့ ရေထဲသေတ္တာထဲမှာ သိမ်းထားနိုင်ပါတယ်။

အသီးစားတာက ခန္ဓာကိုယ်အတွက် ယေဘုယျ တိုးတက်ဖွံ့ဖြိုးမှုအတွက် ကောင်းပါတယ်။ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ဖြည့်တင်းပေးနိုင်တဲ့ အတွက် ပိုကျန်းမာစေပါတယ်။ ဒါပေမယ့်လည်း ဆီးချိုသမားများနဲ့ သွေးတွင်းအချိုဓါတ်များတဲ့သူတွေအတွက်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

Credit: ရေးသားသူ Dr. Phio Thia

image
2 yrs - Translate

Coron Palawan, Philippines 💙💙💙

image