2 yrs - Translate

Scarlett Johansson ရဲ့အသံကို ခွင့်ပြုချက်မရှိပဲ သုံးခဲ့တဲ့ OpenAI

OpenAI ရဲ့ AI voice assistence SKY ဆိုတဲ့ Model မှာ Scarlett Johansson ( Marvel Fan တွေကတော့ Black Widow) လို့လူသိများတဲ့ မင်းသမီးရဲ့ အသံကို ခွင့်ပြုချက်မရှိပဲ ယူသုံးထားတယ်လို့ ပြောဆိုမှုတွေဖြစ်နေပါတယ်။

OpenAI ရဲ့ အသစ်ထွက်ထားတဲ့ AI Model ရဲ့ Voice Model တစ်ခုထဲက SKY ဟာ မင်းသမီး Scarlett Johansson ရဲ့အသံနဲ့ဆင်တူနေလို့ Scarlett Johansson ရဲ့ ရှေ့နေတွေနဲ့ အေဂျင်စီဖက်က OpenAI ကိုခွင့်ပြုချက်မရှိပဲ ယူသုံးတဲ့အကြောင်းပြချက်နဲ့ ဘာလို့တူနေရတာလဲဆိုတဲ့ ဖြေရှင်းချက်ပေးဖို့ OpenAI ကို တရားဝင်မေးမြန်ထားပါတယ်။

AI Model SKY ရဲ့အသံဟာ ၂၀၁၃ တုန်းကထွက်ထားတဲ့ Sci-fi ဇာတ်ကားဖြစ်တဲ့ Her ထဲမှာ Scarlett Johansson အသံသရုပ်ဆောင်ထားတဲ့ AI ရဲ့အသံနဲ့အတော်လေးတူညီနေပြီး အဆိုပါဇာတ်ကားဟာလည်း OpenAI CEO Sam Altman ရဲ့ အကြိုက်ဆုံးဇာတ်ကားတွေထဲက တစ်ခုဖြစ်ကြောင်းကိုလည်း Sam ကိုယ်တိုင် Twitter မှာ လွန်ခဲ့တဲ့တစ်ပတ်က ရေးသားထားပါတယ်။

Scarlett Johansson ကိုယ်တိုင်က လွန်ခဲ့တဲ့ စက်တင်ဘာတုန်းက Sam ကိုယ်တိုင်သူ့ကိုဆက်သွယ်ပြီး ChatGPT 4 ရဲ့ Voice ကိုယ်သုံးလိုကြောင်း ကမ်းလှမ်းထားတာမျိုးရှိခဲ့ပြီး Scarlett Johansson ရဲ့အသံက နားထောင်သူတိုင်းကို စိတ်ချမ်းမြေ့စေနိုငမယ့် အသံဖြစ်ကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။ ဒါပေယ့် Scarlett Johansson က ဒီအလုပ်ကိစ္စကို ငြင်းဆိုခဲ့ပါတယ်။ SKY ကို Release မလုပ်ခင် ၂ ရက်အလိုကလည်း OpenAI ဖက်ပြန်လည်ဆက်သွယ်ပြီး အလုပ်ကိစ္စကို ပြန်လည်စဥ်းစားဖို့ ညှိနှိုင်းခဲ့ပါသေးတယ်။

လောလောဆယ်မှာတော့ Scarlett Johansson အနေနဲ့ Sam Altman လိုလူမျိုးက ဒီလိုမျိုး အခွင့်မရှိပဲ အသံယူသုံးတဲ့ကိစ္စနဲ့ပတ်သက်လို့ မကျေမနပ်ဖြစ်နေပါတယ်။ ဒီကိစ္စကိုလည်း တရားရေးအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။ လောလောဆယ်မှာတော့ OpenAI ရဲ့ SKY Model ကို သုံးစွဲခွင့် ပြန်လည်ဖြုတ်ချထားပါတယ်။

