2 နှစ်များ - ဘာသာပြန်ပါ။

Best Bob Haircuts Ideas 😍😍😍

image
2 နှစ်များ - ဘာသာပြန်ပါ။

Best Bob Haircuts Ideas 😍😍😍

image
2 နှစ်များ - ဘာသာပြန်ပါ။

Best Bob Haircuts Ideas 😍😍😍

image
2 နှစ်များ - ဘာသာပြန်ပါ။

Best Bob Haircuts Ideas 😍😍😍

imageimage
+4
2 နှစ်များ - ဘာသာပြန်ပါ။

အင်း

image
2 နှစ်များ - ဘာသာပြန်ပါ။

ကမ္ဘာ့ရွှေ (Spot Gold) တစ်အောင်စ ၂၆၅၃ ဒေါ်လာဈေးတန်း ရှိနေချိန် ရန်ကုန်ရွှေအသင်း YGEA က အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ၅,၃၈၇,၁၇၅ ကျပ်နဲ့ ဈေးဖွင့်ထားပါတယ်။

2 နှစ်များ - ဘာသာပြန်ပါ။

ငွေလဲနှုန်း ၃၅၄၃ ကျပ်နဲ့ အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်ကို FX Trading Platform ကနေ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အောက်တိုဘာလ ၄ ရက်နေ့မှာ ထုတ်ရောင်းပေးခဲ့ပါတယ်။ အဲဒိနေ့ တစ်ရက်တည်းမှာ ငွေလဲနှုန်း ၄၉၈.၇ ကျပ်နဲ့ တရုတ်ယွမ် ၂ သိန်း ၈ သောင်းကျော်ကိုလည်း ထုတ်ရောင်းပေးခဲ့ပါတယ်။

2 နှစ်များ - ဘာသာပြန်ပါ။

မြန်မာ့ဆန်ကို ဘယ်လ်ဂျီယံ အများဆုံးဝယ်

ရန်ကုန်၊ စက်တင်ဘာ ၂၆

ယခုဘဏ္ဍာနှစ် ပထမ ၅ လပတ်အတွင်း ဘယ်လ်ဂျီယံနိုင်ငံက မြန်မာ့ဆန်ကို အများဆုံး တင်သွင်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဘယ်လ်ဂျီယံအနေနဲ့ ဆန်/ဆန်ကွဲတန်ချိန် ၁၆၂,၉၀၀ အထိ ဝယ်ယူထားပြီး တရုတ်နိုင်ငံက တန်ချိန် ၁၅၇,၂၀၀ နဲ့ ဒုတိယအများဆုံး ဝယ်ယူသူဖြစ်ကာ အင်ဒိုနီးရှားနိုင်ငံကတော့ တန်ချိန် ၁၄၅,၀၀၀ တင်သွင်းတဲ့ တတိယအများဆုံး ဝယ်လက်နိုင်ငံအဖြစ် ရှိနေပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မိုဇမ်ဘစ်ကို ဆန်တန်ချိန် ၂၆,၅၀၀၊ စပိန်နိုင်ငံကို တန်ချိန် ၁၉,၅၀၀ ကျော်နဲ့ နယ်သာလန်ကို တန်ချိန် ၁၆,၅၀၀ ကျော် တင်ပို့ရောင်းချထားပါတယ်။

၂၀၂၄ ခုနှစ် ဧပြီလမှ သြဂုတ်လအတွင်း မြန်မာနိုင်ငံမှ ဆန်နဲ့ ဆန်ကွဲတွေကို ပြည်ပဝယ်လက်တွေထံ တန်ချိန် ၇၁၈,၀၀၀ တင်ပို့ခဲ့ပြီး အဲဒိကနေ အမေရိကန်ဒေါ်လာ ၃၅၃ သန်း ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့ ၂၀၂၄ ဧပြီလမှ ၂၀၂၅ မတ်အထိ ဘဏ္ဍာနှစ်အတွင်း ဆန်/ဆန်ကွဲတန်ချိန် ၂.၅ သန်း တင်ပို့နိုင်ဖို့ ရည်မှန်းထားပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ပို့ကုန်ရငွေကို ထိန်းချုပ်တဲ့ ငွေကြေးမူဝါဒကြောင့် ဆန်တင်ပို့မှုကို ထိခိုက်စေပြီး ပို့ကုန်လုပ်ငန်းရှင်တွေကို ငွေကြေးအရ ထိခိုက်စေကြောင်း သိရပါတယ်။

