1 y - Translate

ကားကြီးတွေက နောက်မှာ
Mansfield bar ဆိုတာ ကားတိုင်း မဖြစ်မနေ တပ်ခိုင်းသင့်ပါသည်။
Mansfield bar တပ်ဆင်ထားခြင်းဖြင့်
နောက်မှ ကားလေးများဝင်ရောက်တိုက်မိသည့်အခါ ကားအောက်သို့ ကျွံမဝင်စေရန် တားဆီးပေးပါသည်။
ကားလေးများကို လေအိပ်ပွင့်အောင် ပါပြုလုပ်ပေးပါသည်။
ကားတော်တော်များများရဲ့ လေအိပ် sensor က ရှေ့ ဘန်ဘာမှာ တပ်ထားပြီး impact ကို sense လုပ်တာပါ အဲ့ ဘားတန်းလေးကို အရင်တိုက်မိမှ လေအိပ်ပွင့်မှာပါ ။
ယခုအခါ ကားကြီးတော်တော်များများတွင် ယခုလို တန်းမပါတာမျိုးတွေ များပြားသောကြောင့် ယာဉ်တိုက်မှုဖြစ်သည့်အခါ မဖြစ်သင့်သော အသက်ဆုံးရှုံးမှုတွေများစွာ ဖြစ်ပေါ်နေပါသဖြင့်
ကညနတွင် မော်တော်ယာဉ်သက်တမ်းတိုးသည့် အခါ Mansfield bar မပါလျှင် ယာဉ်စစ်မအောင် သက်တမ်းမတိုးပေးခြင်းကို မဖြစ်မနေပြုလုပ်ဆောင်ရွက်သင့်ကြောင့် အကြံပြုတင်ပြအပ်ပါသည်။
Crd..#တိုက်ကြေကား admin