image
2 yrs - Translate

၂၀၂၃/၂၀၂၄ ပရီမီးယာလိဒ်ရဲ့ အတိုးတက်လာဆုံးကစားသမား
၁၀ ယောက်

Whoscore ကတော့ မနှစ်ကထပ် တိုးတက်လာ့တယ့် ကစား သမား ၁၀ ဦးကိုဖော်ပြလာပါတယ်။

၁၊ ဂေါ်ဒန်(နယူးကဆယ်)
၂၊ မာတေတာ(ပဲလေစ့်)
၃၊ ဂါလဲဂါ (ချယ်စီး)
၄၊ ဟွမ်ဟီချမ်း (ဝုဗ့်)
၅၊ အီဇီ (ပဲလေစ့်)
၆၊ ဖိုဒန် (စီးတီး)
၇၊ ကွတ် (ဘုန်းမောက်)
၈၊ ဟာဗတ် (အာဆင်နယ်)
၉၊ အဲဗရက်စ် (စီးတီး)
၁၀၊ ရစ်ချာလီဆင် (စပါး)

image
Lily Soe is feeling Happy
2 yrs - Translate
Flying

Potato Burgers

sleepy corgi

2 yrs - Translate

ပထမဆုံးရတဲ့ဝင်ငွေနဲ့ မိဘတွေကို အိမ်ဝယ်ပေးခဲ့သူ

လူငယ်တစ်ယောက် ဝင်ငွေဒေါ်လာသန်းချီ ရပြီဆိုရင် ကားအကောင်းစားတွေ၊ တန်ဖိုးကြီးအသုံးအဆောင်ပစ္စည်းတွေ ဝယ်ဖို့ တွေးကြမှာပါပဲ။ ဒါပေမဲ့ အမေရိကန် ဘေ့စ်ဘောကစားသမား ပါဗင်စမစ်ကတော့ ပထမဆုံးရတဲ့ ဝင်ငွေနဲ့ မိဘတွေအတွက် အိမ်ဝယ်ပေးခဲ့ပြီး မိဘနှစ်ပါးကို ဝမ်းသာမျက်ရည် ကျစေခဲ့သူပါ။

ပါဗင်စမစ်က အသက် ၂၁ နှစ်အရွယ်မှာ မေဂျာလိဂ်ဘေ့စ်ဘောကလပ် Arizona Diamondbacks အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်ကြေး အမေရိကန်ဒေါ်လာ ၅ သန်း ရခဲ့ပါတယ်။ '' အမေနဲ့ အဖေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကြောင့်သာ ကျွန်တော် ဒီကနေ့ ဒီလို ဖြစ်လာခဲ့တာပါ။ ကျွန်တော်တို့ မိသားစုအိမ်ကိုလည်း ကိုယ်ပိုင်အိမ် ဖြစ်စေချင်တယ်''လို့ ပါဗင်စမစ်က ဆိုပါတယ်။

သူဟာ ပထမဆုံးရတဲ့ ဝင်ငွေနဲ့ မိဘတွေ သွင်းဖို့ ကျန်နေတဲ့ အိမ်ဖိုးငွေအားလုံးကို အကြေ ပေးချေခဲ့တာပါ။ လွန်ခဲ့တဲ့ ၇ နှစ်တုန်းက မိဘတွေအတွက် ခရစ္စမတ်လက်ဆောင်အဖြစ် အိမ်ပိုင် ဝယ်ပေးခဲ့တာ ဖြစ်ပါတယ်။

image
2 yrs - Translate

၉၀ပြည့်နှစ်ရဲ့ဖက်ရှင်လို့ပြောလိုက်ရင် Denim Jacket တွေနဲ့ Denim Shirt တွေက မဖြစ်မနေပါဝင်နေပါတယ်။ ၈၀ပြည့်နှစ်အကုန်လောက်မှာ Denim Shirt တွေ တော်တော်လေးခေတ်စားလာခဲ့ပြီး အပေါ်အောက် Denim on Denim စတိုင်တွဲဝတ်လာကြပါတယ်။ ခုချိန်မှာ Denim ဝတ်ရတာသဘောကျတဲ့ အမျိုးသားတွေအနေနဲ့ အဲ့တုန်းက fashion style အတိုင်း Denim on Denim ပြန်တွဲဝတ်ဖို့ recommend ပေးချင်ပါတယ်။
ရှင်းရှင်းလေးနဲ့
တကယ်ကိုအထာကျတဲ့
စတိုင်မို့ပါ။

