1 y - Translate

ကြင်နာသူမရှိလို့ နှုတ်ခမ်းတွေ ခြောက်နေရတဲ့ဘဝလား
နှုတ်ခမ်းတွေ ခြောက်တတ်သူတွေအတွက် အသုံးဝင်မယ့် အိမ်တွင်းနည်းလမ်းကောင်းများ

၁။ ရေများများသောက်ပါ။

ရေပုံမှန်သောက်ပေးတဲ့အခါ နှုတ်ခမ်းရဲ့ အတွင်းသားကို အေးမြစေပြီး ရေဓာတ်ဖြည့်တင်းပေးတယ်။ ရေဓာတ်ဟာ အရေပြားကို ခြောက်သွေ့ကြမ်းတမ်းစေခြင်း၊ အိုမင်းရင့်ရော်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပြီး အရေပြားဆဲလ်အသစ်တွေ ထုတ်လုပ်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ရေကို တစ်နေ့ ၂-၃ လီတာ အနည်းဆုံး သောက်ပေးဖို့တော့ လိုပါမယ်။

၂။ နှုတ်ခမ်းကို ဘာမှမလိမ်းဘဲ မပစ်ထားပါနဲ့။

တစ်ကိုယ်လုံးကို အစိုဓာတ်ထိန်းခရင်မ်တွေ၊ နေလောင်ကာခရင်မ်တွေ၊ Body Lotion တွေ လိမ်းပြီး အသားအရေထိန်းသိမ်းသလိုပါပဲ၊ နှုတ်ခမ်းကိုလည်း လိုအပ်တဲ့ အစိုဓာတ်ရရှိအောင် Lip Balm တွေ လိမ်းပေးဖို့ လိုပါတယ်။ အထူးသဖြင့် နှုတ်ခမ်းနီအမြဲလိမ်းနေရတဲ့ မိန်းကလေးတွေ Lip Balm ကို အောက်ကနေ တစ်ထပ်အရင်လိမ်းပေးပြီးမှ ကိုယ်ကြိုက်တဲ့ နှုတ်ခမ်းနီကို အပေါ်ကနေ ပြန်ဆိုးပေးခြင်းဖြင့် နှုတ်ခမ်းခြောက်သွေ့ခြင်းမှ ကာကွယ်ပေးနိုင်သလို နှုတ်ခမ်းနီအရောင်ကိုလည်း ပိုပြီးထင်ဟပ်ပေါ်လွင်စေနိုင်ပါတယ်။

၃။ အချဉ်ဓာတ်ပါဝင်တဲ့ အသီးတွေ များများစားပေးပါ။

ဗီတာမင်စီ ကြွယ်ဝပြီး အရည်ရွှမ်းတဲ့ အသီးအနှံများဖြစ်တဲ့ စတော်ဘယ်ရီသီး၊ လိမ္မော်သီး၊ သံပရာသီး၊ သံပရိုသီး၊ စပျစ်သီး စတဲ့ အသီးအနှံတွေကို ဆောင်းတွင်းကာလမှာ များများစားပေးပါ။ ဗီတာမင်စီဓာတ်သည် အသားအရေကိုလည်း အစိုဓာတ်ဖြည့်တင်းပေးနိုင်သလို ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးနိုင်လို့ ဖျားနာခြင်းကင်းပြီး ရောဂါပိုးမွှားတွေကို ကောင်းစွာ တိုက်ထုတ်ပေးနိုင်မှာပါ။

၄။ ရေအေးဖြင့်သာ ရေချိုးပေးပါ။

ဆောင်းရာသီမှာ ရာသီဥတုအေးတော့ လူတော်တော်များများက ရေချိုးရမှာ ပျင်းသလို၊ ရေချိုးတဲ့အခါမှာလည်း ရေပူနဲ့ ရေချိုးကြတာ များပါတယ်။ ရေပူနဲ့ရေချိုးပေးရင် ရနိုင်တဲ့ ကောင်းကျိုးတွေလည်း ရှိတယ်ဆိုပေမယ့် အသားခြောက်တတ်သူတွေ၊ နှုတ်ခမ်းအမြဲခြောက်ပြီး အက်ကွဲနေသူတွေအတွက်တော့ ရေပူနဲ့ ချိုးတာကို တတ်နိုင်သလောက်ရှောင်ပြီး ရေအေးနဲ့သာ ချိုးပေးသင့်ပါတယ်။ အကယ်လို့ ရေအေးမဟုတ်ဘဲ ရေကျက်နွေးနဲ့ ချိုးမယ်ဆိုလည်း ရပါတယ်။ ရေချိုးချိန်ကို နာရီဝက်ထက် မပိုစေဖို့သာ သေချာဂရုစိုက်ပေးပါ။