image
1 y - Translate

“ဒိုင်နိုဆောတွေကို အမြစ်ဖြုတ်ခဲ့တဲ့ ဂြိုဟ်သိမ်ကို လူသားတွေ ရင်ဆိုင်နိုင်စွမ်းရှိသလား… ?”
―――――――
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၆ မီလီယံလောက်က ကမ္ဘာ့မြောက်ဘက်ခြမ်းတစ်နေရာရဲ့ ကောင်းကင်မှာ ရုတ်တရက် အလင်းတွေ ဖြာထွက်ခဲ့ပြီး နေတစ်စင်း ထွက်ပေါ်လာသလိုမျိုး ကောင်းကင်တစ်ခုလုံး လင်းလက်သွားကာ နာရီပိုင်းအတွင်းမှာပဲ ကမ္ဘာဟာ အမှောင်ကျသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သက်ရှိသတ္တဝါတွေ သေကြေခဲ့ကြပြီး ဒိုင်နိုဆောတွေအပါအဝင် အခြားသော သက်ရှိမျိုးစိတ်တွေလဲ တဖြည်းဖြည်း မျိုးသုဉ်းပျောက်ကွယ် သွားခဲ့ကြပါတယ်။
အဖြစ်အပျက်ကို ဘူမိဗေဒအချိန်ဇယားမှာ "သက်ရှိပျက်ကပ်" Cretaceous-Paleogene (K-Pg) လို့ အမည်ပေးထားပါတယ်။ ဖြစ်စဉ်ဟာ ဂြိုဟ်သိမ်တစ်ခု ကမ္ဘာကိုဝင်တိုက်ရာက စတင်ခဲ့တာပါ။ အချင်း ၆ မိုင် ရှိပြီး တစ်စက္ကန့်ကို ၂၀ ကီလိုမီတာနှုန်းနဲ့ ခရီးနှင်နေခဲ့တဲ့ ဂြိုလ်သိမ်ရဲ့ ကမ္ဘာကို ဝင်တိုက်လိုက်တဲ့အခါ ထွက်လာတဲ့ ပြင်းအားက လက်ရှိခေတ် အဏုမြူဗုံးပေါင်း ဘီလီယံချီ တစ်ပြိုင်တည်း‌ ပေါက်ကွဲတာနဲ့ ညီမျှပါတယ်။ အဲဒီနောက်မှာ ဆက်လက်ထွက်ပေါ်လာတဲ့ တုန်ခါလှိုင်းတွေက ကမ္ဘာ့လေထုတစ်ခုလုံးကို ဖုန်မှုန့်တွေနဲ့ ဖုံးလွှမ်းသွားစေပြီး ရလဒ်အနေနဲ့ ကမ္ဘာပေါ်ကို နေရောင်ခြည် မကျရောက်တော့သလို အပင်တွေဟာလဲ အစာချက်နိုင်စွမ်း မရှိတော့တာမို့ အစာကွင်းဆက်တွေ ယိုယွင်းပျက်စီးလာပါတော့တယ်။ ဒီဖြစ်ရပ်ကြောင့် သက်ရှိမျိုးစိတ်အားလုံးရဲ့ လေးပုံသုံးပုံလောက်ဟာ မျိုးသုဉ်းပျောက်ကွယ်သွားပြီး တွားသွားသတ္တဝါခေတ် (Reptile) လဲ ကုန်ဆုံးသွားခဲ့ပါတယ်။
ဒါပေမဲ့ ဒီအဖြစ်အပျက်ကြီးကို ဖြတ်ကျော်နိုင်ခဲ့တဲ့ မျိုးစိတ်ပေါင်း ၂၅ ရာခိုင်နှုန်း ရှိခဲ့ပြီး ငှက်တွေ၊ မြွေ‌တွေ၊ ဖားတွေနဲ့ လိပ်‌တွေအပြင် ငါးမျိုးစိတ်တွေ ပါဝင်ခဲ့ပါတယ်။ အစောပိုင်း ကာလတွေကတည်းက ရှင်သန်နေခဲ့တဲ့ ဒီတိရစ္ဆာန်‌ငယ်လေးတွေဟာ အစာကွင်းဆက်အရ လူသားတွေရဲ့ အောက်မှာ ကျရောက်နေပေမဲ့ ဒီနေ့ဒီချိန်အထိ ကမ္ဘာပေါ်မှာ ရှင်သန်ကျက်စားနေကြတုန်းပါ။ ဒါဆိုရင် အသိဉာဏ်မြင့်မားတဲ့ လူသားတွေအနေနဲ့ ဒီလိုအဖြစ်မျိုး ကြုံလာခဲ့ရင် မျိုးသုဉ်းမဲ့ဘေးကနေ လွတ်မြောက်နိုင်ပါ့မလား ဆိုတာက မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
