M M
2 yrs - Translate

crazy and lazy mood is on 😩🥀

image
2 yrs - Translate

မိမိ၏ ထူးချွန်မှုလေး ၁ ခု

#ksoe

image
2 yrs - Translate

😁

image
2 yrs - Translate

အလုပ်ကနေထွက်ပြေးချင်စိတ်ဖြစ်ဖူးလား ?
မိသားစုထဲကနေ ထွက်ပြေးချင်စိတ်ရော ပေါ်ဖူးလား ?
သူငယ်ချင်း အသိုင်းအဝိုင်းထဲကနေထွက်ပြေးချင်စိတ်ဖြစ်ဖူးလား ?
နောက်ဆုံး ခင်ဗျားသုံးနေတဲ့ social media တစ်ခုပေါ်ကနေတောင် ထွက်ပြေးချင်စိတ်ဖြစ်ဖူးလား ?

တစ်ယောက်ယောက်ဟာ တစ်ချိန်ချိန်မှာ
တစ်နေရာရာကနေ ထွက်ပြေးချင်စိတ်ဆိုတာ
အနည်းဆုံး တစ်ခါလောက်တော့ ဖြစ်ဖူးကြမှာပါ ...

အပြီးထွက်သွားချင်စိတ် နဲ့
ယာယီထွက်သွားချင်စိတ် ဒါမျိုးပဲကွာခြားမှာပါ

ဖြစ်ချင်ရာဖြစ် ငါထွက်ပြေးလိုက်တော့မယ်
နောက်အသစ်တစ်ခုမှာ အကောင်းဆုံးပြန်စပြီး
အကောင်းဆုံးနေထိုင်မယ်ဆိုပြီး ....
အလုပ်ထွက်ပစ်ခဲ့တယ်
မိသားစုထဲကထွက်ခွာခဲ့တယ်
Relationship ကို ရပ်စဲလိုက်တယ် ... စသဖြင့်ပေါ့

ဒါပေမယ့်
ထွက်မပြေးဘဲ ပုန်းခိုစရာနေရာတစ်ခု/နှစ်ခုလောက်တော့ရှိသင့်တယ်လို့ရော ခင်ဗျားမထင်ဘူးလား

အရက်သွားသောက်လိုက်မယ်
စားချင်တာတွေ လျှောက်စားလိုက်မယ်
ရုပ်ရှင်တွေကြည့်လိုက်မယ်
တနေကုန်အိပ်နေမယ်
ခွင့်တင်ပြီးခရီးတွေထွက်လိုက်မယ်
သူငယ်ချင်းတွေနဲ့ တနေကုန်ဖဲရိုက်နေလိုက်မယ်
လူရှင်းတဲ့တနေရာရာမှာထိုင်ချရင်း တစ်နေရာရာကိုအဓိပ္ပာယ်မဲ့ အကြာကြီးငေးကြည့်နေလိုက်မယ်
နောက်ဆုံး ခင်ဗျားသာဝါသနာပါရင်
တစ်ယောက်ယောက်နဲ့ သွားအိပ်နေလိုက်မယ်
ဒါမျိုးတွေပေါ့ ....

အဓိကက
ခင်ဗျားအနေနဲ့ အပြီးထွက်ပြေးဖို့မလွယ်တဲ့အခြေအနေတစ်ခုမှာ
ခင်ဗျားစိတ်တွေအတွက် ပုန်းခိုဖို့တနေရာရာဖန်တီးတတ်ဖို့ပဲ

ဒီအခြေအနေကို ခင်ဗျားသေချာသဘောပေါက်ရင်
တချို့လူတွေရဲ့ တချို့အပြုအမူတွေဟာ
အဓိပ္ပာယ်မဲ့လုပ်နေတာမဟုတ်ဘဲ
သူတို့စိတ်တွေအတွက်ထွက်ပေါက်ပေးနေတာ
ဒါမှမဟုတ် နိစ္စဓူဝကိစ္စတွေကနေ ထွက်မပြေးဘဲ
ပုန်းခိုစရာနေရာဖန်တီးနေတယ်ဆိုတာကို
ခင်ဗျားနားလည်လာလိမ့်မယ်

တချို့အခြေအနေတွေက
အပြီးထွက်ပြေးလို့မရတော့ဘူး မဟုတ်လား ???

Min Yel Kyaw Swar

image
2 yrs - Translate

ဘာဆိုင်လဲဟာ ဘာဆိုင်လဲ😃

image
2 yrs - Translate

ဘဝနဲ့ ချီပြီး လိုချင်တဲ့ ဆုတောင်းက "အမေ" ပါပဲ

အနားမှာ ဘယ်သူမှ မရှိရင်တောင်
အမေ့ကိုတော့ ရှိစေချင်တယ်။

တစ်ယောက်တည်းလည်း ဖြစ်တယ်ဆိုတဲ့ သမီးက
အမေ့တစ်ယောက်ကိုတော့ မရှိမဖြစ်လိုပါတယ်။

အမေကတော့ သမီးဘဝထဲ ရှိနေမှ ဖြစ်ပါမယ်။ 🤍

image
Siren is listening to Sad
2 yrs - Translate

GO
ood Night

image
2 yrs - Translate

Soul mate တဲ့
တော်တော်လေး သဘောကျမိတယ် ။

ချစ်တာ၊ ကြိုက်တာ၊ သဘောကျတာက
အချိန်မရွေး ပြောင်းလဲ တတ်ပေမယ့်
Soul mate ဆိုတာလေးက ပိုပြီးလေးနက်တယ် ။

သူ့ရဲ့ အဓိပ္ပာယ်လေးက
"အပြစ်အနာအဆာလေးတွေက အစ
ခွင့်လွှတ်နားလည်ပေးပြီး အဲ့ဒီလူရဲ့
ဖြစ်တည်မှုလေးကအစ ချစ်နေပေးခြင်း"တဲ့လေ ။

💭 || 22.10.2024

image
2 yrs - Translate

တင်းခံထားတဲ့မာနတွေပါ။
ကြာကြာတော့ကိုယ်ဟန်ဆောင်နိုင်မယ်မထင်ဘူး။
ကိုယ့်လက်ဖျားတွေအေးနေတာကိုယ်သာအသိဆုံး။
ကိုယ့်နှုတ်ခမ်းဖျားတွေတစ်ဆတ်ဆတ်တုန်နေပြီး ကိုယ့်မျက်ဝန်းတွေမှာ မျက်ရည်စတစ်ချို့ရှိနေတယ်ဆိုတာ မင်းတစ်ယောက်သိမယ်မထင်ဘူး။

#လွန်းအိမ်ငယ်

image