Frankie မျှဝေသည်။ ပို့စ်  
2 နှစ်များ

2 နှစ်များ

ဆွမ်းကုသိုလ် လှုဒါန်းခြင်းရဲ့ ကောင်းကျိုးများ

မြတ်ဘုရားရဲ့ တရားဒေသနာတော်တွေကို နာကြားရုံသာမကပဲ လက်တွေ့လိုက်နာကျင့်သုံးမှသာတရားဓမ္မရဲ့ အနှစ်သာရကို အစစ်အမှန်ကို ဖော်ဆောင်နိုင်မှာ ဖြစ်တယ်လို့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဟောဖော်ညွှန်ပြ ဆိုဆုံးမခဲ့ပါတယ်။

ဆွမ်းအလှုဟုဆိုရလျှင် မြတ်စွာဘုရားသခင်လက်ထက်တော်က သုဇာတာသတို့သမီးရဲ့ ဂဃနာနို့ဆွမ်း အလှုကို အနည်းငယ်မှ ပြောပြပေးချင်ပါတယ်။သုဇာတာဟာ ဂေါတမမြတ်စွာဘုရားရှင်လက်ထက်အခါတွင် ပထမဆုံးသရဏဂုံတည်တဲ့နေရာမှာ ဧတဒဂ်ဘွဲ့ ရခဲ့ပြီး ဥရုဝေလတောအနီး သေနာနိဂုံးရွာမှ သူဌေးကြီးသေနိယရဲ့သမီးဖြစ်ပါတယ်။
သူဌေးသမီး သုဇာတာသည် ပထမကိုယ်ဝန်တွင် သားယောက်ျားလေးကို မွေးဖွားပါက ညောင်ပင်စောင့် နတ်မင်းအား ဗလိနတ်စာဖြင့် ပူဇော်မည်ဟု ကတိပေးခဲ့ကာ သားလေး မွေးလာသည့်အခါတွင်လည်း ဗလိနတ်စာ ကျွေးသည့်အမှုကို သားဖြစ်သူ အသက်နှစ်ဆယ်ကျော်လာသည့်တိုင် တစ်ကြိမ်မျှ မပျက်မကွက် ပြုခဲ့ပါတယ်။

မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ရောက်ရှိရန် ဗောဓိညောင်ပင်၌ ဈာန်သမာပတ်ဝင်စားနေချိန် သုဇာတာသည် ရွှေခွက်ထဲသို့ နို့ဃနာတို့ကို ထည့်ကာ ညောင်ပင်သို့လာခဲ့ပါတယ်။
ဗောဓိညောင်ပင်သို့ ရောက်သောအခါ ဘုရားရှင်သည် မလှုပ်မယှက် ငြိမ်သက်ကာနေသည်ကို မြင်လေသော် ညောင်ပင်စောင့်နတ်မင်း အမှတ်ဖြင့် "အရှင် ဤရွှေခွက်နှင့်တကွ နို့ဃနာတို့ကို လှူဒါန်းပါတယ်၊ ရွှေခွက်ကိုပါယူပြီး အလိုရှိရာ ကြွနိုင်ပါတယ်" ဟု ပြောဆိုလျှောက်ထား ဦးချကာ ပြန်လာခဲ့လေသည်။

ထိုနေ့ညနေ နေမဝင်မီတွင် မြတ်စွာဘုရားရှင်သည် မာရ်နတ်ကို အောင်တော်မူပြီး မိုးသောက်ယံတွင် ဘုရားဖြစ်တော်မူခဲ့လေသည်။ ထို့နောက် သုဇာတာ၏ သားဖြစ်သူ ယသသည် မြတ်စွာဘုရားထံတွင် ရဟန်းပြုသွားကြောင်း သိရှိရလေသည်။ သားပျောက်၍ အရှာထွက်သွားသည့် ဖခင်ဖြစ်သူလည်း ဘုရားရှင်၏ တရားကို နာကြားရကာ သရဏဂုံ တည်လေသည်။ နောက်တစ်နေ့မနက် ဘုရားရှင်နှင့်အတူ သံဃာတော်များ ကြွလာ၍ တရားတော်များနာကြားရသည့်အခါ ချွေးမဖြစ်သူနှင့် သုဇာတာတို့သည် သောတာပန် များ ဖြစ်ခဲ့ရလေပါတယ်။

သို့တည်းကြောင့်မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ မွန်မြတ်တဲ့အလှုဒါနများထဲက တစ်ခုဖြစ်တဲ့
ဆွမ်းအလှု အကြောင်းကိုလည်း တဖန်ပြန်လည်ရေးသားလိုက်ရကြောင်းပါ။