အင်္ဂလန်နိုင်ငံ၊ ဘရစ်စတိုတက္ကသိုလ်က သိပ္ပံပညာရှင်တွေရဲ့ သုတေသနအရ ဒိုင်နိုဆောခေတ်က ကျန်ရစ်နေခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေထဲမှာ အချင်းပါ နို့တိုက်သတ္တဝါတွေ (Placental Mammals) ရဲ့ ရုပ်ကြွင်းတွေ ပါဝင်နေကြောင်း သိရပါတယ်။ ရုပ်ကြွင်းခန့်မှန်းချက်တွေအရ ဒီအုပ်စုမှာ လူအပါအဝင် ဝံမျိုးစိတ်တွေ၊ ခွေးတွေ၊ ယုန်တွေ ပါဝင်နေသလို သူတို့ဟာ ပျက်ကပ်မတိုင်ခင်ကတည်းက ပေါ်ပေါက်ခဲ့ပြီး ဒိုင်နိုဆောတွေနဲ့ အချိန်အတော်အကြာ ယှဉ်တွဲနေထိုင်ခဲ့ပြီး နောက်ပိုင်း ဒိုင်နိုဆောတွေ မျိုးသုဉ်းသွားတဲ့အခါမှာလဲ ဒီမျိုးစိတ်တွေဟာ ရှင်ကျန်နေခဲ့ပြီး ဆက်လက်ဆင့်ကဲ ပြောင်းလဲနေခဲ့တယ်လို့ ကောက်ချက်ချကြပါတယ်။
လူသားတွေဟာ သိပ္ပံနဲ့ နည်းပညာကို အကျိုးရှိရှိ အသုံးပြုနိုင်တာကြောင့် ဘေးအန္တရာယ်တွေကို အထိအခိုက် အပျက်အစီး နည်းနည်းနဲ့ ရင်ဆိုင်ကျော်လွှားနိုင်စွမ်း ရှိကြပါတယ်။ တိုးတက်လာတဲ့ သိပ္ပံပညာကြောင့်သာ ဂြိုဟ်တုတွေကို တီထွင်လာနိုင်တာက အာကာသထောက်လှမ်းရေးအတွက် အထောက်အကူ ဖြစ်လာခဲ့တာပါ။ နာဆာရဲ့ WISE (Wide-field Infrared Survey Explorer ) ဂြိုဟ်တုဟာဆိုရင်လဲ ကမ္ဘာ့ဂြိုဟ်ပတ်လမ်းထဲကို ဝင်ရောက်လာနိုင်တဲ့ ဂြိုဟ်သိမ်တွေ၊ ကမ္ဘာကို ဝင်တိုက်နိုင်ခြေရှိတဲ့ ဥက္ကာပျံတွေကို ကြိုတင်ထောက်လှမ်းထားနိုင်တဲ့အတွက် လူသားတွေအနေနဲ့ ပြင်ဆင်မှုတွေ လုပ်ထားနိုင်မှာပဲ ဖြစ်ပါတယ်။
အချုပ်အနေနဲ့ ပြောရရင် ပျက်ကပ်ကို ဖြစ်စေခဲ့တဲ့ အချင်း ၆ မိုင်ရှိတဲ့ ဂြိုဟ်သိမ် ဒါမှမဟုတ် အဲဒီထက် အရွယ်အစား ပိုသေးတဲ့ ဂြိုဟ်သိမ်တွေ၊ ဥက္ကာပျံတွေ ကမ္ဘာကို ဝင်တိုက်ခဲ့ရင် ဘီလီယံနဲ့ချီတဲ့ အသက်တွေ ဆုံးရှုံးရမှာဆိုပေမဲ့ လူသားတွေအနေနဲ့ မျိုးသုဉ်းသွားနိုင်ခြေဟာ အတော်လေးကို နည်းပါးပါတယ်။ ဒီ‌တော့ နောင်အနာဂတ်မှာ ဂျူပီတာဂြိုဟ်ရဲ့ ဆွဲအားကြောင့် ဂြိုဟ်သိမ်တွေ၊ ဥက္ကာပျံတွေ ကမ္ဘာကို ဦးတည်လာခဲ့ရင် လူသားမျိုးစိတ်အတွက် ရှင်သန်ဖို့ အာမခံချက် မရှိခဲ့ရင်တောင် မျှော်လင့်ချက်ကတော့ ရှိနေပါလိမ့်မယ်။
Reference:
Menon, A. (2024, June 17). Could humans survive the asteroid impact that wiped out the dinosaurs? ScienceABC.
Written by - Luc
Fact-checked by - Mon Myat Kyaw
Copy-edited by - Aki
Final-edited by - Nyan Win Htet
©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

