1 y - Translate

💁‍♀️အပ်မှိုသုပ်လုပ်နည်း.....
ငရုတ်သီး၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူနုတ်နုတ်စင်း၊ ပဲငံပြာရည်အကျဲ၊ ခရုဆီ၊ နှမ်းဆီ၊ ဗီနီဂါ1ဇွန်းစီထည့်ပြီးနှံ့အောင်မွှေလိုက်ပါ။
အပ်မှိုများကိုရေဖြင့်စင်အောင်ဆေးပြီးရေနွေးဖျောကာဆယ်လိုက်ပါ။
ဟင်းနုနွယ်များကိုလည်းရေစင်အောင်ဆေးပြီးရေနွေးဖျောပြီးဆယ်ထားလိုက်ပါ။
ဆယ်ထားသောအပ်မှိုနှင့်ဟင်းနုနွယ်များကိုရေခြောက်အောင်စစ်ပြီးလျှင်ဇလုံတစ်ခုထဲတွင်ထည့်ထားလိုက်ပါ။
ရောစပ်ထားသောဆော့စ်များကိုဇလုံထဲသို့ထည့်ကာနှံ့အောင်နယ်လိုက်ပါ။
ပြီးရင်တော့ပြီးပြည့်စုံတဲ့အပ်မှိုသုပ်လေးကိုသုံးဆောင်နိုင်ပါပြီရှင့်။

image
1 y - Translate

ဒေါ်လာစျေး ဘတ်စျေးတွေ ကျလို့ ကန်စွန်းရွက်စျေးလေးများ ကျမယ်ထင်ပြီး စျေးမေးကြည့်တာ တစ်စီး ၈၀၀ တဲ့.. အရင် ဒေါ်လာစျေးနဲ့ စိုက်ထားလို့ လုံးဝ မလျော့နိုင်ပါဘူးတဲ့..။

#ဒေါ်လာစျေး
#ကန်စွန်းရွက်
Crd

image
1 y - Translate

အလုပ်ပြန်ချိန်ဆို မိုးကရွာပီ ☔️

image
1 y - Translate

With 🤍

image
1 y - Translate

In field of tulip 🌷

image
1 y - Translate

In field of tulip 🌷

image
1 y - Translate

In field of tulip 🌷

image
1 y - Translate

In field of tulip 🌷

image
1 y - Translate

In field of tulip 🌷

image
image
image
image
1 y - Translate

ထိုင်းဘက်က စက်ယန္တယားတွေ တာချီလိတ်မြို့ရှင်းလင်းရေး လာကူနေ

မဲခေါင်၊ အောက်တိုဘာ ၂

တာချီလိတ်တွင်း တင်ကျန်နေတဲ့ ရွှံ့နွံတွေသန့်ရှင်းရေးအတွက် ထိုင်းဘက်လုပ်ငန်းရှင်တွေနဲ့ သက်ဆိုင်ရာ အာဏာပိုင်နဲ့ပူးပေါင်းပြီး စက်ယန္တယားတွေနဲ့ လာရောက်ကူညီနေပေးနေတယ်လို့ သိရပါတယ်။

မြို့တွင်းတင်ကျန်ရစ်တဲ့ ရွှံ့နွံတွေ သန့်ရှင်းရေးအတွက် မြန်မာဘက်က လုပ်ငန်းရှင်တွေက လုပ်သားနဲ့ စက်ယန္တယား၊ မြေသယ်ကားတွေနဲ့ ရှင်းလင်းတဲ့နေရာမှာ ပြီးစီးခြင်းမရှိသေးတာကြောင့် လိုအပ်တဲ့ စက်ယန္တယားတွေကို ထိုင်းဘက်က လာရောက်ကူညီပေးနေတာလို့သိရပါတယ်။

“မနေ့က တံတား ၂ ပေါ်က ဘက်ဖိုး ၆ စီး ဖြတ်လာတယ် ထိုင်းလုပ်ငန်းရှင်က မြို့သန့်ရှင်းရေးအတွက် လိုအပ်တာ ကူညီဖို့လို့ ပြောတယ်။ နောက်ပြီး မြေသယ်ကားတွေလဲ လာကူတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

တောင်ပေါ်က ရေစီးမျောပါလာတဲ့ ရွှံ့တွေဟာ တစ်ချို့ရပ်ကွက်တွေထဲ ၄ ပေခန့်ထိ မြင့်တက်ခဲ့ပြီး မယ်ခေါင်၊ တာလော့၊ မကာဟိုခမ်း၊ ပုန်းထွန်ရပ်ကွက်အတွင်းက တစ်ချို့လမ်းတွေဟာ ဆိုင်ကယ်၊ ကား သွားလာလို့မရအောင်ထိ ပျက်စီးသွားပြီး ရွံ့နွံတွေ ဖုံးလွမ်းသွားခဲ့တာပါ။

မြို့ပေါ်က လုပ်ငန်းရှင်တွေဟာလဲ လိုအပ်တဲ့ စက်ယန္တယားနဲ့ မြေသယ်ကားတွေကို အချိုးကျထည့်ဝင်ကူညီကြပြီး စက်သုံးလောင်စာဆီ ထည့်ဝင်လှူဒါန်းကြတာတွေလဲရှိတယ်လို့ သိရပါတယ်။

မြန်မာဘက်ခြမ်းက မြေသယ်ကားမောင်းသူတွေနဲ့ စက်ယန္တယားမောင်းနှင်သူတွေဟာ ရက်ရှည်ကူညီမောင်းနှင်နေရတာကြောင့် ပင်ပန်းမှုဒဏ်ခံစားနေရတာတွေရှိသလို ယာဉ်ပျက်စီးတာရှိတွေလဲရှိတယ်လို့ သိရပါတယ်။

“ဘက်ဖိုးတို့၊ Loader တို့လို့ စက်ကြီးတွေလဲ ဆက်တိုက်လုပ်ရတော့ ပျက်တာတွေရှိတယ်။ တစ်ချို့လဲ အိတ်စိုက်ပြီးပြန်ပြင်ရတာပေါ့၊ ရပ်ကွက်ထဲက တစ်ချို့နေရာတွေက ဆိုးဆိုးဝါးဝါး ရွံတွေ ဖုံးသွားတော့ သန့်ရှင်းရေးအတော်လုပ်ရတယ်။ ရှိတဲ့စက်တွေ ကားတွေနဲ့ လုပ်နေရတာမလောက်ဘူးလို့ပြောလို့ရတယ်”လို့ မြို့သန့်ရှင်းရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။

တာချီလိတ်မှာ မိုးသည်းထန်ပြီး တောင်ကျချောင်းရေတိုက်စားမှုဟာ ရက်ပေါင်း ၂၀ ကျော်ကြာခဲ့ပေမယ့် သန့်ရှင်းရေးပြုလုပ်တာ ရာခိုင်နှုန်းအနည်းငယ်သာပြီးစီးသေးတာဖြစ်ပြီး ဒီရက်ပိုင်းအတွင်း မိုးအနည်းငယ်ဆက်တိုက် ရွာသွန်းနေတာကြောင့်လဲ လုပ်ငန်းတွင်ကျယ်မှုမရှိဘူးလို့သိရပါတယ်။

image