image
2 yrs - Translate

သင်သည်
သူ့အတွက်
အရေးမကြီးဘူးဆိုရင်
သူ မဆက်သွယ်ဘဲနေမှာပေါ့။

သင်သည်
သူ့အတွက်
ဘာမှမဟုတ်ဘူးဆိုရင်
သူ စကားမပြောဘဲနေမှာပေါ့။

သင်သည်
သူ့အတွက်
နေရာမရှိဘူးဆိုရင်
သူ အလုပ်များနေတယ်ပြောမှာပေါ့။

သင်သည်
သူ့အတွက်
လွမ်းစရာမဟုတ်ဘူးဆိုရင်
သူ ခပ်ဝေးဝေးကရှောင်နေမှာပေါ့။

သင်တာအနားက တိတ်တိတ်လေး
ပျောက်ကွယ်နေကြည့်
စိတ်ပူနေတတ်သူက သင့်အတွက်အရေးပါသူပဲ။

သူစိတ်ပူနေ၍ မေးမိတဲ့အခါ
ကိုယ့်ဘက်က အရေးမပါတာတွေဆိုပြီး
ဂရုမစိုက်တာတော့မပြုမိစေနဲ့ပေါ့
သင့်အတွက်အရေးမပါပေမဲ့ သူ့အတွက်စိတ်မကောင်းဖြစ်စေတတ်၍ပါ။

သင့်အနားက အရစ်သန်နေတယ်ဆိုတာ
သင့်အနားမှာ ပွစိပွစိစကားတွေများနေတယ်ဆိုတာ
သူ့စိတ်မှာ သင်သည် အရေးပါနေသူဖြစ်နေ၍ပါပဲ။

သူမရစ်တော့တဲ့အခါ
သူစကားတွေမများတော့တဲ့အခါ
သူသင့်ကိုသတိမထားတော့တဲ့
သင့်ဘဝထဲကတိတ်တိတ်လေး
သူထွက်သွားပြီဆိုတာသိထားလိုက်ပါ။

သင့်ဖုန်းလေးကို ပြန်ဖွင့်ကြည့်လိုက်
သူ့ဆီကဆက်သွယ်ထားတဲ့ ဖုန်းများရောက်နေလေမလား။ သင့်အကောင့်လေးကို ပြန်စစ်ကြည့်လိုက်သူ့ဆီကပို့ထားတဲ့ messageလေးများရောက်နေလေမလား။

တကယ်မြတ်နိုးသူတိုင်း စိတ်ပူတတ်သလို
ကိုယ့်ဘဝအရေးပါသူတွေအတွက်
အချိန်တစ်ခုအမြဲပေးနေတတ်တယ်လေ။
ကိုယ့်အတွက်အရေးမပါသူအတွက်
ကိုယ်စကားမပြောချင်သလို
ကိုယ့်အတွက်အရေးပါသူတွေအတွက်
ကိုယ့်အချိန်လေးတွေပေးနေနိုင်အောင်ကြိုးစားမိသလိုမျိုးပေါ့။

အကယ်၍ဤစာလေးကို သင်ဖတ်မိတဲ့အခါ
သင့်စိတ်မှာသတိရသူတစ်ဦးဦးတစ်ယောက်
ရှိလာခဲ့တယ်ဆိုရင် အမြန်ဆုံးဆက်သွယ်လိုက်ပါ။
သူကိုယ့်အနားက အဝေးဆုံးတွက်မသွားဘူးဆိုတာ
ဆက်သွယ်၍ရနေသော လိပ်စာနှင့်ဖုန်းနံပါတ်လေးတွေက သက်သေပြနေပါလိမ့်မည်။

image
2 yrs - Translate

ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ဘဲ လမ်းပြင်စေနိုင်မယ့် ရွေ့လျားခုံးကျော်တံတား

လမ်းပြင်ရင် ယာဉ်ကြောပိတ်ဆို့တတ်တယ်ဆိုတဲ့ ပြဿနာကို ဆန်းသစ်တီထွင်မှုတစ်ခုကြောင့် ဖြေရှင်းနိုင်ခဲ့ပါပြီ။ ဆွစ်ဇာလန်နိုင်ငံ လမ်းပြုပြင်ထိန်းသိမ်းရေးအာဏာပိုင်အဖွဲ့က ရွေ့လျားခုံးကျော်တံတားကို အသုံးပြုပြီး ယာဉ်ကြောပိတ်ဆို့မှုမရှိအောင် လမ်းပြင်သွားခဲ့တာပါ။

