Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ချစ်နေဖို့ထက်
ကိုယ်အပေါ် စေတနာရှိနေဖို့လိုတယ်..
ကိုယ်ရဲ့လက်တွဲဖော်တစ်ယောက်ဟာ
ယောကျာ်းလေးပဲဖြစ်ဖြစ်၊မိန်းကလေးပဲဖြစ်ဖြစ်၊
ကိုယ်အပေါ်
စေတနာရှိတဲ့လူမျိုးဖြစ်ဖို့လိုတယ်။
ချစ်တော့ချစ်တယ် ကိုယ့်အတွက်
အတ္တကြီးနေတဲ့လူမျိုးဖြစ်နေရင်
စိတ်ဆင်းရဲရတယ်။
လူတစ်ယောက်ချစ်ဖို့ မချစ်ဖို့ထက်
စေတနာ ရှိ၊ မရှိ စကားပြောကြည့်ပြီး
လေ့လာကြည့်ယုံနဲ့ အနည်းငယ်ခန့်မှန်းလို့ရတယ်။
ဒါပေမယ့်
မသိစိတ်ကြောင့်လူတစ်ယောက်ကိုချစ်မိပြီဆိုရင်
သူရဲ့ဆိုးတာတွေကို မမြင်နိုင်တော့တာပါပဲ။
ယောကျာ်းလေးတွေမှာ
မိန်းကလေးတွေကိုကြည့်ရင် ပထမဆုံး
လှတာလေးကိုအရင်မက်ကြတယ်။
မဟုတ်လည်း အရည်အချင်းရှိတဲ့သူကိုမက်ကြတယ်။
တစ်ချို့လူတွေကြတော့
ကိုယ်အပေါ် စေတနာရှိတဲ့ မိခင်နဲ့တူတဲ့အမျိုးသမီး
မျိုးကိုပဲရွေးကြတယ်။
မိန်းကလေးအများစုကတော့ မိခင်နဲ့ပိုတူကြတယ်။
ဒါပေမယ့် အကုန်လုံးတော့မဆိုနိုင်ဘူး။
တစ်ခါတစ်လေကြတော့လည်း
သူဆီကဘာရမလဲဆိုတဲ့စိတ်နဲ့ချစ်နေကြတဲ့
သူတွေလည်းရှိတယ်။
နောက်ဆုံးကြတော့ အချစ်ဆိုတာထက်
စိတ်နှလုံးကောင်းပြီး
ကိုယ်အပေါ် တကယ်မေတ္တာထားပေးနိုင်တဲ့
အမျိုးသမီးမျိုးရွေးချယ်ကြတာမှန်မယ်လို့ထင်တယ်။
ငွေကြေးတစ်ခု၊ အလုပ်တစ်ခု၊
ပြည့်စုံချမ်းသာမှုတစ်ခုနဲ့အချစ်ကိုဖော်ပြလို့မရဘူး။
ကိုယ်လိုအပ်တာကို ဖြည့်ဆည်းပေးနေတဲ့သူနဲ့
လိုချင်တာကို ဖြည့်ဆည်းပေးနေတဲ့သူတောင်
ချစ်တာခြင်းမတူညီကြဘူး။
စေတနာဆိုတာမရှိတဲ့ကြားကနေ
မရရအောင်ဖန်တီးပေးချင်နေတာမျိုး။
ဝင်ငွေအများကြီးရှိပြီး ဘာမှလုပ်မပေးတဲ့
သူမျိုးထက်
သူမှာရှိတဲ့ဝင်ငွေလေးနဲ့ကိုယ့်ကိုယ်
ဖြည့်ဆည်းပေးတာမှ
စေတနာရှိတယ် လို့ခေါ်တယ်။
ချစ်တာချင်းတူကြပေမယ့် စေတနာကတော့ကွာတယ်။
တကယ်တော့လူတွေကချစ်ရင်
ဘာမဆိုကျော်ဖြတ်နိုင်တယ်လို့ထင်ကြတယ်။
အချစ်ဆိုတာထက် စေတနာ မေတ္တာကပိုလိုအပ်ပါတယ်။
သူလိုအပ်တာနဲ့ ကိုယ်လိုအပ်တာ သေချာသိပြီး
နွေးထွေးမှုပေးနိုင်ရတယ်။
သူကချစ်ပြတာကိုလိုရင် ချစ်ပြတာကိုပေးတတ်ရမယ်။
ချစ်ကြပုံခြင်းမတူကြရင်တောင်
နားလည်ကြရပါလိမ့်မယ်။ ✍️
ဒါမှ အချစ်ရဲ့အဓိပ္ပာယ်နဲ့အချစ်ရဲ့သက်ရောက်မှု
တွေဟာ အသက်ထက်ဆုံး ရှိသွားကြပီး၊
