စိတ်ကလေးကို အေးချမ်းစေပီး အရင်ချိန်ေလးေတွကို ပြန်အမှတ်ရစေတဲ့ ပုံလေးတွေ🥰❤️
#allaboutvibes




Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
စိတ်ကလေးကို အေးချမ်းစေပီး အရင်ချိန်ေလးေတွကို ပြန်အမှတ်ရစေတဲ့ ပုံလေးတွေ🥰❤️
#allaboutvibes




ဝက်နံရိုးနဲ့ပဲဟင်းချို
အရည်သောက်ချက်လို့ ပဲကို ကြေနေအောင်ချက်ထားတယ်
အရည်ကျဲကျဲလေးချက်တယ်
ဝက်နံရိုးကို ညတည်းက ရေဆေးအရသာနယ်ပြီး နှပ်ထားတယ်
ကုလားပဲကို ရေဆေးပြီး ညကတည်းက ရေစိမ်ထားတယ်
ကြက်သွန်နီဖြူဂျင်းထောင်းပြီး ဆီသတ် ပြီးမှ ဝက်နံရိုးနဲ့ပဲကို ထည့်ပြီး လုံးလိုက်တယ်
လုံးရေကုန်မှ ရေထည့်ပြီး အနူးချက်တယ်
ပဲတွေနူးပြီး ကြေတဲ့အထိချက်လိုက်တယ်
အရည်သောက်ဟင်းမို့ ပဲကို အလုံးတိုင်းမထားတော့ပါ
ကျက်ခါနီးရင် မဆလာ ရှမ်းနံနံလေး အုပ်လိုက်တယ်
ယနေ့ ရွှေစျေး ဒေါ်လာစျေး ဘတ်စျေးနှင့် အခြားနိုင်ငံခြားငွေ စျေးနှုန်းများ
(16.Sep.24) 12:30pm
ပြင်ပစျေးကွက်၌ ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာနှင့် အခြားနိုင်ငံခြားငွေ စျေးနှုန်းများ..
အမေရိကန်ဒေါ်လာ 5000 – 5100
စင်ကာပူဒေါ်လာ 3700 – 3800
ဥရောပယူရို 5330 – 5490
ဂျပန်ယန်း 34.20 – 35.22
တောင်ကိုရီးယားဝမ် 3.64 – 3.75
အိန္ဒိယရူပီး 56.52 – 58.21
မလေးရှားရင်းဂစ် 1100 – 1150
တရုတ်ယွမ် 678 – 698
ထိုင်းဘတ် 144.93 – 149.25
ပြင်ပ ရွှေဈေးကွက်မှာတော့..
၁၆ ပဲရည် မီးလင်း
ရောင်းစျေး 6,800,000
ဝယ်စျေး 6,750,000
၁၅ ပဲရည်
ရောင်းစျေး 6,370,000
ဝယ်စျေး 6,320,000
ရွှေကုန်သည်အသင်း (YGEA) သတ်မှတ်စျေးကတော့..
၁၆ ပဲရည် မီးလင်း - 5,209,000
၁၅ ပဲရည် - 4,883,000
ကမ္ဘာ့ရွှေဈေးနှုန်းမှာ တအောင်စ 2588 ဒေါ်လာ ဖြစ်သည်။
#ရွှေစျေး
#ဒေါ်လာစျေး
#ဘတ်စျေး
" တရားထိုင်ခြင်းမှ ရရှိသော အကျိုးကျေးဇူးများ "
1. Energy ကို မြင့်တက်စေတယ်
2. စိတ်ပူပန်မှုကို လျော့ချပေးတယ်
3. နာကျင်မှုတွေကနေ သက်သာစေတယ်
4. အထီးကျန်ခြင်း / depression ဖြစ်ခြင်းကို
သက်သာစေတယ်
5. ညအိပ်မပျော်ဖြစ်ခြင်းကို ကာကွယ်ပေးတယ်
6. အရွယ်တင် နုပျိုစေတယ်
7. မှတ်ဥာဏ်အားကောင်းစေတယ်
8. ကိုယ်ခံအားစနစ်ကို တိုးတက်စေတယ်
9. တီထွင်ဖန်တီးနိုင်စွမ်း မြင့်တက်စေတယ်
10. ကိုယ်ကျန်းမာ / စိတ်ချမ်းသာတဲ့
လူနေမှုဘဝကို ရရှိစေတယ်
ဒါတွေက တရားထိုင်ခြင်းကနေ ရရှိတဲ့ အကျိုးကျေးဇူး အနည်းအကျဥ်းမျှ ဖြစ်ပါတယ်
ဒီ့ထက်ကောင်းတာတွေကို သိချင်တယ်ဆိုရင်
တနေ့ကို အချိန် ၅မိနစ်လောက်ပေးပြီး
စတင်တရားထိုင်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်
ကျေးဇူးတင်ပါတယ်
15 / 9 / 2024
