ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဘာနဲ့မှ လဲလှယ်လို့ မရတဲ့ စိတ်နှလုံးသား ဖြူစင်သန့်ရှင်းမူ
သူသည် အလွန်မတန်မှ ညံ့ဖျင်းသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါသည်။ သူ့ဘဝကို ကြီးပွား တိုးတက်လိုစိတ် မရှိသည့်အပြင် ဘဝရှေ့ရေး မျှော်ကိုး တတ်သူ မဟုတ်၍ လူတိုင်းက နိုင်ကြပါသည်။ သူသည် အားနာကြီးသူ ဖြစ်သည်။ သူသည် အမှန်တရားကိုပဲ လိုလားသောသူ တစ်ယောက်ဖြစ်၍ မဟုတ်မမှန် ပြောဆိုပြီး ချမ်းသာအောင်လည်း မလုပ်တတ်သူ ဖြစ်ပါသည်။
သူ့တွင် ဘာနဲ့မှ လဲလှယ်လို့ မရတဲ့ စိတ်နှလုံးသား ဖြူစင်သန့်ရှင်းမူ အပြည့်အဝ ရှိပါသည်။ ထိုသူများသည် အောင်မြင်သူ တစ်ယောက် ဖြစ်လာမည် မဟုတ်
ထိုသူသည် ငွေကြေး ဥစ္စာ ပေါကြွယ်ဝသော သူတစ်ယောက် ဖြစ်လာမည် မဟုတ်။ သို့သော် သူသည် တန်ဖိုးရှိသော လူသားတစ်ယောက် ဖြစ်လာမည်။
အောင်မြင်သော သူတိုင်းသည် တန်ဖိုး မရှိသလို တန်းဖိုးရှိသော သူတိုင်းဟာလည်း အောင်မြင်သူ မဟုတ်ပါ။ အရေးကြီးသော အဖိုးထိုက် တန်သော အရာသည်က ရင်ထဲက ဖြူစင်စိတ်ထား အမှန်တရားသာ ဖြစ်ပေသည်။
မိဘနဲ့ အနေဝေးနေသူများ အတွက် ၁၀ ချက်
အကြောင်းကြောင်းကြောင့် မိဘများနဲ့ အနေဝေးသူများ အတွက် ကောင်းမွန်သော နည်းလမ်းများကို မျှဝေပေး လိုက်ပါရစေ။
၁။ မကြာခဏ ဖုန်းဆက်ဖြစ်ပါစေ။
၂။ ဖုန်းပြောတဲ့ အခါမှာလည်း မိဘကို စိတ်ပူစေမယ့် စကားများ မပြောဖြစ်ပါစေနဲ့။
၃။ မကြာခဏ မိဘအတွက် ရည်စူးကာ အလှူဒါန လုပ်ဖြစ်ပါစေ။
၄။ အခါသင့်ရင် သင့်သလို မိဘအတွက် လက်ဆောင်များ ပို့ဖြစ်ပါစေ။
၅။ အခက်အခဲများ ကြုံတွေ့တဲ့ အခါမှာလည်း ပွင့်လင်းစွာ တိုင်ပင်ပါ။
၆။ မိဘမကောင်းကြောင်း တစ်ပါးသူများ ရှေ့တွင် မပြောပါနဲ့။
၇။ မိဘတွေအတွက် စားဝတ်နေရေးကို အမြဲတန်းစဉ်စား မိပါစေ။
၈။ ဘယ်လိုအရေးကြီး ကိစ္စတွေ ရှိရှိ မိဘတွေဆီကို မကြာမကြာ ပြန်ဖြစ်ပါစေ။
၉။ မိဘများနဲ့ အတူတကွ ရိုက်ထားတဲ့ ဓာတ်ပုံကို သင့်ရဲ့အခန်းအတွင်း ထားရှိပါ။
၁၀။ ညဘက် အိပ်ယာဝင်တိုင်း ကန်တော့ဖြစ်ပါစေ။
