Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
-ကမ္ဘာကြီး လှပဖို့ဆို
ချစ်ခြင်းမေတ္တာနဲ့ အနုပညာတွေ စ၊စ်ဖို့ လိုတယ် ။
ကမ္ဘာကြီး နေချင်စရာကောင်းဖို့ဆို
လူတွေ လူစိတ်ရှိဖို့ လိုတယ်၊ လူသားဆန်ဖို့ လိုတယ်
-ဆရာ အောင်ချိမ့် စကား ယူသုံးရရင်
"လူကြီးမင်း ခဗျ
ထမင်း စားတိုင်း လူ မဖြစ်နိုင်ပါ..."
#အညတရလူငယ်
စကားဆိုတာ ဘယ်ကကြားကြား
ပြန်ပြောရင် ကားတတ်ကြတာချည်းပဲ...
ဥာဏ်နည်းတဲ့သူက အယုံလွန်ပြီး
တဖက်ကန်းသွားတယ်...
ဒီတော့ဗျာ
မနစ်နာသင့်တဲ့သူတွေက ပိုနစ်နာသွားတယ်...
အဲ့တော့
ချင့်ချိန်ပြီးတော့ယုံ.......
#မနောသီရီ
တောင်ငူခရိုင်အတွင်း လူဦးရေ ၁ သိန်း ၃ သောင်းနီးပါး ရေဘေးသင့်ခဲ့
--------------------------
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်တွေမှာ လတ်တလော ရေကြီးရေလျှံမှုတွေကြောင့် လူဦးရေ ၁ သိန်း ၃ သောင်းနီးပါး ရေဘေးသင့်ခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။ တောင်ငူ၊ အုတ်တွင်း၊ ဖြူး၊ ထန်းတပင် စတဲ့ မြို့နယ်တွေမှာရှိတဲ့ ရပ်ကွက်၊ ကျေးရွာတွေမှာ ရေကြီးရေလျှံမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း ၁၄၇ ခု ဖွင့်လှစ်ခဲ့ရပြီး လူဦးရေ (၁၂၉၀၀၀)ကျော် ရေဘေးသင့်ခဲ့တာဖြစ်ပါတယ်။ ရေဘေးသင့်ခဲ့တဲ့ ရပ်ကွက်ကျေးရွာအုပ်စု ၆၁ အုပ်စုမှာ ပျက်စီးသွားတဲ့ စာသင်ကျောင်း ၁၁၈ ကျောင်း၊ လူနေအိမ် ပေါင်း (၂၃၇၂၆)အိမ် ရှိခဲ့ပြီး လမ်းတံတား (၆၉) ခု၊ ပြိုလဲသွားတဲ့ မီးတိုင် ၆၉၂ တိုင်၊ အုတ်တံတိုင်း (၃၇)ခုနဲ့ ပြိုလဲ ပျက်စီးခဲ့တဲ့ ရုံးဌာန ၃၁ ခု ရှိခဲ့တယ်လို့ သိရပါတယ်။
ဂစ်ဘ်ဝှိုက်၊ ဆန်တိုနှင့် ဟာဇီလာတို့ကို FA စွဲချက်တင်
--------------------------
စက်တင်ဘာလ(၂၂)ရက်နေ့က ကစားခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ နော်တင်ဟမ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မှာ အနီကတ်ပြခံခဲ့ရတဲ့ ဂစ်ဘ်ဝှိုက်၊ ဆန်တိုနဲ့ ဟာဇီလာတို့ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)က စက်တင် ဘာလ(၂၄)ရက်မှာ စွဲချက်တင်သွားခဲ့ပါတယ်။ တစ်ဖက်(၂)ဂိုးစီနဲ့ သရေကျခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ နော်တင် ဟမ်အသင်းတို့ပွဲစဉ်မှာ ပွဲချိန်အတွင်း အနီကတ်(၃)ကတ်အထိ ပြသခံခဲ့ရတာပါ။
ပွဲချိန်(၈၃)မိနစ်မှာ နော်တင်ဟမ်ကွင်းလယ်လူ ဂစ်ဘ်ဝှိုက်က ဘရိုက်တန်တိုက်စစ်မှူး ဂျာအိုပတ်ထရိုကို ပြစ်ဒဏ် ကျူးလွန်ခဲ့တဲ့အတွက် (၂)ဝါ (၁)နီ နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ နော်တမ်ဟမ်နည်းပြ ဆန်တိုနဲ့ ဘရိုက်တန်နည်းပြ ဟာဇီလာတို့က ဒီအဖြစ်အပျက်အပေါ် အချင်းများခဲ့ကြသလို ဒိုင်လူကြီးအပေါ် စောဒကတက်ခဲ့တဲ့အတွက် အနီ ကတ်ကိုယ်စီပြသခံရပြီး ထုတ်ပယ်ခံခဲ့ရပါတယ်။
အက်ဖ်အေက အခုအချိန်မှာ အနီကတ်ပြခံခဲ့ရတဲ့ (၃)ယောက်လုံးကို စွဲချက်တင်ခဲ့တာဖြစ်ပြီး လာမယ့်စက်တင်ဘာ (၂၇)ရက်အမီ ဖြေရှင်းချက်ပေးရမယ်လို့ သိရပါတယ်။ ဒါကြောင့်မလို့ နော်တင်ဟမ် နည်းပြဆန်တိုနဲ့ ကွင်းလယ်လူ ဂစ်ဘ်ဝှိုက်တို့ဟာ လာမယ့်စနေနေ့မှာကစားမယ့် ဖူဟမ်အသင်းနဲ့ ပွဲစဉ်ကိုလွဲချော်တော့မှာဖြစ်သလို ဘရိုက်တန် နည်းပြ ဟာဇီလာကလည်း ချယ်လ်ဆီးအသင်းနဲ့ကစားရမယ့်ပွဲစဉ်ကို လွဲချော်သွားမှာဖြစ်ပါတယ်။