ရည်းစားမရှိလို့ဆိုပြီး အားငယ်နေကြတဲ့ ဆင်ဂယ်လေးတွေလည်း သိပ်ပြီး အားမငယ်ပါနဲ့။ အထူးသဖြင့် နှုတ်ခမ်းခြောက်တယ်ဆိုတာ ရည်းစားမရှိလို့ ခြောက်တာမဟုတ်ဘဲ ကိုယ့်ဘာသာ လျှာနဲ့ ခဏခဏသပ်နေလို့၊ ရေများများမသောက်လို့၊ ဆောင်းရာသီကြောင့်မို့လို့သာ ဖြစ်ရတာပါ။

image
1 y - Translate

တရုတ်နိုင်ငံရဲ့ဉာဏ်ကြီးရှင်အဖြစ် တင်စားခံခဲ့ရသူ အရွယ်ရောက်လာပေမဲ့ အလုပ်မရှိဘဲ အိမ်ငှားစရိတ်ကို မိဘတွေက ပေးနေရ

၁၀ နှစ်သားအရွယ်မှာ တက္ကသိုလ်ဝင်ခွင့် ရခဲ့ပြီး ဉာဏ်ကြီးရှင်အဖြစ် တင်စားခံခဲ့ရတဲ့ တရုတ်လူငယ်လေးဟာ အခုအချိန်အထိ အလုပ်မရှိသေးဘဲ မိဘလုပ်စာ ထိုင်စားနေဆဲပါပဲ။ ကျန်းရှင်ယန်ဟာ ငယ်ငယ်လေးကတည်းက ထူးချွန်အောင်မြင်မယ့် လူတစ်ဦးအဖြစ် ထင်ကြေးပေးခံခဲ့ရပါတယ်။

အသက် ၂ နှစ်ခွဲအရွယ်မှာ ၃ လအတွင်း တရုတ်စကားလုံး ၁၀၀၀ ကျော်ကို လေ့လာသင်ယူနိုင်ခဲ့ပြီး ၄ နှစ်အရွယ်မှာ ကျောင်းစတက်နေပါပြီ။ ဖခင်ဖြစ်သူရဲ့ သင်ပြပေးမှုကြောင့် အတန်းကျော်တက်ခွင့်ရခဲ့တဲ့ ကျန်းရှင်ယန်ဟာ အသက် ၆ နှစ်အရွယ်မှာပဲ ၅ တန်း ရောက်ခဲ့ပြီး ၉ နှစ်အရွယ်မှာ အထက်တန်းရောက်နေပါပြီ။ ကျန်းရှင်ယန်ဟာ တရုတ်နိုင်ငံရဲ့ အသက်အငယ်ဆုံး တက္ကသိုလ်ကျောင်းသားဖြစ်ပြီး တိန့်အန်ကျင်းနည်းပညာတက္ကသိုလ်ကို တက်ရောက်ခွင့်ရချိန်မှာ သူ့အသက် ၁၀ နှစ်ပဲ ရှိပါသေးတယ်။

၁၃ နှစ်အရွယ်မှာပဲ ကျန်းရှင်ယန်က ဘေဂျင်းကိုသွားပြီး မာစတာဘွဲ့ယူဖို့ သင်တန်းတက်နေပါပြီ။ နောက် ၃ နှစ်အကြာမှာ အသုံးချသင်္ချာဘာသာရပ်နဲ့ ပါရဂူဘွဲ့ယူဖို့ သင်တန်းတက်ခဲ့ပြီး နာမည်ကျော်သတင်းဌာနတွေက သူနဲ့အင်တာဗျူးကို ဖော်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်တစ်လအကြာမှာပဲ ကျန်းရှင်ယန်ရဲ့သတင်းဆိုးတစ်ခု ထွက်လာခဲ့တာပါ။ ဘေဂျင်းမြို့မှာ တိုက်ခန်းတစ်ခန်း မဝယ်ပေးရင် ပညာဆက်မသင်တော့ဘူးလို့ မိဘတွေကို ခြိမ်းခြောက်အကြပ်ကိုင်ခဲ့တာပါ။