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com
#kln_yyl
#article_yyl
(unicode version)
မိဘနဲ့ အနေဝေးနေသူများ အတွက် ၁၀ ချက်
အကြောင်းကြောင်းကြောင့် မိဘများနဲ့ အနေဝေးသူများ အတွက် ကောင်းမွန်သော နည်းလမ်းများကို မျှဝေပေး လိုက်ပါရစေ။
၁။ မကြာခဏ ဖုန်းဆက်ဖြစ်ပါစေ။
၂။ ဖုန်းပြောတဲ့ အခါမှာလည်း မိဘကို စိတ်ပူစေမယ့် စကားများ မပြောဖြစ်ပါစေနဲ့။
၃။ မကြာခဏ မိဘအတွက် ရည်စူးကာ အလှူဒါန လုပ်ဖြစ်ပါစေ။
၄။ အခါသင့်ရင် သင့်သလို မိဘအတွက် လက်ဆောင်များ ပို့ဖြစ်ပါစေ။
၅။ အခက်အခဲများ ကြုံတွေ့တဲ့ အခါမှာလည်း ပွင့်လင်းစွာ တိုင်ပင်ပါ။
၆။ မိဘမကောင်းကြောင်း တစ်ပါးသူများ ရှေ့တွင် မပြောပါနဲ့။
၇။ မိဘတွေအတွက် စားဝတ်နေရေးကို အမြဲတန်းစဉ်စား မိပါစေ။
၈။ ဘယ်လိုအရေးကြီး ကိစ္စတွေ ရှိရှိ မိဘတွေဆီကို မကြာမကြာ ပြန်ဖြစ်ပါစေ။
၉။ မိဘများနဲ့ အတူတကွ ရိုက်ထားတဲ့ ဓာတ်ပုံကို သင့်ရဲ့အခန်းအတွင်း ထားရှိပါ။
၁၀။ ညဘက် အိပ်ယာဝင်တိုင်း ကန်တော့ဖြစ်ပါစေ။
ယူနိုက်တက်ဆီ ပြောင်းရတဲ့ အကြောင်းအရင်း
" ကျွန်တော် မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ရတဲ့ အကြောင်းအရင်းက အဲရစ် တန်ဟတ် ကြောင့်ချည်း မဟုတ်ပါဘူး "
" ကျွန်တော်တို့ အခု မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အကြောင်းကို ပြောနေကြတာပါ ။ ကမ္ဘာ့ အကြီးကျယ် အခမ်းနားဆုံး ကလပ်အသင်းတွေထဲက တစ်ခုပေါ့ "
" ပရိသတ်တွေဟာ အတိတ်ကလို အောင်မြင်ချင်ကြလို့ ဖိအားတွေ အများကြီး ရှိနေပါတယ် ။ အဲ့တာကို ဖြစ်လာအောင် လုပ်ဆောင်ဖို့က ကျွန်တော်တို့ အပေါ်မှာပဲ မူတည်နေပါတယ် "
မက်သီးယပ် ဒီလစ် (ယူနိုက်တက် နောက်ခံလူ)
ငပိရည်မှ မပါရင် ထမင်းမမှိန်တဲ့ သူတွေတွက်
"မင်းကတော်ငပိရည်"
ပါဝင်ပစ္စည်းများ🌶🍅🥝
ငပိရည်ကျို
ပုဇွန်ထုတ်အသေး
တညင်းသီး
ကုလားအော်သီး
ကိုင်းခရမ်းချဉ်သီး
ခရမ်းကဇော့
ကြက်သွန်ဖြူ+နီ
ငရုတ်သီးစိမ်း
ပုဇွန်ခြောက်
ငရုတ်သီးအကျက်မှူန့် တို့
ဖြစ်ပါတယ်
ပြုလုပ်နည်း.