#hsuu_heal_for_soul
#spiritual
#spiritualguidance
#crd
ဝိတ်မချခင်သိထားသင့်တဲ့အချက်(၃)ချက်
================================
၁.ဘာကြောင့်ဝလာတာလဲ❓
▪အစားအသောက်ကိုသောင်းကြမ်းလို့ဝတာလား
▪ထမင်းသိပ်မစားပေမယ့်အပြင်စာတွေအရမ်းစားမိလို့ဝတာလား
▪အထိုင်များပြီးဝမ်းချုပ်တာကြောင့်ဝတာလား
၂.ဘယ်လိုပုံစံဝတာလဲ❓
▪တစ်ကိုယ်လုံးဝတာလား
▪အပေါ်ပိုင်းပဲဝတာလား
▪အောက်ပိုင်းပဲဝတာလား
▪သိပ်တော့မဝဘူးဒါပေမယ့်နေရာအနှံ့မှာအဆီရှိနေတာလား
▪ဗိုက်ပဲကွက်ပူနေတာလား
၃.ဝိတ်ကျဖို့အရမ်းစိတ်ပြင်းထန်နေပြီလား❓
ဒီအချက်ကအရေးကြီးတယ်ပိန်ချင်စိတ်ပြင်းထန်နေမှဝိတ်ချရတာလည်းရေရှည်လုပ်နိုင်မယ်
▪ဘယ်နှလနဲ့ပေါင်ဘယ်လောက်ချမယ်ဆိုတာမျိုး
(ဖြစ်နိုင်တဲ့ကျနိုင်တဲ့ပေါင်ချိန်ပေါ့နော်)
ဒီအချက်၃ချက်ကိုသိထားမယ်ဆိုရင်ဝိတ်ချဖို့အဆင်သင့်ဖြစ်ပါပြီနော်📌
ရူးပတ်မားဒေ့ါဖ်၏ အမွေဆက်ခံခွင့်အမှု အမေရိကန်တွင်စတင်
---------------------
မီဒီယာသူဌေးကြီး ရူးပတ်မားဒေ့ါဖ်ရဲ့ မီဒီယာအင်ပါယာနဲ့ မိသားစုအမွေ ပေါင်ငွေ (၁၄)ဘီလီယံ ပိုင်ဆိုင်မှုကို ဘယ်သူက ဆက်ခံခွင့်ရမလဲဆိုတာ ဆုံးဖြတ်မဲ့ တရားခွင်ဟာ အမေရိကန်နိုင်ငံမှာ တနင်္လာနေ့က အစပြုခဲ့ပါ တယ်။
အဲဒီအမှုမှာ အသက် (၉၃)နှစ်အရွယ် မားဒေါ့ဖ်နဲ့ သူရဲ့ သားသမီးတွေထဲက အကြီးပိုင်း (၃)ယောက်တို့ဟာ ဖခင် မားဒေါဖ်သေရင် ဘယ်သူက ပြောရေးဆိုခွင့် မဲအများစုနဲ့ News corp ၊ Fox News သတင်းဌာနတွေကို ထိန်းချုပ်ခွင့် ရရှိမလဲဆိုတာနဲ့ ပတ်သက်ပြီး တရားရင်ဆိုင်ကြမှာပါ။ မားဒေါ့(ဖ်)ဟာ သားအကြီးဆုံးဖြစ်သူ လော့(ခ်)လန် အနေနဲ့ ကျန်တဲ့ မောင်နှမသားချင်းတွေရဲ့ ကြားဝင်စွက်ဖက်မှု မရှိဘဲ မိသားစုပိုင်အမွေတွေကို ထိန်းချုပ်ခွင့်ရဖို့အတွက် ရှိနှင့်ပြီး မိသားစုပိုင်အမွေပစ္စည်းဆက်ခံရေး သဘောတူညီချက်ကို ပြင်ဆင်မှုလုပ်နေ ချင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
ငါးကြိမ်တိတိ အိမ်ထောင်ပြုခဲ့သူ မားဒေ့ါ(ဖ်)မှာ နောက်ထပ် ဂရေ့စ်နဲ့ ကလွေး လို့ခေါ်တဲ့ ကလေးတွေလည်း ရှိပြီး အဲဒီကလေးနှစ်ယောက်ကတော့ အမွေဆက်ခံခွင့် သဘော တူညီချက်အရ အမွေပိုင်ဆိုင်မှုတွေမှာ ပြောရေးဆိုခွင့် မရကြသူတွေပါ။ အခု မားဒေါ့ဖ် ပြင်ဆင်ပြောင်းလဲချင်တဲ့ အမွေဆက်ခံခွင့် သဘောတူညီချက်ဟာ ပရူးဒန့်စ် ၊ ဂျိမ်းစ် နဲ့ အယ်လိဇဘက်တို့ကို အဲဒီ ကလေးနှစ်ယောက်နဲ့ တစ်တန်းတည်းထားဖို့ အားထုတ်မှုဖြစ်တယ်လို့ သိထားရကြောင်း မားဒေ့ါဖ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဒီအတွက် မားဒေါ့ဖ်ရဲ့ မီဒီယာလုပ်ငန်းတွေနဲ့ အမွေဆက်ခံရေးကိစ္စတွေမှာ သားကြီးဖြစ်သူ လော့(ခ်)လန်ကိုပဲ အာဏာအားလုံး လွှဲပြောင်း အပ်နှံသွားဖွယ်ရှိနေကြောင်းလည်း သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။