image
1 y - Translate

ဘယ်သူ့ကိုသတိရမိလဲ 🥺❤❤

image
1 y - Translate

အရင်လိုပဲလား

image
1 y - Translate

ဝက်ခြံအဆီဖုပျောက်ကင်းသေတဲ့ သဘာဝနည်း3️⃣ခု

၁။ သကြားနှင့် ပျားရည် scrub

သကြား၁ဆ ပျားရည်၁ဆ ရောမွှေကာ ပေါင်းခံအခြောက်သုတ်ထားသောမျက်နှာပေါ်သို့ လက်နှင့်ယူ၍ ညင်သာစွာ ပွတ်တိုက်ပေးပါ ။ ပြီးလျှင် ၃မိနစ်ခန့်ထားကာ ရေဆေးပေးပါ ။ နေ့စဉ်လုပ်ပေးနိုင်ပါတယ် ။

၂။ သံပုရာရည်လိမ်းပေးပါ

ပေါင်းခံထားသောမျက်နှာပေါ်သို့ သံပုရာအရည်ကို တိုက်ရိုက်လိမ်းပေးကာ ၁၅မိနစ်ခန့် အခြောက်ခံ၍ ရေဆေးပေးပါ ။ အိပ်ရာမဝင်ခင်ညတိုင်း လိုချင်သောအနေအထားရတဲ့အထိ လုပ်ပေးပါ ။

၃။ မုန့်ဖုတ်ဆိုဒါ

ရေ၁ဆ မုန့်ဖုတ်ဆိုဒါ၁ဆရော၍ လိုအပ်သောနေရာကိုပွတ်ပေးပါ ။ ၂မိနစ်ခန့်ထားကာရေဆေးပေးပါ ။ တစ်ပတ်၂ခါလောက်လုပ်ပေးနိုင်ပါတယ် ။ ပြီးလျှင်တော့ ဆားဝက်ခြံညှစ်ထုတ်ချင်လျှင် အသာဖယ်ယူနိုင်ပါပြီ ။ ထုတ်ရခက်သောအဖုကို အတင်းမညှစ်ပါနှင့် ယောင်းယမ်းနာကျင်တတ်ပါတယ်Cosmetics တွေဆိုလဲwater base ထုတ်ထားတဲ့ပစ္စည်းများကိုရွေးခြယ်သင့်ပါတယ် ။ မျက်နှာတစ်နေ့တစ်ခါ ပုံမှန်သန့်စင်ပေးဖို့လိုပါတယ် ။ အထူးသဖြင့် ညအိပ်ခါနီးတွင် မမေ့သင့်ပါ။ နေရောင်ခြည်နှင့်ထိတွေ့ပါများရင်လည်း အဆီပိုပြန်တတ်ပါတယ် ။ ဒါကြောင့်ထီးလေးဆောင်းဖို့မမေ့ပါနဲ့ ။ အဆီပြန်တတ်ရင် moisturizer ကို gel type သုံးသင့်ပါတယ် ။ ကျန်းမာသော အနေအထိုင်အလေ့အကျင့်ကောင်းများလည်းရှိဖို့လိုအပ်သလို စိတ်ဖိစီးမှုကိုလည်း နဲနိုင်သမျှနဲအောင်နေထိုင်ပါက လှပကျန်းမာသော အသားအရေကိုရရှိမှာပဲဖြစ်ပါတယ်ရှင် ။

image
1 y - Translate

ပေါ်တူဂီအသင်း၏ ယူရိုဆုဖလားက ကမ္ဘာ့ဖလားနှင့် ညီမျှဟု စီရော်နယ်ဒို ပြော
ပေါ်တူဂီအသင်းရရှိခဲ့တဲ့ ယူရိုဆုဖလားက ကမ္ဘာ့ဖလား ရရှိတာနဲ့ ညီမျှကြောင်း တိုက်စစ်မှူး စီရော်နယ်ဒိုက ပြောပါတယ်။

မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က တင်ဆက်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ကမ္ဘာ့ဖလားနဲ့ ပတ်သက်လို့ ရော်နယ်ဒိုက ထည့်သွင်းပြောသွားခဲ့တာပါ။

ယူရို ၂၀၁၆ ချန်ပီယံဆုဖလားက ကမ္ဘာ့ဖလားရရှိတာနဲ့ အတူတူဖြစ်ပြီး ပေါ်တူဂီနဲ့အတူ ဆုဖလား ၂ လုံး ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအထိ ပါဝင်ယှဉ်ပြိုင်ဖြစ်မလား ဆိုတာ မစဉ်းစားသေးကြောင်း စီရော်နယ်ဒိုက ပြောပါတယ်။