၁။ကြက်သွန်ဖြူ ငရုတ်သီး ကုလားအော်ငရုတ်သီး ကိုလှော်ပါ။ထောင်းထားပါ။
၂။ပုစွန်ခြောက်ကို ရေစိမ်ပါ။ပီးလျှင်ထောင်းထားပါ။
၃။ပုဇွန်ထုပ်အသေးကိုလှော်ပါ အခွံချွတ်ပါ။
၄။ငပိရည်ကိုနနွင်းအနည်းငယ်ထည့်၍ကျိုပါ။ပီးလျှင်စစ်ထားပါ။
၅။ငပိရည်ထဲသို့လှော်ထားသည့် ပုဇွန်နှင့်ထောင်းထားသည့်ပုဇွန်ခြောက်ကြက်သွန်ဖြူ ငရုတ်သီး များထည့်ကာကျိုပါ။
၆။ပြုတ်ထားသည့် ဒညင်းသီးကို အစိတ်လိုက်ဖြစ်စေ အခြမ်းလိုက်ဖြစ်စေထည့်၍ကျိုပါ။
၇။ငပိရည်အပစ်အကျဲ အဆင်ပြေ ပြီဆိုရင် ပန်းကန်ထဲ ငရုတ်သီးကျတ်မူန့် ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
ကြက်သွန်နီ ကဇော့သီးနှင့် ကိုင်းခရမ်းချဉ်သီးကြိုက်နှစ်သက်လျှင်တညင်းသီးနှင့်ထည့်၍ရောကျိုနိုင်ပါသည်။
ကရင်ပြည်နယ် ဘားအံမြို့ နောင်လုံတောင်ကြားအနီးက
ကော့ကသောင်ဂူ
ဘားအံမြို့ကနေလာရင် ၁၀ မိနစ်ခန့် ဆိုရင် ရောက်ပါပြီ။ နောင်လုံတောင်ကြားမရောက်ခင်နားမှာ နောင်လုံတောင်ကြားမရောက်ခင် ဘယ်ဖက်မှာ ကော့ကသောင်ဂူအဝင် မုတ်ဝရှိပါတယ်။ ညာဖက်မှာ ကော့ကသောင်ဂူရှိပြီး တည့်တည့်ဆက်သွားလိုက်ရင် ဗုဒ္ဓဂါယာနဲ့ လက္ခဏရွာကို ရောက်ပါတယ်။
ကော့ကသောင်ဂူဟာ ဘားအံက တခြားဂူတွေလိုတော့ မရှည်ပဲ ဂူရဲ့အပြင်ဖက်မှာ လည်ပတ်စရာနေရာတွေ ပေါများပါတယ်။ စားသောက်ဆိုင်တန်းက ကော့ကသောင်ဂူ အနောက်မှာရှိပါတယ်။ သဘာဝရေကူးကန်နဲ့ စားသောက်ဆိုင်တန်းရှိတာမို့လို့ လာလည်သူများပြားပါတယ်။ စားသောက်ဆိုင်တန်းသွားတဲ့ လမ်းတစ်ဝက်မှာ ပတ္တမြားဂူလည်း ရှိပါတယ်။
ကော့ကသောင်ဂူအရှေ့မှာ တောင်တက်လို့ရတဲ့ တောင်တက်လှေခါးလည်း ရှိပါတယ်။ တောင်က သိပ်မမြင့်ပဲ ၁၀ မိနစ်ခန့်သာ တက်ရတာပါ။ တောင်ပေါ်ကနေကြည့်ရင် နောင်လုံတောင်ကြားကို အပေါ်စီးကနေ မြင်နိုင်ပါတယ်။
ကော့ကသောင်ဂူအနောက်မှာလည်း တောင်ပတ်လမ်းတစ်ခုလည်း ထပ်ဖောက်နေတာမို့လို့ နောင်တစ်ချိန်မှာ လည်ပတ်စရာနေရာတစ်ခု ထပ်တိုးလာနိုင်ပါတယ်