အိုမင်းခြင်းအရွယ်အထိရှင်သန်သွားကြသည်ပေါ့။
#ပြည့်စုံလျှံ
ကိုယ်ဟာ မင်းနဲ့မခွဲနိင်လို့
ဖလံငယ် မီးထဲသလိုမျိုး
မှီရာဖမ်းဆုတ်မိတာ မို့….စျေးပေါခဲ့ခြင်း
#သိပ္ပံထွန်း
ဒီလို အမျိုးသမီးနဲ့ ချစ်သူတော်ခွင့်ရရင်
သိပ်ကို ကံကောင်းတာပါပဲ။
ဘယ်လို အမျိုးသမီးလဲဆိုတော့
ဘာလိုချင်တယ်၊ဘာဝယ်ပေးပါ ဆိုပြီး
မပူဆာတတ်သူ ❤❤
လိုချင်တာဆို သူမဘာသာ ဝယ်ယူတာမျိုး။
စျေးမတတ်နိုင်ရင်တောင် ငွေစုပြီး ဝယ်ယူ
တတ်သူ။သင့်ကို သူမကြောင့် ဝန်ထုပ်ဝန်ပိုး
မခံစားစေချင်ဘူး။
အထိမ်းအမှတ်နေ့တို့မှာ သင့်ဖက်က
လက်ဆောင်ပေးတယ်ဆိုရင် သူမဖက်က
သေချာပေါက် တစ်ခုခုတော့ လက်ဆောင်
ပြန်ပေးလိမ့်မယ်။ဘာလို့ဆို
ဘယ်နေရာမဆို အပြန်အလှန် ရှိတာ
အကောင်းဆုံးမှန်း သိထားလို့ပါ။
One real man is enough ဆိုတဲ့
လူမျိုးပါ။သင့်တစ်ယောက်ထဲနဲ့
လုံလောက်တယ်။သစ္စာတရား ကြီးမား
တယ်။အရမ်းချစ်တတ်တယ်။ဂရုစိုက်
တတ်တယ်။သူမနဲ့အတူရှိရင် stress
မရှိဘဲ လွတ်လပ်ပေါ့ပါးနေမှာ အမှန်ပဲ။
သူမ လိုချင်တာက ရိုးရှင်းပါတယ်။
သင့်ရဲ့ တန်ဖိုးဖြတ်မရတဲ့ ချစ်ခြင်းမေတ္တာပါပဲ။
သင့်ဆီက သကြားလုံးပဲရရ၊ပန်းတစ်ပွင့်ပဲရရ
ငါသိပ်ချစ်တဲ့ လူသားလေး ဝယ်ပေးတာပဲ
ဆိုပြီး အမြတ်တနိုး သိမ်းထားတတ်တယ်။
ဘဝမှာ လိုအင်ဆန္ဒနည်းတဲ့ ဒီလို
အမျိုးသမီးနဲ့ ဆုံခွင့်ရတဲ့အခါ ချစ်ခွင့်ရတဲ့အခါ
အများကြီး တန်ဖိုးထားပါ။ဘဝမှာ
ထပ်တွေ့ဖို့ သိပ်မဖြစ်နိုင်ပါ။ကားတစ်စီး
လွတ်သွားရင် နောက်တစ်စီး စောင့်လို့
ရပေမဲ့ သင့်ကိုသိပ်ချစ်တဲ့သူကို လက်လွတ်
မိသွားရင် ပြန်ရဖို့ သိပ်ခဲယှဉ်းလိမ့်မယ်...။
Real Love is hard to find.🖤
Credit
copy..
X-Commerce platforms တွေမှာ ပါဝင်လာတော့မယ့် Virtual Try-On for E-commerce
https://wanna.fashion/
၃ နာရီ ၀ မိနစ်
🧈 အကယ်ဒမီ မီးလင်းရွှေ ဈေးကွက် ဈေးနှုန်း
ရွှေတုံး/ရွှေဆိုင် ရွှေသန့်စင်လုပ်ငန်းများစျေး
၆၉၃၀၀၀၀
------------------------------
🙏 မိဘပြည်သူ၊ ကုန်သည်များရှင့်
🐣 NUGGTS လုပ်ငန်းစု ကုန်သည်များအကြား အရောင်းအဝယ်စျေးများမှာ
🇺🇲 ရန်ကုန် လက်ငင်း ၅၄၈၀-၅၅၂၀
🇹🇭 ဘတ် ၆၄၅-၆၄၀
🇸🇬 စင်္ကာပူ ၄၀၆၀-၄၁၀၀
-------------------------------
#crd