မငတ်ဖို့ ရုန်းကန်မိတာကလွဲရင်
မပျော်အောင်နေတာ ကြာပြီလို့ ပြောရမယ်
ကပ်ကြီးလေးပါးနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံတဲ့အခါ
လူဟာ လူလို ကျင့်ကြံအားထုတ်ရတယ်။
#နွေသစ်ငြိမ်း
ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မငတ်ဖို့ ရုန်းကန်မိတာကလွဲရင်
မပျော်အောင်နေတာ ကြာပြီလို့ ပြောရမယ်
ကပ်ကြီးလေးပါးနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံတဲ့အခါ
လူဟာ လူလို ကျင့်ကြံအားထုတ်ရတယ်။
#နွေသစ်ငြိမ်း
ရန်လည်း ရှာစေချင်တယ်
ပြန်လည်း လာစေချင်တယ်
ဖြစ်နိုင်ရင်
ဖြစ်နိုင်ရင်ပေါ့လေ ။
#နေညိုရောင်ခြည်
အချိန်ဟာလူကိုမစောင့်ပေမယ့်
လူတွေကတော့အချိန်ကိုစောင့်ကြရတာပဲမလားကွယ်.....။
မေ့ပစ်ဖို့ကိုဖြစ်ဖြစ်...
ထပ်ချစ်ဖို့ကိုဖြစ်ဖြစ်ပေါ့....။
#ညတာရာလင်း
ဘယ်လောက်ပဲ စိတ်ဓာတ်တွေပြင်ဆင်နိုင်ပြီပြောပြော
ဘယ်လောက်ပဲ စိတ်ဓာတ်တွေမာကျောလာပြီပြောပြော
အရာအားလုံးကို စောက်ဂရုမစိုက်ဘဲနေနိုင်ပြီလို့ပဲပြောနေပါစေဦး
ပြန်မရောက်ချင်တဲ့နေရာ ရောက်သွားတဲ့အခါ
ပြန်မကြားချင်တော့တဲ့အဖြစ်အပျက်တစ်ခုခုကိုပြန်ကြားလိုက််တဲ့အခါ အသက်ရှုကြပ်ပြီးရင်ထဲပူထူသွားတာပါပဲ
ဒီလိုပါပဲ … ငါတို့အမုန်းဆုံးအရာတွေနဲ့ နောက်ထပ်နောက်ထပ်ဆင်တူရိုးမှားပုံစံလေးတောင် ကြုံမှာကြောက်ပါတယ်
ဒီလိုပါပဲ Traumaရှေ့ရောက်ရင် ဒူးထောက်ရတာပါပဲ။