၁။ အာယု = အသက်ရှည်ခြင်း။ ၂။ ဝဏ္ဏ = အဆင်းလှခြင်း။ ၃။ သုခ = ချမ်းသာ များခြင်း။ ၄။ ဗလ = ခွန်အားကြီးခြင်း၊
၅။ ပဋိဘာန = ဥာဏ်ပညာ ကြီးခြင်း။

"ဆွမ်းလှူခြင်း အကျိုး (၅)ပါး”နဲ့ပတ်သက်ပြီးတော့ အခုလို စာဆိုကဝိလဲရှိခဲ့ပါသေးတယ်။

သက်ရှည် ဆင်းလှ၊ ချမ်းသာရ ဗလ ဉာဏ်ပညာ ဆွမ်းလှူ အကျိုး၊ ဤ ငါးမျိုး တန်ခိုးကြီးလှစွာ။

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဘုရားကျင့်စဉ်ကို သမာပတ်ဝင်စားနိုင်ဖို့ အထိ အထောက်အပံ့ကောင်းပေးနိုင်ခဲ့တဲ့
မွန်မြတ်လှတဲ့ ဆွမ်းကုသိုလ်ကို မျှော်မှန်းနိုင်ပြီး
ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ တရားတော်များကိုလဲ သိရှိနားလည် နှလုံးသွင်းနိုင်တဲ့ ပုဂ္ဂိုလ်ထူး၊ပုဂ္ဂိုလ်မြတ်များဖြစ်ကြကာ နိဗ္ဗာန်မင်္ဂဖိုလ်ကို အရောက်လှမ်းနိုင်ကြပါစေကြောင်း ...

#ဓမ္မဒါန
#frankiestories

image

2 နှစ်များ - ဘာသာပြန်ပါ။

BREAKING:

မော်လ်တာ မှတ်ပုံတင်ထားတဲ့ MV Ruby
ကုန်တင်သင်္ဘောကြီးဟာ အလွန်ပေါက်ကွဲ
စေတတ်တဲ့ အမိုနီယံနိုက်ထရိတ် တန်ချိန်
နှစ်သောင်းကို တင်ဆောင်လာပြီး
အင်္ဂလိပ် ရေလက်ကြားကို
ဝင်ရောက်လာတဲ့ အတွက် သက်ဆိုင်ရာ ဒေသခံ
နိုင်ငံ ဆိပ်ကမ်းတွေက ရေပြင်ပေါ်က ဗုံးကြီးဆိုပြီး စိုးရိမ် ထိပ်လန့်နေကြပါတယ်။

ဒီလို ထိပ်လန့်တုန်လှုပ် ရတာကလည်း
အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ အဲဒီ
အမိုနီယံနိုက်ထရိတ် တန်ချိန်နှစ်သောင်းကို
ရုရှားနိုင်ငံက တင်ဆောင်လာတာကြောင့်
ဖြစ်ပါသတဲ့။

4 August 2020 မှာ လက်ဘနွန် ဘေရွတ်မှာ
ဖြစ်ပွား ခဲ့ဖူးတဲ့ အမိုနီယမ်နိုက်ထရိတ် NH₄NO₃
ပေါက်ကွဲမှုကြီးဟာ NH₄NO₃ ပမာဏ
တန်ချိန် ၂၇၅၀ ထဲသာ ရှိခဲ့ပေမယ့် အလွန်ပင်
ပြင်းထန်ပြီး လူ၂၂၀ ရုတ်တရက် သေဆုံး။
၇၀၀၀ခန့် ဒဏ်ရာရ ခဲ့ဖူးပါတယ်။ ပေါက်ကွဲမှု
ပြင်းအားက (1.1 kilotons of TNT) ရှိပြီး
၆မိုင်ပတ်လည်က အိမ်တွေ ပြိုကျပျက်စီးခဲ့
ဖူးတယ်။ ခုဟာက တန်ချိန်နှစ်သောင်း ဆိုတော့
ကြောက်မယ်ဆိုလည်း ကြောက်စရာပါဘဲ ခင်ဗျ။
#ya
"Floating bomb". A ship with dangerous cargo from Russia has entered the English Channel

The Maltese cargo ship MV Ruby, carrying 20,000 tons of potentially explosive ammonium nitrate, is currently sailing in the English Channel after several ports refused to allow it to dock.