ဒါ့အပြင် အယ်လ်နီညို ရာသီဥတုအခြေအနေကြောင့်လည်း ဆန်တင်ပို့ရောင်းချမှုကို အဟန့်အထားဖြစ်ကြောင်း MRF ဥက္ကဋ္ဌက ပြောကြားထားပါတယ်။

image
2 နှစ်များ - ဘာသာပြန်ပါ။

EV ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်မည့် ရင်းနှီးမြှုပ်နှံမှု MIC ထပ်မံခွင့်ပြုပေး

ရန်ကုန်၊ အောက်တိုဘာ ၁

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က နိုင်ငံအတွင်းမှာ လျှပ်စစ်သုံးယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်မယ့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်တစ်ခုကို ထပ်မံခွင့်ပြုကြောင်း ၈/၂၀၂၄ ကြိမ်မြောက်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။

အမေရိကန်ဒေါ်လာ ၉.၂၅၅ သန်းနဲ့ ကျပ်သန်းပေါင်း ၄၆,၀၀၀ ကျော် ပမာဏရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၈ ခု ခွင့်ပြုခဲ့တဲ့အထဲမှာ EV တပ်ဆင်ထုတ်လုပ်တဲ့ လုပ်ငန်းလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

MIC အစည်းအဝေးမှတ်တမ်းတွေအရ ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေရဲ့ မတည်ငွေရင်းတိုးမြှင့်ခြင်းတွေ အပါအဝင် စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍနဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတို့မှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံသွားမှာပါ။

ဘက်ထရီလျှပ်စစ်သုံးယာဉ် (BEV) တွေ၊ ၎င်းရဲ့ ဆက်စပ်ပစ္စည်းတွေ၊ အားသွင်းရုံဆိုင်ရာ ပစ္စည်းတွေနဲ့ အားသွင်းစနစ်ဆိုင်ရာ ပစ္စည်းတွေ ပြည်ပကနေ တင်သွင်းခြင်း၊ ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချခြင်းနဲ့ ဝယ်ယူရောင်းချခြင်းတွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးထားပါတယ်။

လက်ရှိမှာ နိုင်ငံခြားသုံးစွဲမှုကို စီးထွက်မှုကို ထိန်းချုပ်လိုတာကြောင့် ပြည်ပကနေ လျှပ်စစ်ယာဉ် (EV) တင်သွင်းခြင်းတွေကို ဦးစားပေးအဆင့်မှ လျှော့ချသတ်မှတ်ထားကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။

ပြည်တွင်းကို လျှပ်စစ်ကားများတင်သွင်းရောင်းချခြင်းအတွက် ကုမ္ပဏီ ၁၀၀ ကျော်ကို တရားဝင်တင်သွင်းရောင်းချခွင့်ပြုထားပြီး အဲဒိအထဲက ကုမ္ပဏီအချို့ကပဲ တင်သွင်းရောင်းချနေကာ အများစုကတော့ တင်သွင်းရောင်းချခြင်း မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့နှစ်က သုံးဘီးယာဉ်တွေ၊ ဆိုင်ကယ်တွေကို အဓိကတင်သွင်းခဲ့ကြပြီး EV လူစီး၊ အိမ်စီးကား နှစ်ထောင်ဝန်းကျင်သာ အများဆုံးတင်သွင်းနိုင်ခဲ့ပါတယ်။

image
2 နှစ်များ - ဘာသာပြန်ပါ။

ငါဆို အဲ့တာအစ်ကိုတို့ ကိစ္စလေဆိုပြီး ပြန်ဝုန်းတာ😅😅
#kuukuu

image