ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မဂ်လာပါ
မာရှယ်ကို ဆက်သွယ်လာတဲ့ ဖလာမင်ဂို
ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းဟာ အသင်းရဲ့ တိုက်စစ်မှူး ပတ်ဒရို ဒဏ်ရာအခြေအနေကြောင့် မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း အန်တိုနီ မာရှယ်ကို ဆက်သွယ်လာခဲ့တယ်လို့ ရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။
ပတ်ဒရိုဟာ လက်ရှိမှာ ACL ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူရတော့မှာဖြစ်လို့ သူ့နေရာမှာ အစားထိုးဖို့အတွက် မာရှယ်ကို ဆက်သွယ်နေတာဖြစ်ပြီး အသင်းကနေ ရှာဖွေနေတဲ့ တိုက်စစ်ကစားသမား options တွေထဲမှာလည်း မာရှယ်က အပါအဝင် ဖြစ်နေပါတယ်။