Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မြန်မာရှေးဟောင်းအမွေအနှစ်တွေနဲ့ လွမ်းစရာ အင်းဝ🍀🍀🍀
စစ်ကိုင်းတိုင်း
.
.
ကြက်ဥပူတင်း(အပျော့ပေါင်း)လုပ်နည်း
😋ပါဝင်ပစ္စည်းများ😋
(၁)ကြက်ဥ ၂ လုံး
(၂)နို့ ကော်ဖီခွက် ၁ ခွက်
(၃)သကြား ထမင်းစားဇွန်း ၃ ဇွန်း
(၄)ဆားအနည်းငယ်
🥃ပြုလုပ်နည်း အဆင့်ဆင့်🥃
သကြားထမင်းစားဇွန်း၂ဇွန်း ကို ဒယ်အိုးထဲထည့်ပါ
သကြားအရည်ပျော်ရင် ရေနဲနဲထည့်ပြီး မပျစ်မကျဲလေးကြိုထားပါ။
နို့ကော်ဖီတခွက်စာကို သကြား၁ဇွန်းထည့်ပြီး ကျိုထားပါ။
ကြက်ဥ၂လုံးကို ဆားနဲနဲလေးထည့်ပြီး ခလောက်ပါ
ကြေညက်နေအောက် ခေါက်ထားရပါမယ်။
ခေါက်ထားတဲ့ ကြက်ဥအရည်ထဲကို ကျိုထားတဲ့နို့ကို
မွှေပြီးထည့်ပါ။
ပေါင်းမယ့်ခွက်ထဲကို သကြားတူးရေလေးအရင်ထည့်ပါ။
ပြီးမှ နို့နဲ့ကြက်ဥရောထားတဲ့ အရည်ကို ဇကာလေးနဲ့စစ်ပြီး ပေါင်းမယ့် ခွက်ထဲ ထည့်ပါ။
အိုးတလုံးမှာ ရေထည့် အပေါ်က ဇကာလေးခံပြီး ပေါင်းမယ့်ခွက်လေးထည့်ပြီး အပေါ်က အဖုံးအုပ်ပြီး မိနစ်၂၀ပေါင်းပါ။
ဒါဆိုရင် အရသာရှိပြီး အာဟာရပြည့်တဲ့ကြက်ဥပူတင်းလေးရပါပြီ။
အခုတခါပေါင်းနည်းက အပျော့ပေါင်းနည်းလေးပါ
ပျော့ပျော့ပျောင်းပျောင်းနဲ့ အရသာရှိပါတယ်။
အားလုံး အဆင်ပြေကြပါစေ။