18.9.2024(40 PM) Update Exchange Rate
နောက်ဆုံးရ ငွေလဲလှယ်နူန်းများ
#ငွေလဲလှယ်နူန်း
#ဘတ်စျေး
#ဒေါ်လာစျေး
#ငွေစျေး
#currencyexchange
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
18.9.2024(40 PM) Update Exchange Rate
နောက်ဆုံးရ ငွေလဲလှယ်နူန်းများ
#ငွေလဲလှယ်နူန်း
#ဘတ်စျေး
#ဒေါ်လာစျေး
#ငွေစျေး
#currencyexchange
ဆံပင်တွေကျွတ်ဆံပင်တွေကျွတ် မျက်မှန်တွေ
တပ်နေရလို့ စိတ်ညစ်နေသူများအတွက်.....?
ယနေ့ည လက်တွေ့စမ်းကြည့်တာ.
ဆား(၅၀)ကျပ်သားလောက် ရေနွေးနဲ့ ခြေထောက်ကို
နာရီဝက်လောက် စိမ်ထားပြီး ခြေဖဝါးကို ဆားနဲ့ပွတ်တာ
ပြီးတော့ ပြောင်အောင် သဘက်နဲ့ သုတ်လိုက်ပါ။
ဒူးအောက်ကနေ ရေနွေးလေးနဲ့ လောင်းပြီး ဆေးလည်း ရပါတယ်။
ကိုယ်မှာ ချွေးများထွက်လာပြီး
ညောင်းတာ ကိုက်တာ ပေါ့သွားတယ်။
အပူလည်း တော်တော်ထွက်တယ်။
ဒီနည်းအတိုင်း သုံးရက်လောက် လုပ်ကြည့်မယ်ဆိုရင်
ညောင်းတာ ကိုက်တာ အပူများတာ ကျန်တဲ့ ရောဂါတစ်ချို့
သက်သာလာမှာ သေချာတယ်။
ထို့ကြောင့် ကျန်းမာရေးကို လိုက်စားသူများ စမ်းကြည့်ပါ။
အကျိုး မယုတ်ပါဘူး။
နောက်တစ်နည်း...?
နေ့စဉ် အချိန်မှန် ညအိပ်ရာဝင်နီးတိုင်း ဆားနင်းခြင်း,
ဆားနင်းရင် ကိုယ်တွင်းအောင်း အပူတွေ ထွက်စေသည်။
နင်းပုံ နင်းနည်းကတော့....?
မနင်းခင်း ခြေထောက်ကို ပေါင်ရင်းကစပြီး ရေလောင်းဆေးပါ
ခြောက်အောင်သုတ်ပါ။(ဆား ၁ ပိဿ ာ၂ ပိဿ ာဆို ပိုကောင်း)
ဆန့်တဲ့ ဇလုံကြီးထဲထည့်ပြီး နင်းပါ။
နာရီဝက်လောက် ဆက်တိုက်နင်းနေရင်းနဲ့
ခြေထောက်က ချွေးများထွက်လာတာ တွေ့ရပါတယ်။
မိနစ် ၃၀ - ၄၀ ၁.နာရီ ကိုယ်ကျေနပ်သည် အထိ နင်းပြီးတာနဲ့
မနင်းခင်း အသင့်ဆောင်ထားတဲ့ ပုဝါနဲ့
ခြေထောက်ကို ဆားဇလုံထဲ ပွတ်ချပြီး
ဆားတွေပြောင်အောင် သုတ်ပါ။
ခြေထောက်ကို လုံးဝ လုံးဝ ရေပြန်မဆေးရပါ။
ခြေထောက်ပြောင်တာနဲ့ အိပ်ရာဝင်ပါ။
ပထမနေ့မှာပဲ နှစ်ခြိုက်စွာ အိပ်ပျော်ပါမယ်။
အကြောပြေ ခြေကျဉ် ထုံနာတွေ ပျောက်ကင်း။
ခြေကွဲခြင်း မရှိပါ။
ဆံပင်မကျွတ်တော့ နဂိုဆံပင်သန်သူတွေ ပိုပြီး သန်လာမည်။
ကျန်းမာခြင်းကို အားပေးမည်။
#ကျန်းမာရေးဗဟုသုတ
-------------------------------------------------------------
(( အနာရောဂါကင်း၍ ကျန်းမာ ချမ်းသာကြပါစေ ))
ရေဘေးသင့်ပြည်သူများအတွက် ဒေါ်လာ ၅ သိန်း နော်ဝေ ထောက်ပံ့
-------------------------
မြန်မာနိုင်ငံက ရေဘေးသင့်ပြည်သူတွေအတွက် နော်ဝေနိုင်ငံက အမေရိကန်ဒေါ်လာ ၅ သိန်း ထောက်ပံ့ကူညီခဲ့ တယ်လို့ ရန်ကုန်မြို့ နော်ဝေသံရုံးက ထုတ်ပြန်ပါတယ်။ နော်ဝေနိုင်ငံဟာ UNOPS ရဲ့ ဘက်စုံရန်ပုံငွေ ယန္တရား အလှူရှင်တွေနဲ့ ပူးပေါင်းကာ ရေဘေးသင့် ရပ်ရွာတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်နိုင်ဖို့ ထောက်ပံ့ကူညီခဲ့တာလို့ ဆိုပါတယ်။
ထောက်ပံ့မှုအနေနဲ့ အမိုးအကာ၊ အစားအစာ၊ ရေသန့်၊ အခြေခံဆေးဝါးတွေ နဲ့ အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်း တွေ ပါဝင်ပြီး နော်ဝေကြက်ခြေနီအသင်းနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံကြက်ခြေနီအသင်းက တစ်ဆင့် အသုံးအဆောင်ပစ္စည်းတွေ၊ ကျန်းမာရေးအတွက် ငွေသားနဲ့ အစား အသောက်ပါဆယ်ထုပ်တွေကို ဖြန့်ဝေ ပေးနေတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် နော်ဝေ နိုင်ငံဟာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ရေဘေးသင့်ပြည်သူတွေရဲ့ လိုအပ်ချက်တွေ ကို ဆန်းစစ်ပြီး အကူအညီတွေ အမြန်ဆုံး ရောက်ရှိရေး လုပ်ဆောင်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။