ပေါ်တူဂီတိုက်စစ်မှူးဟာ ခရိုအေးရှားနဲ့ပွဲမှာ တဂိုးသွင်းခဲ့ပြီးနောက် ကစားသမားဘ၀ စုစုပေါင်း သွင်းဂိုး ၉၀၀ ပြည့်မြောက်ခဲ့ပါတယ်။

ဒဏ်ရာအခြေအနေသာ မရှိခဲ့ဘူးဆိုရင် သွင်းဂိုး ၁၀၀၀ အထိပြည့်ဖို့ ကြိုးစားသွားချင်ကြောင်းလည်း စီရော်နယ်ဒိုက ပြောသွားပါတယ်။

image
1 y - Translate

၁၂ ရက်ကြာ ပေါင်းသင်းခဲ့တဲ့ဇနီးက ယောကျာ်းတစ်ယောက် ဖြစ်နေလို့ အမှုဖွင့်ခဲ့တဲ့ အမျိုးသား

၁၂ ရက်ကြာ ပေါင်းသင်းခဲ့တဲ့ဇနီးက ယောကျာ်းတစ်ယောက် ဖြစ်နေမှန်း သိလိုက်ရပြီးနောက် အင်ဒိုနီးရှားအမျိုးသားတစ်ဦးက ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။ အမှုဖွင့်ခဲ့သူကတော့ ၂၆ နှစ်အရွယ် အင်ဒိုနီးရှားအမျိုးသား အေကေ (နာမည်အတိုကောက်) ဖြစ်ပြီး တိုင်ကြားခံရသူကတော့ အီးအက်စ်အိတ်( နာမည်အတိုကောက်)လို့ အမည်ရပါတယ်။

သူတို့နှစ်ဦးဟာ အွန်လိုင်းကနေ တွေ့ခဲ့ကြတာဖြစ်ပြီး အပြင်မှာ ချိန်းတွေ့ခဲ့ကြတာပါ။ အီးအက်စ်အိတ်က သူ့ကိုယ်သူ အက်ဇာဟာဆိုတဲ့ အမည်နဲ့ မိတ်ဆက်ခဲ့ပြီး ချိန်းတွေ့တဲ့အခါတိုင်း ခေါင်းစည်းပုဝါ ခြုံထားခဲ့ပါတယ်။ အေကေက လက်ထပ်ခွင့်တောင်းတဲ့အခါ အီးအက်စ်အိတ်က လက်ခံခဲ့ပေမဲ့ သူ့မှာ အမေ မရှိတော့ဘူး၊ အဖေကလည်း ဘယ်ရောက်နေမှန်း မသိဘူး၊ သတင်းမကြားရတာ ကြာပြီ၊ အဲဒီအတွက် မင်္ဂလာပွဲကို အကျဉ်းချုံးပဲ လုပ်ချင်တယ်လို့ တောင်းဆိုခဲ့ပါတယ်။

အီးအက်စ်အိတ်ရဲ့ တောင်းဆိုမှုကို သံသယမဖြစ်ခဲ့တဲ့ အေကေက အီးအက်စ်အိတ်ကို ရွှေ ၅ ဂရမ်နဲ့ တင်တောင်းခဲ့ပြီး သူ့အိမ်မှာပဲ ဘာသာရေးခေါင်းဆောင်တစ်ဦးကို ဖိတ်ကာ မင်္ဂလာဆောင်ခဲ့ကြတာပါ။ မင်္ဂလာဆောင်ပြီးတဲ့နောက် အိမ်မှာ နေတဲ့အခါလည်း အီးအက်စ်အိတ်က သူ့ခင်ပွန်းရှေ့မှာ ခေါင်းစည်းပုဝါကို မချွတ်ခဲ့ပါဘူး။ အဲဒီအတွက် သံသယဝင်လာတဲ့ အေကေက သူ့မိသားစုကို ဒီအကြောင်း ဖွင့်ပြောတဲ့အခါ မိသားစုဝင်တွေက အီးအက်စ်အိတ် အကြောင်းကို စုံစမ်းရင်း သူ့အဖေကို တွေ့ခဲ့ကြတာပါ။

