Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တစ်ယောက်ယောက်က
မင်း ဘာအတတ် ပညာတွေတတ်လဲမေးရင်
ကျတော် ခွင့်လွတ်တတ်ပါတယ် ၊ သီးခံတတ်ပါတယ်။
နားလည်ပေးတတ်တယ် ၊ ကိုယ်ချင်းစာပေးတတ်တယ်။
တကယ်လို့သာ တစ်ယောက်ယောက်က လိုလိုလားလား
မရှိတော့ဘူးဆိုရင် လက်လွတ်ပေးတတ်ပါတယ် ။
မနေတတ်ရင်တောင် ဖြေသိမ့်တတ်အောင်ကြိုးစားပြီး
ဖြေပါတယ်။😔
#sone 🌻🤍
Crd
Relationship တစ်ခုမှာ
အရေးကြီးဆုံးက ယုံကြည်မှုပဲ။
စိတ်ကောက်တာကို ချော့လို့ရတယ်
သဝန်တိုတာ/အူတိုတာကို ဖျောင်းဖျလို့ရတယ်။
ယုံကြည်မှုမရှိတာကျ
ချော့လို့လဲမရသလို ဖျောင်းဖျလို့လဲမရဘူး။
တစ်ယောက်ဆိုတစ်ယောက်ပဲ ချစ်ချင်ရင်
ယုံကြည်ရမယ့်လူကိုပဲ ရွေးချယ်။
တစ်ဦးအပေါ် တစ်ဦး ယုံကြည်မှုရှိရင်
အဲ့ဒီ Relationship ထာဝရ တည်မြဲတယ်။
ကိုယ့်အတွက်တော့လေ ချစ်သူရည်းစားမဖြစ်ခင် ဟိုမရောက် ဒီမရောက်ကာလလေးက သဘောကျစရာအကောင်းဆုံးပဲ ။
သူချစ်နေတာလဲ ကိုယ်သိသလို ကိုယ်သဘောကျနေတာလဲ သူသိတယ် ။ စကားလုံးတွေအားဖြင့် ဖွင့်မပြောသေးရုံကလွဲ အပြုမူတွေ ဂရုစိုက်မှုတွေကြောင့် ဘေးလူတွေကပါ တွဲနေပြီထင်ကြတဲ့ ကြားကာလတွေပေါ့ ။
မထင်ရင်မထင်သလို ရင်ခုန်စရာစကားလေးတွေ ထပြောမယ် ၊ မထိတထိ စကားလေးတွေနဲ့ flirt မယ် အဲ့လို လိပ်ပြာလေးတွေပျံဝဲနေတဲ့နေ့ရက်တွေလေ ။
ပူပန်စရာမရှိသေး အချင်းများစရာမရှိသေး
ကောင်းကင်ကြီးဟာ ပိုပြာပြီး လေပြေတွေဟာလည်း ပိုအေးတဲ့ အချစ်နဲ့ထိတွေ့စ ရက်မပိုင်းအခြားတွေ....
#mental_note
ကိုယ် အားငယ်နေတဲ့အချိန်
ဆွဲမိတဲ့လက်က
မကောင်းတဲ့ လူတစ်ယောက်
ဖြစ်နေခဲ့ရုံပါ...
တစ်ယောက်တည်း...
ရုန်းကန်လှုပ်ရှားနေတဲ့ဘဝမှာ
ဒီတိုင်းလေး နေလိုက်ရင်
အကောင်း...
အခုတော့
ကိုယ့်အပူ ကိုယ်ရှာမိလိုက်သလိုပါပဲ ။
ဒီလူတော့...
ငါ့ကို အဖော်ပြုပေးနိုင်မှာပါ
ပြီးတော့ ပျော်အောင်ထားပေးမှာပါ
ငါ့ကို နားလည်ပေးမှာပါဆိုတဲ့
အတွေးတွေ အားလုံးဟာ
မှားခဲ့တယ် ။
အရိုးသားဆုံးပြောရရင်
လူရွေးမှားခဲ့တာပေါ့။
#ကျေးကို
``စိတ်မငြိမ်ဆေးပြား´´
ဘာမှ ရေး မထားတဲ့ စာရွက်အဖြူလေးကို
ငါထိုင်ဖတ်နေမိတယ်
ဖတ်နေရင်းနဲ့ ငါမနေနိုင်ဘူး
စာသားတချို့တလေ သူ့အပေါ်မှာ ငါချရေးတယ်
ငါကသူ့ကို လိုအပ်တာပါ
သူကငါ့ကို မလိုအပ် ဘူး
ခပ်ဖွဲဖွဲရွာနေတဲ့မိုးရေစက်လေးတွေမှာ
ငါ့လို ဘဝမရှိ ဘူး
လှလွန်းတယ်။ ။
#အောင်ခိုင်မြတ်
၂ ၀ ၂ ၃