image
2 နှစ်များ - ဘာသာပြန်ပါ။

အမေရိကန်နဲ့ အရေးပါတဲ့ အနောက်အုပ်စု
နိုင်ငံတွေက အီရန်ရဲ့ ရေနံ Facilities တွေကို
တိုက်ခိုက်ခြင်းမှ ရှောင်ရှားဖို့ အစ္စရေးကို
တိုက်တွန်းနေကြောင်း အစ္စရေး သတင်းစာ
Haaretz က ရေးပါတယ်။

အီရန် ရေနံ Facilities တွေ, ရေနံမြေ,
ရေနံသိုလှောင်ကန်ကြီးတွေကို တိုက်ခိုက်မယ်
ဆိုရင် ကမ္ဘာ့ရေနံဈေး ခုန်တက်သွားမယ်။
စစ်ပွဲကြီး မီးပွင့် အစပျိုးတာနဲ့အမျှ စီးပွားရေး
ကမောက်ကမတွေဖြစ်မယ်။ အထူးသဖြင့်
မကြာမီ ကျင်းပတော့မယ့် အမေရိကန်သမ္မတ
ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဘိုင်ဒင်ရဲ့
ဒီမိုကရက်တွေ အရေးမလှ ဖြစ်ရမယ့်အရေး
တွေးပူနေတာကြောင့် ယခုလို အစ္စရေးကို
အီရန်ရဲ့ ရေနံ Facilities တွေကို တိုက်ခိုက်ခြင်းမှ ရှောင်ရှားဖို့ တိုက်တွန်းနေကြတာ ဖြစ်ကြောင်း အစ္စရေး သတင်းစာ Haaretz က ရေးသား
ဖော်ပြထားတာ တွေ့မိကြောင်းပါ ခင်ဗျ။
#ya
U.S., European Allies Urge Israel to Avoid Striking Iran's Oil Sites, Fearing Global Economic Chaos

Key Western nations see a strike on Iran as likely inevitable but believe Israel has yet to finalize the attack's details. The U.S. worries that targeting Iran's oil reserves could boost energy prices and spark a regional war, especially with the presidential election approaching

image
2 နှစ်များ - ဘာသာပြန်ပါ။

အနာဂတ်အကြောင်း မပြောလိုသေးဟု ဂွါဒီယိုလာ
--------------------

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက လက်ရှိအချိန်မှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ပြောရမယ့် အချိန်မဟုတ် သေးဘူးလို့ ရှင်းပြသွားခဲ့ပါတယ်။

စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာနဲ့ မန်စီးတီးအသင်းတို့ရဲ့ စာချုပ်က အခုရာသီ အကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်အထိ စာချုပ်သစ်နဲ့ပတ်သက်လို့ ဘာသတင်းမှ ထွက်မလာသေးတာ ဖြစ်ပါတယ်။

ဂွါဒီယိုလာကတော့ မန်စီးတီးအသင်းဟာ သူ့ရဲ့နှလုံးသားထဲမှာ စွဲမြဲစွာရှိနေတဲ့အသင်းဖြစ်ပြီး လက်ရှိ အချိန်မှာ အသင်းနိုင်ပွဲတွေရဖို့ကိုပဲ အာရုံစိုက်ထားပါတယ်လို့ ပြောသွားခဲ့ပါတယ်။

တစ်ဖက်မှာတော့ မန်စီးတီး အသင်းဟာ ပရီးမီးယားလိဂ် ဘဏ္ဍာရေးချိုးဖောက်မှုတွေနဲ့ စွဲချက်တင်ခံထားရပြီး ဂွါဒီယိုလာအနေနဲ့ အခြေအနေကို စောင့်ကြည့်ပြီးမှ အနာဂတ်ကို ဆုံးဖြတ်သွားဖို့ရှိနေတာကြောင့် အခုလိုမျိုး အချိန်ဆွဲနေတာ ဖြစ်တယ်လို့ ပြောကြားမှုတွေလည်းရှိနေပါတယ်။

မန်စီးတီးအနေနဲ့ စွဲချက်တင်ခံရမှုကနေ အပြစ်ရှိတယ်ဆိုရင် အမှတ်လျှော့ပြစ်ဒဏ်(သို့မဟုတ်) တန်းဆင်းပြစ်ဒဏ်တစ်ခုခုနဲ့ ရင်ဆိုင်ရဖွယ်ရှိနေတာလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး ဂွါဒီယိုလာက လာမယ့်နှစ်မှာ ကလပ်ကမ္ဘာ့ဖလားပွဲ ဝင်ပြိုင်ရမယ့် မန်စီးတီး အသင်းရဲ့ ရာသီသစ် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို နောက်ဆုတ်ယှဉ်ပြိုင်ခွင့်ပြုဖို့ကို အလိုရှိတယ်လို့လည်း ပြောသွားခဲ့ပါတယ်။