ကျန်းရှင်ယန်ရဲ့မိဘတွေက သူ့ရဲ့ပညာသင်စရိတ်ကိုတောင် မနည်းရှာပေးနေရတာဖြစ်လို့ တိုက်ခန်းဝယ်ပေးဖို့ဆိုတာ ဝေလာဝေးပါပဲ။ ဒါပေမဲ့ သားဖြစ်သူ ပညာရေး ဆုံးခန်းတိုင်စေဖို့အတွက် ဘေဂျင်းမြို့မှာ တိုက်ခန်းတစ်ခန်း ငှားပေးပြီး တိုက်ခန်းဝယ်ထားတာလို့ သားဖြစ်သူကို လိမ်ပြောခဲ့ကြတာပါ။

သူ့ဘဝကို သူ့မိဘတွေအလိုကျ နေနေရတာဖြစ်လို့ သူ့ကို လိုလေသေးမရှိ ပံ့ပိုးသင့်ကြောင်း ကျန်းရှင်ယန်က ပြောခဲ့ဖူးပါတယ်။ သူ့မိဘတွေကတော့ ကျန်းရှင်ယန်ကို အလွန်ဖိအားပေးမိသလို ဖြစ်ခဲ့တဲ့အတွက် နောင်တရမိတယ်လို့ ဆိုပါတယ်။ အခုအခါမှာတော့ ကျန်းရှင်ယန်က အသက် ၂၈ နှစ်အရွယ်ရှိနေပါပြီ။ အခုချိန်ထိ သူ့မိဘတွေ ငှားထားပေးတဲ့ ဘေဂျင်းမြို့ တိုက်ခန်းမှာ နေနေဆဲပါ။

အလုပ်အကိုင် မယ်မယ်ရရ မရှိတာကြောင့် မိဘတွေက သူ့အတွက် အိမ်ငှားခပေးနေရဆဲပါပဲ။ ကျန်းရှင်ယန်က သူ့ထမင်းဖိုးရဖို့တော့ ကြုံရာကျပန်းအလုပ်လေး လုပ်ပါတယ်။ လူမှုကွန်ရက် အသုံးပြုသူတချို့ကတော့ မိဘအပေါ် ရိုသေလေးစား တန်ဖိုးထားရကောင်းမှန်း မသိတဲ့ ကျန်းရှင်ယန်ရဲ့စိတ်ဓာတ်ကို ဝေဖန်ကြသလို တချို့ကလည်း အရွယ်နဲ့မလိုက်အောင် ဖိအားပေးပြီး ပညာသင်စေခဲ့တဲ့ မိဘတွေရဲ့ အုပ်ထိန်းမှုကြောင့် ဒီလို ဖြစ်ရတယ်လို့ ဆိုကြပါတယ်။

image
1 y - Translate

ရူပီး သန်း ၂၅၀ ဆု ထီပေါက်ခဲ့လို့ နောင်တရနေသူ

'' ထီပေါက်တုန်းကတော့ ပျော်တာပေါ့ဗျာ။ အိမ်မှာ လူတွေ တရုန်းရုန်း၊ ကင်မရာတွေ တဖျတ်ဖျတ်နဲ့ တစ်အိမ်လုံး ပျော်မဆုံး၊ မော်မဆုံးပေါ့'' လို့ အနုက ပြောတယ်။ အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှာ နေထိုင်တဲ့ အနုက ယာဉ်မောင်းအလုပ်နဲ့ အသက်မွေးသူ။ ဒါပေမဲ့ မလေးရှားမှာ အလုပ်သွားလုပ်တော့မယ့်ဆဲဆဲ ထီထိုးလိုက်တာ ရူပီး သန်း ၂၅၀ ဆု (အမေရိကန်ဒေါ်လာ ၃.၀၆ သန်း) ဆွတ်ခူးခဲ့တယ်။ ဒါက ကီရာလာပြည်နယ်သမိုင်းမှာ ဆုကြေးအမြင့်ဆုံး အလယ်ပုံထီဆုကြီးပါ။