ထိုင်းရောက်မြန်မာများ ရေဘေးအတွက် လှူဒါန်း
-------------------------
မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာကြောင့် ရေဘေးသင့်ပြည်သူတွေအတွက် ထိုင်းနိုင်ငံရောက် မြန်မာတွေကလည်း ဆက်သွယ်လှူဒါန်းမှုတွေ ပြုလုပ်နေတယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးက ထုတ်ပြန် ပါတယ်၊၊ မြန်မာသံရုံး(ဘန်ကောက်)နဲ့ ကောင်စစ်ဝန်ချုပ်ရုံး(ချင်းမိုင်)တို့ကို ဆက်သွယ်ပြီး လှူဒါန်းနေရာ စက်တင် ဘာ ၁၄ ရက်အထိ ဆန်အိတ် ၄၀၀ ကျော်နဲ့ ငွေသား ဘတ် ၁ သိန်းကျော် လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။
ဆန်အိတ် လှူဒါန်းလိုသူတွေအနေနဲ့ ဆန်(၂၄ ပြည်)တစ်အိတ်ကို ၆၅၀ ဘတ်နဲ့ သတ်မှတ်လှူဒါန်းနိုင်ပြီး လှူဒါန်းမှု အစုစုတို့ကို မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာ ရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက်ရေး ကော်မတီကို အမည်စာရင်း ဒါမှမဟုတ် ကုမ္ပဏီစာရင်း ဖော်ပြပြီး ပေးပို့သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒဏ်ရာကြောင့် အိုလ်မို (၄)ပတ်ခန့် နားရမည်
----------------------
ဂျီရိုနာအသင်းကို အနိုင်ရရှိခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရခဲ့တဲ့ဒဏ်ရာကြောင့် စပိန်ကွင်းလယ်ကစား သမား အိုလ်မိုဟာ အနည်းဆုံး(၄)ပတ်ခန့် အနားယူရဖွယ်ရှိတယ်လို့ အောက်တိုဘာလ(၁၆)ရက်မှာ ဘာစီလိုနာအသင်းက တရားဝင် ထုတ်ပြန်လာခဲ့ပါတယ်။ အိုလ်မိုဟာ ဂျီရိုနာအသင်းနဲ့ကစားခဲ့တဲ့ ဒုတိယပိုင်းပွဲချိန်(၆၁)မိနစ်မှာ ဒဏ်ရာရခဲ့တာ ကြောင့် လူစားလဲခံခဲ့ရတာပါ။
ဆေးစစ်မှုတွေ ပြုလုပ်ပြီးနောက် အိုလ်မိုဟာ တံကောက်ကြော ဒဏ်ရာရခဲ့တာ ဖြစ်ပြီး အနည်းဆုံး (၄)ပတ်ကနေ အများဆုံး(၅)ပတ်လောက်အထိ အနားယူရဖွယ် ရှိတယ်လို့ ဘာစီလိုနာအသင်း က တရားဝင်စာ ထုတ်ပြန်ခဲ့ပါတယ်။ ဒဏ်ရာကြောင့် အနားယူရတော့မှာဖြစ်လို့ အိုလ်မိုဟာ မိုနာကို အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်အပါအဝင် ဗီလာရီးရဲလ်၊ ဂီတာဖေး၊ အိုဆာဆူနာ၊ အလာဗက်စ်အသင်းတို့နဲ့ ကစားမယ့် လာလီဂါပွဲစဉ်တွေကိုလည်း လွဲချော်သွားရမှာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းကတော့ အိုလ်မိုဟာ အောက်တိုဘာလမှာကစားရမယ့် နိုင်ငံတကာပွဲစဉ်တွေမတိုင်မီ ယန်းဘွိုင်းအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အမီ အသင်းအတွက် ပြန်လည်ကစားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။