image
2 နှစ်များ - ဘာသာပြန်ပါ။

🤣🤣🤣🤣

image
2 နှစ်များ - ဘာသာပြန်ပါ။

"အာရောဂျံ ပရမံလာဘံ"
---------------------------

အသက် (၇၁) နှစ်အရွယ်
ဩစတြေးလျားနိုင်ငံက
`ဘာဘရာ အိုနေးလ်
(Barbara O'Neill)´ ရဲ့
အကြံပေး ညွှန်ကြားချက်
အများစုထဲမှာ သဘာဝ
သစ်ဥ၊ သစ်ဖု၊ သစ်မြစ်၊
သစ်ရွက်တွေကို သုံးစွဲခြင်း
သည် ခေတ်မီ ဆေးကုသ
ထုံးတွေထက် ပိုကောင်းမွန်
သက်သာ ပျောက်ကင်းနိုင်
တယ်လို့ဆိုပါတယ်။

သူပြောတဲ့ အရွက်၊ အမြစ်၊
အချက်အလက် စတာတွေကို
အမျိုးတွေ ဗမာလို လွယ်ကူစွာ
နားလည်ရအောင် မနည်းကို
ရှာဖွေရေးသားရပါတယ်။

သူပြောတဲ့ သဘာဝ အသီး၊
အရွက်၊ အမြစ်၊ အဖု အချို့
ဆေးဖက်ဝင်ပုံက..........

၁)။ `ဒူးရင်း ဩဇာသီး
(Soursop)´ အသီးကိုစား၍
အရွက်ကို ပြုတ်သောက်ခြင်း
သည် ကင်ဆာရောဂါကို
`ဓာတုကုထုံး (Chemothe
- rapy)´ အကြိမ် တစ်သောင်း
(၁၀,၀၀၀) ပေးတာထက် ပိုမို
ကောင်းမွန်သက်သာစေတယ်
လို့ဆိုတယ်။

၂)။ ကပ်စေးနှဲကြီး (ကျပ်ပင်,
ဂျပ်ပင်, ဝက်မြှီးကပ်) စသဖြင့်
အခေါ်အဝေါ်ရှိသည့် `Burdock
Root´ အမြစ်၊ အရွက်ကို သုံးစွဲ
ခြင်းဖြင့် သွေးထဲမှာရှိသော အ
ဆိပ်အတောက်များကို ဖယ်ရှား
သန့်စင်စေသလို အရေပြား
အင်ပျဉ်ထ ယားယံခြင်းနှင့်
နှင်းခူ၊ ဝက်ခြံတွေကိုလည်း
ပျောက်ကင်း သက်သာစေပါ
တယ်။

၃)။ `အာရှဝါဂန္ဓာ (Ashwagan
dha)´၊ မြင်းရဲ့ကိုယ်နံ့နှင့်တူသော
အရွက်၊ အမြစ်ဥကို သုံးစွဲခြင်းဖြင့်
ဦးနှောက် လုပ်ဆောင်ချက်နှင့်
မှတ်ညဏ် အချက်အလက် သိုမှီး
စုစည်းအားကို မြှင့်တင်ပေးသလို
စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုများကို
လျော့ကျစေပြီး အိပ်ပျော် အိပ်
ကောင်းစေပါတယ်။

၄)။ `Primal Queen´ ကို သုံးစွဲ
ခြင်းဖြင့် ဗီတာမင် အဟာရ ဓာတ်
များ ပါသလို အမျိုးသမီးများ
အတွက် အစွမ်းထက်စေသော
ထောက်ပံ့မှုတွေ ရရှိပါမယ်။

၅)။ `ပင်လယ်ရေညှိ (Sea Moss)´
ကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်
တစ်နေ့တာ လိုအပ်တဲ့ သတ္တုဓာတ်နှင့်
ဗီတာမင် (၁၀၂) မျိုးမှာ (၉၂) မျိုး ရရှိ
မည်ဖြစ်သလို ကိုယ်ခံအားကောင်းမှု၊
နှလုံး ကျန်းမာရေးကို ထောက်ပံ့ပေး
သည့်အပြင် ဦးနှောက်အားကိုလည်း
ကောင်းစေနိုင်ပါတယ်။

