1 နှစ် - ဘာသာပြန်ပါ။

ယနေ့ ရွှေစျေး ဒေါ်လာစျေး ဘတ်စျေးနှင့် အခြားနိုင်ငံခြားငွေ စျေးနှုန်းများ

(အောက်တိုဘာလ ၉ ရက်၊ နေ့လည် ၁၂ နာရီ ၁၅ မိနစ်)

ပြင်ပစျေးကွက်၌ ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာနှင့် အခြားနိုင်ငံခြားငွေ စျေးနှုန်းများ

အမေရိကန်ဒေါ်လာ 4600 – 4700
စင်ကာပူဒေါ်လာ 3450 – 3550
ဥရောပယူရို 4960 – 5100
ဂျပန်ယန်း 30.45 – 31.29
တောင်ကိုရီးယားဝမ် 3.39 – 3.49
အိန္ဒိယရူပီး 52.70 – 54.17
မလေးရှားရင်းဂစ် 1050 – 1090
တရုတ်ယွမ် 640 – 660
ထိုင်းဘတ် 135.14 – 138.89

ပြင်ပ ရွှေဈေးကွက်မှာတော့

၁၆ ပဲရည် မီးလင်း
ရောင်းစျေး 6,350,000
ဝယ်စျေး 6,250,000

၁၅ ပဲရည်
ရောင်းစျေး 5,980,000
ဝယ်စျေး 5,880,000

ရွှေကုန်သည်အသင်း (ရန်ကုန်) သတ်မှတ်စျေးကတော့

၁၆ ပဲရည် မီးလင်း - 5,392,000
၁၅ ပဲရည် - 5,055,0000
ကမ္ဘာ့ရွှေဈေးနှုန်းမှာ တအောင်စ 2623 ဒေါ်လာ ဖြစ်သည်။

#ရွှေစျေး
#ဒေါ်လာစျေး
#ဘတ်စျေး

image
1 နှစ် - ဘာသာပြန်ပါ။

မငိုပါနဲ့ကွယ်













Photo credit

image
1 နှစ် - ဘာသာပြန်ပါ။

မြန်မာခရီးသွားတွေမှာ လွဲမှားနေတဲ့ စေတနာအမှားလေးတစ်ခုရှိပါတယ်။ အဲဒါက ခရီးသွားတဲ့အခါမှာ လည်စရာနေရာတွေနားက ကလေးတွေကို မုန့်ပေးတာ ၊ မုန့်ဖိုးပေးတာတွေလုပ်တာပါ။ တချို့ဆိုရင် ကလေးတွေကို ကျွေးဖို့ ၊ မုန့်ဖိုးပေးဖို့ဆိုပြီး မုန့်နဲ့အကြွေတွေတကူးတက ယူလာတာမျိုးတောင်ရှိပါတယ်။ တကယ်တော့ ဒါတွေက လုံးဝ မလုပ်သင့်တဲ့လုပ်ရပ်ထဲမှာ ပါပါတယ်။

ဒီစာက ငြင်းခုံစရာတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ရေးဖို့လိုအပ်တယ်လို့ယူဆလို့ ဒီစာလေးကို ရေးလိုက်တာပါ။

ကျွန်တော် တခြားနိုင်ငံရဲ့ နာမည်ကြီးနေရာတွေကို သွားတဲ့အခါ ဥပမာ - ကမ္ဘောဒီးယားက အန်ကောဝပ်ဆိုပါတော့ ၊ ခရီးသွားများလိုက်နာရန် (Traveler code of conduct) ဆိုပြီး ကလေးတွေကို မုန့်နဲ့ပိုက်ဆံမပေးဖို့ကို အဝင်မှာကတည်းက တားမြစ်ထားတာပါ။ တခြားနာမည်ကြီး နေရာတွေမှာလည်းရှိပါတယ်။ မြန်မာပြည်မှာတော့ အဲလိုမျိုးတားမြစ်သတိပေးတာတွေမရှိတဲ့အပြင် ၊ ပေးကမ်းစွန့်ကြဲတာကောင်းတယ်လို့ယုံကြည်ကြတဲ့အတွက် ကလေးတွေကို မုန့်ဖိုးပေးလိုက် မုန့်ကျွေးလိုက်လုပ်လေ့ရှိကြပါတယ်။

ကိုယ်ကစေတနာရှိလို့ပေးလိုက်တာ ၊ ကျွေးလိုက်တာဆိုပေမယ့် နောက်ကွယ်မှာ အကျိုးဆက်တွေရှိလာနိုင်တာကိုတော့ သတိမထားမိကြပါဘူး။ အဲဒါတွေကတော့ . . .
ကလေးတွေကို တောင်းတတ်အောင်သင်ပေးလိုက်တာနဲ့တူပါတယ်။