Astra Bridge လို့ အမည်ပေးထားတဲ့ ရွေ့လျားခုံးကျော်တံတားဟာ ၂၅၇ မီတာ ရှည်လျားပြီး ခုံးကျော်တံတားတစ်ခုလို လုပ်ဆောင်ပေးနိုင်ပါတယ်။ ပြုပြင်စရာရှိတဲ့ လမ်းပိုင်းမှာ အဲဒီရွေ့လျားခုံးကျော်တံတားခင်းထားရင် ကားတွေက ခုံးကျော်ပေါ်ကနေ ဖြတ်သန်းမောင်းနှင်နိုင်ပြီး လမ်းပြင်သူတွေကလည်း ခုံးအောက်မှာ လမ်းပြင်နေနိုင်မှာ ဖြစ်လို့ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်မှာ မဟုတ်ပါဘူး။

Astra Bridge ပရောဂျက်ကို ဦးဆောင်သူကတော့ ဂျက်မာရီယန်လို့ အမည်ရပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က သြစတြီးယားမှာတွေ့တဲ့ ယာယီခုံးကျော်တံတားတစ်ခုကို သဘောကျသွားပြီး ဝယ်သုံးခဲ့ပေမဲ့ ခပ်နိမ့်နိမ့် ဖြစ်နေတာ၊ အသံဆူညံလွန်းတာ၊ ရွှေ့ပြောင်းလို့မလွယ်ကူတာ စတဲ့အချက်တွေကြောင့် သူ့ဘာသာ ပြန်လည်ဆန်းသစ်တီထွင်ဖို့ စိတ်ကူးရခဲ့တာပါ။

လမ်းအကျယ် ၅ မီတာ၊ အမြင့် ၃ မီတာရှိပြီး တစ်နာရီ မိုင် ၆၀ နှုန်း မောင်းနှင်ရာမှာ အဆင်ပြေချောမွေ့စေဖို့ လမ်းအခုံးကိုလည်း ပြေပြစ်အောင် တွက်ချက်ထားရပါတယ်။ ဆွစ်ဇာလန်မှာ အသုံးပြုနေတဲ့ ရွေ့လျားခုံးကျော်တံတားကို နော်ဝေ၊ ဂျာမနီနဲ့ နယ်သာလန်နိုင်ငံတွေကပါ စိတ်ဝင်စားနေပြီး ဆွစ်ဇာလန်နိုင်ငံဘက်ကလည်း အဲဒီနည်းပညာကို ဝေမျှပေးဖို့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။

image
2 yrs - Translate

🌻နေကြာဆိုတာ..
နေမင်းကြီးဆီက
အလင်းရောင်ကိုပဲ
တစ်သက်လုံး
မျှော်ကြည့်နေတဲ့ ပန်းပေါ့..

🌻အချစ်တွေ
ရခဲ့ခဲ့ မရခဲ့ခဲ့
အဖော်မရှာဘူး
အကိုင်းအခက်တွေနဲ့
မပွင့်ဘူး ..

🌻တစ်ပင်ထဲတစ်ပွင့်ထဲ
တစ်မိုးအောက်ထဲမှာ
ရှိ‌နေရရင်ပြီးတယ်..

🌻ဒါကြောင့်လည်း
သစ္စာတရားအကြောင်းပြောရင်
ထိပ်ဆုံးကပန်း‌‌တွေဟာ

.. နေကြာ.....

🌻နေကြာနဲ့ပတ်သက်ပြီး
ဘဝအတွက်
အတုယူစရာတွေထဲက
ဟယ်လင်ကယ်လား ရဲ့
စကားလေးက

🌻" နေကြာပန်းတွေလို
တစ်သက်လုံး
အလင်းရောင်ဘက်ကိုပဲကြည့်ပါ၊
မှောင်မည်းနေတဲ့
အရိပ်တွေကို
မင်းမတွေ့ရတော့ဘူးပေါ့ "တဲ့

image