ထို့အပြင် မစားသင့်တဲ့ အစားအစာ
ထိပ်ဆုံးစာရင်းမှာ နို့ထွက်ပစ္စည်းထဲ
က `ဒိန်ခဲ (Cheese)´ ကို လုံးဝ
မစားသင့်ဘူး တားမြစ်သလို `ဘီစ
ကစ် (Cookies)´ အမျိုးမျိုးကိုလည်း
မစားသင့်ကြောင်း တားမြစ်တယ်။
ခန္ဓာကြီးထွားမှု၊ မျိုးပွါးမှုတွေကို
ကျဆင်းစေတယ်လို့ဆိုတယ်။

ကြက်ဥကိုတောင် သူ့အစား
ပဲနီလေး စားတာ ပိုကောင်း
တယ်လို့ ဆိုတယ်။

မိမိတို့ လူအများ သိရှိနားလည်
ထားတွေနဲ့ သူက ဗြောင်းပြန်လို
နီးပါး ဖြစ်နေတဲ့ သူ့ကို ကမ္ဘာ့ကျန်း
မာရေး အဖွဲ့တွေက အတော် မျက်
မုန်းကျိုးသလို ဖမ်းထားတယ်လို့
တောင် သတင်းတွေ ထွက်နေ
တယ်။

ကျန်းမာခြင်းသည် လာဘ်ကြီး
တစ်ပါး ဖြစ်သည့်အတွက် သူပြော
ပြောထားတာတွေ အများကြီးပါ။
သိချင်ကြလျှင် နောက်ပိုင်း ကြုံရင်
ရေးပေးပါမယ်။

(Andrew Soe)

6th Oct 2024

https://t.me/sn01c/1974
#credit

imageimage
+4
2 နှစ်များ - ဘာသာပြန်ပါ။

နံဒယ်

image

2 နှစ်များ

ကျွန်တော် မဟုတ်ဘူးနော် 😂

image
2 နှစ်များ - ဘာသာပြန်ပါ။

ပေါ့ဘာ၏ ပွဲပယ်ပြစ်ဒဏ်ကို လျှော့ချပေးလိုက်
----------------------

တားမြစ်ဆေးသုံးစွဲမှုကြောင့် ၄ နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထားရတဲ့ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာရဲ့ ပွဲပယ်ပြစ်ကို ၁၈ လအဖြစ် လျှော့ချပေးလိုက်တယ်လို့ အားကစားဆိုင်ရာ ခုံသမာဓိရုံးက အောက်တိုဘာ ၄ ရက်နေ့မှာ အတည်ပြု လိုက်ပါတယ်။

ဂျူဗင်တပ်ကွင်းလယ်လူပေါ့ဘာကို တားမြစ်ဆေးသုံးစွဲထားခဲ့တယ်ဆိုပြီး အီတလီအမျိုးသား တားမြစ်ဆေး တိုက်ဖျက်ရေးအဖွဲ့က ၂၀၂၃ စက်တင်ဘာမှာ ၄ နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် ပေါ့ဘာဘက်ကတော့ ဘာအမှားအယွင်းမှ ပြုလုပ်ထားခြင်းမရှိဘူးလို့ ပြောကြားခဲ့ပြီး အားကစား ဆိုင်ရာ ခုံသမာဓိရုံးကို အယူခံဝင်ခဲ့တာဖြစ်ပါတယ်။

ပေါ့ဘာဟာ ဂျူဗင်တပ်အသင်းနဲ့ ၂၀၂၆ ဇွန်လအထိ စာချုပ် သက်တမ်းရှိနေသေးပေမယ့် ကာလရှည်ပွဲပယ်ပြစ်ဒဏ်ကြောင့် ကစားသမားဘဝ အနာဂတ်မသေချာမှုတွေနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။

အားကစာဆိုင်ရာခုံသမာဓိရုံးရဲ့ ထုတ်ပြန်ချက်အရတော့ ပေါ့ဘာရဲ့ ဆေးစစ်ချက်တွေမှာ ပုံမှန် မဟုတ်တဲ့ ဇီဝဖြစ်စဉ်တွေကို တွေ့ခဲ့ရပေမယ့် ကစားသမားအနေနဲ့ တမင်သက်သက်ကျူးလွန်ခဲ့တယ်ဆိုတာမျိုးကို မတွေ့ရတဲ့အတွက် အခုလိုမျိုး ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

အခုလို ပြစ်ဒဏ်လျှော့ပေါ့ခံလိုက်ရတဲ့အတွက် အိပ်မက်ဆိုးကာလ ပြီးဆုံးခဲ့ပြီလို့ ပေါ့ဘာက ပြောကြားသွားခဲ့ ပါတယ်။

image