စက်တင်ဘာလလယ်မှာ သူ ထီပေါက်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူနဲ့ သူ့မိသားစုကို လူတွေက ပုံစံအမျိုးမျိုးနဲ့ အကူအညီလှမ်းတောင်းကြတာပါ။ '' ထီမပေါက်ခဲ့ရင် ကောင်းမယ်လို့တောင် တွေးမိတယ်။ ဒါမှမဟုတ် တတိယဆုလောက်ပဲ ပေါက်ရင် ကောင်းမယ်။ အခုတော့ ကျွန်တော် အိမ်ထဲက အိမ်ပြင်တောင် ထွက်လို့မရတော့ဘူး။ ယုတ်စွအဆုံး ကျွန်တော့်ကလေး နေမကောင်းတာတောင် ဆရာဝန် သွားမပြရဲတဲ့အထိပါပဲ။

အနုဟာ အခွန်ဆောင်ပြီး ဆုကြေးငွေ ရူပီး သန်း ၁၅၀ ရရှိမှာပါ။ '' မနက်တိုင်း ကျွန်တော့်အိမ်ကို လူတွေလာပြီး အကူအညီတောင်းကြတယ်။ အခုထိ ကျွန်တော်တောင် ထီပေါက်တဲ့ ပိုက်ဆံတပြားမှ မရသေးဘူး။ ကျွန်တော် ဘယ်လိုပြောပြော သူတို့က ကျွန်တော်ကြုံနေရတဲ့ဒုက္ခကို နားမလည်ကြပါဘူးဗျာ'' လို့ အနုက ဆိုပါတယ်။

အဲဒီအတွက် အနုက လူမှုကွန်ရက်ပေါ်မှာ ဗီဒီယိုတစ်ခုတင်တယ်။ သူ့မိသားစုကို လာမနှောင့်ယှက်ကြပါနဲ့တော့တဲ့။ အခုတော့ အနုက အိမ်ပြောင်းဖို့ စဉ်းစားနေပါပြီ။ ပြည်နယ်အစိုးရကတော့ အနုကို ဆုကြေးငွေ ပေးအပ်ချိန်မှာ ငွေကို ကောင်းကောင်းသုံးစွဲတတ်ဖို့ တစ်ရက်ကြာ သင်တန်းပို့ချသွားမယ်ဖြစ်ပါတယ်။

image
1 y - Translate

INJURY NEWS!

နောက်ခံလူ ယိုလိုသည် ဒဏ်ရာအထောက်ကူပြုပစ္စည်းမပါဘဲ လမ်းပြန်လျှောက် နိုင်ပြီးဖြစ်သည်။ ကာရစ်တန်တွင်လည်း ယိုလိုက တစ်ဦးတည်း ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေကို လုပ် ဆောင်နေပြီးပဲ ဖြစ်သည်။
[M.E.N]

image
1 y - Translate

၂၀၂၄ ရွှေဘောလုံးဆု ဘယ်သူရမယ်ဆိုတာထက် ၂၀၂၄ ရဲ့ အကောင်းဆုံးနည်းပြဆု ဘယ်သူရမယ်ုဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ် ။ အကောင်းဆုံးလူငယ်ဆုကတော့ လာမိန်း ယာမဲလ် က လွဲပြီး အခြားသူဖြစ်နိုင်မယ်မထင်ပါဘူး ။ နည်းပြဆုမှာကတော့ စကာတင် ၆ ဦးစလုံးဟာ တကယ်ကောင်းမွန်တဲ့ မှတ်တမ်းတွေ ၊ အောင်မြင်မှုတွေ ရယူထားခဲ့ကြပါတယ် ။

ဂွာဒီယိုလာ က ၄ နှစ်ဆက် အမှတ်ပေးချန်ပီယံ
အန်ဆယ်လော့တီ က ရီးရဲအတွက် ၁၅ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား
လူးဝစ် ဒီလာဖွန်တီ က ထိုက်တန်လှတဲ့ ယူရို ၂၀၂၄ ချန်ပီယံ
လီယွန်နယ် စကာလိုနီ က ၂ ထပ်ကွမ်း ကိုပါအမေရိကချန်ပီယံ
ဇာဘီ အလွန်ဆို က ရှုံးပွဲ မရှိ ဘွန်ဒစ်လီဂါ အမှတ်ပေး ချန်ပီယံ
ဂတ်စပါရီနီ က အသင်းကြီးတွေကို ကျော်ဖြတ်ရယူခဲ့တဲ့ ယူရိုပါလိဂ် တွေနဲ့ ကိုယ်စီ တင့်တယ်နေကြပါတယ် ။