ကိုယ်ကနေရာတစ်ခုသွားတယ် သူ့ဘာသူနေတဲ့ကလေးတွေကို ခေါ်ပြီးမုန့်ဖိုးလေးပေးလိုက်တယ်။ ပြီးတော့ ပြန်သွားတယ်။ ဒီလိုနဲ့ ကိုယ်လိုလူနောက်တစ်ယောက်ထပ်လာတယ် ပြီးနောက်တစ်ယောက်ထပ်လာတယ်။ ဒါမျိုးခဏခဏဖြစ်လာတဲ့အခါ အဲဒီနေရာနားက ကလေးတွေစိတ်ထဲမှာ ဧည့်သည်လာရင် ပိုက်ဆံရတယ်ဆိုတဲ့အတွေးမျိုး ဝင်လာပြီး မျှော်ကိုးတဲ့စိတ် ဝင်လာပါတယ်။ အဲဒီကနေ စပြီး စမ်းတောင်းကြည့်တာမျိုးဖြစ်လာပါတယ်။

ကလေးတွေဆိုတာ အတုမြင်ရင် အတတ်သင်ကို သင်ပါတယ်။ ကလေးတစ်ယောက်က ဧည့်သည်ဆီက ပိုက်ဆံတောင်းတာရလိုက်တယ်ဆိုတာ သိရင် တခြားကလေးတွေလည်းလိုက်တောင်းပါတော့တယ်။ ဒါမျိုးကို ကျွန်တော်ကျိုက်ထီးရိုးမှာ တွေ့ခဲ့ပါတယ်။

တောင်းစားရင် ကျောင်းမသွားကြတော့ပါဘူး။ ဒီစကားက ကြားရတာလက်မခံချင်စရာဖြစ်ပေမယ့် အမှန်ပါပဲ။ တောင်းစားတဲ့ကလေးဆီကနေ ဝင်ငွေလေးတစ်ခုရလာတဲ့အခါ မိဘတွေကနေပြီး ကလေးကို ကျောင်းမပို့ပဲ တောင်းပဲတောင်းစားခိုင်းပါတော့တယ်​။ တချို့ဆိုရင် မိဘကအလုပ်ရှိတယ် ၊ အပိုဝင်ငွေရအောင်ဆိုပြီးကို ကလေးကိုတမင်တောင်းစားခိုင်းတာပါ။ အဲဒါဆိုရင်တော့ အဲဒီကလေးရဲ့ ဘဝက တောင်းစားသူအဖြစ်နဲ့လမ်းဆုံးသွားမှာ အတော်စိုးရိမ်ရပါတယ်။

ခုနောက်ပိုင်းမှာဆို ရန်ကုန်ရဲ့အင်းယားကန်ဘောင်လိုနေရာမှာတောင် မိန်းကလေးတွေကို ပစ်မှတ်ထားပြီး ခြေထောက်ကိုအတင်းဖက်ပြီး ပိုက်ဆံအတန်ကြီးတွေကို အတင်းတောင်းတာမျိုးတွေတောင် ရှိလာပါတယ်။

နောက်ဆုံးပြောရရင်တော့ ကူညီတာကောင်းပါတယ် ဒါပေမယ့် သေချာစဥ်းစားပြီးမှ နည်းလမ်းတစ်ခုနဲ့ထိထိရောက်ရောက်ကူညီစေချင်တာပါ။ ကလေးတွေရဲ့စိတ်ထဲမှာ ဉာဏအားနဲ့ဖြစ်စေ ၊ ကာယအားနဲ့ဖြစ်စေ ရိုးသားစွာရှင်သန်နေထိုင် ငွေရှာလို့ရတယ်ဆိုတဲ့အတွေးတွေရှိနေဖို့လိုပါတယ်။ လူတွေရဲ့ စေတနာ နဲ့ သနားတဲ့စိတ်က အသုံးချဖို့အကောင်းဆုံးပါ ဒါကြောင့်မို့ စေတနာအမှားနဲ့ ကလေးတွေကို အညွန့်ချိုးမိပြီး လမ်းမှားမပို့မိစေဖို့ ဒီစာလေးကို အမုန်းခံရေးလိုက်ပါတယ် . . . .

Responsible Traveler တွေအဖြစ်နဲ့ ကျွန်တော်တို့ခရီးသွားကြရအောင်ပါ။

Yours in Adventure

ရေးသားသူ - Saw Ko Oo (Backpacker’s Notes)

image
1 နှစ် - ဘာသာပြန်ပါ။

အဆင်နဲ့အချဉ်ဘယ်ဟာကြိုက်လည်း🥰

image
1 နှစ် - ဘာသာပြန်ပါ။

အဆင်နဲ့အချဉ်ဘယ်ဟာကြိုက်လည်း🥰

image
1 နှစ် - ဘာသာပြန်ပါ။

အဆင်နဲ့အချဉ်ဘယ်ဟာကြိုက်လည်း🥰

image
1 နှစ် - ဘာသာပြန်ပါ။

အဆင်နဲ့အချဉ်ဘယ်ဟာကြိုက်လည်း🥰

image
1 နှစ် - ဘာသာပြန်ပါ။

အဆင်နဲ့အချဉ်ဘယ်ဟာကြိုက်လည်း🥰

image
image
image
image

1 နှစ် - ဘာသာပြန်ပါ။

ပိုက်ဆံ အကြောင်း လာမပြောနဲ့

image