ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ထည့်စမ်းပါ ဟူးမန်းရာ
မပိုင်ဆိုင်ရတာတောင်ဆုံးရှုံးရမှာကြောက်နေတဲ့ဒီစိတ်ကလေးကို
အရည်ခွက်ထဲထည့်စိမ်ချင်လို့
#ဖရိုက်ဒေးနိုက်မှာဖီးလ်မယ်
လူတွေနဲ့လည်းထပ်မဆုံချင်တော့ဘူး
အပူတွေနဲ့လည်းထပ်မကြုံချင်တော့ဘူး။
အရင်လိုလည်း မပျော်တော့ဘူး။
အပြင်ကိုလည်း မမျှော်တော့ဘူး။
စာတွေနဲ့လည်း ဆက်မနှောက်ချင်တော့ဘူး။
အရာတွေလည်း ဆက်မရောက်ချင်တော့ဘူး။
တွေးလည်း မတွေးတော့ဘူး။
မေးလည်း မမေးတော့ဘူး။
အင်္ဂလိပ်စကားပုံတစ်ခုလိုပေါ့...
"Give return what they par for!"
သူ့တို့ပေးတဲ့အတိုင်း ပြန်ပေးပါတဲ့။
သူတို့ပြုမူတဲ့ပုံစံအတိုင်း ပြန်ပြုမူပါတဲ့။
ပိုင်လည်း မပိုင်ဆိုင်ချင်တော့ဘူး။
ထိုင်လည်း ထိုင်မငိုင်ချင်တော့ဘူး။
ဒါပါပဲ...
ကျနော် စျေးပြန်ကြီးမှရတော့မယ်။
#ရဲသူလွင် (အင်ပင်မြို့)
ချစ်ခြင်းမေတ္တာကို အဖြေရှာတဲ့အခါ..
အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစားတွေ
မပါရင် သိပ်ကောင်းမှာပဲ..၊
အခုတော့..
မျက်နှာမွဲတွေမှာ ဘယ်နှစ်ခါတွက်တွက်
အကြွင်း သုည ချည်းထွက်ခဲ့တယ်......။
#မြူမှော်ရုံ
pic-#pinterest
ဘယ်တော့မှထားမသွားနဲ့နော် လို့ခင်ဗျားပြောတုန်းက
ကျွန်တော်ပျော်လွန်းလို့ မျက်ရည်ပါကျခဲ့ဖူးတယ်
ခင်ဗျားများ ကျွန်တော့ကိုရည်ညွန်းပြီး
Status လေးတွေ Mydayလေးတွေတင်တဲ့အခါ
အမှတ်တရ screenshot တွေရိုက်သိမ်းဖူးတယ်
အဲ့လောက်ထိ တန်ဖိုးထားဖူးတယ်
Myday မှာအသည်းပေးသွားတာကအစ
စာလေးတစ်စောင် ခင်ဗျားဘက်ကအရင်ပို့လာတာအဆုံး
ကျွန်တော့အတွက် အကုန်ထူးခြားဖြစ်စဥ်တွေအဖြစ်
မှတ်ဥာဏ်ထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ကိုသိမ်းထားဖူးတာ
တွဲတာကြာရင် အတူရှိတာကြာသွားရင်
တစ်ချို့ချစ်ခြင်းမေတ္တာတွေက ငြီးငွေ့သွားတတ်တယ်ဆို
ရယ်စရာပဲ တစ်ဖြည်းဖြည်းပိုပြီးနစ်မြှပ်သွားတာ
ကျွန်တော်ကတော့ အရင်ကထက်ပိုပြီး
သဘောကျမိသွားတာ
အရင်ကထက်ပိုပြီး ရင်းနှီးကျွမ်းဝင်ချင်သွားတာ
အရင်ကထက်ပိုပြီး သူ့ဘဝမှာကိုယ်ကအရေးပါချင်သွားတာ
ပေးခဲ့တဲ့အထဲမှာ စောက်ကျိုးနည်းတာတွေ
တစ်ခုမှမပါခဲ့ဘူးဆိုတာယုံ
တချို့နေ့တွေ ပျော်လွန်းလို့လည်း မျက်ရည်ကျခဲ့ရ
တချို့နေ့တွေ နာကျင်လွန်းလို့လည်း မျက်ရည်ကျခဲ့ရ
ဒါတောင် ခင်ဗျားအပေါ် ဘယ်တော့မှမငြီးငွေ့ဘူး
ကျွန်တော်က ခင်များကို အခုထက်ထိသဘောကျတုန်း