1 y - Translate

Telematics မတပ်သည့် Express ယာဉ်များကို အမြန်လမ်း သုံးစွဲခွင့်မပြု
--------------------------
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ သွားလာနေတဲ့ Express ယာဉ်တွေအနေနဲ့ Telematics စနစ် စက်တပ် ဆင်ထားတာမရှိရင် အောက်တိုဘာလ ၁၆ ရက်ကစပြီး အမြန်လမ်း သုံးစွဲခွင့်ပြုမှာ မဟုတ်ဘူးလို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ လမ်းဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်၊၊ Telematics စနစ် စက် တပ်ဆင်မှုတွေအတွက် စက်တပ်ဆင်တာနဲ့ ပညာပေးကာလ ရက်ပေါင်း (၁၂၀) သတ်မှတ် ပြီး အခုနှစ် ဇွန်လ ၁၈ ရက်ကနေ အောက်တိုဘာ ၁၅ ရက်အထိ ဆောင်ရွက်ပေးနေတာလို့ ဆိုပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်း မကြီးပေါ်မှာ သွားလာနေတဲ့ ခရီးသည်တင်ယာဉ်တွေကို အမြန်လမ်းမကြီး ဥပဒေ နဲ့အညီ စည်းကမ်းတကျ သွားလာစေဖို့၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်စေဖို့နဲ့ ခရီးသွားပြည်သူတွေ ယာဉ် အန္တရာယ် ကင်းရှင်းစေဖို့ အတွက် ရည်ရွယ်ပြီး Telematics စနစ် စက်တွေတပ်ဆင်ပြီး ၂၄နာရီပတ်လုံး စောင့်ကြပ် ကြည့်ရှု သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Telematics စနစ် တပ်ဆင်ထားမယ်ဆိုရင် ယာဉ်မောင်းတွေ ရဲ့ မောင်းနှင်နေတဲ့ အရှိန်ကို စောင့်ကြည့်ထိန်းချုပ် နိုင်တာ၊ ယာဉ်မောင်းတွေရဲ့ မောင်းနှင်ပုံကို လေ့လာဆန်းစစ် နိုင်တာ၊ ယာဉ်သွားလာမှု မှတ်တမ်းတွေကို သိမ်း ဆည်းနိုင်တာ၊ ယာဉ်မတော်တဆမှု ဖြစ်ပွားရင် အချိန်နဲ့ တစ်ပြေး ညီ သိရှိပြီး စီမံခန့်ခွဲနိုင်တာ၊ ယာဉ်ရပ်နားခွင့် ရှိတဲ့ နေရာတွေ၊ ရပ်နားခွင့် မရှိတဲ့ နေရာတွေကို စောင့်ကြည့် ထိန်းချုပ်နိုင်တာတွေကို ဆောင်ရွက်ပေးနိုင်တယ်လို့ သိရပါတယ်။

image
1 y - Translate

😁

image
1 y - Translate

ဆရာမနဲ့ ငါနဲ့ကြားမှာ
အနန္တ စကြဝဠာ ကြီး ခြား

image
1 y - Translate

poses ideas for girls 📸✨

image
1 y - Translate

poses ideas for girls 📸✨

image
1 y - Translate

poses ideas for girls 📸✨

image
1 y - Translate

poses ideas for girls 📸✨

image
1 y - Translate

poses ideas for girls 📸✨

image
1 y - Translate

poses ideas for girls 📸✨

image
image
image
image
image
1 y - Translate

YBS ကတ်ဖြတ်စက်ပိတ်သည့် ယာဉ်မောင်းများကို အရေးယူမည်
-----------------------
ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS ယာဉ်လိုင်းအသုံးပြုသွားလာနေကြတဲ့ ခရီးသွားပြည်သူတွေ အဆင်ပြေစေဖို့ ယာဉ်စီးခပေးချေရာမှာ ငွေအကြွေအခက်အခဲတွေ ပြေလျော့စေဖို့ YPS ကတ်တွေနဲ့ ယာဉ်လိုင်းအားလုံးမှာ အသုံး ပြုနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ YBS ယာဉ်လိုင်း ကုမ္ပဏီတွေက ပြောပါတယ်။

