1 y - Youtube

1 y - Translate

မယ်ဆိုင်
ဪ 😓

1 y - Translate

ဒီနေ့ဟာ
ဘဝရဲ့နောက်ဆုံးနေ့ဖြစ်ခဲ့မယ်ဆိုရင်တောင်
အသည်းအသန်လိုက်ရှာရမယ့်
လူတွေလည်းမရှိသလို
အပြေးအလွှား မှာထားခဲ့ရမယ့်
စကားတွေလည်းမရှိဘူး။

ဘယ်သူ့ကိုမဆို
အတူတူရှိနေခဲ့တဲ့အချိန်မှာ ကျနော်ပေးနိုင်သမျှရဲ့
အကောင်းဆုံးဆိုတဲ့အရာတွေကို
ပေးထားခဲ့ပြီးပြီမလို့..။

image
1 y - Translate

Profile name ကိုပဲသဘောကျတယ်

image
1 y - Translate

Never gets old ???
ဖင်ယားတာလေ

1 y - Translate

ကိုယ်ချက်တတ်သလိုချက်တဲ့
၀က်သားအာလူးအစပ်ချက်. ၀က်သားကိုသန့်စင်အတုံးသေးလေးတုံးမယ်
ဂျင်းဆားရသာမှုန့်နယ်မယ်ခဏနှပ်ထားမယ်.
အာလူးကိုအရင်ပြုတ်မယ်. အခွံခွာထားပါ.
ငြုတ်ပုကြက်သွန်နီထောင်းမယ်. ဆီသတ်နှပ်ထားသော၀က်သားနှင့်အတူ.
ရေမြုတ်အောင်ထည့်မယ်. နောက်၁ရေမှာအာလူးထည့်တယ်. ဆီပြန်ရင်ရပီနော့.

image
Business News changed her profile cover
1 y

image
1 y - Translate

တတ်နိုင်သလောက်ကူညီထားပါတယ်။
ဘေးကင်းကြပါစေရှင်

image
1 y - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၁၅-၉-၂၀၂၄)

image
1 y - Translate

ဘားအံမြို့ ရပ်ကွက်အားလုံးမှာ ရေကြီးနေ၊ ကယ်ဆယ်ရေးမသွားနိုင်တဲ့ ရွာတွေလည်းရှိ

၂၀၂၄ ခုနှစ်အတွင်း ဒုတိယအကြိမ် ရေဘေးကြုံနေရတဲ့ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ရပ်ကွက်အားလုံး ရေ တက်နေပြီး ရေလွတ်ရာရွှေ့ပြောင်းနေထိုင်ရသူ ထောင်နဲ့ချီရှိတယ်လို့ မြို့ခံကယ်ဆယ်ရေးအဖွဲ့တွေရဲ့ခန့်မှန်း ချက်အရသိရပါတယ်။

ဇူလိုင်လအတွင်း ပထမအကြိမ်ရေကြီးတုန်းက မြို့ရဲ့စိုးရိမ်ရေအမှတ်အထက် ၆ ပေကျော် အထိ အမြင့်ဆုံးတက်ခဲ့တဲ့ သံလွင်မြစ်ရေဟာ အခုဒုတိယအကြိမ်မှာ အဲဒီစံချိန်ကို ချိုးပြီး ၇ ပေကျော်အထိ မြင့်တက်နေပါတယ်။

“အသင်းတွေက ရေလွတ်တဲ့အထိ ရွှေ့ပေးထားတယ်။ အိမ်မှာ ဖျားနာတဲ့သူပါနေတော့ ဆေးဝယ်မရတော့စိတ်ညစ်နေတာပေါ့။ စားတာလည်းအခက်အခဲရှိတယ်”လို့ ဘားအံမြို့ပေါ်ကနေ ရေဘေးရှောင်နေသူတစ်ဦးကပြောပါတယ်။

ဘားအံမြို့ပေါ်ရပ်ကွက်တွေအပြင် အနီးတဝိုက်က မင်းဇီရွာ၊ သံလွင်မြစ်တစ်ဖက်ကမ်းက ကော့ဂွန်းရွာနဲ့ ဘားကပ်ရွာတွေက အကူအညီလှမ်းတောင်းတာရှိပေမဲ့ ဘားအံမြို့ပေါ်က အဖွဲ့တွေအနေနဲ့ သွားရောက်ကူညီ ဖို့အခက်အခဲရှိနေတယ်လို့ မြို့ခံ မာဃလူမှုကူညီရေးအသင်း(ဘားအံ)က တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

“သံလွင်မြစ်ဖြတ်ရင် ရေတအားစီးကြမ်းနေတော့ သွားလို့မရဘူးပေါ့။ ရွာသားအချင်းချင်းပဲ ကူနေကြတယ်လို့ သိထားရတယ်” လို့ သူက ပြောပါတယ်။

ဘားအံမြို့နယ်အပြင် ကရင်ပြည်နယ်ထဲက ကမမောင်းနဲ့ လှိုင်းဘွဲ့မြို့နယ်ထဲက ရွှေဂွန်းရွာမှာ ရေနစ်မြှုပ် နေပြီး အရေးပေါ် အစားသောက်၊ ဆေးဝါးနဲ့ သောက်ရေသန့်တွေ လိုအပ်နေတယ်လို့ ဒေသတွင်း သတင်းဌာန တွေက ဖော်ပြပါတယ်။

ဘားအံ-ရန်ကုန်၊ ဘားအံ‌-မော်လမြိုင်ကားလမ်းတွေလည်း ရေတက်နေလို့ ပို့ဆောင်ဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

လက်ရှိမှာ ဘားအံမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက် ၇ပေကျော်မှာရှိနေတဲ့ သံလွင်မြစ်ရေဟာ နောက်တစ်ရက် အတွက် ၁ပေခန့်ကျဆင်းလာနိုင်ပေမယ့် စိုးရိမ်ရေအမှတ်အထက်မှာပဲရှိဦးမယ်လို့ မိုးလေဝသနဲ့ဇလဗေဒဌာနက ခန့်မှန်းထားပါတယ်။

နောက်ထပ်ရေ ၅ ပေ လောက်ကျမှ မြို့ပေါ်နေသူတွေ အိမ်ပြန်လို့ အဆင်ပြေနိုင်မယ်လို့လည်း ကယ်ဆယ်ရေးအဖွဲ့ တွေက ပြောကြပါတယ်။
BBC

image