အီးအက်စ်အိတ်က ယောကျာ်းတစ်ယောက် ဖြစ်တယ်လို့ သူ့အဖေက ထုတ်ပြောလိုက်တဲ့နောက်မှာတော့ အေကေက ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တာပါ။ အေကေထံကနေ ငွေကြေး လိမ်လည်ချင်လို့ အခုလို ဟန်ဆောင်ခဲ့တာလို့ အီးအက်စ်အိတ်က ဖြောင့်ချက်ပေးခဲ့ပါတယ်။ အခုအခါမှာတော့ အီးအက်စ်အိတ်ကို ရာဇဝတ်မှုပုဒ်မ ၃၇၈ နဲ့ အမှုဖွင့်ထားပြီး အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိရင် ထောင်ဒဏ် ၄ နှစ် ချမှတ်ခံရမှာပါ။

image
1 y - Translate

အချိန်ပုပ်မှာစိုးလို့ အိမ်မပြန်ဘဲ စက်ရုံမှာနေပြီး အလုပ်လုပ်ခဲ့တဲ့ ဝန်ထမ်းကိုပါ Telsa ကုမ္ပဏီ အလုပ်မှ ရပ်နားခဲ့

ထုတ်လုပ်မှုပိုင်းမှာ လျာထားချက် ပြည့်မီဖို့အတွက် အိမ်တောင် မပြန်ဘဲ စက်ရုံမှာ နေ၊ စက်ရုံမှာ အိပ်ပြီး အလုပ်လုပ်ခဲ့တဲ့ သစ္စာရှိ ဝန်ထမ်းတွေကို အီလွန်မက်စ်ရဲ့ Telsa ကုမ္ပဏီက အလုပ်မှ ရပ်နားပစ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဖရီမွန့်မြို့ စက်ရုံမှာ အလုပ်လုပ်တဲ့ နီကိုမူရီလိုဟာ အလုပ်အသွားအပြန် အချိန် ၁ နာရီခွဲကြာ ပေးရတဲ့အတွက် အိမ်မပြန်ဘဲ စက်ရုံ ကားပါကင်မှ ကားထဲမှာ အိပ်စက်လေ့ရှိသူပါ။ သူက စက်ရုံမှာပဲ ရေချိုး၊ စက်ရုံမှာပဲ ချက်ပြုတ်စားသောက်ပြီး ထုတ်လုပ်မှုပိုင်း လျာထားချက် ပြည့်မီအောင် ကြိုးစားတဲ့ ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်မှာတော့ သူ့ရဲ့ကုမ္ပဏီအကောင့်ကို ဝင်မရလို့ အံ့အားသင့်နေတုန်း အီးမေးလ် ဝင်လာလို့ ကြည့်လိုက်ချိန်မှာ အလုပ် ရပ်နားခံခဲ့ရကြောင်း သိခဲ့ရတာပါ။ မူရီလိုအပါအဝင် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ Tesla ကုမ္ပဏီဝန်ထမ်းပေါင်း ၁၄၀၀၀ ကျော်လည်း အလုပ်မှ ရပ်နားခံခဲ့ရပါတယ်။

ဒီဖြစ်ရပ်ကြောင့် ကိုယ့်ဘဝရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ၊ မိသားစုဘဝတွေကို စတေးခံပြီး စာနာစိတ်မရှိတဲ့ အလုပ်ရှင်တွေအတွက် အားသွန်ခွန်စိုက် အလုပ်လုပ်သင့်ရဲ့လားဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ Tesla ကားတွေ ဝယ်လိုအား ကျဆင်းမှုကြုံနေပြီး ကုမ္ပဏီက ဝန်ထမ်းအများအပြားကို အလုပ်ကနေ ရပ်နားခဲ့တာပါ။

image
1 y - Translate

လူကသာငြိမ်နေတာ စိတ်က....

image

image