အဲဒီလိုဆောင်ရွက်ရာမှာ ကတ်ဖြတ်စက်တပ်ဆင်ထားတဲ့ ယာဉ်လိုင်းတွေအနေနဲ့ စက်တွေကို ပိတ်ထားပြီး ယာဉ် မောင်းတွေက ယာဉ်စီးခကောက်ခံတာမျိုးတွေရှိနေပြီး ခရီးသည်တွေရဲ့တိုင်ကြားမှုတွေ များပြားလာတာကြောင့် ထိရောက်တဲ့ အရေးယူတာမျိုးတွေ ပြုလုပ်မယ်လို့ ရွှေပြည်သာသား ယာဉ်လိုင်းကုမ္ပဏီ ဥက္ကဋ္ဌ ဦးအေးလွင်က ပြောပါတယ်။

လတ်တလောမှာတော့ အချို့ယာဉ်မောင်းတွေအနေနဲ့ ကတ်ဖြတ်စက်ကို ပိတ်ထားတာမျိုးတွေ၊ ဖြူးစ်ဖြုတ် ထားတာမျိုးတွေ ရှိပြီး ခရီးသည်တွေဆီက ငွေကောက်ခံတာတွေရှိတာကြောင့် အခုနောက်ပိုင်း ဖြူးတွေကို ဖြုတ်မရအောင် သက်ဆိုင်ရာကတ်ကုမ္ပဏီနဲ့ ညှိနှိုင်းပြီး စည်းခတ်တာမျိုးတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ကတ်ကုမ္ပဏီအနေနဲ့ကလည်း သက်ဆိုင်ရာ ယာဉ်လိုင်ကုမ္ပဏီတွေနဲ့ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်တာမျိုး တွေ ပြုလုပ်နေတယ်လို့လည်း Asia Starmar Transport Intelligent Co.,Ltd က Senior Marketing Manager ဦးလွင်ဖြိုးအောင်က ပြောပါတယ်။

ပထမအဆင့်အနေနဲ့ ယာဉ်စီးခပေးချေရာမှာ ငွေအကြွေ ပြဿနာတွေနဲ့ စပယ်ယာက ငွေကောက်ခံတဲ့ပြသနာတွေ ပပျောက်ဖို့အတွက် YPS ကတ်စနစ်နဲ့ဆောင်ရွက်ခဲ့ရာမှာ YPS ကတ်အသုံးပြုသူ ၂ သိန်း ၃ သောင်းကျော်ရှိပြီး ကတ်ဖြန့်ဖြူးထားရှိမှုကတော့ ၄ သိန်းခွဲဝန်းကျင် ရှိတယ်လို့ သိရပါတယ်။ ဒုတိယအဆင့်အဖြစ် ခရီးသွားပြည်သူ တွေ ပိုမိုအဆင်ပြေစေဖို့ မိုလ်ဘိုင်းဖုန်းကတစ်ဆင့် QR Code စနစ်နဲ့ ယာဉ်စီးခပေးချေနိုင်တဲ့ အစီအစဉ်ကိုလည်း ဆောင်ရွက်ပေးရာမှာ Download ဆွဲပြီးသူ ၁ သိန်းကျော်နဲ့ လက်ရှိ အသုံးပြုနေသူ ၂ ထောင်ကျော် ရှိနေပြီလို့ သိရပါတယ်။

YPS ကတ်တွေကို အလွယ်တကူ ဝယ်နိုင်ဖို့ မြန်မာပလာဇာ၊ သခင်မြပန်းခြံ၊ ရှစ်မိုင်၊ လှည်းတန်း၊ စိုက်ပျိုးရေး စတဲ့ မှတ်တိုင်နေရာတွေမှာ အရောင်းကောင်တာတွေ ဖွင့်လှစ်ပေးထားပြီး နီးစပ်ရာ G&G စတိုးဆိုင် တွေမှာလည်း အလွယ်တကူ ဝယ်ယူနိုင်ဖို့ ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။

image