ဘယ်တစ်ယောက်ကို ရွေးရမလဲဆိုတာ ဆုံးဖြတ်ရ ခက်အောင်ပါပဲ ။
ဘယ်သူ့ကို အကောင်းဆုံး နည်းပြအဖြစ် ရွေးချယ်ချင်သလဲဗျာ

image
1 y - Translate

ငါးသလောက်ပေါင်း
#ငါးသလောက်ပေါင်း
ငါးသလောက်ကို အကြေးထိုး ဆေးကြောသန့်စင်ပြီး တက်ကြောထုတ် ထားပါ။ တက်ကြောက ငါးသလောက်ကို ခေါင်းနဲ့ကိုယ် ဆက်တဲ့နေရာက တည့်တည့်လှီးချပါ။ အရေပြားအောက် အသားတွေဆုံတဲ့နေရာမှာ အဖြူရောင်လေး တွေ့ရပါမယ်။ လက်နဲ့အသာအယာစမ်းပြီး ဖြည်းဖြည်း ချင်း ဆွဲထုတ်ပါ။ နှစ်ဖက်လုံး မှာရှိပါတယ်။ အနေတော်ပိုင်းပြီး ဒါးရာပေးထားပါ။ ဆား၊ ဟင်းခတ်မှုန့် ၊နနွင်း ၊ငံပြာရည်၊ ရှာလကာရည် ၊ သကြား တို့နဲ့ အရသာဝင်အောင် နယ်ပြီး နာရီဝက် တစ်နာရီခန့် နှပ်ထားပါ။
Slow cooker တို့ pressure cooker တို့ဆို မကပ်တဲ့အတွက် အောက်ခြေက ဘာမှ မခင်းလဲရပါတယ်။ ရိုးရိုးအိုးနဲ့ပေါင်းရင် အောက်ခြေက ကြံ သို့မဟုတ် စပါးလင် ခင်းပါ။ အောက်ဆုံးက ငါးခေါင်းတွေအရင်စီထည့် ပြီးမှ အမြှီးပိုင်း နောက်ဆုံး ကိုယ်ထည်ထည့်ပါ။ ဆီကို ငါးမြုပ်ရုံ ထည့်ပါ။ pressure cooker နဲ့ဆို ၁နာရီ ဆို အရိုးပါနူးပါပြီ။ slow cookerနဲ့ဆိုရင် ကျွန်မကတော့ ညအိပ်ခါနီး ပုံမှန်ခလုတ်နဲ့တည်ထား မနက်ဆို အရိုးပါနူးအိနေပြီပေါ့။
ရိုးရိုး အိုးနဲ့ဆိုရင်တော့ ရေပါထည့်ပြီး မီးမှန်မှန်နဲ့ ၂နာရီ ခန့်၊ မီးအေးအေးနဲ့ ၃နာရီခန့် ပေါင်းရပါတယ်။
ပြီးမှ ကြက်သွန်နီ ခရမ်းချဉ်သီး ကို အနှစ်သက်သက် ချက်ပြီး ငါးသလောက်ကို လိုသလောက်ပဲ ပြန်ထည့်ချက်ပါတယ်။ ပေါင်းထားတဲ့ငါးသလောက်ကို မကုန်ရင် ရေခဲသေတ္တာ ထဲထည့် သိမ်းထားပြီး လိုမှ အနှစ်နဲ့ပြန်ရောချက်လို့ရပါတယ်။

image
1 y - Translate

Spoiled Pack Of Malamutes Get Fed The Tastiest Snacks Ever
ချစ်စရာလေးတွေဟယ်..စည်းကမ်းလည်းရှိကြတယ်တော့

1 y - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၇-၉-၂၀၂၄)

#dlifeclub
#fuel
#ဆီစျေး

image
1 y - Translate

ပြောပြမယ်နော်

image
1 y - Translate

😪

image